Saturday, April 22, 2017

ပင်လယ်ထဲတွင် ငါးဖမ်းလှေပိုင်ရှင်က လှေလုပ်သားကို သေနတ်ဖြင့် ပစ်ခတ်

 ယနေ့(၂၂.၄.၂၀၁၇)တွင် ထိုင်းပင်လယ်ပြင်ထဲတွင် မြန်မာနိုင်ငံသားလှေလုပ်သမားတစ်ဦးကို ထိုင်းနိုင်ငံသား ငါးဖမ်းလှေပိုင်ရှင် ဖြစ်သူကသေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။


ဖန်ငခရိုင် ကူလပူရီမြို့နယ်၊ နံယွန်ငါးဖမ်းလှေဆိပ်မှ လှေလုပ်သမားတစ်ဦးဖြစ်သူ ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်၊ကျောက်ကျပ်ရွာနေ အဘ ဦးထွန်းအောင်ဖြူ၊နှင့် မိခင်ဒေါ်မညိုစိန်၏သားဖြစ်သူ မောင်မောင်ဌေး (အသက် ၂၁ နှစ် )နှင့်ထိုင်းနိုင်ငံသား ငါးဖမ်းလှေပိုင်ရှင်ဖြစ်သူတို့သည် ပင်လယ်ပြင်သို့ ငါးဖမ်းမထွက်မီဖယ်မိုင် ငါးတင်ဂိုဒေါင်တွင် စကားအနည်းငယ်များခဲ့ကြောင်း လှေလုပ်သားများ၏ ပြောကြားချက်အရ သိရသည်။






“ လှေက ပင်လယ်ထဲထွက်လာပြီး အချိန်၃နာရီလောက်ရှိတဲ့အခါ သေနတ်ပစ်ခံရတဲ့မောင်မောင်ဌေးအိပ်ပျော်နေတဲ့အချိန်မှာ ငါးဖမ်းလှေပိုင်ရှင်က သေနတ်နဲ့ပစ်ခတ်တာလို့လှေလုပ်သားတွေပြောချက်အရသိရပါတယ်” ဟု ယခုအမှုဖြစ်စဉ်ကို အနီးကပ်စောင့်ကြည့်နေသည် FEDအဖွဲ့မှ ကိုဇော်မင်းဦးက ပြောသည်။


ယခုအခါ လှေလုပ်သားများ လှေမထွက်မီ ငါးဖမ်းလှေတွင်လိုက်ပါမည့် အလုပ်သမားဦးရေးနှင့် အချက်လက်များကို ဒေသဆိုင်ရာအာဏာပိုင်များက ကောက်ခံမှုများပြုလုပ်ကြသဖြင့်အမှုအစဖျောက်မခံရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သေနတ်ပစ်ခတ်ခံရသည့် ကိုမောင်မောင်ဌေးကို ဖန်ငခရိုင်၊ကုလပူရီဆေးရုံးကြီး၌ အတွင်းလူနာဖြစ်ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။ အမှုဖြစ်စဉ်နှင့်ပက်သက်၍ဖန်ငခရိုင် ထိုင်းတော်ဝင်ရေတပ်နှင့် ဒေသဆိုင်ရာအလုပ်သမားကာကွယ်စောင့်ရှောက်ရေးအဖွဲ့စည်းများက တရားလိုပြုလုပ်၍ အမှုတိုင်ကြားထားကြောင်း သတင်းရရှိပါသည်။




ယခုပစ်ခတ်မှုဖြစ်ပွားသည့် ငါးဖမ်းလှေတွင် ၄ လပိုင်း ၂၀၁၅ ခုနှစ်ကလည်း စက်ခန်းမီးလောင်းမှု့ဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် လှေလုပ်သား ၂ ဦးသေဆုံးခဲ့ပြီး (ပုံပါ လူနာ ၈ ဦးထဲမှ ကိုသန်းဝင်း နှင့် ကိုတင်ဝင်းမှာသေဆုံးသွားသူဖြစ်သည်) လှေသားတချို့ပြင်းထန်းစွာဒါဏ်ရာရရှိခဲ့သော်လည်း မည်သည့် နစ်နာကြေးမှမရရှိပဲ အမူပျောက်ကွယ်နေသည်မှာ ယနေ့ထိပင်ဖြစ်ကြောင်း ဖူးခက်မြို့မှ အလုပ်သမားကူညီလုပ်ဆောင်နေသူ ကိုခိုင်အတကပြောသည်။


Subscribe Us