Friday, July 03, 2020

ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ (၁၅) အချက်အလက်ဖြည့်သွင်း ရန်ထုတ်ပြန်ခြင်


မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ချင်းမိုင်မြို့၏ ကောင်စစ်နယ်မြေများဖြစ်သောချင်းမိုင်ခရိုင်၊ လန်ဖုန်ခရိုင်၊ လန်ပန်ခရိုင်၊ ဥတ္တရာဒစ်ခရိုင်၊ ဖရာယ့်ခရိုင်၊ နန့်ခရိုင်၊ဖယောင်ခရိုင်၊ ချင်းရိုင်ခရိုင်နှင့် မယ်ဟောင်ဆောင်ခရိုင်များတွင်နေထိုင်သည့်မြန်မာနိုင်ငံသားများအနေဖြင့် ယခုပူးတွဲပါ လျှောက်လွှာကိုပရင့်ထုတ်ပြီး နမူနာအတိုင်းဖြည့်ပြီးပါက ကိုယ်တိုင်းဖြစ်စေ Emailမှဖြစ်စေ ၊ စာတိုတ်မှဖြစ်စေ (၁၆.၇.၂၀၂၀ မှ ၅.၈.၂၀၂၀ )အတွင်းလျှောက်လွှာများကို ပြန်လည်းပေးပို့ရပါမည်။




ချင်းမိုင်မြို့ကောင်စစ်ဝန်ချုပ်ရုံမေလ်-
2020gechiangmai@gmail.com,
consulate-chiangmai@mofa.gov.mm



အထက်ဖော်ပြပါ ခရိုင်များမှအပ အခြားသောခရိုင်များတွင် နေထိုင်သည့်မြန်မာနိုင်ငံသားများအနေဖြင့် ယခုပူးတွဲပါ လျှောက်လွှာကိုပရင့်ထုတ်ပြီး နမူနာအတိုင်းဖြည့်ပြီးပါက ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့လူကိုယ်တိုင်းဖြစ်စေ Emailမှဖြစ်စေ စာတိုတ်မှဖြစ်စေ (၁၆.၇.၂၀၂၀ မှ ၅.၈.၂၀၂၀ )အတွင်း လျှောက်လွှာများကို ပြန်လည်းပေးပို့ရပါမည်။

ဘန်ကောက်မြို့၊ မြန်မာသံရုံး မေလ်- info@mebangkok.com

(မှတ်ချက်)-
*ဆန္ဒမဲပေးမည့် နေ့ရက်၌ လူကိုယ်တိုင်လာရောက်ရပါမည်။
.
**လျှောက်လွှာပေးပို့ရာတွင် ဖုန်းကင်မရာဖြင့်ရိုက်ကူးပေးပို့လာသော
ထင်ရှားပြတ်သားမှုမရှိသည့်လျှောက်လွှာပုံစံ(၁၅)များကို လက်ခံဆောင်ရွက်ပေးနိုင်မည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါသည်။

Subscribe Us