Monday, May 12, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း(၂)


စစ်ဆင်ရေး
စစ်တိုက်ရာတွင် အရေးအကြီးဆုံးမှာ အလျင်အမြန်အောင်နိုင်ရေးဖြစ်သည်။ ကြာရှည် ဆွဲ တိုက်နေရလျှင် စစ်ညောင်းပြီး အားကုန်လူပန်း စိတ်ဓာတ်ကျကုန်ပေလိမ့်မည်

ဆွန်ဇုက ဤသို့မိန့်ဆို၏ ...
ကျွနု်ပ်တို့သည် စစ်ပွဲအတွက်စီစဉ်ရာမှာ တိုက်စစ်ရထား ဝန်စည်လှည်းယာဉ်   ထောင်နှ င့် ချီလိုက်ပါရမည်။ ချပ်ဝတ်တန်ဆာ အပြည့်ဆင်ထားသော တပ်သားစစ် သည် သိန်းနှင့်ချီ စုစည်းရမည်။ တပ်အတွက် စားရေရိက္ခာပစ္စည်းများကို မိုင်ရာထောင် ချီ ခရီးတစ်လျှောက် ထောက်ပို့ပေးရမည်ဖြစ်သည်။

၎င်း စစ်ရှေ့တန်းနှင့် နောက်တန်းသုံးစရိတ်များ၊ သံရေးတမန်ရေးဆိုင်ရာနှင့် ဧည့်ခံ ဆက်ဆံစရိတ်များ၊ စစ်လက်နက်ပစ္စည်းအတွက် ပြင်ဆင်ထုတ်လုပ်စရိတ်များ စသည်ဖြင့် နေ့စဉ်နှင့်အမျှ ငွေကြေး တန်ဖိုး   ရွှေစင်အသပြာ ရာထောင်ချီကုန်ကျရပါမှ စစ်အင် အား သိန်းချီသည့်တပ်မကြီးမှာ သက်ဝင်လှုပ်ရှား အဆင်သင့်ရှိနိုင်မည် ဖြစ်သတည်း ...

စစ်တိုက်ရာတွင် အရေးအကြီးဆုံးမှာ အလျင်အမြန်အောင်နိုင်ရေးဖြစ်သည်။ ကြာရှည် ဆွဲတိုက်နေရလျှင် စစ်ညောင်းပြီး အားကုန်လူပန်း စိတ်ဓာတ်ကျကုန်ပေလိမ့်မည်။ ရန်သူ့မြို့ပြများကို ဝိုင်းရံ တိုက်ခိုက်ပြန် လျှင်လည်း အင်အားဆုံးရှုံး ပြုန်းတီး လာနိုင် သည်။ တပ်မကြီးတစ်ခုလုံးမှာလည်း ရှေ့တန်းမှာကြာရှည်တပ်ချ တပ်စွဲထားပြီး တိုက် ခိုက်ပြန်လျှင်လည်း ကုန်ကျစရိတ်ကြောင့် တိုင်းပြည်ဘဏ္ဍာအရင်းအမြစ်များ မလုံ မလောက် ကုန်ခန်းရပေတော့မည်။



ယင်းသို့ တပ်များစစ်ညောင်းပြီး နုံးခွေပင်ပန်း စိတ်ဓာတ်ကျလာသည်နှင့်အမျှ အား အင်ပြုန်းတီး ဆုတ်ယုတ် ပြီး၊ ဘဏ္ဍာအရင်းအမြစ်များ ကုန်ခန်းလာတတ်သည်နှင့် အညီ ဤအဖြစ်သနစ်ဆိုးကျိုးကို အကြောင်းပြုပြီး လက်အောက်မြို့ပြ ပြည်ထောင်မင်း များသည် အခွင့်ကောင်းယူကာ ပုန်ကန်ထကြွခြားနားလာနိုင်ပေသည်။ ယင်းသို့ အခြေအနေမျိုးဆိုက်သော် လူတော်လူစွမ်းကောင်းကြီးများ ရှိလင့်ကစား ၎င်းဆိုးကျိုး အခြေအနေကို အကောင်းဘက်သို့ ပြောင်းလဲခြင်းငှာ စွမ်းဆောင်နိုင်ကြမည် မဟုတ်ပေ။


ထို့ကြောင့် စစ်တိုက်ရာမှာ အောင်နိုင်ရေးအတွက် အရမ်းကာရော အလောသုံးဆယ် တိုက်ခြင်းကြောင့် စစ်ဦးစီးညံ့ဖျင်းရာကျသည်ဟူသော သာဓကကိုသာ ကြားဖူး၏။ စစ်ကို ရေရှည်ဆွဲတိုက်သည်ကို လိမ္မာ ပါးနပ်သည်၊ တော်သည်ဟူ၍ကား မကြား ဖူးပါချေ။

စစ်ကို ရေရှည်ဆွဲတိုက်သဖြင့် တိုင်းပြည်အတွက် အကျိုးကျေးဇူး ဖြစ်ထွန်းလာစေ ခဲ့သော သာဓကဟူ၍ မရှိခဲ့ဖူးပါချေ။ ထို့ကြောင့် စစ်အင်အားကို အသုံးချရာမှာ ပေါ်ပေါက် တတ်သော ဆိုးကျိုးအန္တရာယ်များကို ဘက်စုံထောင့်စုံ ကောင်းစွာ မသိနားမ လည်သောသူအနေနှင့် စစ်အင်အားကိုအသုံးချ၍ အကျိုးဖြစ် ထွန်းစေနိုင်သော အကြောင်းအရာများကိုလည်း ကောင်းစွာသိရှိနားလည်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။

စစ်ရေးဆိုင်ရာ ကျွမ်းကျင်သူတို့သည် စစ်သားစုဆောင်းရေးကို အကြိမ်ကြိမ်ဆင့်ခေါ် စုစည်းခြင်းမပြု၊ ရိက္ခာများကိုလည်း အလီလီထောက်ပို့ရန် မခိုင်း၊ မိမိနိုင်ငံမှ လက်နက် ပစ္စည်းများကို စွဲကိုင်အသုံးပြုပြီး၊ ရန်သူ့နယ်မြေမှ စားရေရိက္ခာကို ရယူစုဆောင်း အမှီပြုနိုင် သဖြင့် စစ်တပ်များအတွက် ရိက္ခာ လုံလုံလောက်   လောက် ရရှိအောင် စွမ်းဆောင်နိုင်ကြပေသည်။

စစ်ချီတိုက်ခိုက်ခြင်းကြောင့် တိုင်းပြည်ချွတ်ခြုံမွဲပြာကျရခြင်း အကြောင်းရင်းတစ်ရပ် ကား စစ်မြေပြင်သို့ ခရီးဝေးထောက်ပို့ရသောကြောင့်ဖြစ်၏။ ယင်းသို့ဝေးဝေး လံလံ   ထောက်ပို့ရခြင်းကြောင့်လည်း တိုင်းသူပြည် သား များ ဆင်းရဲကျပ်တည်းခြင်း ဖြစ်ကြ ရလေသည်။ တပ်စွဲရာ အနီးအနားတစ်ဝိုက်ရှိကုန်ပစ္ စည်းများဈေး   နှုန်းမြှင့်တင် ရောင်း ချ လာပေတော့ရာ မတန်တဆဈေးကြီးပေး ဝယ်ယူသုံးစွဲ ရသော ကြောင့် လည်း   ပြည်သူ အများငွေကြေးဥစ္စာ ကုန်ခန်းလာရလေတော့သည်။ ငွေကြေးဥစ္စာ ကုန်ခန်း လာသည့်အလျောက် အခွန် အတုတ်များမှာလည်း ဝန်ထုပ်ဝန်ပိုးကြီးသဖွယ် ပိုမိုဖိစီး လာမှုဒဏ်ကို မလွဲ မသွေခံလာကြရလေသည်။

စစ်အင်အားနှင့်တကွ ငွေကြေးဥစ္စာအရင်းအမြစ်များလည်း ချို့တဲ့ဆုံးရှုံးပြုန်းတီး လာ သည့် အလျောက်   ပြည်တွင်း မှာဆင်းရဲမွဲတေ ချွတ်ခြုံကျသောအခြေသို့ ဆိုက် ရပေတော့ရာ၊ တိုင်းသူပြည်သားတို့၏ ဥစ္စာ ပစ္စည်းများမှာလည်း ဆယ်ချိုးခုနှစ်ချိုးမျှ   ပြုန်းတီးကုန်ရချေတော့မည်ဖြစ်သည်။

အစိုးရဌာနဆိုင်ရာ အသုံးစရိတ်များ၊ လှည်းပျက်မြင်းနာစသည့် အဆုံးအရှုံးအ ပျက် အစီးများ၊ ဒူးလေးချပ်ကာ၊ ဒိုင်းလွှား ဓားလှံ၊ လှေကြီးလှေငယ် စသည့်စစ်သုံးပစ္စည်း များ ပြုပြင်ဖြည့်တင်းဆောက်တည်ရခြင်းများ၊ ရိက္ခာ လက်နက်ပို့ရန် နွားလှည်း ၊ မြင်းလှည်း ကြီးများအပါအဝင် သုံးစွဲကုန်ကျစရိတ်အတွက် အစိုးရ ဘဏ္ဍာတော်    ငွေကြေးဆယ်ပုံခြောက်ပုံခန့် ကုန်ခန်းရသည့်အခြေသို့ ဆိုက်ရချေတော့ မည်ဖြစ် သည်။

ထို့ကြောင့် စစ်ရေးကျွမ်းကျင်လိမ္မာသော တပ်မှူးတို့သည် ရန်သူ့နယ်မြေမှ စားရေ ရိက္ခာများကို အရယူဖြည့် တင်း ရပေမည်။ ပမာပြောရလျှင် ရန်သူ့ထံမှရိက္ခာ တစ်တင်း ရလျှင်ပင် ကျွနု်ပ်တို့အတွက် တင်း ၂၀ မျှ တန်သည်မှတ်ရမည်။ ရန်သူ့ထံမှ ကောက် ရိုးမြက်ထုံး တစ်ထုံးရသည်ပင်လျှင် ကျွနု်ပ်တို့အတွက် အထုံး ၂၀ မျှ တန်သည်မှတ် ရမည်။

ရန်သူ့အပေါ် တိုက်ရဲခိုက်ရဲစေလိုသော် ရဲသွေးရဲမာန် ဘာမထီစိတ်ဓာတ် နှိုးဆွပေးခြင်းပြုတတ်ရာ၏။ရန်သူ့ အပေါ် အနိုင်ရအမြတ်ထုတ်လိုသော် မိမိစစ်သည်များကို တိုက်ရလာသော ပစ္စည်းများအား ပေး ကမ်းေ၀ မျှ ချီးမြှင့်ခြင်းပြုတတ်ရာ၏။

ထို့ကြောင့် စစ်ရထားခြင်း တိုက်စစ်ဆင်ရာမှ ရန်သူ့စစ်ရထား ဆယ်စင်းကျော် သိမ်းပိုက်ရမိလေတိုင်း ကနဦး ဆုံးရလာသောတပ်သားအား ဆုတော်လာဘ်တော်များ ချီးမြှင့်ရမည်။ ၎င်းရန်သူ့စစ်ရထားများပေါ်ကို မိမိ တို့အလံများ ပြောင်းစိုက်ကာ မိမိတို့ ၏စစ်ရထားများအကြား ထည့်ညှပ်ပြီး စစ်တိုက်ရန်အသုံးချ သွားရ မည်။

သုံ့ပန်းများကို ကောင်းစွာစောင့်ရှောက် ကျွေးမွေးထားတတ်ရမည်။ ဤအချက်သည် ရန်သူ ကို အနိုင်တိုက် ရင်း မိမိအင်အားကြီးထွားအောင် ဖြည့်တင်းရရှိခြင်းဟူ၏။

စစ်တိုက်ရာမှာ အရေးကြီးဆုံးကား အမြန်အနိုင်တိုက်ရေး ဖြစ်သည်။ ရေရှည်ဆွဲတိုက် ရန် မသင့်။
ထို့ကြောင့်   လည်း စစ်ရေးစစ်ရာကျွမ်းကျင်သော တပ်မှူးများသည် ပြည်သူပြည်သားတို့၏ ကံကြမ္မာ ဖန်တီး ရှင်ဟု ခေါ်ဆိုထိုက်ပါသည်။ တိုင်းပြည်၏ လုံခြုံအေးချမ်းရေးနှင့် ပျက်သုဉ်းရေးကို ခြယ်လှယ်နိုင်သော အုပ်စိုး သူများလည်း   ဖြစ်ကြပေသည်။ 

Subscribe Us