Monday, April 24, 2017

အလုပ်သမား လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ၏ အသိပေးကြေငြာချက်



24.4.2017
ပြည်ပ နိုင်ငံများသို့  တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ကြမည့်အလုပ်သမား အသစ်များ အနေဖြင့် ၁.၁.၂၀၁၇ ရက်နေ့ မှ စ၍ ပြည်ထဲရေး ၀န်ကြီးဌာန မှ ထုတ်ပေးထားသည့် နိုင်ငံကူးလက်မှတ် အမျိုးအစားများ အနက်မှ အလုပ် (PJ) (Passport for Job) ဖြင့် သွားရောက် လုပ်ကိုင် နိုင်ရေးအတွက် အသိပေးကြေငြာ ပါသည်။

ပြည်ပနိုင်ငံများသို့  အလုပ် (pJ) (Passport for Job) ဖြင့် သွားရောက် အလုပ်ကိုင် နိုင်ရေး လုပ်ငန်းစဉ် သည် အလုပ်သမားများ အတွက် တစ်ဆင့် ခံ ပွဲစားများ ၏ လိမ်လည် လှည့်ဖြားမှု အန္တရယ် မှ ကင်းဝေး စေရေး အတွက် ပြည်ပ နိုင်ငံများသို့  သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများ၏ စာရင်းနှင့် သတင်းအချက်အလက်များ ရရှိနိုင်ရေး ၊ ကာကွယ်စောင့်ရှောက့်မှုများ ပေးနိုင်ရေးနှင့် ပြည်ပ နိုင်ငံများရှိ ပြဌာန်း ထားသည့် ဥပဒေ နှင့် အညီ အလုပ်သမား အခွင့်အရေးများ ရရှိနိုင်စေရေး ရည်ရွယ် ၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။






ပြည်ပနိုင်ငံများသို့  အလည် အပတ် (PV) (Passport for Visit) ဖြင့် သွားရောက်အလုပ်လုပ်ကိုင်ကြသည့် အလုပ်သမားများသည် နိုင်ငံကူး လက်မှတ် သက်တမ်းတိုးရာတွင် အခက်အခဲများ နှင့် ကြုံတွေ့ ရနိုင်ခြင်း၊ အလည်အပတ် ဗီဇာ ၏ ခွင့်ပြုကာလ သက်တမ်း ကုန်ဆုံးချိန် တွင် ပြည်ပ နိုင်ငံများတွင် ဖမ်းဆီး ထိန်းသိမ်း ခံ ရနိုင်ခြင်း၊ အလုပ် (PJ) (Passport for Job) ကိုင်ဆောင်ထားခြင်းမရှိသည့်အတွက် လုပ်ငန်းခွင် လုံခြုံမှု မရှိနိုင် ခြင်း ပြည်ပနိုင်ငံ များသို့  အလည် အပတ် သွားသူများနှင့် အလုပ်လုပ်ကိုင်ရန် သွားသူများ ခွဲခြားရန် ခက်ခဲမှု ရှိခြင်း တို့ အပြင် လူပွဲစားများက ပြည်ပသို့  သွားရောက် အလုပ်လုပ် ကိုင်လိုသူများအတွက် အလည်အပတ် (PV) (Passport for Visit) များကို ကြိုတင် ပြုလုပ်၍ နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားပြီး ကုန်ကျငွေများ ပိုမို တောင်းခံနေမှုများကြောင့် မလိုလားအပ်သည့် ပြသနာများ ဖြစ်ပေါ် လျှက် ရှိပါသည်။

ထို့ အပြင် အလည် အပတ်(PV) (Passport for Visit) ဖြင့် သွားရောက်ရာတွင် ပြည်ပနိုင်ငံများရှိ လေဆိပ်များ တွင်ဖမ်းဆီး ထိန်းသိမ်းခံရခြင်း ၊ အရေးယူ ခံရခြင်း များလည်း တွေ့ ကြုံ ရလျှက် ရှိပါသည်။အလုပ် (pJ) (Passport for Job) ဖြင့် ပြည်ပ နိုင်ငံများသို့ တရားဝင် သွားရောက်ခြင်း မရှိ သဖြင့် ပြည်ပ နိုင်ငံများတွင် ဒုက္ခရောက်ရ သလို မလိုလားအပ်သော ပြသနားများ ဖြစ်ပေါ်နေခြင်းကြောင့် လုံခြုံ စိတ်ချရသည့် ရွှေ့ ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရန် အတွက် ၁.၁.၂၀၁၇ ရက်နေ့ မှ စ၍ တရားဝင်အလုပ်သမား အသစ်များစေလွှတ်မှုများအား အလုပ် (pJ) (Passport for Job) များဖြင့်သာ ခွင့်ပြု ဆောင်ရွက်မည် ဖြစ်ပါသည်။


သို့ ရာတွင် အလုပ်ခေါ်စာ (Demand Letter) ရရှိထားပြီး နှစ်နိုင်ငံ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ် များကြောင့် သတ်မှတ်ချိန်အတွင်း စေလွှတ်နိုင်မှု မရှိသူများအား ၁.၆.၂၀၁၇ ရက်နေ့  အထိ ပြည်ပ အလုပ်အကိုင် အလုပ်သမား သက်သေခံ ကတ်ပြားများ ပြုလုပ်၍ ခွင့်ပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

အဆိုပါလုပ်ငန်းစဉ်တွင် ထိုင်းနိုင်ငံ၌ နိုင်ငံတော် အစီအစဉ်ဖြင့် အထောက်အထား ထုတ်ပေးထားသည့် ယာယီ နိုင်ငံကူးလက်မှတ်၊ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity) (CI) ကိုင်ဆောင်ထားသော အလုပ်သမားများ ၊ ပြည်ပနိုင်ငံ များသို့  ယခင်ကတည်းက ရောက်ရှိ အလုပ်လုပ်ကိုင် နေသည့် အလုပ်သမားများ အနေ နှင့် ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် ပြန်လာကြောင်း ခိုင်မာသည့် အထောက်အထား ပြနိုင်သည့် အလုပ်သမားများ အကျုံးဝင်မှု မရှိကြောင်း ဖော်ပြ အပ်ပါသည်။
အသေးစိတ်သိရှိလိုသည့် အချက်များ နှင့် အခက်အခဲရှိပါက အလုပ်သမား ညွန်ကြားရေး ဦးစီးဌာန ၊ ရွှေ့ ပြောင်းအလုပ်သမား ဌာန ခွဲ ဖုန်းအမှတ် 067430186 / 430183 (Email ; dolmigration@gmail.com သို့  ဆက်သွယ်အကူအညီ တောင်းခံ နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မှတ်ချက်။ ထိုင်းနိုင်ငံရောက် အလုပ်သမားများအတွက်လိုအပ်ချက်အရပြန်လည် ဖော်ပြပေးပါသည်။
...
ZMO(FED)
---
ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အခက်အခဲတစ်စုံတစ်ရာရှိပါက အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်အကူညီတောင်းခံနိုင်ပါသည်။

ဦးမိုးအောင်ခိုင် 09 4884 5484
ဦးအောင်ကိုသန်း 06 3442 6204
ဦးမျိုးထက်သူ 06 5220 6951
ဦးနိုင်မင်းသူ 06 5220 6952
ဦးအောင်ခင်မြင့် 06 5220 6953

Subscribe Us