Saturday, October 20, 2018

ယနေ့(၂၀.၁၀.၂၀၁၈)နေ့ နယ်မြေသုံးနေရာသို့ဝင်ရောက်စစ်ဆေးခြင်းသတင်းတင်ဆက်မှု



၂၀.၁၀.၂၀၁၈ | စမွတ်ဆာခွန်|အလုပ်သမားဟစ်တိုင်

Crackdown on “Illegal” Foreigners အမည်ဖြစ် ထိုင်းနိုင်ငံသို့ဝင်ရောက်လာကြသည့် နိုင်ငံခြားသားများနှင့် ပတ်သက်သောမှုခင်းများ၊ တရားမ၀င် ၀င်ရောက်လာသည့် နိုင်ငံခြားသားများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ကြောင့်၊ နိုင်ငံ၏လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် ခရီးသွားများလုံခြုံရေး အတွက် ကြိုးပမ်းအားထုတ်မှု ဆက်လက်မြှင့်တင်ရန် နှင့် ထိုင်းနိုင်ငံသို့ ခရီးသွားသူများအနေဖြင့် ၀င်ရောက်လာသူများ၏နိုင်ငံဖြတ်ကျော် ပြစ်မှုများကို ထိရောက်စွာနှိမ်နှင်း ရန်တို့အတွက် 


ယနေ့(၂၀.၁၀.၂၀၁၈)တွင် စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်မြို့ ထာ့ကျင်ရပ်ကွက် ၀ပ်လန်စံ(မူ၇-ဂေဟမူဘန့် -အေးအာထွန်း)နယ်မြေ၊ကထူဘန့်နယ်မြေ၊အုန်းနွဲ့ရပ်ကွက်တို့နှင့် ဘန့်ဖက်ဝို့နယ်မြေကျက်လိယုရပ်ကွက်တို့၌တရားမ၀င်ဝင်ရောက်နေထိုင်ကြသူများရှိမရှိနှင့် မူးယစ်ဆေးဝါးကိစ္စရပ်များ၊ဥပဒေအရမလျှော်ညီပဲနေထိုင်ကြသူများ ရှိမရှိကို  ထိုင်းအလုပ်သမားဝန်ကြီးဌာန၊စာမွတ်ဆာခွန်ခရိုင်ရဲတပ်ဖွဲ့၊စာမွတ်ဆာခွန်ခရိုင်လ၀ကတပ်ဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ၀င်ရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။


စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်မြို့ ထာ့ကျင်ရပ်ကွက် ၀ပ်လန်စံ(မူ၇-ဂေဟမူဘန့် -အေးအာထွန်)နယ်မြေရှိ  မြန်မာအလုပ်သမားများနေထိုင်ရာ တိုတ်၈လုံး၊ အခန်းပေါင်း(၃၈၄)တွင် နေထိုင်သူဦးရေး(၄၆၂)တို့ ကိုဝင်ရောက်စစ်ဆေးခဲ့ရာတွင် ဥပဒေချိုးဖောက်နေထိုင်းသူ(၉)ယောက်၊တရားမ၀င်နေထိုင်သူ(၄)ယောက်၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူ(၁)ယောက်၊မူးဆေးဝါးသုံးစွဲထားသူ(၃)ယောက်၊ မူးယစ်ဆေးဝါလက်ဝယ်ဖမ်းဆီးရမိသူ(၁)ယောက်တို့ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။


ဆက်လက်၍ ကထူဘန့်နယ်မြေ အုန်းနွဲ့ရပ်ကွက်ရှိ ထိုင်းနိုင်ငံလူမျိုး နိုင်စွန်မိုင်-စူပချာ(အသက်၆၁)နှစ်ပိုင်ဆိုင်သော တိုတ်နံပါတ် ၂၂၃/၃၈ ရှိ အခန်းပေါင်း(၁၂၀)တွင် နေထိုင်သူ မြန်မာအလုပ်သမားအပါဝင်ထိုင်းလူမျိုး(၁၈၅)ယောက်တို့ကို စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံသား နိုင်နပ်ဖွန်(အသက်၀၃၁)နှစ်ထံမှ ရာဘ(၁၅၆)လုံး၊
ရေခဲ(၁.၁၀)ဂရမ်း၊လျှပ်စစ်ဆေးလိပ်နှင့်ဆေးလိပ်အရည်တစ်ပုလင်းတို့ကိုစစ်ဆေးတွေ့ရှိခဲ့သလို ထပ်မံ၍ ထိုင်းနိုင်ငံသားလင်းမယားနှစ်ယောက်ဖြစ်သည့် နိုင်ဖော်ချုင်(၂၉နှစ်)နှင့်အွန်း(မ်)ကျိုင်း(၁၉နှစ်)တို့ထံမှ လောင်းကစားပြုလုပ်ထားသော စာရွက်စာတမ်းများနှင့်ဆေးခြောက်(၆.၄၅)ဂရမ်တို့ကိုလက်ရဖမ်းစီးရခဲ့သလို၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူ မြန်မာအလုပ်သမား(၄)ယောက်တို့ကိုစစ်ဆေးတွေ့ရှိခဲ့ကြောင်းသတင်းရရှိပါသည်။


 ဘန်းဖက်ဝို့နယ်မြေ ကျက်လိယုရပ်ကွက်ရှိ မြန်မာအလုပ်သမားများနေထိုင်ရာ အခန်းပေါင်း(၃၀)ကို ၀င်ရောက်စစ်ဆေးခဲ့ရာတွင် တရားမ၀င်မြန်မာအလုပ်သမား(၁)ယောက်၊ရက်(၉၀)မပြုလုပ်ထားသည့်မြန်မာအလုပ်သမား(၂)ယောက်၊ပက်စပိုစ့်သက်တမ်းကုန်နေသူမြန်မာအလုပ်သမား(၂)ယောက်တို့ကိုစစ်ဆေးတွေ့ရှိခဲ့ကြောင်းသတင်းရရှိပါသည်။

ယနေ့ဖမ်းဆီးရရှိမိသူများကို ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Subscribe Us