Tuesday, October 28, 2014

ကလေးတို့၏ အခွင့်အရေးများအကြောင်း

ကလေးသူငယ်အခွင့်ရေးစာချုပ်ကို ထိုင်းနိုင်ငံမှ 27,March,1992 ၌လည်ကောင် မြန်​မာနိုင်ငံမှ 15,July,1991​ လည်ကောင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အပိုဒ် ၁။ အသက်၁၈နှစ်အောက် ပုဂ္ဂိုလ်တိုင်း ကလေးများဖြစ်ကြပါသည်။

အပိုဒ် ၂။ အခွင့်အရေးအားလုံးကို ကလေးတိုင်း ခြွင်းချက်မရှိ ခံစားခွင့်ရှိပါသည်။

အပိုဒ် ၃။ ကလေးများနှင့်ဆိုင်သော အဖွဲ့အစည်းအားလုံးသည် ကလေးငယ်တစ်ဦးချင်းစီအတွက် အကောင်း ဆုံးအကျိုးကို မျှော်ကိုးဆောင်ရွက်ရပါမည်။


အပိုဒ် ၄။ နိုင်ငံတော်အစိုးရများအနေဖြင် ကလေးများအခွင့်အရေးခံစားခွင့် ရရှိစေရန်အကောင် အထည်ဖော်ရာတွင် လျော်ကန်သည့် ဥပဒေရေးရာကိစ္စများ၊ စီမံခန့်ခွဲရေးနှင့် အခြားဆောင်ရွက် ဖွယ်ရာကိစ္စများကို ပြုလုပ်ရပါမည်။

အပိုဒ် ၅။ မိသားစုများက ၎င်းတို့၏သားသမီးများကို လမ်းညွှန်သွန်သင်ပြသခြင်းအား နိုင်ငံအစိုးရများက လက်ခံရပါမည်။

အပိုဒ် ၆။ ကလေးတိုင်း အသက်ရှင်ရပ်တည်ခွင့်ရှိသည်။ ကလေးများ အသက်ရပ်တည်နေနိုင်ပြီး ကျန်းမာဖွံ့ဖြိုးမှုရှိစေရန် နိုင်ငံအစိုးရများ၊ မိဘများနှင့် အုပ်ထိန်းသူများက စီမံဆောင်ရွက်ပေးရပါမည်။

အပိုဒ် ၇။ ကလေးတိုင် တရားဝင်မှတ်ပုံတင်အမည်နှင့် နိုင်ငံသားခံယူပိုင်ခွင့်ရှိပါသည်။

အပိုဒ် ၈။ ကလေးများ၏ တရားဝင်မှတ်ပုံတင်အမည်၊ နိုင်ငံသားဖြစ်မှုခံယူခြင်းနှင့် မိဘဆွေမျိုးများ ကို နိုင်ငံအစိုးရများက အသိအမှတ်ပြုရပါမည်။

အပိုဒ် ၉။ ကလေးငယ်များအကျိုးအတွက် မဟုတ်ခဲ့လျှင် ၎င်းတို့ကို မိဘများနှင့်မခွဲထားရပါ။ အကယ်၍ ခွဲခွာနေရလျှင်လည်း မိဘနှစ်ပါးစလုံးနှင့်
အဆက်အသွယ်မပြက်စေရပါ။

အပိုဒ် ၁၀။ တစ်နိုင်ငံစီတွင် နေထိုင်ကြသော မိသားစုများအချင်းချင်း အဆက်အသွယ်မပြတ်စေရန် သို့မဟုတ် မိသားစုအတူနေနိုင်ရန် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ကူးလူးသွားလာခွင့် ပြုရပါမည်။

အပိုဒ် ၁၁။ ကလေးများကို ၎င်းတို့၏နိုင်ငံတွင်းမှ တရားမ၀င်ခိုးထုတ်ခြင်း ရပ်တန့်သွားအောင် နိုင်ငံ အစိုးရများက စီစဉ်ဆောင်ရွက်မှုများရှိရပါမည်။

အပိုဒ် ၁၂။ ကလေးများအရေးနှင်သက်ဆိုင်သည့် ကိစ္စရပ်များကို လူကြီးများဆုံးဖြက်ချက်ချသည့်အခါ၊ ကလေးများအနေဖြင့် မိမိတို့ဖြစ်သင့်သည့်ဟု ယူဆသော ထင်မြင်ချက်ကို ၀င်ရောက်ပြောဆို ပိုင်ခွင့် ရှိပါသည်။ ထိုထင်မြင်ယူဆချက်ကို လက်ခံထည့်သွင်းစဉ်းစားရပါမည်။

အပိုဒ် ၁၃။ မိမိ သို့မဟုတ် အခြားသူများအား အကျိုးမမဲ့စေသည့်သတင်းအချက်အလက်မျိုးကို ကလေးများ သိရှိခွင့် ဝေမျှနိုင်ခွင့်ရှိပါသည်။

အပိုဒ် ၁၄။ ကလေးများတွင် လွတ်လပ်စွာတွေးခေါ်ခွင့်၊ ယုံကြည်ခွင့်နှင့် ဘာသာရေးလွတ်လပ်ခွင့်ရှိပါသည်။ မိဘများအနေဖြင့် ထိုကိစ္စရပ်များတွင် မှန်ကန်သည့်လမ်းညွှန်မှု ပေးနိုင်ရပါမည်။

အပိုဒ် ၁၅။ ကလေးများအချင်းချင်း လွတ်လပ်စွာတွေ့ဆုံခွင့်၊ အသင်းအဖွဲ့များတွင် ပါဝင်ခွင့် သို့မဟုတ် ဖွဲ့စည်းခွင့်ရှိပါသည်။

အပိုဒ် ၁၆။ကလေးများတွင် ကိုယ်ပိုင်လွတ်လပ်စွာတွေးခေါ်ခွင့်ရှိပါသည်။ကလေးများ၏ နေထိုင်မှုပုံစံ၊ ၎င်းတို့၏ အမည်ဂုဏ်ပုဒ်၊ မိသားစုနှင့်နေအိမ်တို့အား ထိပါးနှောင့်ယှက်မှုများကို ဥပဒေအရ ကာကွယ်
ပေးရပါမည်။

အပိုဒ် ၁၇။ လူထုဆက်သွယ်ရေး လမ်းကြောင်းမှ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ကလေးများ ရယူပိုင်ခွင့်ရှိပါသည်။ ကလေးများနားလည်လွယ်သော သတင်းအချက်အလက်များကို
တီဗွီ ရေဒီယိုနှင့် သတင်းစာများက ထုတ်ပြန်ပေးရပါမည်။ ကလေးများအကျိုးမဲ့စေမည့် အကြောင်းအရာများ ကို ထုတ်ပြန်ပေးခြင်းမရှိစေရပါ။

အပိုဒ် ၁၈။ မိဘနှစ်ပါးစလုံး ၎င်းတို့ ကလေးများကိုပြုစု စောင့်ရှောက်ရမည့် ၀တ္တရားရှိပါ သည်။ကလေး တစ်ဦးချင်းစီ၏ အကျိုးအတွက် အမြဲထည့်သွင်းစဉ်းစားရပါမည်။ နိုင်ငံတော်က ကလေးများ ပြုစု
ပျိုးထောင်နိုင်ရေးအတွက် မိဘများကို ပံ့ပိုမှုများပေးရပါမည်။

အပိုဒ် ၁၉။ ကလေးများကောင်းမွန်စွာ စောင့်ရှောက်မှုခံယူရစေရန် နိုင်ငံအစိုးရများက စီစဉ်ဆောင်ရွက်ပေး ရပါမည်။ ကလေးများအပေါ် အကြမ်းဖက်ခြင်း၊ လွဲမှားစွာပြုမှုခြင်းနှင့် လစ်လျူခြင်းများကို မိဘများ သို့မဟုတ် ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သူ မည်သူမဆို မပြုလုပ်ရန်လည်း တားဆီးကာကွယ်ပေးရပါမည်။

အပိုဒ် ၂၀။မိသားစုရင်းချာများက ပြုစု စောင့်ရှောက်မှုမပေးနိုင်သော ကလေးများအား၊ ၎င်းတို့၏ ဘာသာရေး ၊ ယဉ်ကျေးမှုနှင့်ဘာသာစကားကို လေးစားမှုရှိသည့် ပုဂ္ဂိုလ်များက ကောင်းမွန်စွာပြုစု
စောင့်ရှောက်ရပါမည်။

အပိုဒ် ၂၁။ ကလေးများကို မွေးစားသည့် အခါ ၎င်းတို့အကျိုးကို ပထမဆုံးထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။

အပိုဒ် ၂၂။ ခိုလှုံသူဒုက္ခသည်အဖြစ် နိုင်ငံအတွင်းသို့ ၀င်ရောက်လာသော ကလေးများသည် ထိုနိုင်ငံတွင်ဖွားမြင်သော ကလေးများရရှိသည့် အခွင့်အရေးများနည်းတူ တန်းတူခံစားခွင် ရှိစေရပါမည်။

အပို ၂၃။ မစွမ်းမသန်ဖြစ်နေသော ကလေးများသည် အထူးပြုစုစောင့်ရှောက်မှု ခံယူနိုင်ခွင့်နှင့် လိုအပ်သော အထောက်အပံ့ရရှိခွင့်ရှိရပါမည်။ သို့မှသာလွတ်လပ်မှုအပြည့်အ၀ဖြင့် နေနိုင်သောဘဝ
သို့ ရောက်ရှိမည်ဖြစ်ပါသည်။

အပိုဒ် ၂၄။ ကလေးများအနေဖြင့် အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်ရှိပြီး ရေကောင်းရေသန့်နှင့် အာဟာရရှိသော အစားအစာများစားသောက်ခွင့်နှင့် သန့်ရှင်းသောပတ်
ဝန်းကျင်တွင် နေထိုင်ခွင့်ရှိပါသည်။

အပိုဒ် ၂၅။မိဘပြုစုစောင့်ရှောက်မှုမဟုတ်ပဲ ဒေသတာဝန်ခံများ၏ ကြည့်ရှုစောင့်ရှောက်မှုခံနေရသော ကလေးများအား နေရာချထားမှု အခြေအနေကို ပုံမှန်သုံးသပ်မှုရှိရပါမည်။

အပိုဒ် ၂၆။ ကလေးများသည် လူမှုဖူလုံရေးအားမခံချက်အပါအ၀င် လူမှုဖူလုံရေးစောင့်ရှောက်မှု ခံယူနိုင်ခွင့်ရှိပါသည်။

အပိုဒ် ၂၇။ ကလေးများသည် ၎င်းတို့၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ပြည့်ဝစေနိုင်သည့် လူနေမှုအဆင့်အတန်းမျိုးဖြင့်နေနိုင်ခွင့်ရှိပါသည်။ ဤကဲ့သို့နေနိုင်ရန် ဖန်တီးပေးနိုင်စွမ်းမရှိသည့်
မိသားစုများကို နိုင်ငံတော်က အကူအညီပေးရပါမည်။

အပိုဒ် ၂၈။ကလေးများတွင် အရည်အသွေးပြည့်မီသော ပညာသင်ယူခွင့်ရှိပါသည်။ကျောင်းစည်းကမ်းသည် ကလေးများတွင်ရှိသော လူ့ဂုဏ်သိက္ခာကိုလေးစားမှုရှိရပါမည်။မူလတန်းပညာရေးကို အခမဲ့
သင်ယူခွင့်ရှိစေရပါမည်။

အပိုဒ် ၂၉။ပညာရေးသည် ကလေးငယ်တစ်ဦးစီ၏ကိုယ်ရည်ကိုယ်သွေးနှင့် အစွမ်းစများကို အပြည့်အ၀ပေါ်ထွက်လာစေရန် ပြုလုပ်ပေးနိုင်ရပါမည်။ မိဘများကို ရိုသေလေးစားမှုရှိစေရန်နှင့် မိမိနှင့်အခြား
သူများ၏ ယဉ်ကျေးမှုကို လေးစားမှုရှိစေရန် သင်ကြားပေးနိုင်ရပါမည်။

အပိုဒ် ၃၀။ ကလေးများသည် မိမိတို့၏ မိသားစု ရိုးရာဓလေ့ထုံးစံနှင့် ဘာသာစကားများကို တိုင်းပြည်တွင်းရှိ အများပြည်သူက သုံးစွဲသည်ဖြစ်စေ၊ မသုံးစွဲသည်ဖြစ်စေ၊ ကလေးများအနေဖြင့် သင်ယူသုံးစွဲ
ခွင့်ရှိပါသည်။

အပိုဒ် ၃၁။ကလေးတိုင်း အပန်းဖြေခွင့်နှင့် ကစားခွင့်ရှိပြီး လုပ်ငန်းရပ်အမျိုးမျိုးတွင် ပါဝင်ခွင့်ရှိပါသည်။

အပိုဒ် ၃၂။ကလေးများအတွက် အန္တရာယ်ဖြစ်စေမည့် သို့မဟုတ် ၎င်းတို့၏ ကျန်းမားရေးနှင့် ပညာရေးတို့ကို ထိခိုင်စေမည့် အလုပ်မျိုးမလုပ်ရစေရန် နိုင်ငံတော်က တားဆီးကာကွယ်ပေးရပါမည်။

အပိုဒ် ၃၃။ ကလေးများအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေအောင် နိုင်ငံတော်က နည်းလမ်းအမျိုမျိုးသုံးပြီး အကာအကွယ်ပေးရပါမည်။

အပိုဒ် ၃၄။ ကလေးများအား လိင်မှုဆိုင်ရာ ကိစ္စရပ်များတွင် မတရားသဖြင့် အသုံးချမခံရစေရန် နိုင်ငံတော် က တားဆီးကာကွယ်ပေးရပါမည်။

အပိုဒ် ၃၅။ ကလေးများကို ရောင်းစားခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်းမျိုးမရှိစေရန် နိုင်ငံတော် က ဆောင်ရွက်ပေးရပါမည်။

အပိုဒ် ၃၆။ ကလေးများအား ၎င်းတို့၏ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေသော မည်သည့်လုပ်ငန်းမျိုးမှမဆို တားဆီးကာကွယ်ပေးရပါမည်။

အပိုဒ် ၃၇။ ဥပဒေနှင့်ငြိစွန်နေသော ကလေးများအား လူမဆန်စွာ ညှင်းပမ်းနှိပ်စက်ခြင်းမပြုလုပ်ရပါ။ လူကြီးများနှင့် အတူရောနှော၍ အကျဉ်းချထားခြင်း မရှိစေရပါ။ မိဘများနှင့် အဆက်အသွယ်
မပြတ်စေရပါ။

အပိုဒ် ၃၈။ ကလေးများအား စစ်တပ်အတွင်းဝင်ရောက်ခြင်းကို နိုင်ငံအစိုးရများက ခွင့်မပြုရပါ။စစ်ဖြစ်ပွား ရာဒေသများမှ ကလေးများကို အထူးကာကွယ်စောင့်ရှောက်မှုပေးရပါမည်။

အပိုဒ် ၃၉။ လျစ်လျူရှုခံရသည့်ကလေးများ သို့မဟုတ် လွဲမှားစွာပြုမှုခြင်းခံရသည့်ကလေးများကို ပုံမှန် စိတ်ဓာတ်ပြန်လည်ရရှိစေရန် အထူးကူညီစောင့်ရှောက်မှုပေးရပါမည်။

အပိုဒ် ၄၀။ ဥပဒေချိုးဖောက်သည်ဟု စွပ်စွဲခံရသော ကလေးများသည် ဥပဒေကြောင်းအရ အကူအညီ ရယူပိုင်ခွင့်ရှိရမည်။ အလွန်ဆိုးရွားသော ပြစ်မှုကျုးလွန်မှသာ အကျဉ်းချထားခြင်းမျိုး ရှိရမည်ဖြစ်ပါသည်။




#ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED မှ 25/26.10.2014 ၌ စမွတ်ပကန် ၌ ပြုလုပ်ကျင်းပသည့် နှစ်ရက်တာ လူ့အခွင့်အရေး အလုပ်သမား အခွင့်အရေးနှင့် လူမှုစီးပွားရေးရာ သင်တန်းမှ ပြန်လည်မျှဝေပါသည်။

Subscribe Us