Saturday, October 20, 2018

စမွတ်ပရာကန်၊စံမလွန်ဈေး သို့ဝင်ရောက်စစ်ဆေးခြင်း သတင်းတင်ဆက်မှု



၂၀.၁၀.၂၀၁၈ | စမွတ်ပရာကန်|အလုပ်သမားဟစ်တိုင်

ယနေ့(၂၀.၁၀.၂၀၁၈) နံနက် ၆နာရီအချိန်ခန့်က စမုပုရာကန်ခရိုင်၊ စံမလွန်ဈေးတွင်အလုပ်လုပ်ကိုင်နေသူ လာအို၊ကမ္ဗောဒီယား၊မြန်မာအပါဝင် ရာချီ၍ရှိနေသည့် အလုပ်သမားများထဲတွင် တရာမ၀င်နေထိုင်သူများ၊ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများ၊မူးယစ်ဆေးဝါးကိစ္စရပ်များပက်သက်မှုရှိမရှိနှင့်ဥပဒေအရတားမြစ်ထားသည့် အလုပ်များလုပ်ကိုင်သူများရှိမရှိတို့ထိုင်းအလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ထိုင်းရဲတပ်ဖွဲ့၊ထိုင်းလ၀ကများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။








ထိုင်းအစိုးရသည် Crackdown on “Illegal” Foreigners အမည်ဖြစ် ထိုင်းနိုင်ငံသို့ဝင်ရောက်လာကြသည့် နိုင်ငံခြားသားများနှင့် ပတ်သက်သောမှုခင်းများ၊ တရားမ၀င် ၀င်ရောက်လာသည့် နိုင်ငံခြားသားများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ကြောင့်၊ နိုင်ငံ၏လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် ခရီးသွားများလုံခြုံရေး အတွက်
ကြိုးပမ်းအားထုတ်မှု ဆက်လက်မြှင့်တင်ရန် နှင့် ထိုင်းနိုင်ငံသို့ ခရီးသွားသူများအနေဖြင့် ၀င်ရောက်လာသူများ၏နိုင်ငံဖြတ်ကျော် ပြစ်မှုများကို ထိရောက်စွာနှိမ်နှင်းရန်တို့အတွက် (၈-၁၀-၂၀၁၈)မှ စတင်၍
ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

#Labour Hittai

Subscribe Us