Saturday, February 20, 2016

နိုင်ငံရေးယဉ်ကျေးမှု


(က)
နိုင်ငံရေးဆိုသည်ကတော့ အများနှင့်ပတ်သက်သော အနက်ရသည်ကို လူတိုင်းသိကြသည်။ တယောက် တည်း မဟုတ်၊ တကိုယ်တည်း မဟုတ်၊ အများနှင့်ပတ်သက်ခြင်း။ တယောက် ကောင်းစားခြင်း မဟုတ်၊ အများး ကောင်းစားခြင်း။

ယဉ်ကျေးမှု ဆိုသည်ကတော့ ႟ရိုင်းရာမှ ယဉ်လာသည် အထိ တိုးတက်လာခြင်း ဟူသော အနက်ထွက်သည် ကို လူတိုင်းသိကြသည်။

ယနေ့ခေတ်သည် နိုင်ငံရေး ယဉ်ကျေးမှု ပျိုးထောင် ဖွဲ့စည်းစ ခေတ်ဖြစ်သည်။ သန်းပေါင်းများစွာသော လူသားတို့ သေကြေပျက်စီး ဆုံးပါးကြပြီးနောက် ပညာရှင်တို့သည် မကောင်းဆိုး႟ရွားဒဏ်ကို နားလည် သိရှိပြီးကာ ငြိမ်းချမ်းရေးရှေ့ရှု့သော စိတ်ဓာတ်များ တိုးပွားလာကြပေသည်။ ပညာရှင်သာမဟုတ်၊ ပညာရှိခြင်းနှင့် ဆက်သွယ်သော နိုင်ငံရေးခေါင်းဆောင်တို့သည် နားလည်သိရှိသော လက္ခဏာဖြစ်သည်ဟု ဆိုရမည်။ ထို့ကြောင်နိုင်ငံရေး ယဉ်ကျေးမှုသည်ြ ငိမ်းချမ်းရေး၊ ထိုမျှသာမက နိုင်ငံရေးသည် အများအတွက်၊
ပြည်သူတို့အတွက် ဖြစ်ပေရာ ဧကဝါဒ တို့နှင့်လည်း ဆန်ကျင် နေပြန်သည်။ ဧကဝါဒနှင့် ဆန့်ကျင်သည် ဆိုလျှင် ဗဟုဝါဒ၏ တဖက်အနက်။ ဗဟုဝါဒဆိုသည်ကလည်း အများနှင့် ပတ်သက်နေသည်။ အများ ဆိုသည်မှာလည်း ပေါင်းစပ်ခြင်း သဘောတရား ဖြစ်သည်။ထို့ကြောင့် နိုင်ငံရေး ယဉ်ကျေးမှုသည် ပေါင်း စပ်ခြင်း သဘောတရား။

(ခ)
နိုင်ငံရေး ယဉ်ကျေးမှုသည် ငြိမ်းချမ်းရေးဟုဆိုတော့ ငြိမ်းချမ်းရေးတည်မြဲရန် အခြေအနေများ ထည့်သွင်း စဉ်းစားကြရပေလိမ့်မည်။ ငြိမ်းချမ်းရေးရရှိရန် အခြေအနေများမှာ တန်းတူအခွင့်အရေး၊ လွတ်လပ်ရေးနှင့် ညီညွတ်ရေး ဖြစ်သည်။ တန်းတူအခွင့်အရေးဖြင့် လွတ်လပ်ရေး ရှိမှ ညီညွတ်မည်။ ညီညွတ်မှ ငြိမ်းချမ်းရေး ရရှိမည်။ ငြိမ်းချမ်းရေး မရှိခြင်းမှာ မညီညွတ်ခြင်းြုကာင့် ဖြစ်သည်။ မညီညွတ်ခြင်းမှာ တန်းတူ အခွင့်အရေး
ဖြင့် လွတ်လပ်ရေး မရရှိခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ အကြောင်းတရားတို့သည် ဆက်စပ် မှီတွယ်နေကြပေသည်။ မညီညွတ်ခြင်းသည် သဘာဝတော့ ဖြစ်သည်။ သို့သော် ညီညွတ်ရေးရရှိရန် အစဉ်လှုပ်ရှား အားထုတ်နေရမည်။ မညီညွတ်ရသော အကြောင်းမှာ တန်းတူ အခွင့်အရေးဖြင့် လွတ်လပ်ရေး မရရှိသောကြောင့် ဖြစ်သည်။

တိုင်းပြည်တပြည်တွင် အုပ်စိုးခံရသော ပြည်သူနှင့် အုပ်စိုးသော သူတို့ရှိကြသည်။ မရှိ၍ မဖြစ်။ အုပ်စိုးသူ မရှိဘဲ ပြည်သူတို့ အချင်းချင်း အုပ်စိုး ရပ်တည်ခြင်းမှာတော့ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသော အခြေအနေ ဖြစ်သည်။ လူတိုင်း လူတိုင်းသည် အသိတရား ရှိနေမှဖြစ်မည်။ လူတိုင်း လူတိုင်းသည် ငြိမ်းချမ်းသာသာ စည်ပင်ဝပြောနေမှ ဖြစ်မည်။ ယင်းသို့ကား မဖြစ်နိုင်။ သို့သော် မညီညွတ်ခြင်းကို မည်သို့ ဖြေရှင်းကြမည်လဲ။ တန်းတူ အခွင့်အရေးဖြင့် လွတ်လပ်ခြင်း စိတ်ဓာတ်ကသာလျှင်၊ လွတ်လပ်ရေး အခြေအနေကသာလျှင် ဖြေရှင်းနိုင်သည်။ ယင်းသို့ ဖြေရှင်းနိုင်ခြင်းဖြင့် ညီညွတ်ရေး၏ အတိုင်းအတာတခု ရရှိနေမည်ဆိုလျှင် ငြိမ်းချမ်းရေး ရရှိမည်ဟု ဆိုနိုင်သည်။ ဤသို့ ဖြေရှင်းရာတွင် လမ်းနှစ်သွယ်တော့ ရှိသည်။ အကြမ်းပတမ်းနည်း၊ လက်နက်နည်းဖြင့် ဖြေရှင်းရသည်က တနည်း၊ ငြိမ်းချမ်းစွာ ယဉ်ပြိုင်ခြင်းက တနည်း၊ ယင်းသို့ဖြင့် ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းမှသာလျှင် ညီညွတ်ရေးသည် ခိုင်မာလာမည် ဖြစ်သည်။

တန်းတူ အခွင့်အရေးကလည်း အရေးကြီးလှပေသည်။ တန်းတူ အခွင့်အရေးဖြင့် လွတ်လပ်ရေးရှိမှ ဖြစ်မည်။ တန်းတူ အခွင့်အရေးဖြင့် လွတ်လပ်ရေး မရှိလျှင် မညီမညွတ် ဖြစ်နေတတ်သည်။ ငြိမ်းချမ်းရေး ရရှိနေပြီ ဆိုလျှင် တန်းတူ အခွင့်အရေးဖြင့် လွတ်လပ်ရေး ရှိနေသောကြောင့်သာလျှင် ဖြစ်သည်။ ယခုအခါ ပြည်သူတို့၏ စွမ်းအားကို တန်းတူ အခွင့်အရေးဖြင့် ညီညွတ်စွာ ဆောင်ရွက်ကြခြင်းဖြင့် တိုင်းပြည်သည် စည်ပင်ဝပြော ပျော်ရွှင် ချမ်းမြေ့လာရပေမည်။ ထိုအခါ နိုင်ငံရေး ယဉ်ကျေးမှု ထွန်းကားလာပေမည်။


(ဂ)
နိုင်ငံရေး ယဉ်ကျေးမှုသည် ဧကဝါဒမဟုတ်။ တကိုယ်တည်း ကောင်းစားရေး၊ တကိုယ်တည်း အစွမ်းပြရေး၊ တယောက်တည်း လက်ဝါးကြီး အုပ်ထားခြင်း၊ ပုဂ္ဂိုလ်စွဲ အာဃာတ လွှမ်းမိုးခြင်းတို့သည် ဧကဝါဒ၏ ခက်မာမှု များ ဖြစ်ကြသည်။ ဧကဝါဒနှင့် ဆန့်ကျင်ဘက်က ဗဟုဝါဒ။ လူသားတို့၏ ကမ္ဘာကြီးသည် တမျိုးတည်း၊ တရောင် တည်း ရှိနေသည် မဟုတ်။ အမျိုမျိုး အထွေထွေ ဖွဲ့စည်းတည်ရှိနေရသည်။ ယင်းသို့လျှင် မတူခြင်းတို့ ပေါင်း စပ်ခြင်းသည် ညီညွတ်ရေး ဖြစ်သည်။

ဗဟုဝါဒ ဖြစ်သည်။ ပေါင်းစပ်နိုင်ပါသလော၊ ပေါင်းစပနိုင်သည်။ ယနေ့ခေတ်သည် အထူးသဖြင့် ပေါင်း စပ်နိုင်သည်။ ရှေးရှေးခေတ်များနှင့် မတူ။ ရှေးရှေးခေတ်များကတော့ ဆက်သွယ်မှု မကောင်း၍ မိမိဒေသ၊ မိမိတနေရာတည်းသာ နေ၍ တမျိုးတည်းသာ ဖြစ်နေတတ်သည်။

ယခုအခါ အသံအားဖြင့်လည်း ပေါင်းစပ်နေသည်။ အမြင်အားဖြင့်လည်း ပေါင်းစပ်နေသည်။ ကမ္ဘာကြီးသည် ပေါင်းစပ်နေသည်။ ခေတ်ပေါ် သိပ္ပံဖြစ်သော အီလက်ထွန်းနစ် နည်းပညာဖြင့် ႟ရုပ်မြင်သံကြား ကြည့်ကာ ရင်းနှီး နေကြပေပြီ။ ယင်းသည် ပေါင်းစပ်ခြင်း ဖြစ်သည်။

အသံချင်း ပေါင်းစပ်ကြသည်။ ႟ရုပ်အမြင်ချင်း ပေါင်းစပ်ကြသည်။ မပေါင်းစပ်ချင်သူများလည်း ရှိနိုင်သည်။

 ပေါင်းစပ်သည် ဆိုရာတွင် အနုနှင့် အရင့်၊ လူငယ်နှင့် လူကြီး၊ နှလုံးရည်နှင့် လက်ရုန်းရည်တို့ ပေါင်းစပ် ကြရသည်။ ပေါင်းစပ်ချင်သူများကိုလည်း ပေါင်းစပ်ဖြစ်အောင် နည်းအမျိုးမျိုးဖြင့် ပြလြုပ်ကြရပေမည်။ ယင်းသည်နိုင်ငံရေး ယဉ်ကျေးမှုဖြစ်သည်ဟု ထင်မိပေသည်။

ဒဂုန်တာရာ
၆၊ ၅၊ ၉၅
(ရနံ့သစ်၊ သြဂုတ်၊ ၁၉၉၅)

  Nyo Htet

Subscribe Us