Monday, October 27, 2014

အိမ်တွင်းအကြမ်းဖက်မှု



“အိမ်တွင်အကြမ်းဖက်မှု” ဆိုသည့်စကားလုံးသည် အင်္ဂလိပ်ဘာသာဖြင့်ရေး သားထားသော “Domestic Violence” ကိုတိုက်ရိုက်ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။


အိမ်တွင်အကြမ်းဖက်မှုသည် မိသားစုတခုတွင် အတူနေထိုင်ကြသော မိသားစုအဖွဲ့ဝင်တယောက်မှ အခြားတယောက်အား စိတ်ပိုင်း၊ရုပ်ပိုင်း၊ လိင်ပိုင်း ဆိုင်ရာ အရနိုင်ထက်စီးနင်းကျင့်ကြံပြုမူခြင်းကို အိမ်တွင်းအကြမ်းဖက်မူဟု ခေါ်ဆိုင်နိုင်သည်။ အိမ်တွင်း အကြမ်းဖက်မှုသည် လူတို့လက်ခံယုံကြည်ကျင့်သုံးနေသော အခြေနေများအရလည်း ကွဲးပြား မှုရှိ သည့်အတွက် အခြားသော အဓိပ္ပါယ်ဖွင့်ဆိုမှုများကိုလည်း ဖော်ပြလိုပါသည်။




(၁) အိမ်တွင်အကြမ်းဖက်မှုဆိုသည်မှာ

မိမိ၏ဇနီးမယာအား ပြင်းထန်စွာ ကိုယ်ထိလက်ရောက်စော်ကားဖြင်း၊ ကျူးလွန်ခြင်း၊ ရိုက်နှက်ခြင်း၊ အဆက်မပြက်ရိုက်နှက်ခြင်း၊ဆိုးဆိုးဝါးဝါးနှောက်ယှက်ခြင်း ၊ဆိုးဝါးစွာ ထုနှက်ခြင်း၊လိင်ပိုင်အရခြိမ်းခြောက် အကြပ်ကိုင်ခြင်း၊ကြောက်မက်ဖွယ်ရန်ပြုခြင်း ၊ဆိုးဝါစွာကြောက်မက်ဖွယ်ရန်ပြုခြင်း၊ချူပ်နှောင်းထာခြင်း ၊ပြန်ပေးဆွဲခြင်း(သို့မဟုတ်) တမိုးအောက်တွင် နေထိုင်သူထဲမှ မိသားစုတဦးဦးကို ရုပ်ပိုင်းဆိုင်ရာအရ ဒုကရောက်အောင်ပြစ်မှုမြောက်သည် အထိ ကျူးလွန်မှုကိုခေါ်ဆိုသည်။


မှတ်ချက် ဆိုးဝါးစွာနှောက်ယှက်ခြင်း၊ကျူးလွန်ခြင်း၊ရိုက်နှက်ခြင်း၊ဆိုးဆိုးဝါးဝါးကြောက်မက်ဖွယ်ရန်ပြုမှု ပြုလုပ်ခြင်းများ သည် ကြီးလေးသော ပြစ်မှုများဖြစ်သည်။ကိုယ်ဝန်ဆောင်သောအမျိုးသမီးတဦးကို ကိုယ်ဝန်ရှိမှန်း သိရက်နှင့် ကိုယ်ထိလက်ရောက် အနိုင်ကျင့်မှုသည်ကြီးလေးသောပြစ်မှုဖြစ်သည် ။ခြိမ်းခြောက်မှု၊ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုတို့သည် အသက် ၆၅နှစ်နှင့် ယင်းအထက်ရှိသူများ ကိုကြီးလေးသောပြစ်မှုမျိုးဖြစ် သည်။ ထို့အပြင် ပဋိပကဖြစ်စဉ်အတွင်း လက်နက်သုံးစွဲခြင်းသည်လည်း ကြီးလေးသော ပြစ်မှုအဖြစ် စွဲချက်တင်နိုင်သည်။*¹



(၂) အိမ်ထောင်စု တခုအတွင်းရှိသူ တယောက်ယောက်အား ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ နာကျင် မှုဖြစ်အောင် ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်သည်အပြုအမှုကို အိမ်တွင်းအကြမ်းဖက်မှုဟု အဓိပ္ပါယ်ဖွင့် ဆိုသည်။ဤနေရာတွင် အိမ်ထောင်စုဝင်တယောက်ယောက်အား အန္တရာယ်ဖြစ်စေနိုင်သည့် မည်သို့သော အပြုအမှုမျိုးဖြစ်စေ၊ အိမ်ထောင်စုဝင် တယောက်ယောက်အား ၎င်း၏အလိုဆန္ဒမပါပဲနှင့် တစုံတခုပြုလုပ် ရန်မတရားခိုင်စေသည့် အပြုမှုမျိုးဖြစ်စေ အကြုံးဝင်သည်။(မိဘများက သားသမီးဖြစ်သူကို ကျောင်းသွား ရန်ဖြစ်စေ၊ကျန်းမားရေးအတွက် ဆေးဝါးကုသရန် ၎င်းတို့၏အလို့ကိုဆန့်ကျင်ကာ အတင်အကြပ်ခိုင်းစေ ရသည့် အခြေအနေမျိုးကိုမူ အိမ်တွင်းအကြမ်းဖက်မှုဟု အဓိပ္ပါယ်မဖွင့်နိုင်ပါ)*²


(၃) အိမ်တွင်အကြမ်းဖက်မှုသည် ဇနီးအပေါ်အကြမ်းဖက်ခြင်း(သို့မဟုတ်)ဇနီးသည်အား ရိုက်နှက်ခြင်းဟု အများအားဖြင့် သိကြပြီး ၎င်းအပြင် လင်ယောင်္ကျား(သို့မဟုတ်)အတူတူနေထိုင်သူက ရုပ်ပိုင်ဆိုင်းရာ အရဖြစ်စေ၊စိတ်ပိုင်းဆိုင်ရာအရ (သို့တည်းမဟုတ်) ခံစားမှုဖြစ်ပေါ်သည်အထိ ပြုမူခြင်းကို အကြမ်း ဖက်ခြင်း ဟုခေါ်သည်။၎င်းအပြင် အိမ်တွင်းအကြမ်းဖက်မှုသည် မိသားစု အတွင်း ဖြစ်ပျက်နေသော အကြမ်းဖက်မှု ပုံစံအားလုံး ခေါ်ဆိုနိုင်ပါသည်။



အိမ်တွင်အကြမ်းဖက်မှုဆိုသည်မှာ မိသားစုတခုအတွင်း ဖြစ်ပွားရသည့်အကြမ်ဖက်မှုများကိုဆိုလိုသည်။တနည်းဆိုရသော သွေးသားတော်စပ်မှု အရဖြစ်စေ၊ဥပဒေအရဖြစ်စေ၊သွေးသားရင်းနှီးမှုအရဖြစ်စေ တည်ရှိနေသူများ တယောက်နှင့် တယောက် အကြားတွင် ဖြစ်ပွားသောအကြမ်းဖက်မှုကို အိမ်တွင်းအကြမ်းဖက်မှု ဟုခေါ်သည်။ အိမ်တွင်း အကြမ်း ဖက်မှုဆိုသော အသုံးနှုန်းမှာ ဘက်လိုက်မှုမရှိသော အမျိုးသမီးများ အပေါ် အမျိုးသားများမှ ကျူးလွန်သော ရာဇဝတ်မှုလည်းဖြစ်သည်။

အမျိုးသမီးများက အမျိုးသားများအပေါ် အကြမ်းဖက်ပါကလည်း အမျိုးသားများကျူးလွန်းသော အချိုးနှင့်နှိုင်းယှဉ် ပါက ရှိသည်ဆိုရုံမျှလောက်သာ ဖြစ်ပွားသည်။၎င်းမှာလည်း အမျိုးသမီးများကို ကိုယ်ထိလက်ရောက် ကျူးလွန် လာမှုကြောင့်မိမိကိုယ်မိမိခုခံကာကွယ်ရင်း ဖြစ်ပေါ်ခြင်းသာဖြစ်သည်။ အမေရိကန် တရားရေးဌာန၏ အဆိုရ အမျိုးသမီးများသည် အမျိုးသားများထက်(၁၁)၁ ပိုမို ခံစားရဖွယ်ရှိ သည်ဟု ဆိုပါသည်။♂


۞ အိမ်တွင်းအကြမ်းဖက်မှုပုံစံများ အိမ်တွင်းအကြမ်းဖက်မှုပုံစံများကို အပိုင်း(၃)ပိုင်းခွဲ၍ တင်ပြသွားမည်ဖြစ်သည်။

(၁) စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊
(၂) ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုကျူးလွန်ခြင်း၊
(၃) လိင်ပိုင်းဆိုင်ရာအရ စော်ကားခြင်းတို့ဖြစ်သည်။




(၁)စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း

သံသယဖြင့်စွတ်စွဲခြင်း၊အငယ်အနှောင်းထားပြခြင်း၊လုပ်ချင်သော လုပ်ငန်းများကိုလုပ်ခွင့် မပြုခြင်း၊မိသားစု ၊သူငယ်ချင်းဆွေမျိုးများနှင့် ဆက်သွယ်ခွင့်မပြုခြင်း၊မောက်မာစွာပြော ဆိုခြင်း၊ဟန့်တား ခြိမ်းခြောက်ခြင်း ၊ပြစ်တင်ရှုတ်ချခြင်း၊မထေ့မဲ့မြင်ပြုခြင်း၊အပျေယ်သဘောအရ စနောက် ၍သော် လည်းကောင်း တဖက်သား အာခံစားချက်ဖြစ်ပေါ်စေသည်အထိ ပြုမှုခြင်းကို စိတ်ပိုင်းဆိုင်ရာအရ အကြမ်း ဖက်ခြင်းဟုခေါ်သည်။ တခါတရံ ထိုမှတဆင့် အချေအတင်စကားများခြင်း ၊အော်ဟစ်ခြင်း၊ငယ်ကျိုးငယ်နာ အပြစ်ဖော်ထုတ်၍ နားကြည်းစွာ ပြောဆိုကြခြင်း၊ခြိမ်းခြောက်အကြပ်ကိုင်ခြင်းတို့သည်လည်း စိတ်ပိုင်း ဆိုင်ရာထိခိုက်စေခြင်း တွင်အကျုံးဝင်ပေသည်။(အထက်တွင်တင်ပြခဲ့သော အပြုအမှုများ သည် ပြသနာဖြစ် သည်ဟု လက်ဆုပ် လက်ကိုင်ပြရန် ခဲယဉ်းသည်။)




(၂) ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုကျူးလွန်ခြင်း၊

အိမ်ထောင်ဖက်အားပါးရိုက်ခြင်း၊ဆံပင်ဆောင့်ဆွဲခြင်း၊ကန်းကြောက်ထိုးကြိတ်ခြင်း၊တွန်းလှဲခြင်း၊ရေနွေးပူဖြင့် လောင်းခြင်း၊ထုနှက်ခြင်း၊ လည်ပင်းညစ်ခြင်း၊ရိုက်နှက်ခြင်း၊အမျိုးမျိုးတို့ အပြင်တခါတရံရန်ဖြစ်စဉ် အတွင်း သေနတ်၊ဒုတ်၊ဓါး၊ကက်ကြေး၊ကြိမ်းလုံး၊တံမြိတ်စည်း၊ ဖန်ခွက်၊ပန်ကန်လုံးစသည့် နီးစပ်ရာတို့ကို အသုံးပြုကာ ကိုယ်ထိလက်ရောက်(တနည်းအားဖြင့် ခွန်အားကို အသုံးပြုု၍) နှိပ်စက်ခြင် ဖြစ်သည်။ထို့ပြင် အခြားနီးစပ်ရာ အရာဝတ္ထုများကို အသုံးပြုခြင်းဖြင့် ပြင်းထန်သော ရန်ပွဲဖြစ်သည့်အဆင့်ထိ အခြေး အနေဆိုးများဖြစ် ပေါ်စေပြီး အိမ်ထောင်ဖက်အား ပြင်းထန်သောဒဏ်ရာများရရှိစေနိုင်သလို၊တခါတရံတွင် အကြမ်းဖက်ခံရသူမှာ ပွဲချင်းပြီး သေးဆုံးရသည် အထိဖြစ်ပေါ်စေခြင်းကို ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်းဟုခေါ်သည်။(ဤပြသနာဖြစ်ပုံသည် မြင်သာထင်သာရှိ၍ပြသနာဖြစ်ကြ သည်ဟုပြောရန် လွယ်ကူသည်။)



(၃) လိင်ပိုင်းဆိုင်ရာအရ စော်ကားခြင်း၊

အိမ်ထောင်ဖက်၏ သဘောတူညီမှုမရရှိဘဲ တနည်းအားဖြင့် ဆန္ဒပါ၊မပါ မမေးကြည့်ဘဲ တဖက်အလို ဆန္ဒဖြင့် အတင်အဓမ္မ လိင်ဆက်ဆံ ခြင်းကို လိင်ပိုင်းဆိုင်ရာအရ၊ အကြမ်းဖက်မှုဟုခေါ်သည်။ တနည်း အားဖြင့် လင်မယားအကြား မုဒိမ်းကျင့်မှုဖြစ်သည်ဟုလည်း ခေါ်ဆိုနိုင်သည်။ (လင်နှင့်မယားအကြား မုဒိမ်းမှုဆိုသည့် စကားလုံးသည် ဥပဒေအရပြဌာန်းထားပြီး ဖြစ်သော်လည်း မြန်မာ အသိုင်းအဝိုင်း တွင် ပြောဆိုမှုမရှိသေးပေး။)




ကိုးကားချက်များ

1-Domestic Violence by Vantage Pro Professional Education, Florida, USA
2-ထိုင်းနိုင်ငံ၏ အိမ်တွင်းအကြမ်းဖက်မှု ဆိုင်ရာဥပဒေကြမ်း
3-Violence Against Women Prevention Handbook-Breaking Free
4-Violence Against Women Special
အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ သိကောင်းစရာများစာအုပ်မှ ကူးယူဖော်ပြပေးသည်

Subscribe Us