Sunday, May 11, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း။ ။အခန်း(၁)



  စစ်ရေးပဏာမ သုံးသပ်ခြင်း


ဆွန်ဇုက ဤသို့ မိန့်ဆို၏-

စစ်ရေးသည် တိုင်းပြည်အတွက် အရေးအကြောင်း ကိစ္စရပ်ကြီးဖြစ်သည်။ သေရေး ရှင်ရေး အပေါ် အခြေ တည်ပြီး တည်တံခိုင်မြဲရေးနှင့် ပျက်သုဉ်ရေး အကြောင်းတရားဖြစ်ပေသည်။ ထို့ကြောင် မဖြစ်မနေ ဆင်ခြင် ဆန်းစစ် လေ့လာ ဂရုပြုရမည်။

စစ်ရေးအခြေအနေကို ကောင်းစွာ သိမြင်ရန်အလို့ငှာ ရန်သူနှင့် မိမိတို့ဘက်ရှိ အကြောင်းရပ်ကြီး ငါးချက်အပေါ် အခြေတည်ပြီး စီမံကြံစည် လှုပ်ရှားမှုများကိုနှိုင်းယှဉ် သုံးသပ်တတ်ရမည်။ ယင်းတို့ကား-


၁။ ကျင့်ဝတ်တရား
၂။ ဥတု အာကာ သဘာဝ
၃။ ပထဝီ မြေအနေအထား
၄။ ခေါင်းဆောင်တပ်မှူး
၅။ စည်းကမ်းဥပဒေ.........တို့ ဖြစ်ကြ၏။




ကျင့်ဝတ်တရား ဆိုသည်ကား အုပ်စိုးသူ တို့အနေနှင့် ကောင်းမြတ်သော ကျင့်ဝတ် တရား များနှင့် ပြည့်စုံ ညီညွတ်ပြီး ပြည်သူပြည်သားများအား အထက်နှင့်အတူစိတ်ရင်း သဘောရင်း တစ်သားတည်း ကျရောက်နေစေခြင်း ကို ဆိုလို၏။


ဤသို့အားဖြင့် ပြည်သူတို့ကိုအုပ်စိုးသူ တို့က စေလိုရာ စေစားနိုင် ပြီး သေအတူ ရှင်မကွာအခက်အခဲအန္တရာယ်များ မမှုပဲ စွန့်လွှတ်စွန့်စား ရဲရဲ ရင်ဆိုင်လာကြ လိမ့်မည်   ဖြစ်သည်။


ဥတု အာကာ သဘာဝဆိုသည်မှာ နေ့နှင့်ည အပါအဝင် တရုတ်လိုအခေါ် ယင်းဓာတ်(မဓာတ်/သီတ)နှင့် ယန်းဓာတ်(ဖိုဓာတ်/ဥဏှ)၊ အပူအအေး၊ ဥတုရာသီနှင့် အချိန်အခါ ကာလတို့ကို ခြုံ၍ ဆိုလိုခြင်း ဖြစ်သည်။

ပထဝီ မြေအနေအထား ဆိုသည်မှာ အနီးအဝေး၊ အန္တရာယ် ကျရောက်နိုင်သော အရေးပါသည့်နေရာနှင့် လုံခြုံ လွယ်ကူ ချောမွတ်သည့်နေရာ မြေပြင် အကျဉ်းအကျယ်၊ သေရေးရှင်းရေးကိန်းဆိုက်ရာ မြေအနေအထားတို့ကို ဆိုလို၏။


ခေါင်းဆောင်တပ်မှူး(ခေါ်)စစ်သူကြီးတို့ မည်သည်ကား ဉာဏ်ပညာကြီးမှု၊ ကတိသစ္စာ ရှိမှု ၊ မေတ္တာအကြင်နာ ရှိမှု၊ ရဲစွမ်းသတ္တိ ရှိမှု၊ တည်ကြည်ပြက်သား စည်းကမ်းကြီး မှု စသည့်အရည်အချင်းများနှင့် ပြည့်စုံရမည်ဟု ဆိုလို၏။ စည်ကမ်းဥပေဒဆိုသည်မှာ တပ်များစနစ်တကျ ဖွဲ့စည်းအုပ်ချုပ်တည်ဆောက်မှု၊ အရာရှိ   အရာထမ်းများ ခန့်အပ်စီမံမှု၊ စစ်ပစ္စည်း ရိက္ခာ ထိန်းသိမ်းခွဲဝေသုံးစွဲမှု တို့ကိုဆိုလို၏။


အထက်ပါ အချက်ကြီး ငါးရပ်တို့ကို စစ်သူကြီး(ခေါ်) ခေါင်းဆောင် တပ်မှူးတိုင်းမဖြစ် မနေ   နားလည် သိထား အပ်ပေသည်။၎င်းအကြောင်းအချက်တို့ကို ကောင်းစွာ အပြည့်အဝ နားလည်သိရှိပါက စစ်ပွဲကို အောင်နိုင် ရာ၏။မသိ နားမလည်သူတို့ကား စစ်ပွဲမအောင်နိုင်ရာ။


ထို့ကြောင့် အထက်ပါ အချက်ကြီး ငါးရပ်နှင့်အညီ နည်းဗျူဟာများကို ရှာကြံ ချမှတ် ရာမှ အောက်ပါ အခြေ အနေ အရပ်ရပ်တို့ကို နှိုင်းယှဉ်လေ့လာသုံးသပ် ဆင်ခြင် တတ်ရပေမည်။ ယင်တို့သည်ကား -မည်သည့် ဘက်က အုပ်စိုးသူတို့တွင် ကျင့်ဝတ် တရား ပြည့်ဝမှန်ကန် ကျင့်ကြံအားထုတ် သနည်း။မည်သည့် ဘက်က စစ်သူကြီးတို့တွင် လက်ရုံးရည်၊နှလုံးရည်ပြည့်စုံထက်မြတ်သနည်း။ ဥတု အာကာသဘာဝ အခြေအနေနှင့် ပထဝီ မြေအနေအထားများနှင့် ပက်သက်၍ မည်သည့်ဘက်က အခွင့်အလမ်းသာသနည်း။


အမိန့် စည်းကမ်းဥပဒေများကို မည်သူဘက်က တင်းကျပ်စွာ ပြဋ္ဌာန်းလိုက်နာ ကျင့်သုံး သနည်း။ မည်သည့် ဘက်က တပ်အင်အား ပိုမိုများပြား ကြံခိုင်အားသာ သနည်း။ စစ်သည်များကို မည်သည့်ဘက် က ကောင်းစွာ စစ်ရေးလေ့ကျင့်ထားသနည်း။ဆုပေး၊ ဒဏ်ပေးစနစ်ကို မည်သူ့ဘက်က မှန်ကန်တော်လျော်စွာ ကျင့်သုံး သနည်း။အထက် ပါ နှိုင်းယှဉ်လေ့လာချက်များအရသုံးသပ်စိတ်ဖြာလိုက်လျှင် မည်သူ့ဘက်က နိုင်မည်၊ ရှုံးမည်ကို ကျွန်ုပ်တို့ ကြိုတင်ခန့်မှန်း သိရှိနိုင်လောက်ပေပြီး။


ကျွန်ုပ်၏ အကြံဉာဏ်ကို အရှင်းမင်းကြီး လက်ခံအသုံးပြုပါက စစ်ပွဲ သေချာအောင်   နိုင်မည်ဖြစ်၍ ကျွန်ုပ် လည်း ဆက်လက်နေထိုင် ခစားသွားနိုင်မည်။ ကျွန်ုပ်၏ အကြံဉာဏ်ကို လက်မခံပဲ စစ်တိုတ်ပါကကျိန်းသေ ရှုံးနိမ့်လိမ့်မည် သိသည် အလျောက် ကျွနု်ပ်လည်း မနေလိုဘဲ ထွက်ခွာသွားမည်သာဖြစ်သည်။


(တစ်နည်း အဓိပ္ပာယ်ဖွင့် ပြန်ဆိုခြင်း တပ်မှူးများသည် ကျွနု်ပါ၏ အကြံညာဏ် အတိုင်း လိုက်နာကျင့်သုံး ပါက အောင်ပွဲများ ရယူနိုင်မည် ဖြစ်သည့် အလျောက် ဆက်လက် တာဝန်ထမ်းဆောင်ပါစေလေ။ကျွန်ုပ်၏ အကြံဉာဏ်များကို လိုက်နာကျင့် သုံးခြင်း မရှိသော တပ်မှူများကို အသုံးချပါက မုချရှုံးပွဲနှင့် ရင်ဆိုင် ရပေတော့မည် ဖြစ်၍ တာဝန် ပေးခန့်အပ်ခြင်း မပြုပါနှင့်တော့)


အကျိုးရှိသော အကြံဉာဏ်ကောင်းများကို လက်ခံကျင့်သုံးနိုင်ခြင်းအားဖြင့် အနေအ ထားကောင်း တစ်မျိုး တစ်ဖုံးကို ဖန်တီးပေးရာရောက်လေရာ၊ စစ်ရေးလှုပ်ရှားမှုကို တစ်ဘက်တစ်လမ်းကနေလည် အထောက် အကူပြုရာရောက်ပေသည်။ဤမည်သော အနေအထားဆိုသည်ကား မိမိအတွက် အကျိုးရှိသောအခြေပေါ် တည်မှီ၍ စစ်၏ လက်ဦးမှုကို အခြေအနေနှင့် လိုက်လျောညီထွေ လိမ္မာပါးနပ်စွာ အမိအရ ကိုယ်တွယ် စီးမံနိုင်ရာ၏ဟု ဆိုလိုပေသည်။


စစ်ရေးစစ်ရာဟူသည်ကာ ပရိယာယ်လှည့်စားမှုအပေါ် အခြေတည်၏။ထို့ကြောင့် တိုတ်နိုင်သည်ကိုလည်း မတိုတ်နိုင်ဟန်ဆောင်ပါ။စစ်ကစား လှုပ်ရှားနေသည်ကိုလည် မလှုပ်မရှားလေဟန် လှည့်စားပါ။


 နီးရာ ကိုကြံပြီး ဝေးရာကို မှန်းသယောက်လှုပ်ရှားပါ။ လှမ်းရာကို ကြံပြီး နီးရာကို မှန်း သယောင် လှည့်စားပါ။ ရန်သူ့အကြိုက် မက်လုံးပေး မြှူဆွယ်ပါ။ ရန်သူ့တပ် ဗရမ်းဗ တာဖြစ်လျှင် ဝင်စီးပါ။


ရန်သူ အးကြီး လျှင် လုံးခြုံအောင်အသင့် ပြင်ထားပါ။ရန်သူ အင်အားတောင့်တင်းလျှင် ရင်ဆိုင် တိုတ်ရန်   ရှောင်းရှားပါ။ ရန်သူ စိတ်ဆက်တိုလွယ်လျှင် ဒေါသပုန်ထ စိတ် ရှုပ်အောင် ဆွပေးပါ။ ရန်သူ့စိတ် သိမ်ငယ်နေလျှင် အထင်ကြီး စိတ်ကြီး ဝင်အောင် လုပ်ပါ။ ရန်သူတို့ သက်သာငြိမ်ဆိတ်နေပုံရှိလျှင် စိတ်ပန်း လူပန်းဖြစ်ေ အာင် လုပ်ပါ။ ရန်သူ့တပ်တွင်း စည်းစည်းလုံးလုံး ရှိလျှင် သွေးခွဲ သက်လျှိုပါ။


ရန်သူ့ ဘက်က အသင့်ပြင်ဆင်ထားခြင်း မရှိသောနေရာကို ရွေးတိုတ်ပါ။ ရန်သူ တို့   မျှော်လင့်မထားသော အချိန်ခါ နေရာကနေ အလစ်ထွက်တိုတ်ပါ။ ဤသည် တို့ကား စစ်ရေးစစ်ရာ အောင်နိုင်ရေးအတွက် နည်းပရိယာယ်များတည်း။ စီရင် လှည့်စားမှုကို ကြိုတင် ပုံသေကားကျ ပြောပြထား၍ မရနိုင်ချေ။


စစ်မတိုက်မီကပင် အောင်ပွဲရနိုင်ကြောင်းကြိုတင် ခန့်မှန်း သိရှိနိုင်ခြင်း အကြောင်း ကားကြိုတင် တွက် ချက်ပြင်ဆင်မှု စေ့စပ်သေချာပြီး အောင်ပွဲရ အခြေအနေများ အပြည့် အဝဖန်တီးထားနိုင်သောေ ကြာင့်   ဖြစ်ရာ၏။


စစ်မတိုင်မီကပင် မအောင်နိုင်ကြောင်းကြိုတင် ခန့်မှန်းသိရှိနိုင်ခြင်းမှာ ကြိုတင်တွက် ချက်ပြင်ဆင်မှု အား နည်းပြီး အောင်ပွဲရ အခြေအနေ ဖန်တီးမှု မလုံးမလောက်သောကြောင့်ဖြစ်ရာ၏။ကြိုတင် တွက် ချက်ပြင်ဆင်မှု များများပြည့်စုံလေ၊အောင်ပွဲ ရနိုင်လေဖြစ်သည်။ကြိုတင် မတွက်မချက် မပြင်ဆင်သော် အ ဘယ်သို့သော် အောင်ပွဲကိုမျှ ဧကန်မရနိုင်။အထက်ပါတို့ကို ထောက်ရှု့လေ့လာခြင်းအားဖြင့် အရှုံးအနိုင် အခြေ အနေကို ပေါ်လွင်ထင်ရှားစွာ ကျွနု်ပ်တို့ သိရှိနိုင်မည် ဖြစ်သတည်း။


ဆွန်ဇု၏ စစ်ပညာကျမ်း ( မြန်မာပြန် ) မိတ်ဆက်
 ဆက်လက်ဖော်ပြမည်

Subscribe Us