Thursday, October 04, 2018

ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာနိုင်ငံသားများကိစ္စ



၁။ ထိုင်းနိုင်ငံတွင်ရောက်ရှိလျက်ရှိသော မြန်မာနိုင်ငံသားများအား မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရများ ညှိနှိုင်း၍ အထောက်အထားများထုတ်ပေးခြင်း လုပ်ငန်းကို ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့မှ ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ CI စာအုပ်များကို ထုတ်ပေးဆောင်ရွက်ပေးခဲ့ပါသည်။

၂။ ထိုင်းနိုင်ငံအစိုးရအနေဖြင့် ၄င်းတို့နိုင်ငံအတွင်း တရားမ၀င်အလုပ်သမားစေခိုင်းမှုမရှိစေရေး၊ လူကုန်ကူမှု တားစီးကာကွယ်ရေးနှင့် နိုင်ငံ၏လုံခြုံရေးတို့အတွက် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေထိုင်လျက် ရှိ ကြသော နိုင်ငံခြားသားများအားလုံးကို သက်ဆိုင်ရာနိုင်ငံ၏ ထုတ်ပေးထားသော အထောက်အထားများ မှန်၊မမှန် စစ်ဆေးခြင်း၊ ထိုင်းနိုင်ငံမှထုတ်ပေးထားသောနေထိုင်ခွင့် VISA ရှိမရှိ၊ အလုပ်သမားဖြစ်လျင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရှိ ၊မရှိ တို့ကို ထိုင်းနိုင်ငံတစ်ခုလုံးတွင် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။





၃။ ထိုသို့စစ်ဆေးဆောင်ရွက်လျက်ရှိရာတွင် ထိုင်းနိုင်ငံတစ်ခုလုံး တွင်သတ်မှတ်ထားသော ဥပဒေများအရ ကိုက်ညီမှုမရှိသော အလုပ်သမားများအား စစ်ဆေးတွေ့ရှိခဲ့ပါက မြန်မာနိုင်ငံသို့တရားဝင်ပြန်လည် လွှဲပြောင်း ပေးနိုင်ရေးညှိနှိုင်းထားချက်အရ နီးစပ်ရာနယ်စပ်စခန်းအသီးသီးမှ လွှဲပြောင်းပေးအပ်လျက်ရှိရာ ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း မဲဆောက်-မြ၀တီ စခန်းမှ ကျား ၃၇၈၁ဦး မ ၁၄၀၉ ဦး ပေါင်း ၅၁၉၀ ဦး၊ ရနောင်း-ကော့သောင် စခန်းမှ ကျား ၂၆၆ ဦး၊ မ ၃၆ ဦး ပေါင်း ၃၀၂ ဦး နှင့် မယ်ဆိုင်-တာချီလိတ် စခန်းမှ ကျား ၆၅ ဦး မ ၂၇ ဦး ပေါင်း ၉၂ ဦး စုစုပေါင်း ကျား ၄၁၁၂ ၊ မ ၁၄၇၂ ပေါင်း ၉၆၀၄ ဦးအား အလုပ်သမားသံအရာရှိရုံးမှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ပါသည်။ 

၎။ အလုပ်သမားသံအရာရှိရုံးမှ တဆင့် မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ် ဇူလိုင်လမှ စတင်၍ လွှဲပြောင်းလက် ခံဆောင်ရွက်ခဲ့ရာတွင် စခန်း(၃)ခုမှ ကျား ၁၄၉၄၃ ၊မ ၅၃၉၁ ပေါင်း ၃၄၉၂၆ အား တရားဝင် လွှဲပြောင်းလက်ခံဆောင်ရွက် ခဲ့ပါသည်။ 


၅။ ထိုင်းနိုင်ငံသို့ အထောက်အထားတစ်စုံတစ်ရာမရှိပဲ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် မယ်ဆိုင်၊မဲဆောက်၊ရနောင်းရှိ ပြန်လည်လွှဲပြောင်းရေးစခန်းများသို့ သော်လည်းကောင်း၊ နီးစပ်ရာနယ်မြေ၏ အလုပ်သမားသံအရာရှိရုံးသို့သော်လည်းကောင်း ဆက်သွယ်၍ ယခုကာလ အတွင်း မြန်မာနိုင်ငံသို့ တရားဝင်ပြန်နိုင်ရေး ဆောင်ရွက်နိုင်ပါသည်။ 


၆။ ထိုင်းနိုင်ငံ အစိုးရအနေဖြင့်လည်း အထက်တွင်ဖော်ပြခဲ့သော ရည်ရွယ်ချက်များအတွက် လိုအပ်သည် များအား ဆက်လက်ဆောင်ရွက်သွားနိုင်ပြီး၊ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသောမြန်မာနိုင်ငံသားများ အနေဖြင့်လည်း မိမိတို့၏အထောက်အထားစာရွက်စာတမ်းများအား ပြည့်စုံစွာ ဆောက်ရွက်ထားကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။

အလုပ်သမားသံအရာရှိရုံး
ဘန်ကောက်မြို့၊ထိုင်းနိုင်ငံ

Subscribe Us