Thursday, July 09, 2020

ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်လာသည့် မြန်မာအလုပ်သမားစုစုပေါင်း ၂၉ဦးတို့ကို ယနေ့၌ဖမ်းဆီးရမိ




မြန်မာနှင့်ထိုင်းနှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့် တာခ်ခရိုင် မယ်မရတ်မြို့နယ်၊ ခန်နူကျေးရွာအုပ်စု(၇)တွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၁ဦးတို့ကို တင်ဆောင်လာသည့် ပစ်ကတ်ကားတစ်စီးကို ထိုင်းလူဝင်မှုကြီးကြပ်အဖွဲ့ကယနေ့တွင်ဖမ်းဆီးရမိကြောင်း သိရသည်။
မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပိတ်ထားသည်မှာ ( ၄)လကျော်ခန့်ရှိလာခဲ့သော်
လည်း ယနေ့အချိန်ထိ ထိုင်းနိုင်ငံသို့မဖြစ်မနေပြန်လည်းဝင်ရောက်လိုသည့် အလုပ်သမားများသည် 
ရရာနည်းလမ်းများဖြင့် ထိုင်းနိုင်ငံသို့ဝင်ရောက်ခဲ့ရာ 

ယနေ့( ၉.၇.၂၀၂၀)ရက်နေ့တွင် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ  နံနက်ပိုင်းတွင်မယ်ဆောက်မြို့
နယ်၌ မြန်မာနိုင်ငံသားအလုပ်သမား ၁၂ဦး၊ ယနေ့ညနေပိုင်း၌ မယ်ဆိုင်မြို့နယ်တွင် ၆ဦး ၊ ယခု ထပ်မံ
ဖမ်းဆီးခံရသည့် အလုပ်သမား ၁၁ဦး စုစုပေါင်း ၂၉ဦးတို့သည် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့်ဖမ်းဆီးခံရကြောင်းသိရသည်။

စောမောင်( အလုပ်သမားဟစ်တိုင်)

Subscribe Us