Monday, October 07, 2024

ဂိုဏ်းတော်ချုပ် အဘဆရာဟန်၏ အတ္ထုပတ္တိ


ဓနုဖြူမြို့၊ ကျိုက်ကလွန်ဒွန် ဘုရားကြီးနှင့် မလှမ်းမကမ်းတွင်ရှိသော နန်းတော်ကုန်းရွာတွင် အဘဦးသာဒွန်းဖြူနှင့် အမိဒေါ်ဝိုင်တို့မှ သက္ကရာဇ် (၁၂၅၅)ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၃) ရက်၊ သောကြာနေ့တွင် အဘဆရာ
ဟန်ကို ဖွားမြင်သန့်စင်ခဲ့ပေသည်။

အဘဆရာဟန်၏ အောက်တွင် ဦးဘိုးစံ (ခေါ်)ညီတစ်ဦးသာရှိလေသည်။

ကုန်သည်လယ်လုပ်မိဘမျိုးရိုးမှ ဆင်းသက်လာခဲ့သော အဘဆရာဟန်သည် ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ပညာမရရှိခင်က ကြောင်တံဆိပ်ဒေါ်မယ်ရင် အမည်ဖြင့် ဆေးပြင်းလိပ်ခုံလုပ်ငန်းကို လုပ်ကိုင်ခဲ့ရပေသည်။

ဘိုးတော်ဟန်၏ ပထမဆရာ
အဘဆရာဟန် ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းပညာကို စတင်ရရှိပုံမှာ ထူးဆန်းနေပေးသည်။ မော်လမြို့၊ ကျွန်းမြို့
တွင် ကြောင်း ဒေါ်မယ်ရင် ဆေးပြင်းလိပ်ခုံလုပ်ငန်း လုပ်ကိုင်၍ စီးပွားရေး အထူးကောင်းမွန်နေစဉ်တွင် ဖြစ်ပါ၏။

မော်လမြိုင်ကျွန်းသို့ ရောက်ရှိလာသော အဘဆရာပွင့်၏ တပည့်ဖြစ်သူ ဆရာဦးရွှေဂုန်နှင့် တွေ့ကြုံရပြီး
ဣစ္ဆာသယပညာကို အဆင့် (၃)ဆင့်ထိတက်ရောက်ခဲ့လေသည်။ ပထမဆရာဖြစ်သော ဆရာဦးရွှေဂုန်၏ထံမှ
ဂိုဏ်းပညာတစ်ခု ရရှိသည် မှန်သော်လည်း ဆရာဦးရွှေဂုန်မှာ စုတ်တော်နှင့် ဆေးတော်များ ပိုင်ဆိုင်ခွင့် ရရှိထား
သည့် ဆရာတစ်ဦး မဟုတ်ပါချေ။

ထို့ကြောင့်ပင် ပညာအဆင့်တက်ပုံ၊ စမများထိုးပုံတို့ မမှန်ကန်သဖြင့် အဆင့် (၃) ဆင့်အထိ တက်မိလေသည်။
ဆရာဦးရွှေဂုန်သည် ပညာပြန်သင်ပေးနိုင်သော ဆရာတစ်ဦးမဟုတ်သေးပေ။ ထို့ကြောင့်အဆင့် စမများကို မှန်
မှန်ကန်ကန် ထိုးနှံနိုင်ခြင်းမရှိပေ။ ပထမဆင့် တက်ရာတွင်ပင် ညာဘက်လက်ညိုး၌ (ဥုံ ထကာ ထကာသေ) ဟု
ထိုးရာတွင် လက်ညှိုးရင်းထိမှ အဖျားဘက်သို့ ဆင်း၍ ထိုးနှံရမည့်အား လက်ညှိုးအဖျားမှစ၍ အရင်းဆီသို့
တက်ပြီးထိုးလေသည်။


အမှန်ဆိုရလျှင် ဆရာဦးရွှေဂုန်သည် အဘဆရာပွင့်ထံမှ စုတ်တော်များ၊ ဆေးတော်များကို အသိမပေးဘဲ ယူ
ဆောင်လာပြီး မော်လမြိုင်ကျွန်းသို့ ရောက်ရှိလာခြင်းသာ ဖြစ်ပါ၏။ ထို့ကြောင့် စမများ၊ မှန်ကန်အောင် မထိုး
တက်ခြင်း ဖြစ်လေသည်။


ဤသို့ ပညာအဆင့်းမများကို ထိုးကတည်းကပင်အမှားကိုထိုးမိသော်လည်း အဘဆရာဟန်အတွက်
အတိတ်ကောင်း နိမိတ်ကောင်းပင်ဖြစ်သည်ဟု ဆိုရပါလိမ့်မည်။ အကြောင်းမှု အဆင်းထိုးရမည့်အစားအတက်
ထိုးခဲ့၍ အဘဆရာဟန်သည် ဤပညာဖြင့် ဝိဇ္ဇာဖြစ်သည့်တိုင်အောင် တက်မည့် နိမိတ်ထူးကြီးပင် ဖြစ်ပါလေ
တော့သည်။


အဘဆရာဟန်သည် ဆရာပေး ပညာကိုပင် ရိုရိုသေသေ လေးလေးစားစားဖြင့် ခံယူခဲ့သည့် ဣစ္ဆာသယမဟိဒ္ဓိစေ
ဂိုဏ်းတော်ကြီး၏ အစွမ်းထက်မြတ်ပုံများကိုလည်း ကိုယ်တိုင်ကိုယ်ကျ သိရှိအောင်ကြိုးစားခဲ့၏။

မည်သို့ပင်ဖြစ်စေကာမူ ဆေးတော်စစ် ဆေတော်မှန်ဖြင့် ထိုးနှံခံယူခြင်း၊ ဂိုဏ်းတော်နှင့် အထက်ဆရာကြီးများကို
အလွန်ရိုသေ ကိုင်းရှိုင်းခြင်းများကြောင့်ဖြောင့်မတ်မှန်ကန်သော လမ်းသို့ တစ်နေ့တွင်ရောက်ရှိခဲ့ပါလေသည်။

အဘဆရာဟန်သည် ထိုအချိန်က မော်လမြိုင်ကျွန်းမြို့တွင် ပညာယူထားသူ ညီအစ်ကိုဟူ၍ တစ်ဦးတလေမျှ မ
ရှိသော်လည်း ရဲရဲဝံ့ဝံ့ဖြင့် ပယောဂများကိုကုသလေသည်။ ကုထုံးကုနည်းနိသျှည်း အမှန်များဟူ၍ မရှိပါပေ၊ မိမိ
စိတ်ကူးထုတ်၍သာ ကုသရလေသည်။


ပညာကိုဆရာဖြစ်သူကလည်း ကျကျနနပြသပေးခဲ့ခြင်း မရှိ၊ ညှိနှိုင်းတိုင်ပင်စရာ ဟူ၍လည်း မည်သူတစ်ဦးတ
ယောက်မျှ မရှိသောကြောင့် အမှားအယွင်း အခက်အခဲများနှင့် များစွာရင်ဆိုင်ရပါပေသည်။ သို့ပါသော်လည်း
မိမိ၏ဉာဏ်ကို စေစားအားထုတ်၍ နောက်မတွန့်ဘဲ ဇွဲကြီးကြီးနှင့် ကုသအောင်မြင်ခဲ့ရလေသည်။

အဘဆရာဟန်သည် ငုပ်မိသဲတိုင်း တက်နိုင်ဖျားရောက် ခံယူထားခဲ့သောပညာ၏ ဆုံးခန်းထိုင်းအောင် လေ့လာ
အားထုတ်မှုများကြောင့်ပင် တစစထင်ရှားကျော်ကြားလာခဲ့၏။ ပယောဂလူနာများအား နေ့ညမရွေးဒေသမရွေး
လိုက်လံကုသခဲ့ရလေသည်။

ဤကြားထဲမှာပင် ဆရာဖြစ်သူ ဦးရွှေဂုန်သည် ဆေးလိပ်ခုံအလုပ်သမား မသီကဆိုသူ လင်ရှိမယားတစ်ဦးနှင့်
ဖောက်ပြန်ပညာပျက်သွားပြီး ထိုဒေသမှရှောင်တိမ်းသွားလေတော့သည်။ (ထိုစဉ်ကယခု ကဲ့သို့ သစ္စာဆိုခြင်း။
ပညာဆိုခြင်း မရှိကြပါ) မိမိအသိနှင့် မိမိထိန်းသိမ်းပါသည်။


ဆရာဦးရွှေဂုန်၏ သတင်းအစအန တစ်စုံတစ်ရာ မရရှိတော့သောအခါ အဘဆရာဟန်သည် မိမိတစ်ကိုယ်တည်း
ဣစ္ဆာသယမဟိဒ္ဓိစေ.ဂိုဏ်းတော်ကြီး၏ ပညာဖြင့် ပယောဂကုသမှုများကို ခြေစုံပစ်၍ လုပ်ကိုင် လေတော့သည်။
ပညာသင်ဆရာကလည်း ၎င်း၏ဆရာ မည်သည့်ဌာနတွင်ရှိကြောင်း လမ်းညွှန်ခြင်း မရှိခဲ့ချေ။ မိမိကိုယ်တိုင် မ
မှန်ကန်သဖြင့် မိမိအထက် ဆရာများရှိရာ မညွှန်ခဲ့ခြင်း ဖြစ်လေသည်။

သို့ရာတွင် အဘဆရာဟန်သည် ပညာအဆင့်ကိုပင်မည်၍မည်မျှ ရှိကြောင်းကို မသိဘဲ ဆရာဦးရွှေဂုန်ထိုးနှံခဲ့
သမျှနှင့် ဝံ့ဝံ့စားစား ကုသခြင်း ပြုနေရလေသည်။


( ဆက်ရန်_ )

ဆရာဒေါက်တာ ဦးသူရဇော် ၏ သားတပည့် စောမောင်မှ ရွှေရင်ကျော်ဣစ္ဆာသယ
မဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏အကြောင်းအား လေ့လာသူများအတွက် ဗဟုသုတ
အဖြစ်မျှဝေဖော်ပြသည်။