tag:blogger.com,1999:blog-59005808698299046752024-03-22T06:33:48.909+06:30Labour Hittaiအလုပ္သမားဟစ္တုိင္http://www.blogger.com/profile/10315625304258378070noreply@blogger.comBlogger747125tag:blogger.com,1999:blog-5900580869829904675.post-65361956606231754562023-12-20T19:41:00.003+06:302023-12-20T19:41:50.566+06:30 ဝေဒနာနုပဿနာစစ်တမ်း
ဝေဒနာကို ဝိပဿနာရှုမယ့် ယောဂီတွေအတွက် ပထမ ဝေဒနာသုံးမျိုးရှိတယ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာဆိုပြီးတော့ပေါ့။ ဒါအကြမ်းစားအဖြစ်နော်။ နောက် သုခမှာ သောမနဿဝေဒနာ၊ ဒုက္ခမှာ ဒေါမနဿဝေဒနာဆိုပြီး နှစ်မျိုးစီခွဲလိုက်ရင်တော့ ဝေဒနာငါးမျိုးဖြစ်တယ်။
စေတသိကသုခဝေဒနာကို သောမနဿဝေဒနာလို့ သုံးတယ်၊ ကာယိကသုခကိုတော့ သုခဝေဒနာလို့သုံးတယ်။ စေတသိကဒုက္ခကို ဒေါမနဿဝေဒနာလို့ သုံးတယ်၊ ကာယိကဒုက္ခကြတော့ ဒုက္ခဝေဒနာလို့ သုံးတယ်။
အခုသုံးမျိုးအနေနဲ့ ပြောကြရအောင်နော်၊ အဲ့ဒီဝေဒနာသုံးမျိုးမှာ သတ္တဝါတွေသည် နေ့စဉ်ဘာနဲ့အနေများလဲ?၊ လယ်တီဆရာတော်ဘုရားကတော့ ဥပေက္ခာနဲ့ အနေများတယ်လို့ သတ်မှတ်ချက်ရှိတယ်။ ဒီတော့ သတ္တဝါတွေမှာ တစ်နေ့တာ အများဆုံးဖြစ်နေတာကတော့ ဥပေက္ခာဝေဒနာဖြစ်ပါတယ်။
ဒီဥပေက္ခာဝေဒနာကို ဆန်းစစ်ကြည့်ရင် တစ်နေ့တစ်နေ့မှာ ဝမ်းသာနေတဲ့ အချိန်ဘယ်လောက်ရှိလဲ၊ ဝမ်းနည်းပြီး ထိုင်ငိုကြွေးနေရတဲ့ အချိန်ဘယ်လောက်များသလဲ၊ ဝမ်းနည်းတယ်လည်းမဟုတ်ဘူး ဝမ်းသာတယ်လည်းမဟုတ်ဘူး အလယ်အလတ်မှာ နေနေတဲ့ အချိန်က ဘယ်လောက်ရှိသလဲ နှိုင်းစာကြည့်ပေါ့ ၊(၂၄)နာရီလောက် နှိုင်းစာပြီး ကြည့်လိုက်မယ်ဆိုရင်တော့ လယ်တီဆရာတော်ဘုရားရဲ့ မိန့်ကြားချက်ဟာ ခန့်မှန်းလို့ ရနိုင်ပါတယ်။
တစ်နေ့တာ အများဆုံးဖြစ်နေတဲ့ ဥပေက္ခာကြတော့ ဝေဒနာမှန်း မသိကြဘူး။ တစ်နေ့တာ ခရီးနဲ့ အနည်းအကျဉ်းလောက် ဖြစ်တဲ့ ဒုက္ခဝေဒနာကိုပဲ သိနေမယ်ဆိုရင် ဒီဝေဒနာရှုကွက် လုံလောက်ပါ့မလား?၊ မလုံလောက်ဘူးနော်။
ဒီဝေဒနာကို ရှုတဲ့အပိုင်းမှာ ခေတ်ကဘာပြောသလဲ?၊ ဝေဒနာကို ကုန်အောင်ရှုရတယ်တဲ့။ အချို့ကလည်း ဘာပြောသလဲ ❝ ဝေဒနာတွေကုန်သွားပြီ ဝေဒနာတွေ ချုပ်သွားပြီ၊ ဝေဒနာတွေ မရှိတော့ဘူး ❞ တဲ့။ မပြောကြဘူးလား။ ကဲကောင်းပြီ••• ဝေဒနာချုပ်လို့ရှိရင် အသိစိတ်ကော ရှိနေပါသေးသလားလို့ သူတို့ကို မေးကြည့်တော့ ❝ အသိစိတ်ကတော့ ရှိတယ်၊ ဝေဒနာကတော့ မရှိတော့ဘူး ချုပ်သွားပြီ ❞ တဲ့၊ ဒီတော့ ဗုဒ္ဓအဘိဓမ္မာမှာ အဲ့ဒီနည်းစနစ်မျိုး ရှိ မရှိ ဆန်းစစ်ရမယ်နော်။
ဗုဒ္ဓအဘိဓမ္မာမှာ ဝေဒနာသည် သဗ္ဗစိတ္တသာဓာရဏစေတသိက်လို့ ခေါ်တယ်။ သူက စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ဝေဒနာအမြဲပါတယ်၊ ထိုဝေဒနာသည် သုခဖြစ်ချင် ဖြစ်မယ်၊ ထိုဝေဒနာသည် ဒုက္ခဖြစ်ချင်လည်းဖြစ်မယ်။ ထိုဝေဒနာသည် ဥပေက္ခာဖြစ်ချင်လည်း ဖြစ်မယ်။ အမျိုးတော့ ကွဲချင်ကွဲမယ်။ စိတ်တိုင်း စိတ်တိုင်း ဖြစ်နေမယ်ဆိုရင် စိတ်တိုင်းစိတ်တိုင်း ဝေဒနာအမြဲဖြစ်နေမယ်၊ ဝေဒနာမပါစိတ် တစ်ခုမှ မရှိဘူး။
ဒီနေ့ခေတ်က ပြောနေတာ အသိစိတ်တော့ ရှိတယ်၊ ဝေဒနာကတော့ မရှိတော့ဘူးတဲ့။ ဘယ်ဟာကမှန်လဲ?၊ ဘုရားဟောတာပဲမှားသလား ဒီနေ့ခေတ်ကပဲ မှန်သလား။ ဒီနေ့ခေတ်ကပဲ မှားသလား ဘုရားဟောကပဲ မှန်သလား။ ဒါဆန်းစစ်ရမယ့်အပိုင်းဖြစ်နေတယ်နော်။ ဝေဒနာချုပ်ပြီးတော့ အသိစိတ်မချုပ်တဲ့ဟာက ဘုန်းကြီးတို့ သာသနာတော်မှာ မရှိပါဘူး။ ဝေဒနာချုပ်ရင် အသိစိတ်လည်းချုပ်တယ်။ ဝေဒနာချုပ်တာ ဘယ်သမာပတ်ရှိလဲ၊ နိရောဓသမာပတ်တစ်ခုဘဲ ရှိတယ်နော်။ နိရောဓသမာပတ်က ဘယ်လို ပုဂ္ဂိုလ်မျိုးတွေ ဝင်စားနိုင်သလဲ၊ အနာဂါမ်နဲ့ ရဟန္တာ နော်။ ဘယ်လို အနာဂါမ်နဲ့ ရဟန္တာလည်းဆိုတော့ စျာန်သမာပတ်ရှစ်ပါးကို ရရှိထားတဲ့ သူတော်ကောင်းတွေဖြစ်တယ်။
ဒီတော့ မိမိက ဘာသမာပတ်မှလည်းမရဘူး၊ အနာဂါမ်နဲ့ ရဟန္တာလည်းမဟုတ်ဘူး၊ ဝေဒနာတွေက ချုပ်ကုန်ပြီဆိုတော့ သမာပတ်ရှစ်ပါးကို ရထားတဲ့ အနာဂါမ်၊ ရဟန္တာတွေနဲ့ အတူတူပါပဲဆိုပြီး ပုခုံးခြင်းယှဉ်လိုက်တာနဲ့ တူမနေဘူးလား။ ဒါသတိထားပြောရမယ့် စကားနော်။ သူများချုပ်တာနဲ့ ကိုယ်ကပါလိုက်ချုပ်နေမယ်ဆို ကိုယ်ဟာဘယ်အဆင့် ရောက်နေပြီလဲ၊ အဲ့ဒီ ပုံစံမျိုးကတော့ သာသနာတော်မှာ မရှိသင့်ပါဘူး။
အသိစိတ်တော့ ရှိနေတယ် ဝေဒနာချုပ်တယ်ဆိုတာ သာသနာတော်မှာ မရှိပါဘူး၊ မရှိတာကို တစ်ဖက်က ဘာပြန်ပြောသလဲ၊ ❝ သူတို့တကယ်လက်တွေ့ အားထုတ်ဖူးတာမှ မဟုတ်ဘဲ ❞ တဲ့။ ဒါနဲ့ပြန်ချေတယ်။ ဒီတော့ ဒီစကားကို ဘုန်းကြီးတို့ဘက်က ပြန်ချေရမယ်၊ ❝ ဒီလိုဆိုရင် ဘုရားရှင်ကလည်း တကယ်လက်တွေ့ အားမထုတ်ဖူးလို့လား ❞ လို့ ပြန်မေးရပါမယ့် ပုံစံဖြစ်မနေဘူးလား?၊ စကားနော်၊ သာသနာတော်မှာ အတော်လေး အလေးနက်ထားပြီး စဉ်းစားရမယ့်စကားပါ။
ဝေဒနာသဘောကို ပုံစံမှန် မသိတော့ ကြည့်ပေါ့ ခေတ်အနေနဲ့ ပြောတာပါ ဘုန်းကြီး ဘယ်ပုဂ္ဂိုလ်ဆိုပြီး ပုဂ္ဂိုလ်ရေးဆိုလိုနေခြင်း မဟုတ်ပါဘူးနော်။ ဓမ္မအဓိဋ္ဌာန်အရသာ ပြောတာပါ။ နာတယ် နာတယ်လို့သာရှုနေတယ် အဲ့ဒီနာတာလေး ပျောက်သွားတဲ့အခါမှာတော့ သူက ဝေဒနာကုန်ပြီလို့ ပြောနေတာနော်။ အသိစိတ်ရှိပါလျှက် ဝေဒနာကုန်ပြီလို့ သူကဘာကြောင့် ပြောတာလည်းဆိုတော့ သူနားလည်နေတဲ့ ဝေဒနာက ဒုက္ခဝေဒနာတစ်ခုပဲ၊ ဒုက္ခဝေဒနာရဲ့ နောက်ဆွယ်မှာ ဖြစ်ပေါ်လာတဲ့ ဥပေက္ခာဝေဒနာကြတော့ သူက ဝေဒနာမှန်းမသိဘူး။
အဲ့ဒီဟာကို အဝိဇ္ဇာလို့ ပြောတာပါပဲ။ ဝိဇ္ဇာဆိုတာ ရုပ်နာမ်ပရမတ်ဓမ္မကို ဟုတ်တိုင်းမှန်စွာသိတာကို ခေါ်တော့ ဥပေက္ခာကို ဝေဒနာမှန်းမသိတော့ သူ့သန္တာန်မှာ အဝိဇ္ဇာနုသယဓာတ်လေး ကိန်းနေပါတယ်၊ ဒီဒုက္ခဝေဒနာလေး ချုပ်ငြိမ်းသွားရင် နောက်ထပ် ဆက်ဖြစ်လာမယ့် ဝေဒနာကို သူနားမလည်တော့ဘူးနော်။
ဒီတော့ ဒုက္ခဝေဒနာချုပ်ပြီး နောက်မှာ ဆက်ဖြစ်ပေါ်လာမယ့် ဥပေက္ခာ သို့မဟုတ် သုခဝေဒနာကို မသိဘူးဆိုရင် ထိုသုခဝေဒနာရဲ့နောက်ကွယ်မှာ ရာဂါနုသယ ကိန်းဝပ်နေပါတယ်။
ဥပေက္ခဝေဒနာရဲ့နောက်မှာ အဝိဇ္ဇာနုသယက ကိန်းဝပ်နေတော့ အဲ့ဒီအနုသယဓာတ်တွေကို ဘယ်လိုလို့ ပါယ်နှုတ်မလဲဆိုတော့ နှုတ်လို့ မရတော့ဘူး။ မသိလို့ နှုတ်မရတာနော််။ နှုတ်ရမယ့် နည်းစနစ်တွေက ရှိနေပါတယ်။
နောက်ကွယ်က သုခဝေဒနာဦးဆောင်နေတဲ့ နာမ်တရားတွေနဲ့ မှီရာဝတ္ထုရုပ်တွေကို လက္ခဏာရေးသုံးတန်တင်ပြီးတော့ ရှုရမယ်။
ရှုလိုက်တော့ ဒီသုခဝေဒနာရဲ့ ကိန်းဝပ်ရာဖြစ်တဲ့ ဒီရုပ်နာမ်ဓမ္မသင်္ခါရ တရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မြင်တွေ့လိုက်ပါမှ ရာဂါနုသယကို ပါယ်နှုတ်ပြီး ဖြစ်သွားတယ်။
ဒုက္ခဝေဒနာရဲ့ နောက်ကွယ်က ကိန်းဝပ်နေတဲ့ ပဋိဃာနုသယကို ပါယ်နှုတ်ချင်တယ်ဆိုရင်တော့ ဒုက္ခဝေဒနာဦးဆောင်နေတဲ့ သင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာ ရှုပွါးရပါမယ်။ ဥပေက္ခာဝေဒနာလည်း ထိုနည်း၄င်းပါပဲ နော်။
အဲ့ဒီလို ရှုပွါးမှသာလျှင် ဒီအနုသယဓာတ်တွေကို ချုပ်ငြိမ်းလို့ရမယ်၊ ဖြိုခွင်းလို့ ရပါမယ်။ အဲ့ဒါ နာတာလေးပျောက်သွားတဲ့ အခါမှာ ဝေဒနာကုန်ပြီလို့ ပြောနေတာကို စစ်တမ်းထုတ်ပြနေတာပါ။ ကမ္မဋ္ဌာန်းကျောင်းထဲဝင်လျှင် ဝင်ခြင်းကနေ အသက်ထက်ဆုံး နာတယ် နာတယ်လို့ ထိုင်ရှုနေရုံနဲ့ ကိစ္စမပြီး နိုင်ဘူးနော်။
🖋️ ဖားအောက်တောရဆရာတော်
တစ်ခါတုန်းက ဂေါတမလို့အမည်ရတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်၊ ဂေါတမမထေရ်ဟာ ပုဏ္ဏားမျိုးနွယ်စုကနေ မွေးဖွားလာသူပါ။ သမိုင်းကြောင်းအရဆိုရင် ရာဇဂြိုဟ်ပြည်မှာ ပုဏ္ဏားဇနီးမောင်နှံနှစ်ယောက်က တစ်နေ့တော့ သားလေး တစ်ယောက် မွေးဖွားပါတယ်။ ကလေးရဲ့အမည်ကို ''ဂေါတမ''လို့ အမည်ပေးလိုက်ကြပါတယ်။ ပုဏ္ဏားမျိုးရိုးမှာဖြစ်လို့ ပုဏ္ဏားတွေရဲ့ကျင့်စဉ်အတိုင်း ကျင့်ရပါတယ်။
ခုနစ်နှစ်အရွယ်ရောက်လာတော့ ပုဏ္ဏားတို့ လျှောက်လှမ်းတဲ့ကျင့်စဉ်အတိုင်း ရွှေငွေအလှူခံ လှည့်လည်ပါတယ်။ လှည့်လည်ရင်းနဲ့ အသပြာတစ်ထောင် ရလာပါတယ်။ ရလာတဲ့အသပြာတစ်ထောင်ကို တစ်နေရာမှာ အပ်နှံထားလိုက်ပါ တယ်။
ဒီလိုနဲ့ ပုဏ္ဏားကျင့်စဉ်လည်းကျင့်၊ ရွှေငွေလည်း လှည့်လည်အလှူခံရင်း တစ်ဆယ့်ခြောက်နှစ်သား ရောက်လာတော့ မကောင်းတဲ့သူငယ်ချင်းတွေနဲ့ပေါင်းပြီး ကာမဂုဏ်စိတ်တွေက ရုပ်ကောနာမ်ကော တစ်ကိုယ်လုံး ဖြစ်လာပါတယ်။ ကာမဂုဏ်စိတ်တွေ နှိပ်စက်နေလို့ ပြည့်တန်ဆာမတစ်ယောက်ရဲ့အိမ်ကို သွားပါတယ်။ ရထားတဲ့ အသပြာတစ်ထောင်ကိုပေးပြီး တစ်ညတာ နေလိုက်ပါတယ်။ သူကျင့်နေတဲ့ အကျင့်မြတ်ဆိုတာလည်း ပျက်သွားပါတယ်။ ပြည့်တန်ဆာမကလည်း ဂေါတမပုဏ္ဏာလေးရဲ့ပုံစံကို ကြည့်ပြီး ''ကာမဂုဏ်မှာ အစိမ်းသက်သက်ပဲ''ဆိုတာ အတွေ့အကြုံအရ သိရလို့ သိပ်ပြီး စိတ်မပါတဲ့ပုံစံကို ပြပါတယ်။
ဂေါတမသတို့သားလည်း ပြည့်တန်ဆာမက ပြုံးပြုံးရွှင်ရွှင်မရှိတာနဲ့ တစ်ညအလွန်မှာပဲ ငြီးငွေ့တဲ့စိတ်တွေ ဖြစ် သွားပါတယ်။ ပြီးတော့ ''ငါ ကျင့်နေတဲ့အကျင့်မြတ်လည်း ပျက်ရသေး၊ ပိုက်ဆံလည်း ကုန်ရသေး၊ ငါမသင့်တာ လုပ်မိပြီ'' ဆိုပြီး စိတ်ဆင်းရဲသွားပါတယ်။
ဂေါတမသတို့သားရဲ့စိတ်ဖြစ်နေပုံကို မြတ်စွာဘုရားရှင်က အဝေးက သိတော်မူပါတယ်။ အတိတ်ပါရမီတွေက လည်း ပြည့်စုံနေတာဖြစ်လို့ ဂေါတမသတို့သားရှိရာကို ကြွသွားပြီး ကိုယ်ထင်ပြပါတယ်။
ဂေါတမသတိုးသားက ဂေါတမဘုရားရှင်ကို ဖူးတွေ့လိုက်ရတော့ စိတ်ဆင်းရဲနေရာကနေ ကြည်လင်တဲ့စိတ်တွေ ပြန်ဖြစ်သွားပါတယ်။ ဒီတော့ မြတ်စွာဘုရားက ဂေါတမသတို့သားကို တရားဟောပြပေးပါတယ်။ တရားဟောကြားလိုက် တော့ သဒ္ဓါတရားတွေ ဖြစ်ပြီး ရှင်ပြုပေးဖို့ ခွင့်တောင်းပါတယ်။ အသက်မပြည့်သေးလို့ ရဟန်းတော့ ပြုလို့မရသေးပါဘူး။
ရှင်ပြုဖို့ ဆံချတဲ့အခါ ကမ္မဋ္ဌာန်းပွားများရင်း၊ ဆံချလို့ပြီးတာနဲ့ အရဟတ္တဖိုလ် ရသွားပါတော့တယ်။
(ဂေါတမထေရဝတ္ထု၊ ထေရအဋ္ဌကထာ ပထမတွဲ၊ စာမျက်နှာ ၃၂၄ )။
မထေရ်ရဲ့ နာမည်လေးက စာရေးသူတို့ မြတ်စွာဘုရားရဲ့နာမည်နဲ့ တူနေတာလေးရယ်၊ တရားရတာကလည်း တခြားနေရာမှာမဟုတ်ဘဲ ပြည့်တန်ဆာမအိမ်ထဲမှာပဲ သံဝေဂဖြစ်ပြီး တရားရသွားတာလေးရယ်က စိတ်ဝင်စားစရာလေးပါ။ တိုက်တိုက်ဆိုင်ဆိုင် မြတ်စွာဘုရားနဲ့ နာမည်တူနေတာလေးကိုက စာရေးဖို့ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။
သံဝေဂဖြစ်လိုက်တဲ့ အရွယ်လေးရယ်၊ ဖြစ်တဲ့နေရာရယ်၊ တရားရလိုက်တဲ့အရွယ်ရယ်က စိတ်ဝင်စားဖို့နဲ့ အားကျဖို့ သိပ်ကောင်းတာပါ။ ဆယ်ကျော်သက် ဆယ့်ခြောက်နှစ်ဆိုတော့ အတော့်ကို ငယ်ပါသေးတယ်။ လူ့ဘဝမှာ ပျော်လို့ပါးလို့ အကောင်းဆုံးအရွယ်လေးပါ။ လူငယ်အားလျှော်စွာ ပျော်လိုက်တာပါပဲ။ ဒါပေမဲ့ အပျော်ရဲ့အဆုံးသတ်က သူများနဲ့မတူပါဘူး။ မကောင်းတဲ့အိမ်ကို သွားမိပေမယ့်၊ အဲဒီအိမ်မှာပဲ သံဝေဂဖြစ်ပြီး တရားရသွားတာပါ။ ပြည့်တန်ဆာမအိမ်သွားတဲ့ သူတိုင်းတော့ တရားရကြတာ မဟုတ်ပါဘူး။ ကလပ်တွေ၊ ကာရာအိုကေဆိုင်တွေတော့ ဝါသနာအားလျှော်စွာ သွားနေကြ တာပါပဲ။ ဒါပေမဲ့ တရားရသွားတယ်လို့တော့ မကြားမိသေးပါဘူး။ ရှိချင်တော့ ရှိနိုင်ပါတယ်။ တကယ်တော့ အတိတ် အတိတ်က ဖြည့်ကျင့်ခဲ့တဲ့ပါရမီတွေက အဓိကကျပါတယ်။ တရားရဖို့ ပါရမီပါလာတဲ့သူကတော့ ဘယ်နေရာမှာပဲဖြစ်နေ ဖြစ်နေ သူ့အတွက်တော့ အောင်မြေပါပဲ။ ဂေါတမသတို့သားလေးကတော့ ပြည့်တန်ဆာမအိမ်ဟာ သူ့အတွက် အောင်မြေ ဖြစ်သွားခဲ့ပါတယ်။
ဂေါတမမထေရ်လောင်းဟာ ဝိပဿီမြတ်စွာဘုရားကို ကိုယ်တိုင်ဖူးတွေ့ခဲ့ရပြီး ကြည်ညိုတဲ့ စိတ်အပြည့်နဲ့ ''အာမောဒ''ဆိုတဲ့ သစ်သီးလှူဒါန်းခဲ့ပါတယ်။ အဲဒီကုသိုလ်ကံကြောင့် သေလွန်တဲ့အခါ နတ်ပြည်မှာ ဖြစ်ရပါတယ်။ နတ်ပြည်က စုတေတော့ ကောင်းမြတ်တဲ့ ဘုံဘဝတွေမှာပဲဖြစ်ပြီး ကောင်းမြတ်တဲ့ပါရမီကုသိုလ်တွေကို ဘဝဆက်တိုင်း ဖြည့်ခဲ့ပါတယ်။
အဲဒီအတိတ်အတိတ်ပါရမီကုသိုလ်တွေကြောင့်ပဲ ပြည့်တန်ဆာမအိမ်ထဲမှာပဲ သံဝေဂဖြစ်ပြီး တရား ရသွား တာပါ။ ပါရမီမပါခဲ့ရင်တော့ သံဝေဂဖြစ်စရာလည်း အကြောင်းမရှိသလို တရားရစရာလည်း အကြောင်းမရှိပါဘူး။
ဒီတော့ ရောက်တဲ့ဘဝ၊ ရောက်တဲ့နေရာမှာ ပါရမီတွေတော့ ဖြည့်ကြရမှာပါ။ ပန်းတစ်ပွင့်ပဲလှူလှူ၊ ရေတစ်ခွက်ပဲ ကပ်ကပ်၊ တံမြက်စည်းတစ်ချက်ပဲလှဲလှဲ၊ ကော်ဖီတစ်ခွက်ပဲတိုက်တိုက်၊ လမ်းပျောက်နေတဲ့သူကို လက်ညှိုးတစ်ချောင်းပဲ ညွှန်ညွှန်၊ တွေ့တဲ့သူကို အပြုံးတချက်ပဲ ပြုံးပြုံး၊ အရာအားလုံးဟာ ပါရမီဖြည့်နေတာပါပဲ။ ရောက်နေတဲ့ဝန်းကျင်တစ်ခုမှာ ဝန်းကျင်ရဲ့ စိတ်ချမ်းသာစရာလေးတွေကို ပါရမီတစ်ခုအနေနဲ့ ဖြည့်နေကြရမှာပါ။
အမေရိကားမှာ ခရီးဝေးသွားပြီဆိုရင် လမ်းတစ်လျှောက်မှာ ဆိုတာတွေ ရှိပါတယ်၊ အနားယူတဲ့နေရာလို့ ပြန်ရမယ်ထင်ပါတယ်။ တစ်ဧက တစ်ဧကခွဲလောက် ကျယ်ပါတယ်။ မြက်ခင်းတွေလည်း စိမ်းနေအောင် စိုက်ပေးထားပါ တယ်။ အဲဒီမှာ အမျိုးသမီးတွေအတွက် အိမ်သာ ခြောက်လုံး၊ အမျိုးသားတွေအတွက် အိမ်သာခြောက်လုံးဆိုပြီး စီစဉ်ပေး ထားပါတယ်။ အိမ်သာတွေကလည်းပဲ သန့်ရှင်းနေတာပါပဲ။ အိမ်သာတက်တဲ့သူတွေ သန့်စင်ခန်းကိစ္စပြီးတဲ့အခါ ခဏတဖြုတ်ထိုင်ရအောင် ပါလာတဲ့ စားစရာသောက်စရာတွေ ထိုင်စားလို့ရအောင်ဆိုပြီး ထိုင်ခုံစားပွဲတွေလည်း ပူးတွဲ လုပ်ပေးထားပါတယ်။
တစ်ခါတလေများ အိမ်သာလာတက်တဲ့လူတွေကို အဲဒီဒေသမှာ ရှိတဲ့လူတွေက ကွတ်ကီးမုန့်သုံးလေးမျိုးနဲ့ ကော်ဖီ တောင် တိုက်လိုက်ပါသေးတယ်။ အိမ်သာလာတက်တဲ့သူတွေကို ကော်ဖီနဲ့မုန့်တိုက်တယ်ဆိုတော့ ဗုဒ္ဓဘာသာ ရဟန်း တစ်ပါးအနေနဲ့ ဘယ်လိုသုံးသပ်ရမှန်းတောင် မသိတော့ပါဘူး။သူတို့ဟာ ဗုဒ္ဓဘာသာတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အပြုအမူတွေဟာ ဗုဒ္ဓဘာသာဆန်နေပါတယ်။ ပါရမီသဘောတွေကို မသိပေမယ့် သူတို့လုပ်တဲ့အလုပ်တွေက ပါရမီတွေဖြစ်နေတော့တာပါ။
ဒီလိုကုသိုလ်ကောင်းမှုတွေ ကြောင့်ပဲ အကျိုးပေးမှုတွေက ပေးချင်တိုင်းပေးနေသလား မပြောတတ်ပါဘူး။ သေလွန်တဲ့အခါမှာလည်း ကောင်းမြတ်တဲ့ ဘုံဘဝတွေကို ရောက်ကြရဦးမှာပါ။
ခရီးသွားတဲ့အခါ အိမ်သာတက်ချင်တဲ့ဒုက္ခဟာ ခရီးသွားသူတိုင်းမှာ ရှိပါတယ်။ သန့်သန့်ရှင်းရှင်း ကျယ်ကျယ် ဝန်းဝန်း ပတ်ဝန်းကျင် ပသာဒအလှတွေနဲ့ တက်လိုက်ရတော့ အိုဘားမားကို ကျေးဇူးမတင်ဘဲကို မနေနိုင်တော့ပါဘူး။ ဒါမျိုးလေးတွေ
မြန်မာပြည်ခရီးလမ်းတစ်လျှောက်မှာ ထားပေးနိုင်ကြရင် သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးကို သူတို့အိမ်သာတွေ တက်တိုင်း တွေးမိပါတယ်။
ပါရမီတွေကတော့ ကိုယ်နိုင်သလောက်လေး ဖြည့်ကြရမှာပဲ၊ ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ပန်းတိုင်ဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန်ရဖို့အတွက် အထူးသဖြင့် ဝိပဿနာတရားကို အားထုတ်ကြရမှာပါ။ အလုပ်ကတော့ ဘယ်သူမှ မအားကြပါဘူး။ မအားတဲ့ကြားထဲက အနည်းဆုံး တစ်နေ့ကို မိနစ်နှစ်ဆယ်လောက်တော့ အချိန်ယူအားထုတ်ကြရမှာပါ။
မိနစ်နှစ်ဆယ်ကတော့ ကိုယ်နဲ့အဆင်ပြေတဲ့အချိန်ကို ယူရမှာပါ။ မနက်အိပ်ရာထ အားထုတ်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ မနက်စောစောဆိုတော့ ဘာအာရုံမှ မတွေ့ရသေးတဲ့အတွက် စိတ်က ကြည်နေတာ များပါတယ်။ စိတ်ကြည်နေတော့ တရားမှတ်ရတာ ပိုလို့ကောင်းပါတယ်။
ဒီတော့ တရားကို ဘယ်အချိန်စမှတ်မလဲဆိုရင် တရားမှတ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်က စမှတ်လိုက်ပါ။
ဥပမာ- မနက်ပိုင်း ကိုယ်လက်သန့်စင်ပြီး တရားမှတ်မယ်လို့ စိတ်ညွတ်လိုက်တာနဲ့ လှမ်းတဲ့ခြေလှမ်းကစပြီး မှတ်လိုက်ပါတော့။ မှတ်တော့မယ်ဆိုရင် စိတ်ကို ခြေထောက်ကိုပို့လိုက်ပါ။ မျက်လုံးကို လေးထောင့်ပဲကြည့်ပါ။ ခြေလှမ်း စလှမ်းတာနဲ့မှတ်ပါတော့။ ''ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်'' ''ကြွတယ်၊ ချတယ်'' ''ကြွတယ်၊ လှမ်းတယ်၊ ချတယ်'' စသည်ဖြင့် ကိုယ်နှစ်သက်ရာ စင်္ကြံမှတ်တစ်ခုခုနဲ့ စမှတ်သွားပါ။ ခြေထောက်ပုံသဏ္ဌာန်ဒြပ်တွေကိုတော့ ခွာနိုင်သမျှ ခွာပြီး ခြေထောက်ရွေ့သွားတဲ့သဘောလေးကိုပဲ သတိကပ်ပြီး မှတ်ပါ။ ခြေထောက်ပုံသဏ္ဌာန်ဒြပ်တွေက ပညတ်တွေပါ။ ဝိပဿနာရှုဖို့ရာ မဟုတ်ပါဘူး။ ရွေ့ရွေ့ ရွေ့ရွေ့သွားတဲ့ သဘောလေးကိုပဲ သတိထားမှတ်ရမှာပါ။
ဘုရားခန်းထဲရောက်လို့ တရားထိုင်ရမည့်နေရာရောက်လို့ တရားထိုင်ရတော့မယ်ဆိုရင် ရပ်နေတာလေးကိုပဲ ''ရပ်တယ် ရပ်တယ်''လို့ အချက်နှစ်ဆယ် သုံးဆယ်လောက် မှတ်လိုက်ပါဦး။ ''ရပ်တယ်၊ ရပ်တယ်''လို့ မှတ်တဲ့နေရာမှာ ခေါင်းကနေ ခြေဖျားအထိ တောင့်တင်းနေတဲ့သဘောကို သတိကပ်ရပါမယ်။ ထိုင်ရတော့မယ်ဆိုရင်လည်း ချက်ချင်း မထိုင် လိုက်ပါနဲ့ဦး။ ထိုင်ချင်တဲ့စိတ်ကလေးကို အရင်အာရုံပြုလိုက်ပါဦး။ ထိုင်ချင်တဲ့စိတ်ကလေးက ထင်ရှားနေတတ်ပါတယ်။ အဲဒီထိုင်ချင်စိတ်ကလေးကို အာရုံပြုပြီး ''ထိုင်ချင်တယ်၊ ထိုင်ချင်တယ်'' ဆိုပြီး ထိုင်ချင်စိတ်ကလေးကို သတိကပ်ပြီး မှတ်ပါ။ ထိုင်ချင်တဲ့စိတ်မရှိဘဲ ထိုင်လို့မရပါဘူး။
ထိုင်ပြီဆိုမှ ထိုင်ချင်တဲ့စိတ်ကြောင့်ဖြစ်တဲ့လေတွေက တွန်းချလိုက်တဲ့အတွက် အောက်ကို လေးလေးကျသွားတဲ့ သဘောလေးကိုပဲ သိနိုင်သမျှသိအောင် သတိကပ်ပြီး ''ထိုင်တယ်ထိုင်တယ်''လို့ ရှုမှတ်ရပါတယ်။ ထိုင်တယ်၊ ထိုင်တယ်လို့ ရှုမှတ်တဲ့ နေရာမှာလည်း ခေါင်း၊ ကိုယ်၊ ခြေ၊ လက် ပုံသဏ္ဌာန်ဒြပ်တွေကိုတော့ ခွာနိုင်သမျှ ခွာရပါတယ်။ တရွေ့ရွေ့နဲ့ လေးလေးကျ သွားတဲ့သဘောလေးကိုပဲ သတိကပ်ပြီး မှတ်ရပါတယ်။ မျက်လုံးလေးမှိတ်ပြီးမှတ်ရင် ပိုပြီး မှတ်လို့ ကောင်းပါတယ်။
လက်ထောက်တော့ ''လက်ထောက်တယ်'' အားယူတော့ ''အားယူတယ်'' တင်ပါးနဲ့ကြမ်းပြင်နဲ့ထိတော့ ''ထိတယ်'' ဆိုပြီး မှတ်ရပါတယ်။
ဦးချရတော့မယ်ဆိုရင်လည်း ချက်ချင်း မချပါနဲ့ဦး၊ ဦးချချင်စိတ်ကလေးကို အရင်အာရုံပြုလိုက်ပါဦး။ ဦးချချင် စိတ်ကလေးကို အာရုံပြုပြီး ''ဦးချချင်တယ်၊ ဦးချချင်တယ်''လို့ မှတ်ရပါတယ်။ ပြီးမှ ဦးချချင်တဲ့စိတ်ကြောင့်ဖြစ်တဲ့လေတွေက တွန်းချလိုက်လို့ အောက်ကိုလေးလေးကျသွားတာ၊ ညွတ်ညွတ်ကျသွားတာကိုပဲ ''ဦးချတယ်၊ ဦးချတယ်''လို့ မှတ်ရပါတယ်။ တရွေ့ရွေ့နဲ့ လေးလေးကျသွားတဲ့သဘောလေးကို သိရတာ ပရမတ်ပါပဲ။
နဖူးနဲ့ကြမ်းပြင်နဲ့ ထိတော့ ''ထိတယ်''၊ ဘုရားအာရုံပြုပြီးလို့ ထူချင်တော့ ''ထူချင်တယ်''။ ထူတော့ ''ထူတယ်''လို့ မှတ်ရပါတယ်။
''ထူတယ်၊ ထူတယ်''လို့ မှတ်တဲ့နေရာမှာ ထူချင်တဲ့စိတ်ကြောင့်လေတွေက တွန်းတင်လိုက်တဲ့အတွက် တရွေ့ရွေ့နဲ့ ပေါ့ပေါ့တက်သွားတာကိုပဲ သိနိုင်သမျှ သိအောင် စူးစိုက်မှတ်ရပါတယ်။ လက်ကလေးနဲ့ နဖူးနဲ့ထိတော့ ထိတယ်။ လက်ပြန်ချတော့ ''ချတယ် ချတယ်'' တင်ပလ္လင်ခွေဖို့ရာ ခြေထောက်ကွေးတော့ ''ကွေးတယ် ကွေးတယ်''။ ထိုင်ဖို့လက်ကလေး ကို ရင်ခွင်ထဲယူတော့ ''ယူတယ် ယူတယ်'' လက်ချင်းထပ်တော့ ''ထပ်တယ် ထပ်တယ်''၊ လက်ချင်းထိတော့ ''ထိတယ်၊ ထိတယ်'' စသည်ဖြင့် မှတ်ရပါတယ်။
ကိုယ်ထိုင်ချင်တဲ့ပုံစံအတိုင်း ရပြီဆိုရင်တော့ ကိုယ်အားထုတ်နေကျ ကမ္မဋ္ဌာန်းအတိုင်း ဝင်လေထွက်လေပဲဖြစ်ဖြစ်၊ ဖောင်းတယ် ပိန်တယ်ပဲဖြစ်ဖြစ် စမှတ်ရုံပါပဲ။
အချိန်စေ့လို့ ထရတော့မယ်ဆိုရင်လည်း ချက်ချင်း မထပါနဲ့ဦး၊ ထချင်တဲ့စိတ်ကလေးကို အရင်မှတ်လိုက်ပါဦး။ ''ထချင်တယ်၊ ထချင်တယ်'' ပြီးမှ ထချင်တဲ့စိတ်ကြောင့်လေတွေက တွန်းတင်လိုက်တဲ့အတွက် တရွေ့ရွေ့နဲ့ ပေါ့ပေါ့ တက်သွားတဲ့ သဘောလေးကိုပဲ ''ထတယ် ထတယ်'' လို့ စူးစိုက်မှတ်ရပါတယ်။ မတ်တပ်ရပ်တော့ ''ရပ်တယ် ရပ်တယ်'' မှတ်ရပါတယ်။ အဲဒီကျမှ တရားဖြုတ်ချင်လည်း ဖြုတ်ပါ။ ဒါမှမဟုတ် မိမိစလာခဲ့တဲ့နေရာအထိ ''ဘယ်လှမ်းတယ်၊ ညာလှမ်း တယ်'' စသည်ဖြင့် မှတ်သွားပြီး နေရာရောက်မှ တရားဖြုတ်ရုံပါပဲ။
ဒီနေရာမှာ ထိုင်တာနဲ့ထတာလေးကို အထူးသတိထားမှတ်ရပါတယ်။ တိတိကျကျ ခွဲရင်တော့ ထိုင်ချင်တာရယ်၊ ထိုင်တာရယ်၊ ထချင်တာရယ်၊ ထတာရယ်ပါ။ ထိုင်ချင်တယ်၊ ထိုင်တယ်၊ ထချင်တယ်၊ ထတယ်၊ ဒီလေးချက်ကို မဖြစ်မနေ မှတ်ရပါတယ်။ ဒီလေးချက်ကို သေချာ သတိကပ်မှတ်ရင် ဥာဏ်စဉ်သဘောလေးတွေ သိရတတ်တာ များပါတယ်။
ထိုင်ချင်တာက နာမ်၊ ထိုင်တာက ရုပ်ပါ။ ဒါဆို နာမ်နဲ့ ရုပ်ကို ပိုင်းခြားပြီး သိသွားပါတယ်။ နာမ် ရုပ်ကို ပိုင်းခြားသိတာဟာ နာမရူပပရိစ္ဆေဒဥာဏ်ပါ။
''ထိုင်ချင်တဲ့စိတ်က ရှေ့က ပေါ်ပေါ်ပေးနေလို့ မှတ်သိစိတ်က နောက်ကလိုက်လိုက် မှတ်နေရတယ်။ ထိုင်ချင်တဲ့ စိတ်က အကြောင်း၊ တရားမှတ်သိစိတ်က အကျိုးတရား''ဆိုပြီး အကြောင်းနဲ့အကျိုးကိုလည်း ခွဲခြားသိသွားပါတယ်။ အကြောင်းနဲ့အကျိုးကို ခွဲခြားသိသွားတာဟာ ပစ္စယပရိဂ္ဂဟဥာဏ်ပါ။
ချင်စိတ်ကလေးကို သတိထားမှတ်လိုက်တဲ့ယောဂီဟာ ဥာဏ်စဉ်နှစ်ခုတော့ ရသွားကြတာ များပါတယ်။ ဒါကြောင့် ထိုင်တာ ထတာ မှတ်တဲ့နေရာမှာ ချင်စိတ်ကလေးပါ တွဲမှတ်တတ်တာလေးကို အထူးလေ့ကျင့်ထားရပါမယ်။ ထိုင်တယ်၊ ထတယ်မှတ်တဲ့နေရာမှာလည်း မျက်လုံးလေးမှိတ်ပြီးမှတ်ရင် ပိုကောင်းပါတယ်။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးကတော့ ခါးနာနေတဲ့ လူမမာလို မှတ်ရမယ်လို့ မိန့်ထားပါတယ်။ ခါးနာနေတော့ ဘယ်အလုပ်ပဲလုပ်လုပ် ကိုယ့်ခါးလေးကို ပိုနာသွားမှာစိုးလို့ ဖြည်းဖြည်းပဲ လုပ်လေ့ရှိပါတယ်။
ထိုင်တယ်၊ ထိုင်တယ်လို့ မှတ်တဲ့နေရာမှာ သေချာသတိထားမှတ်ရင် လေးလေးကျသွားတာလေးကို တွေ့ရပါ တယ်။ လေးလေးကျသွားတာလေးကို တွေ့ရတာဟာ ပထဝီဓာတ်နဲ့ အာပေါဓာတ်ကို တွေ့လိုက်ရတာပါပဲ၊ ပထဝီဓာတ်က အမာဓာတ်၊ မြေဓာတ်၊ အလေးဓာတ်။ အာပေါဓာတ်က ရေဓာတ်၊ အလေးဓာတ်၊ ဓာတ်ကြီးနှစ်ပါးကို တွေ့လိုက်ရတာပါပဲ။
''ပနှင့်အာမှာ ဓာတ်နှစ်ဖြာ၊ လေးတာ ထင်ရှားသည်'' ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလိုက်လည်း ရပါတယ်။ ပ,က ပထဝီဓာတ်၊ အာ,က အာပေါဓာတ်ပါ။
ဒီလိုပါပဲ ထတယ်၊ ထတယ်လို့ မှတ်တဲ့နေရာမှာလည်း သေချာသတိထားမှတ်လိုက်ရင်၊ ပေါ့ပေါ့တက်သွားတာ လေးကို တွေ့လိုက်ရပါတယ်။ ပေါ့ပေါ့တက်သွားတာလေးကို တွေ့လိုက်ရတာဟာ တေဇောဓာတ်နဲ့ ဝါယောဓာတ်ကို တွေ့လိုက်ရတာပါ။
တေဇောဆိုတာ အခိုးဓာတ်၊ အငွေ့ဓာတ်၊ အပေါ့ဓာတ်၊ ဝါယောဆိုတာ လေဓာတ်၊ အပေါ့ဓာတ်၊ ဓာတ်ကြီးနှစ် ပါးကို တွေ့လိုက်ရတာပါပဲ။
''တေနှင့် ဝါမှာ ဓာတ်နှစ်ဖြာ၊ ပေါ့တာထင်ရှားသည်''ဆိုတဲ့ လင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါ။ တေ,က တေဇောဓာတ်ပါ၊ ဝါ,က ဝါယောဓာတ်ပါ။
အရပ်ထဲမှာ ပြောပြောနေကြတဲ့ ဓာတ်ကြီးလေးပါး၊ စာထဲမှာ တွေ့တွေ့နေရတဲ့ ဓာတ်ကြီးလေးပါးကို ဝိပဿနာတရား ရှုမှတ်ပွားများလိုက်တဲ့အခါ ကိုယ်တိုင်လက်တွေ့ တွေ့လိုက်ရတာပါပဲ။
တရားမှတ်လို့ ရုပ် နာမ်ကွဲသွားတယ်၊ အကြောင်း အကျိုးသိသွားတယ်၊ ဓာတ်ကြီးလေးပါးကို သိလိုက်ရတယ် ဆိုရင် တရားအားထုတ်လိုက်ရတာ ကိုယ့်ကိုယ်ကို ကျေနပ်သွားတော့တာပါပဲ။
ဒါကြောင့် တရားမှတ်တဲ့နေရာမှာ ထိုင်ခါမှ စမှတ်တာထက် တရားထိုင်ဖို့ ခြေလှမ်းစလှမ်းတဲ့အချိန်က စမှတ်တာ တော့ အကောင်းဆုံးပါပဲ။ ဒါဆို တရားမှတ်ချက်ရေလည်း ပိုများသွားပါတယ်။ စင်္ကြံမှတ်ချက်တွေကော၊ ချင်စိတ်မှတ်ချက် တွေကော တွက်လိုက်ရင် ပုံမှန်ထက် ပိုများနေပါတယ်။ တင်ပလ္လင်ခွေထိုင်ခါမှ၊ ကြုံ့ကြုံ့ကလေး ထိုင်ခါမှစမှတ်ရင် တရားမှတ်ချက်ရေ နည်းနေပါလိမ့်မယ်။
တစ်နေ့မိနစ်နှစ်ဆယ်ဆိုတာ ဘယ်လောက်မှ မများပါဘူး။ ဒါပေမယ့် ရရှိလိုက်တဲ့ကျေနပ်မှုကတော့ ဘာနဲ့မှ ယှဉ်လို့မရပါဘူး။ အစမှာသာ ခက်ချင်ခက်နေမှာပါ။ အလေ့အကျင့်ရသွားလို့ စွဲသွားပြီဆိုရင်တော့ ပုံမှန်အလုပ်တစ်ခုလို ဖြစ်သွားပါလိမ့်မယ်။
ဘဝမှာ ကိုယ့်ဇနီးအတွက်လည်း အချိန်တွေ ကျေနပ်လောက်အောင် ပေးခဲ့ပြီးပြီ၊ ကိုယ့်ခင်ပွန်းအတွက်လည်း အချိန်တွေ ကျေနပ်လောက်အောင် ပေးခဲ့ပြီးပြီ၊ ကိုယ့်သားသမီး၊ ကိုယ့်မိသားစုအတွက်လည်း ကျေနပ်လောက်အောင် ပေးခဲ့ပြီးပြီ၊ ကျန်ရှိနေတဲ့ သက်တမ်းလေးမှာ ကိုယ့်အတွက် မိနစ်နှစ်ဆယ်လောက်လေးတော့ အချိန်ပေးသင့်ပါတယ်။ သေဖို့ကလည်း တစ်နှစ်နဲ့တစ်နှစ်၊ တစ်လနဲ့တစ်လ၊ တစ်ရက်နဲ့တစ်ရက် တဖြည်းဖြည်း နီးနီိးလာပါပြီ။
ဘာပဲဖြစ်ဖြစ်လေ.... ကျေးဇူးပြုပြီး မိနစ်နှစ်ဆယ်လောက်တော့ အချိန်ပေးလိုက်ပါ။ အဲဒီ မိနစ်နှစ်ဆယ်ဟာ သံသရာအတွက် ပါရမီကောင်းတွေဖြစ်သွားမှာတော့ အမှန်ပါပဲလေ......။
ရဝေနွယ်(အင်းမ)
ကျမ်းကိုး
သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏ ဣနြေ္ဒထက်ကြောင်း(၉)ပါး
News Watch ဂျ ာနယ် ၃၀-၁၂-၂ဝ၁၄
Credit
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-82540014893335035882023-06-28T10:04:00.008+06:302023-06-28T10:04:50.743+06:30 ဒါနပြုမယ်ဆိုရင် .....
“လှူပါ”လို့ ပြောလိုက်တာနဲ့ ဘုန်းကြီးကျောင်းပဲ ပြေးမမြင်နဲ့။
မင်္ဂလသုတ်မှာ လာတာက ”သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်း ဝေမျှ လှူနိုင်စေ”တဲ့ ... ။ ကိုယ့်အောက် နိမ့်ကျတဲ့သူတွေကို ပေးကမ်းရမယ်၊ ကိုယ်နဲ့တန်းတူ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေကို ဝေမျှရမယ်၊ ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာသာ လွန်တဲ့ ရတနာသုံးပါး၊ ကျေးဇူးကြီးမားတဲ့ မိဘ ဆရာသမား ကျေးဇူးရှိသူတွေကို လှူဒါန်းရပါမယ်။
လူတော်တော်များများက ဘုန်းကြီးကိုလှူမှ အလှူထင်ကြတယ်။ ဘုရားတည်၊ ကျောင်းဆောက်တာကိုပဲ အလှူ ထင်ကြတယ်။
ဘုရားတည်၊ ကျောင်းဆောက်တာကို လှူတာလည်း ဒါနဖြစ်သလို စာသင်ကျောင်းကို လှူရင်လည်း ဒါန ဖြစ်ပါတယ်။
နယ်ဘက် ရွာဘက်တွေ ကြည့်လိုက်ရင် ဘုန်းကြီး ကျောင်းတွေက နတ်ဘုံ နတ်နန်းတမျှ ကြီးမားပြီး သံဃာက
မရှိဘူး။
နယ်ဘက် ရွာဘက်တွေက စာသင်ကျောင်းတွေ ကြည့်လိုက်ရင် အမိုးမလုံ၊ မျက်နှာကျက်မရှိ၊ ပန်ကာမရှိ၊ လျှပ်စစ်မီးမရှိ၊ ရေမရှိနဲ့ အနာဂတ်ရဲ့ ကလေးငယ် ကျောင်းသူ ကျောင်းသားတွေ ဒုက္ခရောက်ကြပါတယ်။
ရွှေကျောင်း ပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်နေကြတယ်။
ဒါကြောင့် လှူချင်သပဆို ဘုရားကျောင်းကန်တွေလည်းလှူပါ။လူငယ်တွေအတွက် တိုင်းပြည် အနာဂတ် အတွက် အရေးကြီးတဲ့ စာသင်ကျောင်းတွေ ကောင်း အောင်လည်း လှူပေးပါ။
ကိုယ့်ရပ်ရွာ ဖွံ့ဖြိုးတိုးတက်အောင်လည်း စောင့်ရှောက် လှူဒါန်းပါ။
စားနိုင် သောက်နိုင်တဲ့သူတွေကိုလည်း လှူသလို
မစားနိုင် မသောက်နိုင်တဲ့သူတွေကိုလည်း လှူပေးပါ။
နောက်တစ်ခု ရှိတာက လုပ်ငန်းရှင်တွေ တော်တော်များများက ဘုရားဒကာ၊ ကျောင်းဒကာခံယူချင်တော့
ဘုရားတွေ ကျောင်းတွေမှာ ပုံအောပြီးလှူကြတယ်။
ကိုယ့် အလုပ်သမားတွေကျတော့ လုပ်ခလစာ တန်အောင် မပေး ၊ မတရား စေခိုင်းကြတယ်။
ဒါမျိုးတွေ မဖြစ်ပါစေနဲ့ ။ လှူသင့်လှူထိုက်တာလည်း လှူပါ၊ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ လုပ်အားခနဲ့ အခွင့်အရေးလည်း မျှတအောင် ပေးကမ်းပါ။
ကိုယ့်အောက်နိမ့်ကျတဲ့သူတွေကို ပေးကမ်းချီးမြှင့်ပါ။
ဒါဟာ စာဂဖြစ်သလို မေတ္တာ၊ ကရုဏာတရားကို လက် တွေ့ကျင့်သုံးခြင်းဖြစ်လို့ တရားအားထုတ်ခြင်းလည်း ဖြစ်ပါတယ်။
အဆင်ပြေရင် ပြေသလို ကိုယ့်သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း၊ ဆွေမျိုးတွေကိုလည်း ဝေမျှပေးပါ။
ဆွေမျိုးတွေကို ချီးမြှောက်စောင့်ရှောက် ထောက်ပံ့တာကလည်း မင်္ဂလာတရားတော်နဲ့အညီ တရားအားထုတ်နေတယ်လို့ မှတ်ပါ။
သက်ရှိဘုရား မိဘ နှစ်ပါးကိုလည်း စောင့်ရှောက်လှူဒါန်းရမှာ ဖြစ်ပါတယ်။
မိဘနှစ်ပါးကို လှူဒါန်းတာဟာ သက်ရှိဘုရားကို လှူဒါန်းတာနဲ့ တူပါတယ်။မိဘနှစ်ပါးကို လိုအပ်တာတွေကို စောင့်ရှောက်လှူဒါန်းနေတာကလည်း
မင်္ဂလသုတ္တန်နည်းအရ တရားအားထုတ်နေတာပါပဲ။
တစ်ဖက်မှာတော့ ဘုရားဒကာ၊ ကျောင်းဒကာအမည်ခံ သူဌေးကြီးလုပ်ပြီး မိဘနှစ်ပါးကို ပစ်ထားမယ်ဆိုရင် သဘာဝ မကျပါဘူး။
ဘုရားကျောင်းကန်တွေမှာ လှူသင့်တာလည်း လှူပါ။
လူ့ကျင့်ဝတ်တွေကိုလည်း တတ်နိုင်သမျှ ကျေပွန် အောင် ကြိုးစားပါ။
ဒါကြောင့် ကိုယ့်အောက်နိမ့်ကျ ကိုယ့်လောက်မှ မချမ်း သာတဲ့သူတွေကို ပေးကမ်းပါ။ ကိုယ့်မိတ်ဆွေ သူငယ် ချင်း အပေါင်းအသင်း ဆွေမျိုးတွေကို ဝေမျှပါ။ ကိုယ့် ထက် မြင့်မြတ်တဲ့ ရတနာသုံးပါး၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်တွေကိုလည်း လှူဒါန်းပါ။ ဒါတွေအားလုံးဟာ ဒါနတွေချည်းပါပဲ။
လှူတဲ့နေရာမှာလည်း ...
(၁) ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည်စွာ လှူပါ။
(၂) အယုတ် အလတ် အမြတ်မရွေး ရိုရိုသေသေ လေးလေးစားစားနဲ့ လှူပါ။
(၃) အချိန်ကာလအလိုက် လိုအပ်တာကို လှူပေးပါ။
(၄) အစစအရာရာအဆင်ပြေပါစေဆိုတဲ့ စိတ်လေး။
ထားပြီး ချီးမြှောက်လိုစိတ်နဲ့ လှူပါ။
(၅) သန့်ရှင်းစင်ကြယ်တဲ့ လှူဖွယ်ပစ္စည်းနဲ့ မိမိ သူတစ်ပါး ပတ်ဝန်းကျင်ကိုပါ မထိခိုက်ရအောင်
ငါးပါးသီလလုံစွာလှူပါ။
လှူတဲ့အခါမှာလည်း မလှူခင် လှူဆဲ နဲ့ လှူပြီးတဲ့အခါမှာပါ စေတနာ မပျက်စေရဘဲ စေတနာ သုံးတန် ပြည့်ဝစွာ လှူဒါန်းရပါမယ်။
ကိုယ်ရလာတဲ့ အကျိုး အမြတ်တွေထဲက အယုတ် အလတ် အမြတ် မရွေး တတ်နိုင်သမျှ ပေးကမ်း၊ ဝေမျှ၊ လှူဒါန်းရပါမယ်။
ဘာပဲ လုပ်လုပ် နေ့စဉ် ၅ ပါးသီလကို လုံအောင် ထိန်းနိုင်ရပါမယ်။ စွမ်းနိုင်ရင် စွမ်းနိုင်သလို အခါကြီး ရက်ကြီးတွေမှာ၊ ဝါတွင်းကာလတွေမှာ ဥပုသ်လီလတွေကို စောင့်ထိန်းရပါမယ်။
အလုပ်လုပ်တဲ့အချိန်မှာလည်း အချင်းချင်း မထိခိုက်စေရဘဲ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာတွေ ထားလို့၊ အားရင် အားသလို ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းတွေ စီးဖြန်းလို့၊ အချိန်ရရင် ရသလို ဝိပဿနာဘာဝနာတွေ ပွါးများလို့ နေထိုင် လုပ်ကိုင်ကြရင် အခုဘဝလည်း ချမ်းသာ၊ နောင်ဘဝလည်း ချမ်း သာလို့ သံသရာမှာလည်း ချမ်းသာပါလိမ့်မယ်။ 👑
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
(ပါမောက္ခချုပ်ဆရာတော်ကြီး)
၂၃.၆.၂၀၂၃
#ပြည့်စုံ(တောင်ငူ)✍️
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်📖
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-14343854430012954262023-06-27T15:05:00.003+06:302023-06-27T15:05:12.553+06:30ပုရေဇာတပစ္စယော
"ပုရေဇာတ"ဆိုသည်မှာ ရှေ့က ဖြစ်ခြင်းဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို ရှေ့က ဖြစ်နှင့်ပြီး ကျေးဇူးပြုသည်ဟု ဆိုလိုသည်။
မိဘနှင့် သားသမီးဆိုလျှင် မိဘက ရှေ့က ဖြစ်၏။ ထို့ကြောင့် မိဘက သားသမီးကို နို့ချိုတိုက်ကျွေး အစာပေးပြီး ကျေးဇူးပြုနိုင်ခြင်း ဖြစ်သည်။
ထိုနည်းတူစွာ ရှေ့ကဖြစ်သော ရုပ်တရားက နောက်မှဖြစ်သည့် နာမ်တရား ( စိတ် စေတသိက်)တို့ကို ကျးဇူးပြု၏။ ထို့ကြောင့် ရုပ်က အကြောင်းတရား၊ နာမ်က အကျိုးတရား ဖြစ်သည်။ ဤကဲ့သို့ အကြောင်းကျိုး ဖြစ်နေသည့်ပစ္စည်းကို "ပုရေဇာတပစ္စည်း" ဟု ခေါ်သည်။
ပါဠိနှင့် ဘာသာပြန်
စက်ခာယတနံ စက်ခုဝိညာဏဓာတုယာ တံသမ်ပယုတ်တကာနဉ်စ ဓမ်မာနံ ပုရဇောတပစ်စယနေ ပစ်စယော။
စက္ခာယတနံ- စက္ခုပသာဒရုပ် ( မျက်စိ) သည်။ စက္ခုဝိညာဏဓာတုယာ စ - မြင်သိစိတ်အားလည်းကောင်း၊ တံသမ္ပယုတ္တကာနံ- ထိုမြင်သိစိတ်နှင့် ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ- စေတသိက် တရားတို့အားလည်းကောင်း၊ ပုရေဇာတပစ္စယေန- ပုရေဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။
ဝတ္ထုရုပ် ၆- ပါးနှင့် စိတ်
၁။ မျက်စိက အဆင်းကို မြင်လျှင် မြင်သိစိတ် ဖြစ်ပေါ်လာ၏။ မျက်စိနှင့် မြင်သိစိတ်တွင် မျက်စိက ရှေးဦးစွာ ဖြစ်၏။
အဘိဓမ္မာစကားနှင့် ပြောရလျှင် မျက်စိ ( ရုပ်) က မြင်သိစိတ်ထက် စိတ္တက္ခဏ ၄- ချက် စောပြီး ဖြစ်၏။ စိတ္တက္ခဏ ၄- ချက်ဆိုသည်မှာ ၁ - စက္ကန့်လောက်တောင် မကြာပါ၊ အလွန်မြန်သော အချိန်လေးတည်း။
ထို့ကြောင့် မျက်စိ (ရုပ်) က အကြောင်းတရား၊ မြင်သိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။
၂။ နားနှင့် ကြားသိစိတ်တွင် နားက ရှေးဦးစွာ ဖြစ်ပြီး ကြားသိစိတ်က နောက်မှ ဖြစ်၏။ ထို့ကြောင့် နား (ရုပ်) က အကြောင်းတရား၊ ကြားသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။
၃။ နှာခေါင်းနှင့် နံသိစိတ်တွင် နှာခေါင်းက ရှေးဦးစွာ ဖြစ်ပြီး နံသိစိတ်က နောက်မှ ဖြစ်၏။ ထို့ကြောင့် နှာခေါင်း (ရုပ်) က အကြောင်းတရား၊ နံသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။
၄။ လျှာနှင့် စားသိစိတ်တွင် လျှာက ရှေးဦးစွာ ဖြစ်ပြီး စားသိစိတ်က နောက်မှ ဖြစ်၏။ ထို့ကြောင့် လျှာ (ရုပ်) က အကြောင်းတရား၊ စားသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။
၅။ ကိုယ်နှင့် ထိသိစိတ်တွင် ကိုယ်က ရှေးဦးစွာ ဖြစ်ပြီး ထိသိစိတ်က နောက်မှ ဖြစ်၏။ ထို့ကြောင့် ကိုယ် (ရုပ်) က အကြောင်းတရား၊ ထိသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။
၆။ နှလုံး ( ဟဒယဝတ္ထုရုပ်) နှင့် တွေးသိစိတ်တွင် ပဋိသန္ဓေတည်ပြီးချိန်မှ စ၍ နှလုံးက ရှေးဦးစွာ ဖြစ်ပြီး စိတ်က နောက်မှ ဖြစ်၏။ ထို့ကြောင့် နှလုံး (ရုပ်) က အကြောင်းတရား၊ တွေးသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။
အာရုံ ၅- ပါးနှင့် စိတ်
၁။ အဆင်း (ရုပ်) နှင့် မြင်သိစိတ် ( နာမ်) တွင် အဆင်းက ရှေးဦးစွာ ဖြစ်ပြီး မြင်သိစိတ်က နောက်မှ ဖြစ်၏။
အဆင်း(ရုပ်) က မြင်သိစိတ်ထက် စိတ္တက္ခဏ ၄- ချက် စောပြီး ဖြစ်သည်။ ထို့ကြောင့် အဆင်း (ရုပ်) က အကြောင်းတရား၊ မြင်သိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။
၂။ အသံနှင့် ကြားသိစိတ်တွင် အသံက ရှေးဦးစွာ ဖြစ်ပြီး ကြားသိစိတ်က နောက်မှ ဖြစ်သည်။ ထို့ကြောင့် အသံ (ရုပ်) က အကြောင်းတရား၊ မြင်သိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။
၃။ အနံ့နှင့် နံသိစိတ်တွင် အနံ့က ရှေးဦးစွာ ဖြစ်ပြီး နံသိစိတ်က နောက်မှ ဖြစ်သည်။ ထို့ကြောင့် အနံ့ (ရုပ်) က အကြောင်းတရား၊ နံသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။
အရသာနှင့် စားသိစိတ်တွင် အရသာက ရှေးဦးစွာ ဖြစ်ပြီး စားသိစိတ်က နောက်မှ ဖြစ်သည်။ ထို့ကြောင့် အရသာ (ရုပ်) က အကြောင်းတရား၊ စားသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။
၅။ အတွေ့အထိနှင့် ထိသိစိတ်တွင် အတွေ့အထိက ရှေးဦးစွာ ဖြစ်ပြီး ထိသိစိတ်က နောက်မှ ဖြစ်သည်။ ထို့ကြောင့် အတွေ့အထိ (ရုပ်) က အကြောင်းတရား၊ ထိသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။
ပုရေဇာတပစ္စည်းကို ခြုံငုံကြည့်လျှင် အကြောင်းက ရုပ်တရား၊ အကျိုးက နာမ်တရား ဖြစ်၏။
ရှေးပုဂ္ဂိုလ်များကို လေးစားရမယ်
ဓမ္မနယ်ပယ်မှာသာ "ပုရေဇာတ" ရှိသည် မဟုတ်၊ လောကနယ်ပယ်မှာလည်း " ပုရေဇာတ" ရှိသည်ပင် ဖြစ်၏။ ရှေးရှေးသော ပုဂ္ဂိုလ်များက နောက်နောက်သော ပုဂ္ဂိုလ်များကို ကျေးဇူးပြုခြင်းသည် " ပုရေဇာတ" ပင် ဖြစ်သည်။
သာသနာ့ဝန်ထမ်း ရှင်ရဟန်းများသည် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကို အရိုအသေပြုရ၏။ တစ်ရက် တစ်မနက်မျှပင် အသက်သိက္ခာ ကြီးစေဦးတော့ အရိုအသေပြုရစမြဲတည်း။ ဘာ့ကြောင့်နည်း၊ ဂါရဝ ( ရိုသေလေးစားခြင်း) တရားသည် မြင့်မြတ်သော ကျင့်စဉ်ဖြစ်သောကြောင့်တည်း။
ထေရ်ကြီးဝါကြီး ဆရာတော်များက နောက်မှ ဖြစ်လာသည့် သံဃာများကို ပရိယတ္တိစာပေများ, ပဋိပတ္တိကျင့်စဉ်များ, သာသနာပြု နည်းလမ်းများကို သင်ပေးခဲ့ကြ၏။
ထို့ကြောင့် ထေရ်ကြီး ဝါကြီးဆရာတော်များသည် နောက်နောက်သော ရှင်ရဟန်းများ၏ ကျေးဇူးရှင်များပင် ဖြစ်၏။ သံဃာ့အဖွဲ့အစည်းကြီး ယနေ့အချိန်ထိ တည်တံ့နေခြင်းမှာ ရှေးသံဃာများက နောက်သံဃာများကို ကျေးဇူးပြုခဲ့ကြသောကြောင့် ဖြစ်သည်။
ယနေ့ လူ့အဖွဲ့အစည်းများသည်လည်း ရှေးလူကြီးများ၏ ကျေးဇူးကြောင့် တည်ရှိနေခြင်း ဖြစ်၏။ မှန်၏။ ရှေးရှေးသော ပုဂ္ဂိုလ်များသည် အသင်းအဖွဲ့များကို တည်ထောင်ပြီး မျိုးဆက်သစ် လူငယ်များကို လက်ဆင့် ကမ်းခဲ့ကြ၏။
ထို့ကြောင့် အုပ်ချုပ်ရေး အဖွဲ့အစည်း, လူမှုရေးအဖွဲ့အစည်း, နိုင်ငံရေးအဖွဲ့အစည်း, ဘာသာရေးအဖွဲ့အစည်း, ပညာရေးအဖွဲ့အစည်း, သုတေသနအဖွဲ့အစည်း, ပရဟိတအဖွဲ့အစည်း စသည်ဖြင့် အဖွဲ့အစည်းမျိုးစုံ တည်ရှိနေခြင်း ဖြစ်သည်။
နောက်ဆုံး မိသားစုအဖွဲ့အစည်းလေးသည်ပင် ရှေးရှေးသော ဘိုးဘွား မိဘတို့၏ ကျေးဇူးကြောင့် တည်ရှိနေခြင်း ဖြစ်၏။ ရှေးရှေးသော ဘိုးဘွားမိဘများက နောက်နောက်သောသားသမီးများကို မွေးထုတ်ပေးခဲ့သောကြောင့် " မိသားစု အဖွဲ့အစည်းလေး" ဖြစ်လာခြင်း ဖြစ်သည်။
ဤသဘောတရားကို စဉ်းစားလိုက်လျှင် ဘိုးဘွားမိဘ လူကြီးသူမ ဆရာသမားတို့၏ ကျေးဇူးတရားကို ထင်ထင်ရှားရှား မြင်တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် ရှေးရှေးသောပုဂ္ဂိုလ်များ၏ ကျေးဇူးတရားကို သိဖို့ လိုအပ်လှပေသည်။ ကျေးဇူးသိခြင်းသည် သူတော်ကောင်းလက္ခဏာပင် ဖြစ်ပါသည်။
ကြီးသူကို ရိုသေကြ
ကျောင်းဒကာကြီး အနာထပိဏ်သည် ဇေတဝန်ကျောင်းတော်ကြီး ဆောက်လုပ်ပြီးသောအခါ မြတ်စွာဘုရားကို ပင့်လျှောက်လေ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်မှ ဝေသာလီမြို့ကို ရှေးဦးစွာ ကြွ၊ ထိုမှတဆင့် သာဝတ္ထိမြို့သို့ ကြွတော်မူလေသည်။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့၏ တပည့်တို့သည် သာဝတ္ထိမြို့ကို ခပ်စောစော ကြွရောက်ပြီး "ဤအိပ်ရာနေရာသည် တို့ဆရာအတွက် ဖြစ်၏, ဤအိပ်ရာနေရာသည် ငါတို့အတွက် ဖြစ်၏" ဟု အိပ်ရာနေရာတို့ကို ဦးထားကြလေ၏။
ထို့ကြောင့် နောက်မှရောက်လာကြကုန်သော ရဟန်းသံဃာတို့သည် အိပ်ရာနေရာတို့ကို မရကြတော့ပေ။ အရှင်သာရိပုတ္တရာသည်ပင် နေရာ မရတော့ပါ။ အရှင်သာရိပုတ္တရာ နေရာ မရသည့်အတွက် တပည့်များက အရှင်သာရိပုတ္တရာအတွက် အိပ်ရာနေရာကို ကြိုးစားပြီး လိုက်ရှာကြ၏။ သို့သော် ကျောတခင်းစာမျှပင် မရတော့။ ထို့ကြောင့် အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားကျောင်းတော်၏ အနီးဖြစ်သော သစ်ပင်၏ အောက်၌ သီတင်းသုံးတော်မူရလေသည်။
မြတ်စွာဘုရားသည် အရုဏ်တက်သောအခါ ကျောင်းဆောင်မှ ထွက်၍ ချောင်းဟန့်တော်မူ၏။ အရှင်သာရိပုတ္တရာကလည်း ချောင်းဟန့်၍ အသံပေးလေ၏။ မြတ်စွာဘုရား ကြားသိတော်မူသောအခါ မေးမြန်းတော်မူလေသည်။
" ဒီနားမှာ အသံ ကြားရတယ်ကွယ်၊ ဘယ်သူ ရောက်နေလဲ"။
"မှန်ပါ ... တပည့်တော် သာရိပုတ္တရာပါဘုရား"။
"သာရိပုတ္တရာရေ... ဒီနေရာ ဘယ်လိုလုပ် ရောက်နေလဲ"။
" ကျောင်းဆောင်ထဲမှာ နေရာ မရလို့ သစ်ပင်အောက်မှာပဲ လာနေတာပါဘုရား"။
မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာ၏ စကားကိုကြားရသောအခါ " ငါဘုရား ထင်ရှားရှိစဉ်မှာပင် သာရိပုတ္တရာလို မထေရ်ကြီးကို အရိုအသေ မပေးကြဘူးဆိုတော့ ငါ မရှိလျှင် ဘယ်လို လုပ်တော့မှာလဲ" ဟု သံဝေဂ ဖြစ်သွားလေသည်။
ထို့နောက် ရဟန်းတော်တို့ကို အကုန်ခေါ်၍ ဂါရဝတရားနှင့် ပတ်သက်ပြီး မေးမြန်းတော်မူလေသည်။
" ချစ်သားတို့... ရဟန်းအချင်းချင်း ဆက်ဆံသည့်အခါ မည်သည့်ရဟန်းကို ဦးစားပေးရမည်နည်း"။
တချို့ရဟန်းတော်များက " မင်းမျိုးမှ ရဟန်းဝတ်လာသောပုဂ္ဂိုလ်ကို ဦးစားပေးရပါမည်ဘုရား" ဟု လျှောက်ကြ၏။
တချို့ရဟန်းတော်များက " ပုဏ္ဏားမျိုးမှ ရဟန်းဝတ်လာသောပုဂ္ဂိုလ်ကို ဦးစားပေးရပါမည်ဘုရား" ဟု လျှောက်ကြ၏။
တချို့ရဟန်းတော်များက " သူဌေးမျိုးမှ ရဟန်းဝတ်လာသောပုဂ္ဂိုလ်ကို ဦးစားပေးရပါမည်ဘုရား" ဟု လျှောက်ကြ၏။
တချို့ရဟန်းတော်များက " ဝိနည်းဆောင်ပုဂ္ဂိုလ်ကို ဦးစားပေးရပါမည်ဘုရား" ဟု လျှောက်ကြ၏။
တချို့ရဟန်းတော်များက " ဓမ္မကထိကပုဂ္ဂိုလ်ကို ဦးစားပေးရပါမည်ဘုရား" ဟု လျှောက်ကြ၏။
တချို့ရဟန်းတော်များက " ဈာန်ရပုဂ္ဂိုလ်ကို ဦးစားပေးရပါမည်ဘုရား" ဟု လျှောက်ကြ၏။
တချို့ရဟန်းတော်များက " ရဟန္တာပုဂ္ဂိုလ်ကို ဦးစားပေးရပါမည်ဘုရား" ဟု လျှောက်ကြ၏။
ထိုသို့လျှောက်ကြသောအခါ မြတ်စွာဘုရားက " ချစ်သားတို့... ငါဘုရား သာသနာတော်၌ အသက်သိက္ခာ ကြီးကုန်သော ပုဂ္ဂိုလ်တို့ကိုသာ ဦးစားပေးရမည်" ဟု မိန့်တော်မူလေသည်။
" ချစ်သားတို့ ရှေးအခါတုန်းက တိရစ္ဆာန်တွေတောင် အသက်အရွယ် ကြီးသောသူကို အရိုအသေ ပေးခဲ့ကြ ဦးစားပေးခဲ့ကြဖူးလေပြီ" ဟု အတိတ်က ဖြစ်ရပ်လေးတစ်ခုကို မိန့်ကြားတော်မူလိုက်လေသည်။
ဆင် မျောက် ခါ
ရှေးအခါက ဟိမဝန္တာတောင်ခြေရှိ ညောင်ပင်ကြီး တစ်ပင်အနီးတွင် ဆင် မျောက် ခါဟုဆိုအပ်သော မိတ်ဆွေ သုံးဦးတို့သည် အတူတူ နေထိုင်ခဲ့ကြ၏။ သူတို့သည် အချင်းချင်း လေးစားမှု မရှိကြ။ ထို့ကြောင့် တစ်ဦးနှင့် တစ်ဦး ငြင်းကြခုံကြ စကားများကြနှင့် သဟဇာတ မဖြစ်တော့ပေ။ သဟဇာတ မဖြစ်သည့်အတွက် သူလည်း စိတ်ဆင်းရဲ ကိုယ်လည်း စိတ်ဆင်းရဲ ဖြစ်လာကြ၏။
ထို့ကြောင့် သူတို့သည် နေနည်းထိုင်နည်းနှင့် ပတ်သက်၍ အချင်းချင်း တိုင်ပင်ကြလေသည်။ တစ်ဦးနှင့် တစ်ဦး မသင့်မမြတ် ဖြစ်ခြင်းသည် စိတ်ဆင်းရဲခြင်း၏ အကြောင်း ဖြစ်ကြောင်း, တစ်ဦးနှင့်တစ်ဦး လေးလေးစားစား ဆက်ဆံသင့်ကြောင်း, အသက်အကြီးဆုံးဖြစ်သူကို အရိုအသေ ပေးသင့်ကြောင်း, ယင်းသို့ နေခြင်းသည်သာ အကောင်းဆုံး ဖြစ်ကြောင်း တိုင်ပင်ကြလေသည်။
ထို့နောက် ခါနှင့် မျောက်က "အဆွေဆင် သင် ငယ်ငယ်တုန်းက ဒီညောင်ပင်ဟာ ဘယ်လောက် ရှိနေပြီလဲ" ဟု ဆင်ကို မေးမြန်းလေသည်။ ဆင်က " ကျုပ်ငယ်ငယ်တုန်းက ဒီညောင်ပင်ဟာ သေးသေးလေးပဲ၊ ညောင်ပင်ရဲ့ အပေါ်ဆုံး အညွန့်က ကျုပ်ရဲ့ ဝမ်းဗိုက်ကို ထိကာမျှပဲ ဖြစ်ပါတယ်" ဟု ဖြေကြား၏။
ထို့နောက် ခါနှင့်ဆင်က "အဆွေ မျောက်ရေ သင် ငယ်ငယ်တုန်းက ဒီညောင်ပင်ဟာ ဘယ်လောက် ရှိနေပြီလဲ" ဟု မျောက်ကို မေးလေ၏။ မျောက်က "ကျုပ် ငယ်ငယ်တုန်းက ဒီညောင်ပင်လေးဟာ ကျုပ်တထိုင်စာလောက်ပဲ ရှိတယ်၊ မြေကြီးပေါ်ထိုင်ပြီး အပေါ်ဆုံး အညွှန့်လေးကို ကိုက်စားခဲ့ဖူးပါတယ်" ဟု ဖြေဆို၏။
ထို့နောက် မျောက်နှင့်ဆင်က "အဆွေ ခါ သင် ငယ်ငယ်တုန်းက ဒီညောင်ပင်ဟာ ဘယ်လောက် ရှိနေပြီလဲ" ဟု မေးကြ၏။ ခါက " ကျုပ် ငယ်ငယ်တုန်းက ညောင်စေ့လေး မျိုချပြီး ဒီနေရာလေးမှာ မစင်ယိုချခဲ့တယ်၊ အဲဒီမျိုးစေ့ကနေ ဒီညောင်ပင်ကြီး ဖြစ်လာတာပဲ" ပြောပြလေသည်။
ထို့ကြောင့် မျောက်နှင့်ဆင်က အသက်အရွယ် အကြီးဆုံးဖြစ်သော ခါကို "အဆွေ ခါ ကျုပ်တို့ ၃- ဦးထဲမှာ သင်သည် အသက်အကြီးဆုံးပဲ၊ ဒါကြောင့် ဘာပဲလုပ်လုပ် သင်ပဲ ဦးဆောင်ပါ၊ ကျုပ်တို့ လိုက်နာပါ့မယ်" ပြောကြလေသည်။
ထိုအချိန်မှစ၍ အသက်အကြီးဆုံးဖြစ်သော ခါသည် မျောက်နှင့်ဆင်တို့ကို ဩဝါဒ ပေး၏။ မျောက်နှင့် ဆင်တို့ကလည်း ခါ၏ အဆုံးအမ သြဝါဒကို လိုက်နာကြ၏။ မိတ်ဆွေ ၃- ဦးသည် ဂါရဝတရားနှင့် အညီ နေထိုင်ကြသည့်အတွက် သေသာအခါ နတ်ပြည်သို့ ရောက်သွားကြလေသည်။
မြတ်စွာဘုရားသည် အတိတ်က ဖြစ်ရပ်လေးကို မီးမောင်းထိုးပြ၍ အသက် သိက္ခာ ကြီးကုန်သော ပုဂ္ဂိုလ်များကို ဦးစားပေးသင့်ကြောင်း ရှင်းပြတော်မူပြီး အမိန့်တစ်ခု ထုတ်ပြန်လိုက်ပါသည်။
" ချစ်သားတို့... ငယ်ရွယ်သော ရဟန်းတော်များသည် အသက်သိက္ခာ ကြီးတော်မူကြကုန်သော ရဟန်းတော်များကို ဂါရဝတရား ရှေ့ထား၍ နေရာ ပေးရမည်၊ အကယ်၍ နေရာမပေးပါက အပြစ်သင့်စေ" ဟု အမိန့်တော်ပြန်တမ်း ထုတ်ပြန်လိုက်လေသည်။ ဤကဲ့သို့ အမိန့်ထုတ်ပြန်ခြင်းသည် ရဟန်းတော်များအား ဂါရဝတရားကို တန်ဖိုးထားစေလိုသောကြောင့် ဖြစ်သည်။
လူကြီးလူကောင်းတို့၏ ကျင့်စဉ်
ကြီးသူကို ရိုသေခြင်း, ရွယ်တူကို လေးစားခြင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့တစ်ခုပင် ဖြစ်၏။ ထို့ကြောင့် အခါကြီးရက်ကြီးများ၌ သံဃာတော် အရှင်မြတ်များကို ကန်တော့ခြင်း၊ လူကြီးမိဘများကို ကန်တော့ခြင်း၊ ဆရာသမားများကို ကန်တော့ခြင်းစသည့် ဂါရဝကုသိုလ်ကို ပြုလုပ်ကြခြင်း ဖြစ်သည်။
အသက်အားဖြင့်၎င်း ဂုဏ်အားဖြင့်၎င်း ကြီးကုန်သောပုဂ္ဂိုလ်တို့ကို အရိုအသေပြုခြင်းသည် လူကြီးလူကောင်းတို့၏ ကျင့်စဉ် (သို့မဟုတ်) ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ ကျင့်စဉ်တစ်ခုပင် ဖြစ်ပါ၏။ တနည်းပြောရလျှင် "ပုရေဇာတ" ကို တန်ဖိုးထားခြင်းပင် ဖြစ်ပါ၏။
ကြီးကုန်ကြီးကုန်သော ပုဂ္ဂိုလ်များကို အရိုအသေ ပြုကြကုန်သော သူတို့မှာ ....
လူအများ၏ ချစ်ခင်မြတ်နိုးမှုကို ခံရခြင်း၊ အထက်တန်းစားအမျိုး၌ ဖြစ်ရခြင်း၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ စည်းစိမ်ဥစ္စာ ပြည့်စုံခြင်း၊ ဘဝကောင်း၌ ဖြစ်ရခြင်း စသော ကောင်းကျိုးချမ်းသာများ ရရှိနိုင်ပါသည်။
ထို့ကြောင့် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးတို့ကို ရရှိဖို့အတွက် အရိုအသေပြုခြင်း တည်းဟူသော ဂါရဝတရားကို တလေးတစား တန်ဖိုးထားရမည် ဖြစ်ပေသည်တကား။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
ဟေတုပစ္စယော
အာရမ္မဏပစ္စယော
အဓိပတိပစ္စယော
အနန္တရပစ္စယော
သမနန္တရပစ္စယော
သဟဇာတပစ္စယေ
အညမညပစ္စယေ
နိဿယပစ္စယေ
ဥပနိဿယပစ္စယေ
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-74029034614054607152023-06-27T14:55:00.009+06:302023-06-27T14:55:55.749+06:30ဥပနိဿယပစ္စယော
"ဥပနိဿယ"ဆိုသည်မှာ အခြေအနေတစ်ခုကို ဖန်တီးနိုင်စွမ်းရှိသော အင်အားကြီး မှီရာဟု အဓိပ္ပါယ် ရ၏။
စိတ်နေစိတ်ထားကို အကြောင်းပြု၍ ဖြစ်စေ၊ လုပ်ရပ်တစ်ခုကို အကြောင်းပြု၍ ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ယောက်ကို အကြောင်းပြု၍ ဖြစ်စေ အခြေအနေတခု ဖြစ်ပေါ်လာ၏။
ထိုအခြေအနေ ဖြစ်ပေါ်လာအောင် အထောက်အပံ့ ပေးသော အကြောင်းတရားမှန်သမျှသည် "ဥပနိဿယ" ပင် ဖြစ်သည်။
စိတ်နေစိတ်ထားကို အကြောင်းပြု၍ အခြေအနေတစ်ခု ဖြစ်ပေါ်လာလျှင် စိတ်နေစိတ်ထားက အကြောင်းတရား၊ ဖြစ်ပေါ်လာတဲ့ အခြေအနေက အကျိုးတရား ဖြစ်သည်။ ဥပမာ- အများအတွက်ဆိုသည့် စိတ်ထားနှင့် ပရဟိတ လုပ်ခြင်းမျိုးတည်း။
လုပ်ရပ်တစ်ခုကို အကြောင်းပြု၍ အခြေအနေတစ်ခု ဖြစ်ပေါ်လာလျှင် လုပ်ရပ်က အကြောင်းတရား၊ ဖြစ်ပေါ်လာသည့် အခြေအနေက အကျိုးတရား ဖြစ်သည်။ ဥပမာ- အလှူလုပ်ပြီး ပီတိ ဖြစ်နေခြင်းမျိုးတည်း။
ပုဂ္ဂိုလ်တစ်ယောက်ကို အကြောင်းပြု၍ အခြေအနေတစ်ခု ဖြစ်ပေါ်လာလျှင် ပုဂ္ဂိုလ်က အကြောင်းတရား၊ ဖြစ်ပေါ်လာသည့် အခြေအနေက အကျိုးတရား ဖြစ်သည်။ ဥပမာ- မိတ်ဆွေ ဖိတ်သည့် တရားပွဲကို သွား၍ နာခြင်းမျိုးတည်း။
ဥပနိဿယပစ္စည်း တစ်ခုလုံးကို ခြုံငုံ ကြည့်လျှင် အကြောင်းက ရုပ် နာမ် ပညတ်။ အကျိုးက နာမ်တရား ဖြစ်သည်။ ဤကဲ့သို့ အကြောင်း အကျိုး ဖြစ်နေသည့် ပစ္စည်းကို " ဥပနိဿယပစ္စည်း" ဟု ခေါ်သည်။
ပါဠိနှင့် ဘာသာပြန်
ပုရိမာ ပုရိမာ ကုသလာ ဓမ်မာ ပစ်ဆိမာနံ ပစ်ဆိမာနံ ကုသလာနံ ဓမ်မာနံ ဥပနိဿယပစ်စယနေ ပစ်စယော။
ပုရိမာ ပုရိမာ- ရှေးရှေး၌ ဖြစ်ကုန်သော။ ကုသလာ ဓမ္မာ- ကုသိုလ်တရားတို့သည်။ ပစ္ဆိမာနံ ပစ္ဆိမာနံ- နောက်နောက်၌ ဖြစ်ကုန်သော။ ကုသလာနံ ဓမ္မာနံ - ကုသိုလ်တရားတို့အား။ ဥပနိဿယပစ္စယေန- ဥပနိဿယပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။
အကြောင်း အကျိုး
၁။ (က) ရှေ့ကုသိုလ်က နောက်ကုသိုလ်ကို ကျေးဇူးပြု၏။ အလှူဒါနကို အာရုံပြု၍ ဝမ်းမြောက်ခြင်းမျိုးတည်း။
ရှေ့ကုသိုလ်က အကြောင်း၊ နောက်ကုသိုလ်က အကျိုး ဖြစ်သည်။
(ခ) ရှေ့ကုသိုလ်က နောက်အကုသိုလ်ကို ကျေးဇူးပြု၏။ အလှူဒါနကို အကြောင်းပြု၍ မာန ဖြစ်ခြင်းမျိုးတည်း။
(ဂ) ရှေ့ကုသိုလ်က နောက်အဗျာကကို ကျေးဇူးပြု၏။ ကုသိုလ်ကံကြောင့် ဝိပါက်စိတ် ( အဗျာကတ) ဖြစ်ခြင်းမျိုးတည်း။
၂။ ( က) ရှေ့အကုသိုလ်က နောက်အကုသိုလ်ကို ကျေးဇူးပြု၏။ လောဘကို အကြောင်းပြု၍ ဒုစရိုက်လုပ်ခြင်းမျိုးတည်း။
(ခ) ရှေ့အကုသိုလ်က နောက်ကုသိုလ်ကို ကျေးဇူးပြု၏။ စိတ်ထဲဖြစ်ပေါ်လာသည့် လောဘကို ဝိပဿနာရှုခြင်းမျိုးတည်း။
(ဂ) ရှေ့အကုသိုလ်က နောက်အဗျာကတကို ကျေးဇူးပြု၏။ အကုသိုလ်ကံကြောင့် ဝိပါက်စိတ် ( အဗျာကတ) ဖြစ်ခြင်းမျိုးတည်း။
၃။ (က) ရှေ့အဗျာကတက နောက် အဗျာကတကို ကျေးဇူးပြု၏။
ရဟန္တာပုဂ္ဂိုလ်က နိဗ္ဗာန် ( အဗျာကတ) ကို အာရုံပြု၍ ဆင်ခြင်မှု( ကိရိယာစိတ်) မျိုးတည်း။
(ခ) ရှေ့အဗျာကတက နောက်ကုသိုလ်ကို ကျေးဇူးပြု၏။
သောတာပန်ပုဂ္ဂိုလ်က နိဗ္ဗာန် ( အဗျာကတ) အာရုံပြု၍ ဆင်ခြင်မှု ( ကုသိုလ်စိတ်) မျိုးတည်း။
(ဂ) ရှေ့အဗျာကတက နောက်အကုသိုလ်ကို ကျေးဇူးပြု၏။
အဆင်း( ရုပ် အဗျာကတ)ကို အာရုံပြု၍ သာယာခြင်း ( အကုသိုလ်စိတ်) မျိုးတည်း။
အဗျာကတဟူသည်...
၁။ ဝိပါက်စိတ် ( အကျိုးစိတ်)
၂။ ကိရိယာစိတ် (ဘုရား ရဟန္တာတို့၏ စိတ်)၊
၃။ ရုပ်တရား
၄။ နိဗ္ဗာန်တို့ ဖြစ်သည်။
ကုသိုလ်ကြောင့် ကုသိုလ်ဖြစ်
တချို့လူများသည် အလှူအတန်း အပေးအကမ်း ဝါသနာပါ၏။ ဘုရားရောက်ပြီဆိုလျှင် ပန်းလေးလှူလိုက်ရမှ ကျေနပ်၏။ မိတ်ဆွေအပေါင်းအသင်း တွေ့လျှင် ကျွေးလိုက်ရမှ ကျေနပ်၏။ ဒုက္ခိတတွေ့လျှင် ပေးလိုက်ရမှ ကျေနပ်၏။
ထိုအလှူဒါနများကို တွေးပြီး ပီတိဖြစ်လျှင် ကုသိုလ်ကြောင့် ကုသိုလ် ဖြစ်သွားတော့၏။ ထို့ကြောင့် ဘာပဲ လှူလှူ ထိုအလှူကို မကြာမကြာ ဆင်ခြင်ရမည်။ ကိုယ်လှူခဲ့သည့် အလှူများကို မကြာမကြာ ဆင်ခြင်လျှင် "
စာဂါနုဿတိ" ကုသိုလ် ဖြစ်သွားလေတော့သည်။
သာသနာနှစ် ၃၈၃-ခုနှစ်မှာ ဒုဋ္ဌဂါမဏိဘုရင်သည် သီရိလင်္ကာနိုင်ငံ၏ ထီးနန်းကို သိမ်းပိုက်တော်မူလေသည်။ သီဟိုဠ်ကျွန်းတစ်ကျွန်းလုံး၏ ဧကရာဇ်ဘုရင် ဖြစ်၏။
ခမည်းတော်ဘုရင်ကြီးလက်ထက်က တစ်နိုင်ငံလုံးကို မအုပ်ချုပ်နိုင်ခဲ့ပါ။ သူ့လက်ထက် ရောက်သည့်အခါမှသာ ရန်သူများကို ချေမှုန်းသုတ်သင်ပြီး တနိုင်ငံလုံးကို အုပ်ချုပ်ခဲ့ပါသည်။
ဒုဋ္ဌဂါမဏိဘုရင်သည် သဒ္ဓါတရား အလွန်ကောင်း၏။ ထို့ကြောင့် သာသနာတော်ကြီးကို ဆွမ်းသင်္ကန်း ကျောင်း ဆေးဟူသော ပစ္စည်း ၄- ပါး ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ နောက်ဆုံး တောထဲတောင်ထဲ ရောက်နေစေကာမူ တစ်ခုခု လှူပြီးမှ စားလေ့ရှိ၏။ မလှူဘဲ စားလေ့ မရှိပေ။ ထိုမျှလောက် သာသနာတော်ကြီးကို ကြည်ညို၏။
ဘုရင်ကြီးသည် နိုင်ငံတိုးတက်အောင်လည်း ဆောင်ရွက်ခဲ့၏။ လမ်း မရှိလျှင် လမ်းဖောက်၏။ တံတား မရှိလျှင် တံတား ခင်း၏။ ရေတွင်း ရေကန် မရှိလျှင် ရေတွင်း ရေကန်တူးပေး၏။ ကျောင်း မရှိလျှင် ကျောင်းဆောက်၏။
နတ်ရွာစံခါနီး အချိန်မှာ ရောဂါ အကြီးအကျယ် ဖြစ်လေတော့သည်။ ရောဂါက မသက်သာသည့်အတွက် သလွန်ပေါ်မှာပဲ နေရ၏။ သမားတော်များက ကုသပါသော်လည်း ရောဂါက မသက်သာ။
အလှူစာရင်း ဖတ်ခိုင်းပြီ
ဘုရင်ကြီးသည် " ငါတော့ ဒီတောင်က ကျော်နိုင်မှာ မဟုတ်တော့ဘူး" ဟု ရောဂါအခြေအနေကို ရိပ်မိသွားလေပြီ။ ထို့ကြောင့် မိမိ လှူခဲ့သည့် အလှူဒါနများကို နှလုံးသွင်းဆင်ခြင်နိုင်ရန်အတွက် အမတ်တစ်ယောက်အား ကောင်းမှုစာရင်းကို ဖတ်ခိုင်းလေသည်။
ဘုရင်ကြီး၏ ထူးခြားချက်ကား ပြုလုပ်ခဲ့သမျှ ကောင်းမှုများကို စာအုပ်နှင့် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ အမတ်က ကောင်းမှုစာရင်းကို တစ်ခုခြင်း ဖတ်ပြသောအခါ ဘုရင်ကြီးသည် အာရုံစိုက်ပြီး နားထောင်လေ၏။
ထို့နောက် "တောထဲမှာ ငါ လှူခဲ့ရတဲ့ တနပ်စာဆွမ်းအလှူလေးကို ငါ ပီတိ ဖြစ်လိုက်တာကွယ်" ဟု အမိန့် ရှိလေသည်။ ဤကား အလှူဒါနကို အကြောင်းပြု၍ ပီတိ ဖြစ်နေခြင်းပင် ဖြစ်သည်။ ရှေ့ကုသိုလ်က နောက်ကုသိုလ်ကို ကျေးဇူးပြုခြင်းတည်း။
ထိုကဲ့သို့ ပီတိဖြစ်နေစဉ်မှာပင် နတ်ရွာစံ ကံတော်ကုန်ပြီး တုသိတာနတ်ပြည်သို့ ရောက်သွားလေသည်။
ဤဖြစ်စဉ်ကို ကြည့်ပြီး မိမိတို့သည် ကိုယ်လုပ်ခဲ့သည့် အလှူများကို စနစ်တကျ မှတ်တမ်းတင်သင့်ကြောင်း မှတ်သားထားရမည်။
မှတ်တမ်းစာအုပ် ရှိလျှင် အလှူစာရင်းကို ဖတ်လို့လည်းရ, နှလုံးသွင်းလို့လည်း ရသည့်အတွက် စာဂါနုဿတိကုသိုလ် ဖြစ်ဖို့ မခဲယဉ်းတော့ပေ။ ကိုယ်လုပ်ခဲ့သည့် အလှူများကို မကြာမကြာ ဆင်ခြင်လျှင် "စာဂါနုဿတိ" ကုသိုလ် ဖြစ်၏။ ယင်းကုသိုလ်သည် ဘဝကူးကောင်းဖို့အတွက် အထောက်အပံ့ ပေးနိုင်စွမ်း ရှိပါသည်။
ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်
လူတိုင်း ကောင်းကျိုး ရချင်၏။ ကောင်းကျိုး ရချင်သောကြောင့် အပင်ပန်းခံပြီး ကုသိုလ် လုပ်ကြခြင်း ဖြစ်သည်။ သို့သော် ကုသိုလ်လုပ်သည့်အခါ စိတ်ထားတတ်ဖို့တော့ အရေးကြီး၏။ စိတ်ထားမတတ်လျှင် ကုသိုလ် လုပ်ရင်းနှင့် အကုသိုလ် ဖြစ်သွားတော့သည်။ ထို့ကြောင့် ကုသိုလ်လုပ်သည့်အခါ အကုသိုလ် မဖြစ်စေဖို့ သတိထားရမည် ဖြစ်သည်။
တခါတရံ ကိုယ်လုပ်ခဲ့သည့် ကောင်းမှုကို ကြည့်ပြီး ဂုဏ်ယူတတ်၏။ ဂုဏ်ယူလွန်းလျှင် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူများကို အထင်သေးတော့သည်။ " ငါပဲ လုပ်နိုင်တယ်၊ သူများတွေ မလုပ်နိုင်ဘူး" ဆိုပြီး မာန ဖြစ်လေတော့၏။ ရှေ့ကုသိုလ်က နောက်အကုသိုလ်ကို ကျေးဇူးပြုခြင်းပင် ဖြစ်သည်။
တခါတရံ တပည့်သားမြေးတို့ကို ဆုံးမသောအခါ စိတ်တိုင်းမကျလျှင် ဒေါသဖြစ်ပြီး ပေါက်ကွဲတတ်၏။ ယင်းဒေါသသည် ကရုဏာကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောကြောင့် " ကရုဏာ ဒေါသော" ဟု ဆိုကြလေသည်။
သနားသည့်အတွက် ဒေါသ ဖြစ်ရသည်ဟု ဆိုလိုသည်။ ရှေ့ကုသိုလ်က နောက်အကုသိုလ်ကို ကျေးဇူးပြုခြင်းပင် ဖြစ်သည်။
အကုသိုလ်ကို အကြောင်းပြု၍ အကုသိုလ်ဖြစ်ခြင်းသည် မဆန်း။ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်သည်ကတော့ ဆန်းသွားတော့၏။
မှန်၏။ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်ခြင်းသည် " ခဲလေသမျှ သဲရေကျ" ဆိုသကဲ့သို့ သဲထဲ ရေသွန်ခြင်းပင် ဖြစ်၏။
ထို့ကြောင့် မည်သည့်ကုသိုလ်ပဲ လုပ်လုပ် မူလရည်ရွယ်ချက် မပျောက်ဖို့ လိုပါသည်။ "ငါ ကောင်းတာ လုပ်နေတာပါလား၊ ဒီအချိန်မှာတော့ အကုသိုလ်အဖြစ် မခံနိုင်ဘူး" ဟု သတိထားရမည် ဖြစ်သည်။
သူငယ်ချင်းနှစ်ယောက်
တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်း နှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရသောကြောင့်… ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း နှစ်ယောက်အတူတူ ဥပုသ် မစောင့်နိုင်ကြ။
သို့နှင့် …တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။
ကျန်ရစ်သူ ကိုတံငါသည်ကတော့ လှေတစီးနဲ့ ချောင်းထဲမှာ ကြိုစားပမ်းစားနှင့် ငါး ရှာရလေသည်။ သူငယ်ချင်းကိုလည်း ခွဲပေးရမည် ဖြစ်သောကြောင့် အခါတိုင်းထက် ပို၍ ရှာရ၏။
ကြိုးစားပြီး ရှာသောကြောင့် သူတို့နှစ်ယောက်စာအတွက် ငါးများ ရရှိလာလေသည်။ ထို့ကြောင့် ဝါးတဲထဲ၌ အနားယူလေတော့သည်။ ထိုသို့ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။
"အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ
နေပြီးတော့ ပုတီးစိပ် တရားထိုင် လုပ်နေရော့ပေါ့ .. အော် သူ့မှာတော့ ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ ဘုရားရိပ်နေရတာ အလွန်ငြိမ်းချမ်းပဲ"ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။
လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။ ထိုအခိုက်အတန့်မှာတော့ ကုသိုလ်စိတ် ဖြစ်နေတော့၏။
ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း …ပုတီး ကိုင်ထား၏။ ထိုသို့ကိုင်ထားသော်လည်း
စိတ်က ပုတီးထဲ မရောက်။ ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေတော့၏။
"ငါ့သူငယ်ချင်းတော့ ငါးတွေ ရှာနေရော့မယ်၊ ရမှရပါ့မလား၊ မရရင်တော့ ဒုက္ခပဲ"ဟု တွေးမိလေ၏။
လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်ပေ။ ရှ့ကုသိုလ်က နောက်အကုသိုလ်ကို ကျေးဇူးပြုခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ရှေးဆရာတော်များက " ကုသိုလ်လုပ်တဲ့အခါ အကုသိုလ် မရောစေနဲ့" ဟု ဆုံးမခဲ့ကြခြင်း ဖြစ်သည်။ မှန်၏။ ကုသိုလ်လုပ်သည့်အခါ မည်သည့်အကြောင်းကြောင့်မျှ အကုသိုလ် မဖြစ်စေရ။ အကယ်၍ အကုသိုလ်ဖြစ်သွားလျှင် ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသကဲ့သို့ ကုသိုလ်က မသန့်ရှင်းတော့ပေ။
အကျိုးပေးသည့်အခါလည်း "အဆီတဝင်းဝင်း သဲတရှပ်ရှပ်" ဆိုသကဲ့သို့ ခပ်ညံ့ညံ့အကျိုးကိုသာ ပေးလေတော့သည်။ ထို့ကြောင့် မည်သည့်ကုသိုလ်ပဲလုပ်လုပ် အကုသိုလ် မရောမိစေဖို့ အရေးကြီးလှပေသည်။
စေတနာသန့်သန့်နှင့် လုပ်လျှင် ကုသိုလ်လည်း သန့်သွား၏။ ကုသိုလ်သန့်လျှင် အကျိုးပေးလည်း သန့်သွားလေတော့၏။ အကျိုးပေးသန့်မှ ပြည့်စုံသောဘဝကို ရရှိမည် ဖြစ်ပေသည်။
အကုသိုလ်ကြောင့် အကုသိုလ်ဖြစ်
ပုထုဇဉ်လူသားတို့သည် အဝိဇ္ဇာလွှမ်းမိုးလာသည့်အခါအမှားကို အမှန်ထင်ပြီး အမှန်ကို အမှားထင်တတ်၏။ တချို့ဆိုလျှင် "ငါတို့က မဟုတ်မခံ၊ ပါးကိုက်ရင် နားကိုက်မှာပဲ" ဆိုပြီး ပြောကြသေး၏။ ကိုယ့်ဒေါသကို ဂုဏ်ယူနေခြင်းပင် ဖြစ်သည်။
ဒေါသသည် ဂုဏ်ယူစရာ မဟုတ်ပါ။ ဂုဏ်ယူစရာ မဟုတ်သည်ကို ဂုဏ်ယူခြင်းသည် အကုသိုလ်ပင် ဖြစ်၏။ ရှေ့အကုသိုလ်က နောက်အကုသိုလ်ကို ကျေးဇူးပြုခြင်းပင်တည်း။
တချို့လူများသည် အကုသိုလ်ကို အကုသိုလ်ဟု သဘောမထား။ လျှော့တွက်ကြ၏။ " ဒီအပြစ်လေးက မပြောပလောက်ပါဘူး၊ ဒါလေးက မဖြစ်စလောက်လေးပါ၊ ဒီလောက်ထိ ကြောက်စရာ မလိုပါဘူး" ဟု ပြောကြသေး၏။ တချို့ဆိုလျှင် " ဒီလိုအပြစ်ကတော့ သူသူကိုယ်ကိုယ် လုပ်နေကြတာပဲ" ဟု သူများကိုတောင် အဖော်ညှိလိုက်သေး၏။
မည်သည့်အကုသိုလ်ဖြစ်ဖြစ် အကုသိုလ်မှန်သမျှ ဆွဲအား ရှိ၏။ အစ မရှိလျှင်သာ ရှောင်နိုင်၏။ အစ လုပ်မိသွားလျှင် နောက်ဆုတ်ဖို့ ခဲယဉ်း၏။ အကုသိုလ်တစ်ခုခု လုပ်မိလျှင် အကုသိုလ်များကို ဆက်တိုက် လုပ်တတ်လေသည်။
အရက်ကြိုက်သူများဆိုလျှင် အစက နည်းနည်း သောက်၏။ ကြာလာတော့ မသောက်ရလျှင် မနေနိုင်သည့် အဆင့် ရောက်သွားပြီး ယဇ်ထုပ်ကြီး ဖြစ်သွားလေတော့သည်။ ယဇ်ထုပ်ကြီး ဖြစ်သွားသည့်အတွက် ဆဲလိုက်ဆိုလိုက် အော်လစ်ဟစ်လိုက်နှင့် သောင်းကြမ်းလေတော့သည်။ ဤကား ရှေ့အကုသိုလ် (သုရာမေရယ) က နောက်အကုသိုလ် ( ဖရုသဝါစာ) ကို ကျေးဇူးပြုခြင်းပင် ဖြစ်သည်။
ထို့ကြောင့် မည်သည့် အကုသိုလ်ဖြစ်ဖြစ် လျှော့မတွက်သင့်သကဲ့သို့ အစလည်း မလုပ်သင့်ပါ။ "တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်" ဆိုသကဲ့သို့ နည်းနည်း များများ အကုသိုလ်သည် အကုသိုလ်ပင် ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားက " န စ ခုဒ္ဒ မာစရေ ကိဉ္စိ - အကုသိုလ်ဆိုလျှင် နည်းနည်းမျှ မလုပ်ကြနဲ့" ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်ပါသည်။
အကုသိုလ်ကြောင့် ကုသိုလ်ဖြစ်
အကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ် ဖြစ်သကဲ့သို့ အကုသိုလ်ကို အကြောင်းပြု၍ ကုသိုလ် ဖြစ်သည်လည်း ရှိ၏။
ဝိပဿနာအားထုတ်သည့်အခါ ရုပ်တရား နာမ်တရားတို့ကို ရှုမှတ်ရ၏။ ကိုယ့်သန္တာန် လောဘဖြစ်လျှင် လောဘကို ရှုမှတ်ရ၏။ ဒေါသဖြစ်လျှင် ဒေါသကို ရှုမှတ်ရ၏။ ယင်းသို့ ရှုမှတ်လိုက်သည့်အတွက် လောဘ ဒေါသများ ချုပ်ငြိမ်းသွားလေတော့သည်။
လောဘဖြစ်ခြင်းသည် လိုချင်စရာ အာရုံကြောင့်တည်း။ ထို့ကြောင့် လောဘဖြစ်လျှင် ကိုယ့်စိတ်ကို ပြန်ကြည့်ရမည်။ ကိုယ့်စိတ်ကို ပြန်ကြည့်လိုက်သောအခါ စိတ်က လိုချင်စရာ အာရုံနောက် မလိုက်တော့။ အာရုံနောက် မလိုက်သည့်အတွက် လောဘလည်း မဖြစ်တော့ပါ။
ဒေါသဖြစ်လျှင်လည်း ဒေါသကို ရှုမှတ်ရမည်။ ဒေါသဖြစ်ခြင်းသည် မကျေနပ်စရာ အာရုံကြောင့်တည်း။
ထို့ကြောင့် ဒေါသဖြစ်လျှင် ကိုယ့်စိတ်ကို ပြန်ကြည့်ရမည်။ ကိုယ့်စိတ်ကို ပြန်ကြည့်လိုက်သောအခါ စိတ်က မကျေနပ်စရာ အာရုံနောက် မလိုက်တော့။ အာရုံနောက် မလိုက်သည့်အတွက် ဒေါသလည်း မဖြစ်တော့ပါ။
ကိလေသာတရားဆိုးတို့သည် ဖြစ်မှန်း မသိသည့်အတွက် ဖြစ်နေကြခြင်းဖြစ်သည်။ ဖြစ်မှန်း သိလျှင် မဖြစ်တော့ပါ။ ထို့ကြောင့် ကိလေသာ ဖြစ်မှန်းသိဖို့အတွက် ဝိပဿနာ ရှုမှတ်ရခြင်း ဖြစ်သည်။ ဤကား ရှေ့အကုသိုလ် ( လောဘ ဒေါသ) က နောက်ကုသိုလ် ( ဝိပဿနာ) ကို ကျေးဇူးပြုခြင်းပင်တည်း။
နောင်တကို ကုသိုလ်နှင့် အစားထိုးပါ
တချို့လူများသည် ကိုယ်လုပ်ခဲ့သည့် အပြစ်ကို တွေးပြီး စိတ်မကောင်း ဖြစ်နေ၏။ စိတ်မကောင်း ဖြစ်သောကြောင့် ကိုယ်လုပ်ခဲ့သည့် အပြစ်သည် ပပျောက်သွားမည် မဟုတ်ပါ။ ထို့ကြောင့် စိတ်မကောင်း ဖြစ်နေခြင်းသည် ကိုယ့်ကိုယ်ကို ဒုက္ခပေးခြင်းပင် ဖြစ်သည်။
တချို့ကား အပြစ် မသိခင်က အပြစ် လုပ်ခဲ့၏။ အပြစ်သိသောအခါ နောင်တ ရသွားလေသည်။ ယင်းနောင်တကြောင့် ကုသိုလ်ကောင်းမှုများကို ကြိုးစား၍ ပြုလုပ်လေတော့သည်။ ဤကား မှန်ကန်သော ကျင့်စဉ် ဖြစ်သည်။
အရှင်သုဓမ္မဆိုလျှင် ကျောင်းဒကာကြီး စိတ္တသူကြွယ်ကို အထင်လွဲပြီး မျိုးရိုးကို နှိမ်လေ၏။ မြတ်စွာဘုရားက ထိုအကြောင်း သိသောအခါ တောင်းပန်ခိုင်း၏။
အရှင်သုဓမ္မကလည်း ကျောင်းဒကာကြီးထံ ကိုယ်တိုင်သွားပြီး အပြစ်ကို အပြစ်မှန်း မသိလို့ လွန်ကျူးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုအပြစ်ကို ခွင့်လွှတ်ပါကြောင်း တောင်းပန်လေသည်။ ကျောင်းဒကာကြီးကလည်း ခွင့်လွှတ်ပါကြောင်း လျှောက်ထားလေ၏။
ယင်းနောင်တကြောင့် သံဝေဂ ဖြစ်သွား၏။ သံဝေဂဆိုသည်ကား ထိတ်လန့်သည့်ဉာဏ်ပင် ဖြစ်သည်။ ဤကား ရှေ့အကုသိုလ် ( နောင်တ) က နောက် ကုသိုလ် ( သံဝေဂ) ကို ကျေးဇူးပြုခြင်း ဖြစ်သည်။
အရှင်သုဓမ္မသည် သံဝေဂရပြီးနောက် ဝိပဿနတရားကို ကြိုးစားပမ်းစား အားထုတ်လေသည်။ ထို့ကြောင့် လူနတ်ဦးခိုက် ပူဇော်ထိုက်သည့် ရဟန္တာပုဂ္ဂိုလ် အဖြစ်သို့ ရောက်ရှိသွားလေတော့သည်။
ပုဂ္ဂိုလ်ကြောင့် ပြောင်းလဲနိုင်တယ်
ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ကို (ပညတ်) အကြောင်းပြု၍ ကုသိုလ်ဖြစ်သည်လည်း ရှိ၏။ အကုသိုလ် ဖြစ်သည်လည်း ရှိ၏။ မှန်၏။ လူကြီးမိဘ မိတ်ကောင်းဆွေကောင်းတို့၏ ကူညီစောင့်ရှောက်မှု ရလျှင် စိတ်နေစိတ်ထားလည်း ပြောင်းသွား၏။ ကုသိုလ်ကောင်းမှုလည်း ပို၍ လုပ်ဖြစ်သွား၏။
တချို့ဆိုလျှင် ပင်ကိုယ်ဗီဇက ညံ့ဖျင်းသည့်အတွက် မကောင်းမှု လုပ်ချင်၏။ သို့သော် မိဘ ဆရာ မိတ်ကောင်းဆွေကောင်းတို့၏ ကူညီစောင့်ရှောက်မှုကြောင့် မကောင်းသည့် ဗီဇလေး ပပျောက်သွားတော့၏။ သူတော်ကောင်းဓာတ် ကူးစက်သွားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် " ဘုရားဒကာနား နီးတော့ ဘုရားဒကာ" ဟု ပြောကြခြင်း ဖြစ်သည်။
တချို့ဆိုလျှင် ပင်ကိုယ် သဘာဝက ရှုတ်ရှုတ်ယှက်ယှက် မရှိ၊ အေးအေးဆေးဆေးပဲ နေတတ်၏။ သို့သော် လူပွေလူရှုတ်နှင့် ပေါင်းလိုက်သည့်အတွက် ဘီယာဆိုင် ရောက်သွားတော့၏။ ထို့ကြောင့် ကိုယ်နှင့် နီးစပ်သည့် ပုဂ္ဂိုလ်များသည် ကိုယ့်ဘဝကို ပြောင်းလဲသွားအောင် ဖန်တီးနိုင်စွမ်း ရှိပါသည်။ သတိထားရမည့် အချက်တည်း။
ထို့ကြောင့် သူတော်ကောင်းမျိုးစေ့ကို ချပေးသော၊ ဒုစရိုက်လုပ်ခြင်းကို အားမပေးသော၊ ကောင်းမှုလုပ်ဖြစ်ဖို့အတွက် အထောက်အပံ့ ဖြစ်စေသော ပုဂ္ဂိုလ်တို့ကိုသာလျှင် တရင်းတနှီး ပေါင်းသင်းဆက်ဆံရမည် ဖြစ်ပေသည်။
ဤ၌ ပုဂ္ဂိုလ်က အကြောင်းတရား၊ ကုသိုလ် အကုသိုလ်က အကျိုးတရား ဖြစ်သည်။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို " ဥပနိဿယပစ္စည်း" ဟု ခေါ်ပါသည်။
သာယာသည့် ဘဝခရီး
တခါတရံ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ် ဖြစ်တတ်၏။ ထို့ကြောင့် ကုသိုလ်လုပ်သည့်အခါ မည်သည့်အကြောင်းကြောင့်မျှ အကုသိုလ် မဖြစ်စေရဟု အဓိဋ္ဌာန်ထားရမည်။
တခါတရံ အကုသိုလ်ကို အကြောင်းပြုပြီး ကုသိုလ် ဖြစ်တတ်၏။ ထို့ကြောင့် အကုသိုလ်လုပ်မိသည့်အခါ ကုသိုလ်နှင့် အစားထိုးရမည်။ အကုသိုလ် လုပ်မိသည့်အတွက် စိတ်မကောင်း ဖြစ်နေမည့်အစား ကောင်းမှု လုပ်ရမည်ဟု ဆိုလိုသည်။
ထို့ကြောင့် စိတ်နေစိတ်ထားကိုလည်း ပြုပြင်ပေးရမည်။ မိဘ ဆရာ မိတ်ကောင်းဆွေကောင်းတို့ကိုလည်း တန်ဖိုးထားရမည်။ လုပ်ရပ်နှင့် ရည်ရွယ်ချက်ကိုလည်း ကိုက်ညီအောင် ကြိုးစားရမည်။ ဒုစရိုက် လုပ်ခဲ့လျှင်လည်း ကုသိုလ်နှင့် အစားထိုးရမည်။ သို့မှသာ ကိုယ်လျှောက်လှမ်းနေသည့် ဘဝခရီးသည် နိဗ္ဗာန်တိုင်ထိ သာယာဖြောင့်ဖြူးမည် ဖြစ်ပါပေ၏။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
ဟေတုပစ္စယော
အာရမ္မဏပစ္စယော
အဓိပတိပစ္စယော
အနန္တရပစ္စယော
သမနန္တရပစ္စယော
သဟဇာတပစ္စယေ
အညမညပစ္စယေ
နိဿယပစ္စယေ
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-26831666538843142132023-06-27T14:35:00.005+06:302023-06-27T14:48:58.416+06:30 နိဿယပစ္စယော
"နိဿယ" ဆိုသည်မှာ မှီရာဟု အဓိပ္ပါယ် ရ၏။ အကြောင်းတရားက အကျိုးတရားကို မှီရာအဖြစ်ဖြင့် ကျေးဇူးပြု၏ဟု ဆိုလိုသည်။
သစ်ပင်သည် မြေကြီးကို မှီရ၏။ မြေကြီး မရှိလျှင် သစ်ပင်လည်း မရှိနိုင်ပါ။ ထို့ကြောင့် မြေကြီးသည် သစ်ပင်ကို မှီရာ အဖြစ်ဖြင့် ကျေးဇူးပြုလျက် ရှိသည်။
ထိုနည်းတူစွာ အကျိုးတရားသည် အကြောင်းတရားပေါ်မှာ မှီရ၏။ ထို့ကြောင့် မှီရာဖြစ်သည့် ရုပ်နာမ်တို့သည် အကြောင်းတရား၊ မှီတတ်သည့် ရုပ်နာမ်တို့က အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို " နိဿယပစ္စည်း" ဟု ခေါ်သည်။
ပါဠိနှင့် ဘာသာပြန်
စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော။
စတ္တာရော- ၄ ပါးကုန်သော၊ အရူပိနော- နာမ်ဖြစ်ကုန်သော။ ခန္ဓာ- ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့သည်။ အညမညံ- အချင်းချင်း။ နိဿယပစ္စယေန- နိဿယပစ္စယ သတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။
အကြောင်း အကျိုး
၁။ ဝေဒနာက္ခန္ဓာ (ခံစားမှု) သညာက္ခန္ဓာ ( မှတ်သားမှု) ၊ သင်္ခါရက္ခန္ဓာ ( စေ့ဆော်မှု)၊ ဝိညာဏက္ခန္ဓာ ( စိတ်) ဟူသော နာမ်ခန္ဓာ ၄-ပါးတို့သည် အပြန်အလှန် မှီရာဖြစ်၍ ကျေးဇူးပြုနေကြ၏။
ဝေဒနာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
သညာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
သင်္ခါရက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
ဝိညာဏက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
၂။ ပထဝီ ( မြေ)၊ အာပေါ (ရေ)၊ တေဇော (မီး)၊ ဝါယော (လေ) ဆိုတဲ့ ဓာတ် ၄- ပါးတို့သည်လည်း အပြန်အလှန် မှီရာဖြစ်၍ ကျေးဇူးပြုနေကြ၏။
ပထဝီက အကြောင်းဆိုလျှင် ကျန်ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
အာပေါက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
တေဇောက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
ဝါယောက အကြောင်းဆိုလျှင် ကျန်ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
၃။ မိခင်ဝမ်းကြာတိုက်၌ ပဋိသန္ဓေ နေသောအခါ ပဋိသန္ဓေစိတ် ( အစဆုံး ဖြစ်သည့် စိတ်) နှင့် ဟဒယဝတ္တု ( နှလုံး) တို့သည် အပြန်အလှန် မှီရာဖြစ်၍ ကျေးဇူးပြုနေကြ၏။
ပဋိသန္ဓေစိတ်က အကြောင်းဆိုလျှင် ဟဒယဝတ္ထုရုပ်က အကျိုး၊ ဟဒယဝတ္ထုရုပ်က အကြောင်း ဆိုလျှင် ပဋိသန္ဓေစိတ်က အကျိုး ဖြစ်၏။
၄။ စိတ်သည် စိတ္တဇရုပ်ကို မှီရာဖြစ်၍ ကျေးဇူးပြု၏။ စိတ်က အကြောင်း၊ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်က အကျိုး ဖြစ်၏။
၅။ ဓာတ် ၄- ပါးသည် ကျန်သည့် ရုပ်များကို မှီရာဖြစ်၍ ကျေးဇူးပြု၏။ ဓာတ် ၄- ပါးက အကြောင်း၊ ကျန်ရုပ်များက အကျိုး ဖြစ်၏။
၆။ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, နှလုံးဆိုတဲ့ ဝတ္ထုရုပ် ၆- ပါးသည် မြင်သိစိတ် ကြားသိစိတ် နံသိစိတ် စားသိစိတ် ထိသိစိတ် တွေးသိစိတ် (နာမ်) တို့ကို မှီရာအဖြစ်ဖြင့် ကျေးဇူးပြု၏။
ဝတ္ထုရုပ် ၆- ပါးက အကြောင်း၊ မြင်သိစိတ် စသည့် နာမ်တရားက အကျိုး ဖြစ်၏။
နိဿယပစ္စည်း တစ်ခုလုံးကို ခြုံငုံ ကြည့်လျှင် အကြောင်းကလည်း ရုပ်နှင့် နာမ်၊ အကျိုးကလည်း ရုပ်နှင့် နာမ်တို့ ဖြစ်ကြသည်။
အမှီရှိမှ ရပ်တည်နိုင်တယ်
ဓမ္မနယ်ပယ်မှာသာ "နိဿယ" ရှိသည် မဟုတ်၊ လောကနယ်ပယ်မှာလည်း "နိဿယ" ရှိသည်သာ ဖြစ်၏။ အကြောင်းတရားက အကျိုးတရားကို မှီရာအဖြစ်ဖြင့် ကျေးဇူးပြုလျှင် " နိဿယ" ပင် ဖြစ်သည်။
မိဘသည် သားသမီးတို့၏ မှီရာ ဖြစ်၏။ မိဘ မရှိလျှင် သားသမီး မရှိနိုင်။ နောက်ဆုံး မိဘနှစ်ပါးက သားသမီးကို ပစ်ထားသည် ဆိုစေဦးတော့၊ သားသမီးတို့ကို လူဖြစ်ခွင့် ပေးထားသည့် ကျေးဇူး ရှိ၏။ လူဖြစ်ခွင့် ပေးသည့်အတွက် လူ့ဘဝကို ရောက်လာခြင်း ဖြစ်၏။ ထို့ကြောင့် မိဘသည် သားသမီးတို့၏ မှီရာ ဖြစ်၏။
ယနေ့ခေတ်၌ကား လူဖြစ်ခွင့် မပေးသည့် မိဘများ ပေါများနေ၏။ ကိုယ့်ဝမ်းကြာတိုက်ထဲ ရောက်လာမည့် ကလေးကို သန္ဓေတည်ခွင့် မရအောင် ဆေးဝါးတွေ အမျိုးမျိုး သုံးပြီး တားဆီးနေကြ၏။ ကောင်းသော လုပ်ရပ် မဟုတ်ပါ။
သားသမီးဆိုသည်မှာ "သားရတနာ သမီးရတနာ" ဆိုသည့်အတိုင်း ရတနာလေးများပင် ဖြစ်၏။ မှန်၏။ မယ်တော်မာယာက သိဒ္ဓတ္ထမင်းသားလေးကို မွေးထုတ်ပေးခဲ့သောကြောင့် " ဘုရားဂေါတမ" ဟု ပေါ်ထွန်းလာခြင်း ဖြစ်သည်။ ထို့ကြောင့် သားသမီးတို့၏ တန်ဖိုးကား တိုင်းတာ၍ မရစကောင်းပေ။
အကောင်းအဆိုး ဒွန်တွဲနေသော လောကကြီးမှာ သားကောင်းသမီးကောင်း ရှိသကဲ့သို့ သားဆိုးသမီးဆိုးများလည်း ရှိပါ၏။ သို့သော် အနည်းစုသာတည်း။ ထို့ကြောင့် သားသမီးဆိုသည်မှာ မိဘများအတွက် ရတနာများပင် ဖြစ်သည်။ ရတနာဖြစ်သည့်အတွက် မဖျက်ဆီးကောင်းပါ။ ဖျက်ဆီးပါက အမင်္ဂလာ ဖြစ်သွားလေသည်။
သားသမီးများကို မွေးထုတ်ပေးသော မိဘတို့သည် " မာတာပိတုဂုဏော အနန္တော" ဆိုသည့်အတိုင်း သားသမီးတို့အတွက် အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖြစ်ပါ၏။ ထို့ကြောင့် သားသမီးများအနေဖြင့် မိဘကျေးဇူးကို မဖြစ်မနေ ပြန်ဆပ်ရမည် ဖြစ်သည်။
ဆရာ့ကျေးဇူး
ဆရာသည် တပည့်တို့၏ မှီရာ ဖြစ်၏။ တပည့်တို့သည် ဆရာရှိသည့်အတွက် အတတ်ပညာအမျိုးမျိုး တတ်မြောက်လာခြင်း ဖြစ်သည်။
သာမန်လူများ မဆိုထားဘိ။ ပညာအရာမှာ အသာဆုံးဖြစ်သည့် အရှင်သာရိပုတ္တရာသည်ပင် အရှင်အဿဇိထံ၌ တရားနာခဲ့ရ၏။ ဆရာထံမှာ နည်းခံပြီး တရားနာယူခဲ့သောကြောင့်သစ္စာတရားကို ထိုးထွင်း သိမြင်သွားလေသည်။ ထို့ကြောင့် ဆရာသည် တပည့်တို့၏ မှီရာဖြစ်သည်။ ဆရာမရှိလျှင် မည်သည့်အတတ်ပညာမျှ တတ်မြောက်မည် မဟုတ်ပါ။
ထို့ကြောင့် လယ်တီဆရာတော်ကြီးက " ငါ့ဗိုက်ထဲက စာတွေဟာ ငါ့ဆရာရဲ့ စာတွေပဲ" ဟု ပြောခဲ့ခြင်း ဖြစ်သည်။ "ဆရာက သင်ပေးလို့ စာတတ်လာခြင်း ဖြစ်၏" ဟု ဆိုလိုပေသည်။
မှန်၏။ မိမိတို့အားလုံး ဘဝတစ်ခု ရပ်တည်နိုင်ခြင်းမှာ ဆရာတို့က သင်ပေးလိုက်သည့် အတတ်ပညာကြောင့် ဖြစ်၏။ ထို့ကြောင့် " အာစရိယဂုဏော အနန္တော" ဆိုသည့်အတိုင်း ဆရာ့ကျေးဇူးကိုလည်း အတုံ့တဖန် ဆပ်ရမည် ဖြစ်ပေသည်။
အနှိုင်းမဲ့ ကျေးဇူးရှင်
ပုထုဇဉ်လူသားတို့သည် သံသရာခရီးသည်များ ဖြစ်သောကြောင့် ဘဝအမျိုးမျိုး ကျင်လည်ရဦးမည် ဖြစ်သည်။ ထိုသို့ ကျင်လည်သောအခါ လမ်းကြောင်းတည့်ဖို့ အရေးကြီး၏။
လမ်းကြောင်းတည့်ဖို့အတွက် လမ်းညွှန် သိရမည်။ "လမ်းညွှန်" ဆိုသည်ကား အခြား မဟုတ်၊ မြတ်စွာဘုရား ဟောကြားခဲ့သည့် "ဓမ္မ" ပင် ဖြစ်သည်။
မြတ်စွာဘုရားသည် ဘုရားဖြစ်သည့် အချိန်က စပြီး နောက်ဆုံး ပရိနိဗ္ဗာန်စံသည့်အချိန်ထိ " ဒါ ကုသိုလ်၊ ဒါ အကုသိုလ်၊ ဒါ ဒုက္ခ၊ ဒါ ဒုက္ခငြိမ်းရာ နိဗ္ဗာန်၊ ဒါ နိဗ္ဗာန်ရောက်ကြောင်းတရားပဲ" ဟု ဟောကြားတော်မူခဲ့၏။
လူနတ်ဗြဟ္မာ သတ္တဝါတို့သည် ဘုရားကျေးဇူးကြောင့် "ဓမ္မ" ကို သိခွင့် ကျင့်ခွင့် ရကြခြင်း ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် တစ်လောကလုံး၏ မှီရာ ဖြစ်၏။ အမှန်တကယ်ကား မြတ်စွာဘုရားသည် လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်ဟု ဆိုရမည်ပင်။
လူ့စိတ်ကလည်း ခက်၏။ အလွယ်တကူရလျှင် တန်ဖိုးထားရကောင်းမှန်း မသိ။ ခက်ခဲမှ တန်ဖိုးထားရကောင်းမှန်း သိ၏။
မြန်မာစာတတ်ချင်တယ်တဲ့
လွန်ခဲ့တဲ့ ၁၅- နှစ်လောက်က ဗီယက်နမ်နိုင်ငံက ဦးဇင်းတစ်ပါး တွေ့ဖူး၏။ သူသည် မြန်မာနိုင်ငံ ထေရဝါဒတက္ကသိုလ်မှာ ကျောင်းတက်နေ၏။ သူပြောခဲ့သည့် စကား ယခုအချိန်ထိ အမှတ်ရနေတုန်းပင်။ " ဘုန်းကြီး တပည့်တော် မြန်မာစာ တတ်ချင်တယ်" ဟူ၏။
မိမိက "ကမ္ဘာကြီးမှာ အင်္ဂလိပ်စာ တတ်ရင် အလုပ်ဖြစ်ပါတယ်၊ မြန်မာစာ မတတ်ရင်လည်း အရေးမကြီးပါဘူး" ဟု ပြောလိုက်ပါသည်။
သူက ပြန်လျှောက်၏။ " တပည့်တော်က မြန်မာစာတတ်ရင် မြန်မာလိုရေးထားတဲ့ တရားစာအုပ်တွေ ပိဋကတ် ဘာသာပြန်တွေ ဖတ်ချင်တယ်၊ လေ့လာချင်တယ်၊ ဒါကြောင့် မြန်မာစာ တတ်ချင်တယ်ဘုရား"။
" အရှင်ဘုရားတို့ ကံကောင်းတယ်တဲ့၊ တပည့်တော်တို့က မြန်မာစာ မတတ်လို့ ကံမကောင်းဘူးတဲ့၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာလိုရေးထားတဲ့ မြတ်ဗုဒ္ဓတရားစာအုပ်တွေ မဖတ်နိုင်လို့ပါဘုရား"။
မှန်၏။ မြန်မာစာ မတတ်လျှင် ပိဋကတ်ကျမ်းဂန်များကို လေ့လာဖို့ မလွယ်တော့။ ထို့ကြောင့် ဗီယက်နမ်ဦးဇင်းလေးသည် မြန်မာစာ တတ်ချင်နေခြင်း ဖြစ်သည်။
ဗီယက်နမ်ဦးဇင်းလေး ပြောတော့မှပဲ ကိုယ့်ကိုယ်ကို "ကံထူးရှင်ကြီးပါလား" ဟု စဉ်းစားမိတော့၏။ မှန်၏။ မိမိတို့သည် ဘုန်းကံရှိသောကြောင့်သာ သာသနာနှင့် တွေ့နေကြခြင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကို လျှော့ မတွက်သင့်ပါ။
ဘုရားကျေးဇူး သိဖို့ လိုသကဲ့သို့ ကိုယ့်အခွင့်အရေးကိုလည်း နားလည်ဖို့ လိုပေသည်။ သို့မှသာ သီလ သမာဓိ ပညာကို ကျင့်ကြံကြိုးကုတ် အားထုတ်မည် ဖြစ်၏။ သီလ သမာဓိ ပညာသည်သာ ဘဝ၏ အနှစ်သာရ ဖြစ်သည် မဟုတ်ပါလော။
ဘယ်မှာ မြစ်ဖျားခံလဲ
မိဘ မရှိလျှင် ကိုယ့်ဘဝသည် ဖြစ်စရာ အကြောင်း မရှိ။ ထို့ကြောင့် "ကိုယ့်ဘဝ" သည် မိဘမှာ မြစ်ဖျားခံ၏။
ဆရာ မရှိလျှင် မည်သည့် အတတ်ပညာကို မတတ်မြောက်နိုင်ပါ။ ထို့ကြောင့် "ကိုယ့်အတတ်" သည် ဆရာမှာ မြစ်ဖျားခံ၏။
ဘုရား မပွင့်လျှင် ကုသိုလ် အကုသိုလ် မသိနိုင်ပါ။ ထို့ကြောင့် "ကိုယ့်အသိ" သည် ဘုရားမှာ မြစ်ဖျားခံ၏။
သို့ဖြစ်ရကား ဘယ်မှာပဲ နေနေ၊ ဘယ်အခြေအနေပဲ ရောက်ရောက် မြစ်ဖျားခံရာ ကျေးဇူးရှင်တို့၏ ကျေးဇူးတရားကို အသိအမှတ်ပြုရမည် ဖြစ်၏။ ဤကား သူတော်ကောင်းလက္ခဏာပင် ဖြစ်ပေသည်တကား။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
ဟေတုပစ္စယော
အာရမ္မဏပစ္စယော
အဓိပတိပစ္စယော
အနန္တရပစ္စယော
သမနန္တရပစ္စယော
သဟဇာတပစ္စယေ
အညမညပစ္စယေ
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-37079023579217578512023-06-26T14:10:00.004+06:302023-06-27T14:48:39.031+06:30အညမညပစ္စယော
"အညမည" ဆိုသည်မှာ အချင်းချင်း အပြန်အလှန်ဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားနှင့် အကျိုးတရားသည် "ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ" ဆိုသကဲ့သို့ အပြန်အလှန် ကျေးဇူးပြုနေကြ၏ဟု ဆိုလိုသည်။
တုတ်သုံးချောင်း ထောက်ထားလျှင် တစ်ခုနှင့်တစ်ခု အပြန်အလှန် မှီနေကြသည့်အတွက် လဲကျ မသွားတော့ပေ။ ထိုနည်းတူစွာ အကြောင်းတရားနှင့် အကျိုးတရားတို့သည် အပြန်အလှန် ကျေးဇူးပြုပြီး ရပ်တည်နေကြ၏။
ထို့ကြောင့် အကြောင်းတရားကလည်း ရုပ်နှင့် နာမ်၊ အကျိုးတရားကလည်း ရုပ်နှင့် နာမ်ပင် ဖြစ်သည်။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "အညမညပစ္စည်း" ဟု ခေါ်သည်။
ပါဠိနှင့် ဘာသာပြန်
စတ္တာရော ခန္ဓာ အရူပိနော အညမညပစ္စယေန ပစ္စယော။
စတ္တာရော- ၄ ပါးကုန်သော၊ အရူပိနော- နာမ်ဖြစ်ကုန်သော။ ခန္ဓာ- ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့သည်။ အညမညပစ္စယေန- အညမည ပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။
အကြောင်း အကျိုး
၁။ ဝေဒနာက္ခန္ဓာ (ခံစားမှု)၊ သညာက္ခန္ဓာ ( မှတ်သားမှု) ၊ သင်္ခါရက္ခန္ဓာ ( စေ့ဆော်မှု)၊ ဝိညာဏက္ခန္ဓာ ( စိတ်) ဟူသော နာမ်ခန္ဓာ ၄-ပါးတို့သည် အပြန်အလှန် ကျေးဇူးပြုနေကြ၏။
ဝေဒနာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
သညာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
သင်္ခါရက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
ဝိညာဏက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
၂။ ပထဝီ ( မြေ)၊ အာပေါ (ရေ)၊ တေဇော (မီး)၊ ဝါယော (လေ) ဆိုတဲ့ ဓာတ် ၄- ပါးတို့သည်လည်း အပြန်အလှန် ကျေးဇူးပြုနေကြ၏။
ပထဝီက အကြောင်းဆိုလျှင် ကျန်ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
အာပေါက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
တေဇောက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
ဝါယောက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
၃။ မိခင်ဝမ်းကြာတိုက်၌ ပဋိသန္ဓေ နေသောအခါ ပဋိသန္ဓေစိတ် ( အစဆုံး ဖြစ်တဲ့ စိတ်) နှင့် ဟဒယဝတ္တု ( နှလုံး) တို့သည် အပြန်အလှန် မှီနေကြ၏။
ပဋိသန္ဓေစိတ်က အကြောင်းဆိုလျှင် ဟဒယဝတ္ထုရုပ်က အကျိုး၊ ဟဒယဝတ္ထုရုပ်က အကြောင်း ဆိုလျှင် ပဋိသန္ဓေစိတ်က အကျိုး ဖြစ်၏။
အညမညပစ္စည်း တစ်ခုလုံးကို ခြုံငုံ ကြည့်လျှင် အကြောင်းကလည်း ရုပ်နှမ့် နာမ်၊ အကျိုးကလည်း ရုပ်နှင့် နာမ်တို့ ဖြစ်ကြသည်။
စိတ် ဘယ်မှာ ဖြစ်လဲ
လူမှန်သမျှ မိခင်၀မ်းကြာတိုက်မှာ ပဋိသန္ဓေ နေရ၏။ ထိုပဋိသန္ဓေခဏ၌ အလွန်သေးငယ်သည့် အစိုင်အခဲလေး တစ်ခု ဖြစ်လာ၏။ " ကလလရေကြည်" ဟု ခေါ်၏။
အပ်ဖျားကို ဆီထဲနှစ်ပြီး ခါချလိုက်သောအခါ အပ်ဖျားတွင် အစက်အပြောက်လေး ကျန်ရစ်၏။ "ကလလရေကြည်" သည် အပ်ဖျားမှာ ကပ်နေသော အစက်ပြောက်လောက်ပဲ ရှိ၏။ မိဘနှစ်ပါး၏ သွေးပင်တည်း။ လူသားမျိုးစေ့ဟု ဆိုရမည်ပင် ဖြစ်သည်။
ထိုကလလ ရေကြည်တွင် အဓိကကျသော ရုပ် ၃- မျိုး ပါဝင်၏။ ကာယ ( ကိုယ်)၊ ဘာဝရုပ် ( ယောကျာ်း မိန်းမဗီဇ) ၊ ဟဒယဝတ္ထုရုပ် ( နှလုံး) တို့ဖြစ်သည်။
မိခင်ဝမ်းကြာတိုက်၌ ပဋိသန္ဓေတည်သောအခါ ပဋိသန္ဓေစိတ်နှင့် ဟဒယဝတ္ထုတို့သည် အပြန်အလှန် မှီကြ၏။ ထို့ကြောင့် စိတ်၏မှီရာသည် ဟဒယဝတ္ထုရုပ် ( နှလုံး) ဖြစ်သည်။
သို့သော် ယနေ့ခေတ် ပညာရှင်တချို့က "စိတ်သည် ဦးနှောက်မှာ ဖြစ်၏" ဟု ယူဆကြ၏။
သဘာဝယုတ္တိနည်းဖြင့် ကြည့်လျှင် စိတ်သည် နှလုံးမှာ ဖြစ်ကြောင်း ပို၍ ထင်ရှား၏။ ဘာကြောင့်နည်း၊ ထိတ်လန့်စရာ ကောင်းသည့် သတင်းတစ်ခု ကြားရလျှင် ရင်တုန်သွားသောကြောင့်တည်း။
မှန်၏။ ထိတ်လန့်ဖွယ် သတင်းကို ကြားလိုက်ရသည့်အခါ စိတ်ခံစားမှုသည် နှလုံးကို ရိုက်ခတ်သောကြောင့် ရင်ထဲ၌ ဒိန်းကနဲ ဖြစ်သွားလေတော့သည်။ ထို့ကြောင့် စိတ်သည် နှလုံးမှာ မှီကြောင်း ထင်ရှားလှပေသည်။
အကြောင်းအရာတစ်ခုကို စဉ်းစားသောအခါ၌ကား ဦးနှောက်နှင့် စဉ်းစားရ၏။ ထို့ကြောင့် "စဉ်းစားလိုက်ရတာ ဦးခေါင်းကို ပူသွားတာပဲ" ဟု ပြောကြခြင်း ဖြစ်သည်။ ပြဿနာရှိလျှင် ပိုပြီး စဉ်းစားရ၏။ စဉ်းစားလေ ဦးခေါင်း ပူလေပင်တည်း။ ထို့ကြောင့် စိတ်သည် ဦးနှောက်နှင့် ဆက်စပ်မှု ရှိကြောင်းလည်း တွေ့ရပါသည်။
သို့သော် စိတ်သည် ဦးနှောက်မှာ ဖြစ်သည်ထက် နှလုံးမှာ ဖြစ်သည်က ပိုပြီး ထင်ရှား၏။ တချို့လူများဆိုလျှင် စိတ်ခံစားမှုကို မထိန်းနိုင်သောကြောင့် နှလုံးရပ်ပြီး သေဆုံးသွားလေတော့သည်။ ထို့ကြောင့် "စိတ်သည် နှလုံးမှာ ဖြစ်၏" ဟု ကောက်ချက် ချရမည် ဖြစ်ပေသည်။
အညမည သဘောတရား
ဓမ္မနယ်ပယ်မှာသာ "အညမည" ရှိသည် မဟုတ်၊ လောကနယ်ပယ်မှာလည်း "အညမည" ရှိ၏။ အကြောင်း အကျိုး အပြန်အလှန် ကျေးဇူးပြုလျှင် " အညမည" ပင် ဖြစ်သည်။
မိဘနှင့် သားသမီးတို့သည် အပြန်အလှန် ကျေးဇူးပြုနေကြ၏။ မိဘရှိသည့်အတွက် သားသမီး ဖြစ်လာ၏။ သားသမီး ရှိသည့်အတွက် မိဘ ဖြစ်လာ၏။
ဆရာနှင့် တပည့်တို့သည် အပြန်အလှန် ကျေးဇူးပြုနေကြ၏။ ဆရာရှိသည့်အတွက် တပည့် ဖြစ်လာ၏။ တပည့် ရှိသည့်အတွက် ဆရာ ဖြစ်လာ၏။
အလုပ်ရှင်နှင့် အလုပ်သမားတို့သည် အပြန်အလှန် ကျေးဇူးပြုနေကြ၏။ အလုပ်ရှင်ရှိသည့်အတွက် အလုပ်သမား ဖြစ်လာ၏။ အလုပ်သမား ရှိသည့်အတွက် အလုပ်ရှင် ဖြစ်လာ၏။
ခေါင်းဆောင်နှင့် နောက်လိုက်တို့သည် အပြန်အလှန် ကျေးဇူးပြုနေကြ၏။ ခေါင်းဆောင် ရှိသည့်အတွက် နောက်လိုက် ဖြစ်လာ၏။ နောက်လိုက် ရှိသည့်အတွက် ခေါင်းဆောင် ဖြစ်လာ၏။
ပြည်သူနှင့် အစိုးရတို့သည် အပြန်အလှန် ကျေးဇူးပြုနေကြ၏။ ပြည်သူရှိသည့်အတွက် အစိုးရ ဖြစ်လာ၏။ အစိုးရ ရှိသည့်အတွက် ပြည်သူ ဖြစ်လာ၏။
ခြုံငုံကြည့်လိုက်လျှင် လူသားအားလုံးသည် အပြန်အလှန် ကျေးဇူးပြုနေကြ၏။ ဤကား " အညမည သဘောတရား" တည်း။ ထို့ကြောင့် အညမည သဘောတရားကို နားလည်လျှင် လူသားအားလုံးသည် အပြန်အလှန် ကျေးဇူးပြုနေကြသည်ကို နားလည်သွား၏။ အပြန်အလှန် ကျေးဇူးပြုနေကြသည်ကို နားလည်လျှင် မေတ္တာ ကရုဏာ ဖြစ်ဖို့ လွယ်ကူသွားပေတော့သည်။
ဗြဟ္မစိုရ်တရား
" ဗြဟ္မစိုရ်" ဆိုသည်ကား " ဗြဟ္မစရိယ" ဟူသော ပါဠိစကားကို မြန်မာမှုပြုထားခြင်း ဖြစ်၏။ " မြတ်သောအကျင့်" ဟု အဓိပ္ပါယ်ရ၏။( ဗြဟ္မ- မြတ်သော၊ စရိယ- အကျင့်)။ ဗြဟ္မစိုရ်တရားသည် ၄- ပါး ရှိ၏။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တို့ ဖြစ်သည်။
လူ့သဘာဝသည် ကိုယ်နှင့် သဘောထား မတိုက်ဆိုင်လျှင် အမြင်မကြည် ဖြစ်ပြီး မုန်းတီးတတ်၏။ ထို့ကြောင့် မုန်းစရာရှိလျှင် မေတ္တာနှင့် ဖြေရ၏။ မေတ္တာဆိုသည်ကား ချစ်ခင်သည့် စိတ်, အကောင်းမြင်စိတ်ပင် ဖြစ်သည်။
လူ့သဘာဝသည် ကိုယ့်ကို ဒုက္ခပေးလျှင် မေ့လို့ မရ။ ပြန်ပြီး ဂလဲ့စားချေချင်၏။ တွေးလိုက်တိုင်း စိတ်ထဲမှာ နာကျင်နေတော့၏။ ထို့ကြောင့် နာစရာရှိလျှင် ကရုဏာနှင့် ဖြေရ၏။ ကရုဏာဆိုသည်ကား သနားသည့်စိတ်, ခွင့်လွှတ်သည့် စိတ်ပင် ဖြစ်သည်။
လူ့သဘာဝသည် ကိုယ်က သူများထက် သာလျှင်သာ လက်ခံနိုင်၏။ သူများက ကိုယ့်ထက် သာသွားလျှင် လက်ခံနိုင်ဖို့ မလွယ်ကူတော့ပေ။ ထို့ကြောင့် မနာလိုစရာ ရှိလျှင် မုဒိတာနှင့် ဖြေရ၏။
မုဒိတာဆိုသည်ကား ဝမ်းသာသည့် စိတ်, သူတပါး၏ အောင်မြင်မှုကို အသိအမှတ် ပြုသည့် စိတ်ပင် ဖြစ်သည်။
လူ့သဘာဝသည် ကိုယ်နှင့် ပတ်သက်သူများ အဆင်ပြေလျှင် အူးယားဖားယား ပျော်၏။ အဆင်မပြေလျှင်တော့ ဝမ်းနည်းပက်လက် ဖြစ်သွားလေသည်။ ဂနာမငြိမ်သည့် သဘောတည်း။
ထို့ကြောင့် စိတ် ဂနာမငြိမ်ဖြစ်နေလျှင် ဥပေက္ခာနှင့် ဖြေရ၏။ ဥပေက္ခာဆိုသည်ကား သူ့ထိုက်နှင့်သူ့ကံဟု နှလုံးသွင်းသည့် စိတ်, ရင့်ကျက်သည့် စိတ်ပင် ဖြစ်သည်။
" ဗြဟ္မစိုရ် တရား" သည် ဘဝငြိမ်းချမ်းရေး ကျင့်စဉ် ဖြစ်သည်။ ယင်းဗြဟ္မစိုရ်တရားကို လိုက်နာကျင့်သုံးနိုင်ဖို့အတွက် အညမည သဘောတရားကို ဆင်ခြင်ရမည်။
အညမည သဘောတရားကို ဆင်ခြင်လျှင် တစ်ယောက်နှင့် တစ်ယောက်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြန်အလှန် ကျေးဇူးပြုနေသည်ကို နားလည်သွား၏။ ယင်းသို့ နားလည်လျှင် မုန်းတီးစိတ် ရန်လိုစိတ် မနာလိုစိတ် ဘက်လိုက်စိတ်ဟူသော အဆိုးမြင်စိတ်များ လျော့နည်းသွားလေတော့သည်။ အဆိုးမြင်စိတ်များ လျော့နည်းသွားခြင်းသည်ပင် " ဗြဟ္မစိုရ်တရား" ဖြစ်ပါပေ၏။ ဗြဟ္မစိုရ်တရား ရှိလျှင် လောကကြီးသည် ကျေနပ်စရာအတိ ဖြစ်သွားလေတော့သည်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
ဟေတုပစ္စယော
အာရမ္မဏပစ္စယော
အဓိပတိပစ္စယော
အနန္တရပစ္စယော
သမနန္တရပစ္စယော
သဟဇာတပစ္စယေ
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-73356478685254218972023-06-26T14:06:00.008+06:302023-06-27T14:47:34.854+06:30သဟဇာတပစ္စယော
"သဟဇာတ" ဆိုသည်မှာ အတူတကွ ဖြစ်ခြင်း၊ ပြိုင်တူဖြစ်ခြင်းဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားသည် အကျိုးတရားကို ပြိုင်တူဖြစ်၍ ကျေးဇူးပြုသည်ဟု ဆိုလိုသည်။
ဆီမီးထွန်းသည့်အခါတွင် မီး တောက်သည်နှင့် တပြိုင်နက် အလင်းရောင် ပေါ်ထွက်လာ၏။ မီးကြောင့် အလင်းရောင် ပေါ်ထွက်လာရကား မီးသည် အကြောင်း၊ အလင်းသည် အကျိုးတည်း။ မီးတည်းဟူသော အကြောင်းနှင့် အလင်းတည်းဟူသော အကျိုးတို့သည် ပြိုင်တူဖြစ်ကြလေသည်။
ထိုနည်းတူစွာ အကြောင်းတရားနှင့် အကျိုးတရားတို့သည် ပြိုင်တူဖြစ်၍ ကျေးဇူးပြုနေကြသည်။
ထို့ကြောင့် ရုပ်နှင့်နာမ်တို့သည် အကြောင်းတရား၊ ယင်းအကြောင်းတရားနှင့် ပြိုင်တူ ဖြစ်လာကြသော ရုပ်နှင့် နာမ်တို့က အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "သဟဇာတပစ္စည်း" ဟု ခေါ်သည်။
ပါဠိနှင့် ဘာသာပြန်
စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။
စတ္တာရော- ၄ ပါးကုန်သော၊ အရူပိနော- နာမ်ဖြစ်ကုန်သော။ ခန္ဓာ- ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့သည်။ အညမညံ- အချင်းချင်း။ သဟဇာတပစ္စယေန- သဟဇာတ ပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။
အကြောင်း အကျိုး
၁။ ဝေဒနာက္ခန္ဓာ (ခံစားမှု) သညာက္ခန္ဓာ ( မှတ်သားမှု) ၊ သင်္ခါရက္ခန္ဓာ ( စေ့ဆော်မှု)၊ ဝိညာဏက္ခန္ဓာ ( စိတ်) ဟူသော နာမ်ခန္ဓာ ၄-ပါးတို့သည် အပြန်အလှန် ပြိုင်တူဖြစ်ပြီး ကျေးဇူးပြုနေကြ၏။
ဝေဒနာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
သညာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
သင်္ခါရက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
ဝိညာဏက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
၂။ ပထဝီ ( မြေ)၊ အာပေါ (ရေ)၊ တေဇော (မီး)၊ ဝါယော (လေ) တည်းဟူသော ဓာတ် ၄- ပါးတို့လည်း ပြိုင်တူဖြစ်ပြီး အပြန်အလှန် ကျေးဇူးပြုနေကြ၏။
ပထဝီက အကြောင်းဆိုလျှင် ကျန်ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
အာပေါက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
တေဇောက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
ဝါယောက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
၃။ မိခင်ဝမ်းကြာတိုက် သန္ဓေတည်သောအခါ ပဋိသန္ဓေစိတ် ( အစဆုံး ဖြစ်တဲ့ စိတ်) နှင့် ဟဒယဝတ္တု ( နှလုံး) တို့လည်း ပြိုင်တူဖြစ်ပြီး အပြန်အလှန် ကျေးဇူးပြုနေကြ၏။
ပဋိသန္ဓေစိတ်က အကြောင်းဆိုလျှင် ဟဒယဝတ္ထုရုပ်က အကျိုး၊ ဟဒယဝတ္ထုရုပ်က အကြောင်း ဆိုလျှင် ပဋိသန္ဓေစိတ်က အကျိုး ဖြစ်၏။
၄။ စိတ်သည် စိတ္တဇရုပ်ကို ပြိုင်တူဖြစ်ပြီး ကျေးဇူးပြု၏။ စိတ်က အကြောင်း၊ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်က အကျိုး ဖြစ်၏။
၅။ ဓာတ် ၄- ပါးသည် ကျန်သည့် ရုပ်များကို ပြိုင်တူဖြစ်ပြီး ကျေးဇူးပြု၏။ ဓာတ် ၄- ပါးက အကြောင်း၊ ကျန်ရုပ်များက အကျိုး ဖြစ်၏။
သဟဇာတပစ္စည်း တစ်ခုလုံးကို ခြုံငုံ ကြည့်လျှင် အကြောင်းကလည်း ရုပ်နှင့် နာမ်၊ အကျိုးကလည်း ရုပ်နှင့် နာမ်တို့ ဖြစ်ကြသည်။
သဟဇာတနှင့် လက်တွေ့ဝါဒ
ဓမ္မနယ်ပယ်မှာသာ "သဟဇာတ" ရှိသည် မဟုတ်၊ လောကနယ်ပယ်မှာလည်း "သဟဇာတ" ရှိ၏။ အကြောင်း အကျိုး ပြိုင်တူ ဖြစ်လျှင် " သဟဇာတ" ပင် ဖြစ်သည်။
မီးသည် ပူတတ်သည့် သဘာဝ ရှိသည့်အတွက် မီးကိုင်လျှင် ပူ၏။ အခုကိုင် အခု ပူ၏။
ထန်းလျက်သည် ချိုသည့် အရသာ ရှိသောကြောင့် ထန်းလျက် စားလျှင် ချို၏။ အခုစား အခု ချို၏။ ဤကား "သဟဇာတ" ပင် ဖြစ်သည်။
ထိုနည်းတူစွာ အလုပ် လုပ်လျှင် အကျိုးရလဒ်သည် ချက်ချင်း ရလာ၏။
မှန်၏။ အခု စာတစ်ကြောင်း ရေး၊ အခု စာတစ်ကြောင်း ပြီးသွားတော့၏။ အခု ခြေတစ်လှမ်းသွား အခု ခြေတစ်လှမ်း ရောက်သွား၏။ အကြောင်းနှင့် အကျိုးတို့ ပြိုင်တူ ဖြစ်သောကြောင့် "သဟဇာတ" ပင် ဖြစ်သည်။
ထို့ကြောင့် သဟဇာတကို မိမိအနေဖြင့် "လက်တွေ့ဝါဒ" ဟု ဖွင့်ဆိုချင်ပါ၏။ "အခုလုပ် အခုရ, အခုသွား အခုရောက်" ဟူသော ဝါဒသည် လက်တွေ့ဝါဒတည်း။ လက်တွေ့ဝါဒကို လက်ခံသူသည် ဉာဏ် ဝီရီယကိုသာ အားကိုးလေတော့သည်။
ကံက အခြေခံ
လောကီအလုပ် လောကုတ္တရာအလုပ်၊ မည်သည့်အလုပ်ပဲ ဖြစ်ဖြစ် အလုပ်ပြီးမြောက်ဖို့အတွက် ဉာဏ် ဝီရိယက လုပ်ဆောင်ရ၏။ ရှေးကံသည် လမ်းကြောင်းပေါ်သို့ တင်ပေးရုံသာ ဖြစ်ရကား အခြေခံ အုတ်မြစ် ချပေးရုံမျှသာ ဖြစ်သည်။
ပညာတတ် ဖြစ်စေရန်အတွက် မိဘက သားသမီးကို ကျောင်းပို့လိုက်သော်လည်း ပညာတတ်ဖြစ်အောင် ကြိုးစားရမှာက သားသမီး၏ တာဝန်သာ ဖြစ်သည်။ သားသမီးက မကြိုးစားလျှင် ပညာတတ် ဖြစ်မည် မဟုတ်ပါ။
ထိုနည်းတူစွာ ရှေးကံက လူ့ဘဝကို ပို့လိုက်သော်လည်း ဉာဏ် ဝီရိယက အားမထုတ်လျှင် မည်သည့်နည်းနှင့်မျှ ကြီးပွားချမ်းသာမည် မဟုတ်ပါ။
တချို့ကား "ဆင်းရဲလည်း ကံကြောင့်ပဲ, ချမ်းသာလည်း ကံကြောင့်ပဲ၊ ရောဂါဖြစ်လည်း ကံကြောင့်ပဲ, ရောဂါကင်းလည်း ကံကြောင့်ပဲ၊ ကဲ့ရဲ့ခံရလည်း ကံကြောင့်ပဲ, ချီးမွမ်းခံရလည်း ကံကြောင့်ပဲ၊ ပညာတတ်လျှင်လည်း
ကံကြောင့်ပဲ, ပညာ မတတ်လျှင်လည်း ကံကြောင့်ပဲ" ဟု ကံကိုသာ ယိုးမယ်ဖွဲ့နေကြ၏။
ရှေးကံကို ယိုးမယ်ဖွဲ့လွန်းလျှင် အယူလွဲသွားတော့၏။ "ပုဗ္ဗေကတ ဟေတု ဒိဋ္ဌိ" ဟု ခေါ်သည်။
ထို့ကြောင့် လက်တွေ့သဘောတရားကိုလည်း နားလည်ဖို့ လိုပါသည်။ "အဆိပ်သောက်လျှင် သေမည်၊ မဆင်မခြင် စားလျှင် ရောဂါ ဖြစ်မည်၊ ဘာမှ မလုပ်လျှင် ဆင်းရဲမည် "။ ဤသဘောကား ဖြစ်မြဲ ဓမ္မတာတည်း။ ရှေးကံ
နှင့် လုံးဝ မသက်ဆိုင်ပါ။ ဉာဏ် ဝီရိယ၏ အားနည်းချက်သာ ဖြစ်သည်။
ထို့ကြောင့် မန်လည်ဆရာတော်ကြီးက "ကြီးပွားချမ်းသာဖို့အတွက် ကံကို ယိုးမယ်မဖွဲ့ကြနဲ့၊ ဉာဏ် ဝီရိယကို အားကိုးကြ" ဟု မိန့်တော်မူခဲ့ပါသည်။
ကံဟု မူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာ ဘောဂ၊ ဇီဝိတနှင့်၊ သုခ ပွားရန်၊ ဤလူ့ဌာန်နှိုက်၊ ဉာဏ် ဝီရိယ၊ ပယောဂတည့်။
ကာလ ဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ၊ ကံကို ယုံ၍့၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲးရာလည်း၊ကြမ္မာအကြောင်း၊ မရိုးကောင်းတိ၊ သူဟောင်း ရှေးက၊ ဆိုကုန်ကြ၏။
လုံ့လ မထူ၊ ဉာဏ်မကူဘဲး၊ အယူ တချောင်း၊ ကံ တကြောင်းမျှ၊ မကောင်းလည်း ကံ၊ ကောင်းလည်း ကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာ ဉာဏ်ဖြင့်၊ သင့် မသင့်ကို၊ အခွင့် ရှု၍့၊ အပြု လုံ့လ၊ ရှိအပ်စွတည့်။
တံငါ့ လက်တွင်း၊ ရောက်လျှင်းတုံငြား၊ သုံးကောင် ငါးကို၊ မှတ်သား ဝမ်းထဲး၊ နည်းယူ စွဲးလော့။
ကံမွဲး ဉာဏ်နုန့်၊ မလုံ့ မလ၊ နတ် မ,မဘူး၊ အလသမျိုး၊ အကျိုး ယွင်းယို၊ အလို ရော့ရည်း၊ မကျော့ကျည်းနှင့်၊ ကိုယ်လည်း လုံ့လ၊ နတ်လည်း မ၍့၊ တောင့်တ ကြံရာ၊ မြန် မကြာလျှင်၊ လွယ်ကာ ကိစ္စ၊ ပြီးနိုင်ကြ၏။ ( မဃဒေဝ)
ငါးသုံးကောင်
တခါက ဂင်္ဂါမြစ်အတွင်း၌ ကံယုံသောငါး၊ ဉာဏ်ရှိသောငါး၊ ဝီရိယ ရှိသောငါးဆိုပြီး ငါး ၃- ကောင် ရှိလေသည်။
တနေ့ ၊ တံငါတို့သည် ငါးရှာရန်အတွက် ဂင်္ဂါ မြစ်ကမ်းနား၌ ပိုက်ကွန်များကို ပြင်ဆင်ကြလေသည်။
ထိုအခါ ဝီရိယ ရှိသောငါးသည် ပိုက်ကွန်ကို ကြောက်သည့်အတွက် တခြားငါးတို့ကို သတိပေးကာ ကိုယ်တိုင်လည်း ပိုက်ကွန်နှင့် ဝေးရာသို့ ပြေးလေတော့သည်။
ဉာဏ်ရှိသောငါးနှင့် ကံယုံသော ငါးသည်တို့သည်ကား ဘယ်မှ မသွားပဲ နေမြဲတိုင်း နေနေကြ၏။
တံငါတို့သည်တို့သည် ပြင်ဆင်ပြီးသောအခါ မြစ်ထဲ ပိုက်ကွန် ချလိုက်လေသည်။ ဉာဏ်ရှိသောငါးနှင့် ကံယုံသော ငါးတို့သည်ကား ကြောင့်ကြမဲ့ နေကြသည့်အတွက် ပိုက်အတွင်း၌ မိသွားကြတော့သည်။
ထိုအခါ ဉာဏ်ရှိသောငါးသည် သေယောင်ဆောင်၍ နေ၏။ ကံယုံသောငါးကတော့ ကံရှိက လွတ်လိမ့်မည်ဟု ပုံမှန်အတိုင်း နေနေ၏။
တံငါတို့သည် သေယောင်ဆောင်သော ငါးကို သေပြီအထင်နှင့် အသာလေးယူပြီး ကမ်းစပ်ပေါ် တင်ထားလိုက်၏။ ကံယုံသော ငါးကိုကား ဝိုင်းဖမ်းပြီး တောင်းကြီးထဲ၌ ထည့်လိုက်ကြ၏။
ထိုအချိန်မှာပဲ ဉာဏ်ရှိသောငါးသည် မြစ်ထဲသို့ ဆင်းပြေးလေတော့သည်။
ထို ငါး ၃- ကောင်တွင် ဝီရိယရှိသောငါးသည် လွတ်ထိုက်သော ကံရှိသလို ဝီရိယလည်း ရှိသည့်အတွက် သေဘေးမှ လွတ်မြောက်သွား၏။
ဉာဏ်ရှိသောငါးသည် လွတ်ထိုက်သော ကံရှိသလို ဉာဏ်လည်း ရှိသည့်အတွက် သေဘေးမှ လွတ်မြောက်သွား၏။
ကံယုံသောငါးသည်ကား ကံကိုသာ အားကိုးပြီး ဉာဏ် ဝီရိယကို အားမကိုးသဖြင့် အသတ်ခံရလေသည်။ ဤပုံပြင်သည် ကံကို ယိုးမယ်ဖွဲ့သူများအား အသိပေးထားခြင်း ဖြစ်သည်။
လက်တွေ့ဝါဒ
သဟဇာတကို နားလည်လျှင် လက်တွေ့ဝါဒကို လက်ခံသွားတော့သည်။ လက်တွေ့ဝါဒကို လက်ခံသော ပုဂ္ဂိုလ်သည် " ရလိမ့်နိုးနိုး ဖြစ်လိမ့်နိုးနိုး" ဟူသော မျှော်တော်ယောင် အကျင့်၊ ကံကို ယိုးမယ်ဖွဲ့တတ်သည့် အကျင့်၊ လေထဲတိုက်ဆောက်သည့် အကျင့်၊ နတ်ဒေဝါများကို အားကိုးလွန်းသည့် အကျင့်များ ပပျောက်သွားလေတော့သည်။
မှန်၏။ လက်တွေ့ဝါဒကို လက်ခံသူသည် ဉာဏ်ဝီရိယကိုသာ အားကိုး၏။ ဉာဏ် ဝီရိယကို အားကိုးသော သူသည် "သွားမှ ရောက်၏, စားမှ ဝ၏, လုပ်မှ ရ၏" ဟူသော ခံယူချက်ဖြင့် ကြိုးစားလေ၏။ ယင်းသို့ ကြိုးစားမှသာ "တစ်နေ့ တစ်လံ ပုဂံ ဘယ်ပြေးမလဲ" ဆိုသကဲ့သို့ လိုရာခရီးသို့ ရောက်ရှိမည် ဖြစ်ပေသည်တကား။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
ဟေတုပစ္စယော
အာရမ္မဏပစ္စယော
အဓိပတိပစ္စယော
အနန္တရပစ္စယော
သမနန္တရပစ္စယော
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-16025607048440062132023-06-26T14:02:00.002+06:302023-06-27T14:47:10.393+06:30သမနန္တရပစ္စယော
"သမနန္တရ" ဟူသည် လွန်ကဲစွာ အခြားမဲ့ ဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို အမှန်တကယ် ခြားကွယ်ခြင်း မရှိဘဲ ကျေးဇူးပြုသည်ဟု ဆိုလိုသည်။
အမှန်တကယ် ခြားကွယ်ခြင်း မရှိဘဲ ကျေးဇူးပြုဆိုသည်မှာ ရှေ့စိတ်နှင့် နောက်စိတ်ဟု စိတ်နှစ်မျိုး ရှိသော်လည်း ရှေ့စိတ်၏ ပျက်ခြင်းနှင့် နောက်စိတ်၏ ဖြစ်ခြင်းတို့ အကြား ခြားကွယ်ခြင်း မရှိရကား စိတ်တစ်မျိုးတည်းကဲ့သို့ ဖြစ်နေ၏ဟု ဆိုလိုသည်။
ရုပ်တရားသည် တစ်ခုနှင့် တစ်ခု ပေါင်းစပ်ထားသော်လည်း ရုပ်တစ်ခုနှင့် တစ်ခု အပိုင်းအခြား ရှိ၏။ ယင်းအပိုင်းအခြားကိုပင် "အာကာသဓာတ်" ဟု ခေါ်သည်။ နာမ်တရားတို့သည်ကား ရုပ်တရားကဲ့သို့ ခွဲခြားလို့ မရပေ။ ရှေ့စိတ်နှင့် နောက်စိတ်တို့သည် တစ်ခုတည်းကဲ့သို့ ထင်ရလောက်အောင် ဆက်သွယ်ပြီး ဖြစ်နေကြလေသည်။
စိတ်အစဉ်တန်းကြီးသည် သူ့အစီအစဉ်နှင့်သူ ဖြစ်နေ၏။ ရှေ့စိတ် ပျက်လျှင် နောက်စိတ်သည် ချက်ချင်း ဖြစ်လာ၏။ နောက်စိတ်ကလည်း ဖြစ်ပြီးနောက် ပျက်ပြန်ရကား နောက်ထပ် စိတ်အသစ် ဖြစ်လာပြန်၏။
ဤသို့လျှင် ရှေ့စိတ်ပျက်လိုက် နောက်စိတ်ဖြစ်လိုက်နှင့် စိတ်အစဉ်အတန်းကြီးသည် ပုံမှန် လည်ပတ်နေတော့သည်။
ထို့ကြောင့် ရှေ့စိတ် (နာမ်တရား) သည် အကြောင်းတရား။ နောက်စိတ် (နာမ်တရား) သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "သမနန္တရပစ္စည်း" ဟု ခေါ်ပါသည်။
အနန္တရနှင့် သမနန္တရ
သမနန္တရပစ္စည်းနှင့် အနန္တရပစ္စည်းသည် စကားလုံးပဲ ကွဲပါသည်။ သဘောအဓိပ္ပါယ်ချင်း အတူတူပင် ဖြစ်၏။
ထိုသို့ဖြစ်လျှင် ဘာကြောင့် ဟောရသနည်း၊ "ဝေနေယျဇ္စျာသယ" ကြောင့်တည်း။ ချဲ့ဦးအံ့။ " ဝေနေယျဇ္စျာသယ" ဆိုသည်မှာ သတ္တဝါတို့၏ အလိုဆန္ဒဟု အဓိပ္ပါယ် ရ၏။ တချို့က "အနန္တရပစ္စယော" ဟု ဟောမှ နားလည်၏။ တချို့က "သမနန္တရပစ္စယော" ဟု ဟောမှ နားလည်၏။ သူ့အကြိုက်နှင့် သူပင် ဖြစ်သည်။
အနှစ်ချုပ်ကား အနန္တပစ္စည်းနှင့် သမနန္တရပစ္စည်းသည် သဘောအဓိပ္ပါယ်က ထူးခြားသောကြောင့် ဟောကြားခဲ့ခြင်း မဟုတ်၊ "ဝေနေယျဇ္စျာသယ" ကြောင့် ဟောရခြင်း ဖြစ်သည်ဟု ဆိုလိုပေသည်။
ပါဠိနှင့် ဘာသာပြန်
ယေသံ ယေသံ ဓမ္မာနံ သမနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ, တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
ယေသံ ယေသံ ဓမ္မာနံ၊ အကြင်အကြင် ရှေးရှေး၌ ဖြစ်ကုန်သော တရားတို့၏။ သမနန္တရာ- လွန်ကဲစွာ အခြားမဲ့၌ ဖြစ်ကုန်သော။ ယေယေ ဓမ္မာ၊ အကြင် အကြင် နောက်နောက်၌ ဖြစ်ကုန်သော၊ စိတ္တစေတသိကာ ဓမ္မာ ၊ စိတ်စေတသိက် တရားတို့သည်။ ဥပ္ပဇ္ဇန္တိ- ဖြစ်ကြလေကုန်၏။
တေတေ ဓမ္မာ - ထိုထိုရှေးရှး၌ ဖြစ်ကုန်သော တရားတို့သည်။ တေသံ တေသံ ဓမ္မာနံ၊ ထိုထို နောက်နာက်၌ ဖြစ်ကုန်သော တရားတို့အား။ သမနန္တရပစ္စယေန- သမနန္တရ ပစ္စယသတ္တိဖြင့်၊ ပစ္စယော- ကျေဇူးပြုသည်၊ ဟောတိ- ဖြစ်ပါပေ၏။
နိယာမ ၅- ပါး
တစုံတယောက်သော တန်ခိုးရှင်ပုဂ္ဂိုလ်က ဖန်ဆင်းထားသည် မဟုတ်ဘဲ မိမိတို့ သဘာဝအတိုင်း ဖြစ်နေသည့်အရာကို "နိယာမ" ဟု ခေါ်၏။ မည်သူကမှ ဖန်ဆင်းထားသည် မဟုတ်သကဲ့သို့ မည်သူကမှလည်း ပြုပြင်လို့ မရပေ။ သူ့သဘာဝအတိုင်း ဖြစ်နေသည့် အရာပင် ဖြစ်သည်။ ထိုနိယာမသည် ၅- ပါး ရှိ၏။
၁။ ကမ္မနိယာမ
ကုသိုလ်ကံသည် ကောင်းကျိုးကို ပေး၏။ အကုသိုလ်ကံသည် မကောင်းကျိုးကို ပေး၏။ ဤကဲ့သို့ အကျိုးပေးခြင်းသည် တစုံတယောက်က ဖန်ဆင်းထားသည် မဟုတ်၊ သဘာဝအတိုင်း ဖြစ်နေခြင်းပင်တည်း။ ယင်းသဘောတရားကိုပင် "ကမ္မနိယာမ" ဟု ခေါ်၏။
ယနေ့ပစ္စုပ္ပန်အချိန်၌ ကောင်းမှုလုပ်လျှင် နောင်အနာဂတ်မှာ ပုံရိပ်လှမည် ဖြစ်၏။ ယနေ့ ပစ္စုပ္ပန်အချိန်၌ မကောင်းမှု လုပ်လျှင် နောင်အနာဂတ်မှာ ပုံရိပ် လှမည် မဟုတ်ပါ။ ထို့ကြောင့် ယနေ့ပစ္စုပ္ပန်အချိန်မှာ ကောင်းမှု များများလုပ်ဖို့ လိုအပ်လှပေသည်။
ကံဆိုသည်မှာ စေတနာပင် ဖြစ်သည်။ စေတနာ ထက်သန်လျှင် ထက်သန်သလောက် အကျိုးပေးလည်း အားကောင်းသွားလေတော့၏။ ထို့ကြောင့် ရှေးလူကြီးများက " စေတနာ ထက်သန်လျှင် ညောင်စေ့လေးလောက် လှူသော်လည်း ညောင်ပင်ကြီးလောက် အကျိုးရ၏" ဟု ပြောခဲ့ကြခြင်း ဖြစ်သည်။
သိကြားမင်းသည် လွန်ခဲ့သော ဘဝတစ်ခုက ရပ်ရွာသာယာရေးအတွက် လမ်းပြင်တံတားခင်း ရေတွင်းရေကန်တူးစသော ကောင်းမှုများ လုပ်ခဲ့၏။ သူ နေထိုင်သည့် မစလရွာလေးသည် နေချင်စဖွယ်ရွာလေး ဖြစ်သွားလေသည်။ ထိုကုသိုလ်ကံကြောင့် ကြီးကျယ်ခန်းနားသော သိကြားမင်းစည်းစိမ်ကို ရရှိသွားလေသည်။ ဤသို့ကောင်းကျိုးပေးခြင်းသည်ကား ကုသိုလ်ကံ၏ နိယာမပင် ဖြစ်သည်။
ကဿပဘုရားလက်ထက်က အမျိုးသမီးတစ်ယောက် ရှိခဲ့၏။ ပစ္စည်းဥစ္စာ ကြွယ်ဝသော်လည်း ကိုယ်ချင်းစာတရား မရှိ။ ထို့ကြောင့် ကျွန်မလေးကို အမျိုးမျိုး နှိပ်စက်၏။ ကျွန်မလေးသည် နာကျည်းသွားပြီး " ဒီဘဝ နှိပ်စက်ခံရသမျှ ုပြန်ပြီး ဂလဲ့စား ချေမည်" ဟု စိတ်ထဲ မှတ်ထားလိုက်လေသည်။
ဘုရားဂေါတမလက်ထက် ရောက်သောအခါ ကျွန်မလေးက သခင်မ ဖြစ်လာပြီး သခင်မက ကျွန်မ ဖြစ်လာလေသည်။ အတိတ်က ရန်ငြိုးကြောင့် သခင်မသည် ကျွန်မလေးကို အမျိုးမျိုး နှိပ်စက်လေတော့သည်။
ဝဋ်ဆိုသည်မှာ လည်တတ်သည့် သဘာဝ ရှိ၏။ ထို့ကြောင့် သူတပါးကို ဘယ်တော့မှ ဒုက္ခမပေးရ။ သူများကို ဒုက္ခ ပေးလျှင် ထိုဒုက္ခကို အတိုးနှင့်တကွ ပြန်ရလေသည်။ ဤသို့ မကောင်းကျိုးပေးခြင်းသည်ကား အကုသိုလ်ကံ၏ နိယာမပင် ဖြစ်သည်။
မြတ်စွာဘုရားက ထိုအကြောင်းကို သိတော်မူသည့်အတွက် " ပြုသူအသစ် ဖြစ်သူ အဟောင်း" ဆိုပြီး အတိတ်က ဖြစ်ရပ်ကို ဟောကြားလိုက်လေသည်။ ထိုတရားကြောင့် သခင်မသည် စိတ်မကောင်း ဖြစ်ပြီး ကျွန်မလေးကို မနှိပ်စက်တော့ပေ။ ညီမလေးတစ်ယောက်ကဲ့သို့ စောင့်ရှောက်ပြီး အတူလက်တွဲ၍ နေထိုင်သွားလေတော့သည်။
ထို့ကြောင့် ကောင်းကျိုးချမ်းသာကို ရချင်သည့် ပုဂ္ဂိုလ်မှန်သမျှသည် အကုသိုလ်ကို ရှောင်ကြဉ်ပြီး ကုသိုလ်ကောင်းမှုများကို စွမ်းအားရှိသမျှ အားထုတ်ရမည် ဖြစ်ပေသည်။
၂။ ဥတုနိယာမ
ဥတုရာသီ အခါအားလျော်စွာ သစ်ပင်ကြီးငယ်တို့သည် အပွင့် ပွင့်ကြ, အသီး သီးကြ၏။ ဤကဲ့သို့ ရာသီအလိုက် အပွင့် ပွင့်ခြင်း, အသီးသီးခြင်းသည် တစုံတယောက်က ဖန်ဆင်းထားသည် မဟုတ်၊ သဘာဝအတိုင်း ဖြစ်နေခြင်းပင်တည်း။ ယင်းသဘောတရားကိုပင် " ဥတုနိယာမ" ဟု ခေါ်သည်။
၃။ ဗီဇနိယာမ
အခါးမျိုးစေ့သည် အခါးသီးကို သီး၏။ အချိုမျိုးစေ့သည် အချိုသီးကို သီး၏။ သရက်စေ့မှ သရက်သီး ဖြစ်လာ၏။ ကြက်ဟင်းခါးစေ့မှ ကြက်ဟင်းခါးသီး ဖြစ်လာ၏။ ယင်းသို့ ဖြစ်လာခြင်းသည် မည်သည့်တန်ခိုးရှင်ကမှ ဖန်ဆင်းထားသည် မဟုတ်၊ သဘာဝအတိုင်း ဖြစ်နေခြင်းပင်တည်း။ ယင်းသဘောတရားကိုပင် " ဗီဇနိယာမ" ဟု ခေါ်သည်။
၄။ ဓမ္မနိယာမ
အလောင်းတော်တို့၏ ပဋိသန္ဓေယူရာအခါ, ဖွားမြင်ရာအခါ, ပရိနိဗ္ဗာန်စံရာအခါတို့၌ မြေငလျင်လှုပ်ခြင်း စသော ထူးခြားသည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာ၏။ ယင်းသို့ ဖြစ်ပေါ်လာခြင်းသည် တစုံတယောက်က ဖန်ဆင်းထားသည် မဟုတ်၊ သဘာဝအတိုင်း ဖြစ်နေခြင်းပင်တည်း။ ယင်းသဘောတရားကိုပင် "ဓမ္မနိယာမ" ဟု ခေါ်သည်။
၅။ စိတ်တနိယာမ
စိတ်သည် တစ်ခုပျက်လိုက်, တစ်ခု ဖြစ်လိုက်နှင့် သူ့အစီအစဉ်နှင့်သူ ပုံမှန် ဖြစ်နေ၏။ ယင်းသို့ ဖြစ်နေခြင်းသည် တစုံတယောက်က ဖန်ဆင်းထားသည် မဟုတ်၊ သဘာဝအတိုင်း ဖြစ်နေခြင်းပင်တည်း။ ယင်းသဘောတရားကိုပင် " စိတ္တနိယာမ" ဟု ခေါ်သည်။
နေ့စဉ် ပုံမှန်လွှင့်နေသော တီဗီမှ အစီအစဉ်များသည် သူ့အစီအစဉ်နှင့်သူ တစ်ခုပြီးတစ်ခု လာနေသကဲ့သို့ စိတ်အစဉ်အတန်းကြီးသည်လည်း သူ့အစီအစဉ်နှင့်သူ ပုံမှန် ဖြစ်နေပေတော့သည်။
နောက်ဆုံး ဘဝကူးပြောင်းစဉ်မှာတောင် စိတ်အစဉ်က ရပ်တန့် သွားခြင်း မရှိပေ။ သူ့အစီအစဉ်နှင့်သူ အဆက်မပြတ် ဖြစ်နေပါသည်။
စိတ်ဖြစ်စဉ်
မျက်စိနှင့် အဆင်းပေါင်းစုံသောအခါ ...
"စိတ်မှာဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ" ဆိုသည့်အတိုင်း သူ့အစီအစဉ်နှင့်သူ ဖြစ်လာကြ၏။
၁။ ရှေးဦးစွာ ဆင်ခြင်သည့် စိတ် ဖြစ်၏။ (ပဉ္စဒွါရာ၀ဇ္ဇန်းစိတ်)
၂။ ထို့နောက် မြင်သိစိတ် ဖြစ်ပေါ်လာ၏။ (စက္ခုဝိညာဏ်)
၃။ မြင်သိစိတ်ပြီးလျှင် လက်ခံသည့် စိတ် ဖြစ်လာ၏။ (သမ္ပဋိစ္ဆိုန်းစိတ်)
၄။ လက်ခံသည့် စိတ်ပြီးလျှင် စုံစမ်းသည့် စိတ် ဖြစ်လာ၏။ (သန္တီရဏစိတ်)
၅။ စုံစမ်းသည့် စိတ်ပြီးလျှင် ဆုံးဖြတ်သည့် စိတ် ဖြစ်လာ၏။ (ဝုဋ္ဌောစိတ်)
၆။ ဆုံးဖြတ်သည့် စိတ်ပြီးလျှင် ခံစားသည့် စိတ် ဖြစ်လာ၏။ (ဇောစိတ်)
၇။ နောက်ဆုံးမှာကား အဆုံးသတ်စိတ် ဖြစ်လာ၏။ (တဒါရုံ)
ထိုအဆုံးသတ်စိတ်လည်း ဖြစ်ပြီးသည့်အခါ စိတ်ဖြစ်စဉ်တစ်ခု ပြီးဆုံးသွားလေတော့သည်။
ထိုစိတ်ဖြစ်စဉ်သည် ဘယ်တန်ခိုးရှင်ကမှ ဖန်ဆင်းထားသည် မဟုတ်။ သူ့ သဘာဝအတိုင်း ပုံမှန် ဖြစ်နေခြင်း ဖြစ်နေ၏။ ထို့ကြောင့် " စိတ္တနိယာမ" ဟု ခေါ်လေသည်။
ဤသို့လျှင် ရှေ့စိတ်ပျက်လိုက် နောက်စိတ်ဖြစ်လိုက်နှင့် စိတ်အစဉ်အတန်းကြီးသည် တစ်ခုပြီး တစ်ခု သူ့အစီအစဉ်နှင့်သူ တရစပ် ဖြစ်နေ၏။ ထိုအစီအစဉ်မှ တမျိုးတဖုံ ပြောင်းလဲပြီး တခြားစိတ် ဖြစ်ရိုးထုံးစံ မရှိပေ။ ဤကဲ့သို့ ခြားကွယ်ခြင်း မရှိဘဲ ကျေးဇူးပြုနေသည့် ပစ္စည်းကို " သမနန္တရပစ္စည်း" ဟု ခေါ်ပေသည်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
ဟေတုပစ္စယော
အာရမ္မဏပစ္စယော
အဓိပတိပစ္စယော
အနန္တရပစ္စယော
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-7788102175680128562023-06-26T13:51:00.003+06:302023-06-27T14:45:27.082+06:30 အနန္တရပစ္စယော
"အနန္တရ" ဟူသည် အကြားမရှိဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို ခြားကွယ်ခြင်း မရှိဘဲ ကျေးဇူးပြုသည်ဟု ဆိုလိုသည်။
စိတ်အစဉ်အတန်းကြီးသည် တစ်ခုပြီး တစ်ခု သူ့အစီအစဉ်နှင့်သူ တရစပ် ဖြစ်နေ၏။ ထိုအစီအစဉ်မှ တမျိုးတဖုံ ပြောင်းလဲပြီး တခြားစိတ် ဖြစ်ရိုးထုံးစံ မရှိပေ။
စိတ်အစဉ်အတန်းကြီးထဲမှ တစ်ခုတစ်ခုသော စိတ်သည် ဖြစ်လိုက် ပျက်လိုက်နှင့် ပြောင်းလဲနေ၏။ ရှေ့စိတ် ပျက်လျှင် နောက်စိတ်သည် ချက်ချင်း ဖြစ်လာ၏။ နောက်စိတ်ကလည်း ဖြစ်ပြီးနောက် ပျက်ပြန်ရကား နောက်ထပ် စိတ်အသစ် ဖြစ်လာပြန်၏။
ဤသို့လျှင် ရှေ့စိတ်ပျက်လိုက် နောက်စိတ်ဖြစ်လိုက်နှင့် စိတ်အစဉ်အတန်းကြီးသည် ပုံမှန် လည်ပတ်နေတော့သည်။
ထို့ကြောင့် ရှေ့စိတ် (နာမ်တရား) သည် အကြောင်းတရား။ နောက်စိတ် (နာမ်တရား) သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "အနန္တရပစ္စည်း" ဟု ခေါ်ပါသည်။
ပါဠိနှင့် ဘာသာပြန်
စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
စက္ခုဝိညာဏဓာတု- မြင်သိစိတ် စက္ခုဝိညာဏဓာတ်သည်လည်းကောင်း၊ တံသမ္ပယုတ္တကာ- ထိုစက္ခုဝိညာဏဓာတ်နှင့် ယှဉ်ကုန်သော။ ဓမ္မာ စ- ဖဿ ဝေဒနာစသော စေတသိက်တရားတို့သည်လည်းကောင်း၊ မနောဓာတုယာ- မနောဓာတ်အားလည်းကောင်း၊ တံသမ္ပယုတ္တကာနံ- ထိုမနောဓာတ်နှင့် ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ- စေတသိက်တရားတို့အားလည်းကောင်း၊ အနန္တရပစ္စယေန- အနန္တရပစ္စယသတ္တိဖြင့်၊ ပစ္စယော- ကျေးဇူးပြုသည်၊ ဟောတိ- ဖြစ်ပါပေ၏။
သုမေဓာရသေ့မှ ဘုရားဖြစ်သည်ထိ
သတ္တဝါတို့သည် နိဗ္ဗာန် မရောက်မချင်း ဘ၀အမျိုးမျိုး၌ ကျင်လည်နေကြ၏။ ယင်းသို့ ကျင်လည်နေခြင်းကိုပင် "သံသရာ" ဟု ခေါ်သည်။ သံသရာလည်နေသမျှ ကာလပတ်လုံး စိတ်အစဉ်တန်းကြီးသည် ပုံမှန် ဖြစ်နေ၏။ နိဗ္ဗာန်ရောက်မှသာ စိတ်အစဉ်တန်းကြီးသည် အပြီးတိုင် ချုပ်ငြိမ်းသွားလေသည်။
မြတ်စွာဘုရားသည် သုမေဓာရှင်ရသေ့ဘဝက ဘုရားဆုပန်ခဲ့၏။ ဒီပင်္ကရာမြတ်စွာဘုရားက "ဘုရားဖြစ်လိမ့်မည်" ဟု ဗျာဒိတ်ပေးခဲ့၏။ ထို့ကြောင့် သုမေဓာရသေ့သည် ဗျာဒိတ်ရတော်မူပြီးသော ဘုရားအလောင်းတော်၏ ပထမဆုံး ဘဝ ဖြစ်သည်။
ဘုရားရှင်၏ ဘဝဖြစ်တော်စဉ်ကို ကြည့်လျှင် အပိုင်း ၂- ပိုင်း ရှိ၏။ အလောင်းတော် မဖြစ်ခင်က တစ်ပိုင်း၊ အလောင်းတော် ဖြစ်ပြီးမှ တစ်ပိုင်းတည်း။
ထို၂- ပိုင်းထဲမှ အလောင်းတော်ဖြစ်ပြီးသည့် အပိုင်းကို ကြည့်လျှင် သုမေဓာရသေ့ဘဝမှ ဘုရားဖြစ်သည့် အချိန်ထိ စိတ်အစဉ်တန်းကြီးသည် တောက်လျှောက် ဖြစ်နေ၏။
ဘုရားဖြစ်ပြီးနောက် သက်တော် ၈၀- အရွယ်တွင် ကုဿိန္နာရုံမြို့အနီး အင်ကြင်းတော၌ ပရိနိဗ္ဗာန်စံပြီး နိဗ္ဗာန် ဝင်စံခဲ့၏။ နိဗ္ဗာန်ရောက်တော့မှသာ စိတ်အစဉ်အတန်းကြီးသည် အပြီးတိုင် ချုပ်ငြိမ်းသွားလေတော့သည်။
ထို့ကြောင့် မည်သူမဆို နိဗ္ဗာန် မရောက်မချင်း စိတ်အစဉ်တန်းကြီးသည် သူ့အစီအစဉ်နှင့်သူ ရှေ့စိတ် ပျက်သွားလိုက်၊ နောက်စိတ် ဖြစ်လာလိုက်နှင့် ဖြစ်နေဦးမည်သာ ဖြစ်သည်။
စိတ်ဖြစ်စဉ်
မျက်စိနှင့် အဆင်းပေါင်းစုံသောအခါ ...
၁။ ရှေးဦးစွာ ဆင်ခြင်သည့် စိတ် ဖြစ်၏။ (ပဉ္စဒွါရာ၀ဇ္ဇန်းစိတ်)
၂။ ထို့နောက် မြင်သိစိတ် ဖြစ်ပေါ်လာ၏။ (စက္ခုဝိညာဏ်)
၃။ မြင်သိစိတ်ပြီးလျှင် လက်ခံသည့် စိတ် ဖြစ်လာ၏။ (သမ္ပဋိစ္ဆိုန်းစိတ်)
၄။ လက်ခံသည့် စိတ်ပြီးလျှင် စုံစမ်းသည့် စိတ် ဖြစ်လာ၏။ (သန္တီရဏစိတ်)
၅။ စုံစမ်းသည့် စိတ်ပြီးလျှင် ဆုံးဖြတ်သည့် စိတ် ဖြစ်လာ၏။ (ဝုဋ္ဌောစိတ်)
၆။ ဆုံးဖြတ်သည့် စိတ်ပြီးလျှင် ခံစားသည့် စိတ် ဖြစ်လာ၏။ (ဇောစိတ်)
၇။ နောက်ဆုံးမှာကား အဆုံးသတ်စိတ် ဖြစ်လာ၏။ (တဒါရုံ)
ထိုအဆုံးသတ်စိတ်လည်း ဖြစ်ပြီးသည့်အခါ စိတ်ဖြစ်စဉ်တစ်ခု ပြီးဆုံးသွားလေတော့သည်။ ယင်းစိတ်ဖြစ်စဉ်ကိုပင် " ဝီထိစိတ်" ဟု ခေါ်လေသည်။
စိတ်ဖြစ်စဉ် ဥပမာ
လူတစ်ယောက် သရက်ပင်အောက်မှာ အိပ်နေ၏။
သရက်သီးတစ်လုံး ကြွေကျ၏။
အိပ်ရာက နိုးလာ၏။
နိုးလာသောအခါ "ဘာသံပါလိမ့်" ဟု တွေးမိ၏။
လှမ်းကြည့်၏။
သရက်သီးကို မြင်သွား၏။
ထပြီး ယူလိုက်၏။
"မှည့်ရဲ့လား" ဟု လက်နဲ့ နှိပ်ကြည့်၏။
"မှည့်ပြီ" ဟု ဆုံးဖြတ်ချက် ချလိုက်၏။
အားရပါးရ စား၏။
စားပြီးသည့်နောက် နှုတ်ခမ်းလေး သတ်လိုက်လေတော့သည်။
ထို့နောက် ပြန်အိပ်လေ၏။ ဤကား စိတ်ဖြစ်စဉ် ဥပမာတည်း။
နှိုင်းယှဉ်ပုံ
အိပ်နေခြင်းသည် ဘ၀င်စိတ်နှင့် တူ၏။
နိုးလာခြင်းသည် ဘဝင်္ဂုပစ္ဆေဒစိတ် (
ဘ၀င်စိတ်ပြတ်သွားခြင်း) နှင့် တူ၏။
၁။ ဘာသံပါလိမ့်ဟု ဆင်ခြင်ခြင်းသည် ပဉ္စဒွါရာ၀ဇ္ဇန်းစိတ်နှင့် တူ၏။
၂။ သရက်သီး မြင်သွားခြင်းသည် စက္ခုဝိညာဏ်စိတ်နှင့် တူ၏။
၃။ သရက်သီးကို လှမ်းယူခြင်းသည် သမ္ပဋိစ္ဆိုန်းစိတ်နှင့် တူ၏။
၄။ သရက်သီးကို နှိပ်ကြည့်ခြင်းသည် သန္တီရဏစိတ်နှင့် တူ၏။
၅။ မှည့်ပြီလို့ ဆုံးဖြတ်ခြင်းသည် ဝုဋ္ဌောစိတ် နှင့် တူ၏။
၆။ သရက်သီးစားနေခြင်းသည် ဇောစိတ်နှင့် တူ၏။
၇။ သရက်သီးစားပြီး နှုတ်ခမ်းလေးသတ်၍ အဆုံးသတ်လိုက်ခြင်းသည် တဒါရုံစိတ်နှင့် တူ၏။
ပြန်အိပ်ခြင်းသည် ဘ၀င်စိတ်နှင့် တူ၏။
ဤကားစိတ်ဖြစ်စဉ်ကို ထင်သာမြင်သာ ရှိအောင် ဥပမာပြခြင်း ဖြစ်သည်။
ပါဠိနှင့် ဘာသာပြန်
ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ, တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ယေသံ ယေသံ ဓမ္မာနံ၊ အကြင်အကြင် ရှေးရှေး၌ ဖြစ်ကုန်သော တရားတို့၏။ အနန္တရာ- အခြားမဲ့၌ ဖြစ်ကုန်သော။ ယေယေ ဓမ္မာ၊ အကြင် အကြင် နောက်နောက်၌ ဖြစ်ကုန်သော၊ စိတ္တစေတသိကာ ဓမ္မာ ၊ စိတ်စေတသိက် တရားတို့သည်။ ဥပ္ပဇ္ဇ န္တိ- ဖြစ်ကြလေကုန်၏။
တေတေ ဓမ္မာ - ထိုထိုရှေးရှေး၌ ဖြစ်ကုန်သော တရားတို့သည်။ တေသံ တေသံ ဓမ္မာနံ၊ ထိုထို နောက်နောက်၌ ဖြစ်ကုန်သော တရားတို့အား။ အနန္တရပစ္စယေန- အနန္တရ ပစ္စယသတ္တိဖြင့်၊ ပစ္စယော- ကျေးဇူးပြုသည်၊ ဟောတိ- ဖြစ်ပါပေ၏။
မျက်စိတမှိတ် ကုဋေ ၁ သိန်း
စိတ်သည် အလွန်မြန်၏။ မျက်စိတမှိတ် လက်ဖျောက်တစ်ချက်အတွင်းမှာ စိတ်အကြိမ်ပေါင်း ကုဋေတစ်သိန်းလောက်ထိ ဖြစ်၏။
ရုပ်မြင်သံကြားကြည့်နေတဲ့အချိန်တွင် ရုပ်ကိုမြင်တဲ့အခိုက်မှာ အသံကို မကြားရသေးပါ။ အသံကို ကြားသည့်အခိုက်မှာလည်း ရုပ်ကို မမြင်ရပါ။
သို့သော် အလွန်မြန်လွန်းသည့်အတွက် တခါတည်း မြင် တခါတည်းကြားရသည်ဟု ထင်နေကြခြင်း ဖြစ်သည်။ ဆိုလိုသည်ကား မြင်သိစိတ် ကြားသိစိတ်တို့သည် ပြိုင်တူ ဖြစ်သည် မဟုတ်၊ တစ်ခုပြီးမှ တစ်ခု ဖြစ်ကြသည်ဆိုခြင်းပင်။
ရှေ့ဘဝနှင့် နောက်ဘဝ
ဘ၀တစ်ခုမှာ အစဆုံးဖြစ်သည့် စိတ်ကို "ပဋိသန္ဓေစိတ်" ဟု ခေါ်၏။ ဘ၀၏ နောက်ဆုံးစိတ်ကိုတော့ "စုတိစိတ်" ဟု ခေါ်၏။ ထို့ကြောင့် တစုံတယောက် သေသောအခါ "စုတိကျသွားပြီ" ဟု ပြောဆိုကြခြင်း ဖြစ်သည်။
စိတ်ဖြစ်စဉ်အရ ဘဝကူးသည့်အခါ၌ ကာလခြားခြင်း မရှိ။ သေပြီးသည်နှင့် တပြိုင်နက် ဘ၀သစ်မှာ ချက်ချင်း ဖြစ်သည်ဟု ဆိုလိုသည်။
ကျောင်းဒကာကြီး အနာထပိဏ်သည် အရှင်သာရိပုတ္တရာ၏ တရားကို နာပြီးသည်၏အဆုံး၌ သေဆုံးသွား၏။ သေဆုံးခြင်းသည် "စုတိစိတ်" တည်း။
ကျောင်းဒကာကြီးသည် သေပြီးနောက် နတ်ပြည်၌ နတ်သား ဖြစ်သွား၏။ နတ်သား ဖြစ်ခြင်းသည် "ပဋိသန္ဓေစိတ်" တည်း။
ထို့ကြောင့် "စုတိစိတ်" နှင့် " ပဋိသန္ဓေစိတ်" တို့သည် ဘဝချင်း မတူကြ။ ဘဝ မတူသော်လည်း ကာလ မခြားပေ။ အောက်ထစ်ဆုံး တစ်စက္ကန့်လေးမျှ မခြားပါ။ အခု သေ အခု နတ်ဖြစ်သွားခြင်း ဖြစ်သည်။
ဝိညာဉ် (သို့မဟုတ်) လိပ်ပြာ မရှိ
ဘဝကူးပြောင်းပုံနှင့် ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ရှိ၏။ တချို့လူများက "လူတစ်ယောက် သေပြီဆိုရင် ဘ၀သစ်ကို ချက်ချင်း မသွားသေးဘူး၊ သူ့ရဲ့ ဝိညာဉ်လေး(သို့) လိပ်ပြာလေးဟာ သေပြီးနောက် အိမ်မှာ (၇) ရက် နေသေးတယ်၊ တစ်ပတ်လောက်ကြာမှ ဘဝသစ်ကို ကူးသွားတာ" ဟု ပြောဆိုကြ၏။
ထိုအယူအဆသည် ဗုဒ္ဓဝါဒနှင့် မညီပါ။ လွဲမှားနေသော အယူအဆသာ ဖြစ်သည်။
အမှန်တကယ်ကား ရှေးဘဝက "သေခြင်း- စုတိ" နှင့် နောက်ဘဝက " ဖြစ်ခြင်း- ပဋိသန္ဓေ" ကြားမှာ မည်သည့်ဝိညာဉ်မှ မရှိ၊ မည်သည့် လိပ်ပြာမှ မရှိပါ။
မည်သူပဲ ဖြစ်ဖြစ် သေပြီးပြီးချင်း ဘ၀သစ်မှာ ချက်ချင်း ဖြစ်လေသည်။ အချိန်ကာလ မခြားပဲ သူ့အစီအစဉ်နှင့်သူ ဘဝသစ်မှာ ဖြစ်သွားလေသည်။ ဤကဲ့သို့ ခြားကွယ်ခြင်း မရှိဘဲ ကျေးဇူးပြုနေသည့် ပစ္စည်းကို "အနန္တရပစ္စည်း" ဟု ခေါ်ပေသည်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
ဟေတုပစ္စယော
အာရမ္မဏပစ္စယော
အဓိပတိပစ္စယော
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-9977621615725675482023-06-26T13:42:00.007+06:302023-06-27T14:44:08.591+06:30 အဓိပတိပစ္စယော
"အဓိပတိ" ဟူသည် အကြီးအမှူးဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို အကြီးအမှူးအဖြစ်ဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။
စကြဝတေးမင်းသာ ရှိလျှင် မည်သူမဆို စကြဝတေးမင်း၏ အလိုဆန္ဒအတိုင်းသာ ဆောင်ရွက်ရ၏။ ဘာကြောင့်နည်း။ စကြဝတေးမင်းသည် တကမ္ဘာလုံးကို အုပ်စိုးနိုင်သောကြောင့်တည်း။ ထိုနည်းတူစွာ အဓိပတိတရားနှင့် အဓိပတိအာရုံတို့သည် ဆိုင်ရာဆိုင်ရာ ရုပ်နာမ်တရားတို့ကို အုပ်စိုးနိုင်စွမ်း ရှိပါသည်။
ထို့ကြောင့် အဓိပတိတရားနှင့် အဓိပတိအာရုံသည် အကြောင်းတရား၊ ဆိုင်ရာဆိုင်ရာ ရုပ်နာမ်တို့သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့်ပစ္စည်းကို "အဓိပတိပစ္စည်း" ဟု ခေါ်သည်။
ပါဠိနှင့် ဘာသာပြန်
ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
ဝီရိယာဓိပတိ ဝီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
ဝီမံသာဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
(ပညာကို ဝီမံသဟု ခေါ်၏)
ဆန္ဒာဓိပတိ- ထက်သန်သော ဆန္ဒသည်။ ဆန္ဒသမ္ပယုတ္တကာနံ- ဆန္ဒနှင့် ယှဉ်ဖော်ယှဉ်ဖက်ဖြစ်ကုန်သော။ ဓမ္မာနံ- နာမ်တရားတို့အားလည်းကောင်း။ တံ သမုဋ္ဌာနာနံ- ထိုတရားလျှင် ဖြစ်ကြောင်း ရှိကုန်သော။ ရူပါနဉ္စ၊ စိတ္တဇရုပ်တို့အားလည်းကောင်း။ အဓိပတိပစ္စယေန- အဓိပတိ ပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။
၁။ အဓိပတိ ဆန္ဒ
ဖြစ်ချင်သည့်သဘောကို “ဆန္ဒ” ဟု ခေါ်၏။ ထိုဆန္ဒသည် အင်အားကောင်းလျှင် အဓိပတိ ဆန္ဒ ဖြစ်သွားတော့သည်။ မည်သည့်အလုပ်ပဲ လုပ်လုပ် " ဖြစ်ကို ဖြစ်စေရမယ်၊ ဖြစ်အောင် လုပ်မယ်" ဟူသော ဆန္ဒသည် အဓိပတိဆန္ဒပင် ဖြစ်သည်။
အဓိပတိ ဆန္ဒရှိသူသည် ကိုယ်လျှောက်မည့် လမ်းစဉ်ကို ဦးတည်ထား၏။ ခိုင်မာသော ကျောက်တိုင်သည် လေမုန်တိုင်းကြောင့် မယိမ်းယိုင်သကဲ့သို့ ပြင်းပြသော ဆန္ဒရှိသူသည် ကိုယ်လျှောက်နေသည့် လမ်းစဉ်မှ မသွေဖည်တော့။ ဦးတည်ထားသည့်အတိုင်း မရောက်ရောက်အောင် လျှောက်လှမ်းလေတော့သည်။
ထိုကဲ့သို့ ပြင်းပြသော ဆန္ဒ ရှိမှလည်း အောင်မြင်မှုဆိုသည်မှာ ရရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားက " ဆန္ဒဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ - ဆန္ဒရှိလျှင် မပြီးစီးသော အရာ မရှိ" ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။
သီတဂူဆရာတော်
စစ်ကိုင်းတောင်ရိုးမှ သီလရှင် ဆရာလေးတစ်ပါးသည် အရုဏ်ဆွမ်း ချက်ရန်အတွက် ထင်းလိုသဖြင့် ထင်းပုံကို လက်နှင့် နှိုက်လိုက်၏။ ထင်းပုံကြား၌ ခွေနေသော မြွေဟောက်က လန့်ပြီး ကိုက်လေတော့၏။ ဆရာလေးသည် မြွေကိုက်ခံရသဖြင့် အဆိပ်တက်ကာ မေ့မြောပြီး လဲကျသွား လေတော့၏။ ထိုဖြစ်ရပ်ကြောင့် ချောင်ပိုင်သီလရှင် နာယကဆရာကြီးများ ပျာယာခတ်ပြီး ခြေ မကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြလေသည်။
သို့နှင့် သီလရှင်ချောင်နှင့် မနီးမဝေးကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသည့် ဦးပဉ္စင်းလေးကို အကူအညီ တောင်းပါတော့သည်။ ထိုဦးပဉ္စင်းလေးကလည်း ချက်ချင်း လိုက်လာ၏။
ဦးပဉ္စင်းလေးသည် ထိုသီလရှင်ဆရာလေးကို မြွေကိုက်သည့် ဒဏ်ရာ၏အထက်ပိုင်းကို ခါးပန်းကြိုးနှင့် ချည်လိုက်၏။ ဒဏ်ရာကို ဓားနှင့်ခွဲပြီး သွေးကို ညှစ်ထုတ်လိုက်၏။ သံပရာသီးနှင့်ဆားကို ရော၍ ဒဏ်ရာကို သိပ်ပေးပြီး ဆရာလေးကိုလည်း ယင်းသံပရာသီးနှင့်ဆားကိုပင် ဖျော်၍ တိုက်လေသည်။
ထို့နောက် လူနာကို စောင်နှင့်ထုပ်ကာ မြင်းလှည်းဖြင့် တောင်ရိုးမှ မိုးမလင်းမီ စစ်ကိုင်းပြည်သူ့ဆေးရုံသို့ သွားကြရလေသည်။ မိုးလင်းသောအခါမှသာ ဆရာဝန်နှင့်သူနာပြုများ၏ ဆေးကုသမှုကို ခံယူရလေသည်။
ဆရာ ဆရာမများ၏ ကုသပေးမှုကြောင့် ကံကောင်းထောက်မစွာ ဆရာလေး အသက် ရှင်ခဲ့လေသည်။ အကယ်၍ ဒဏ်ရာသာ ပြင်းထန်လျှင် အသက်ရှင်သန်ဖို့မလွယ်ကူတော့။
ထိုကဲသို့ အခက်ခဲပေါင်းမျိုးစုံတွေ့ရခြင်းမှာ စစ်ကိုင်းတောင်ရိုး၌ ဆေးရုံမရှိခြင်း ကြောင့်ဖြစ်ပေသည်။ ဆေးရုံရှိလျှင် အလွယ်တကူ ကုသနိုင်ပေမည်။ ထို့ကြောင့် ဦးပဉ္စင်းလေးသည် “စစ်ကိုင်းတောင်ရိုးမှာ ဆေးရုံရှိသင့်တယ်”ဟု ဆန္ဒ ဖြစ်မိလေသည်။
ထိုဦးပဉ္စင်းကလေးက အခြားမဟုတ်၊ သီတဂူဆရာတော် လောင်းလျာ ဦးဇင်းလေးပင် ဖြစ်သည်။ ထို့ကြောင့် ဤဖြစ်ရပ်သည်ကား သီတဂူအာယုဒါနဆးရုံ ဖြစ်ပေါ်ဖို့အတွက် သီတဂူဆရာတော်၏ စိတ်ထဲ၌ ဖြစ်ပေါ်လာသည့် "ပထမဆုံး သန္ဓေ" ပင် ဖြစ်ပေတော့သည်။
တစ်ခုသော နွေရာသီတွင် သီတဂူဆရာတော်လောင်းလျာ ဦးပဉ္စင်းလေးသည် အလုပ်ကိစ္စတစ်ခုဖြင့် ရှမ်းပြည်
မြောက်ပိုင်း နမ့်ခမ်းမြို့သို့ ရောက်ခဲ့၏။ ထိုနမ့်ခမ်း၌ အမေရိကန်နိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဆီးလ်ဂရေး၏ ဆေးရုံကြီး ရှိသည်။
ဦးပဉ္စင်းလေးသည် ထိုဆေးရုံကို တွေ့သောအခါ "ငါတို့နိုင်ငံမှာ ဘာသာခြားဆေးရုံတွေ ရှိနေရင် ငါတို့ ဗုဒ္ဓဘာသာ၀င်ပိုင်ဆေးရုံ၊ အထူးသဖြင့် သံဃာ့ဆေးရုံဆိုတာ ရှိသင့်တယ်။ ဘာသာခြားဆေးရုံတွေ ရှိပြီးတော့ ငါတို့ ဗုဒ္ဓဘာသာပိုင် ဆေးရုံမရှိတာဟာ အားနည်းချက်ပဲ" ဟု စဉ်းစားမိလေ၏။
ထို့အပြင် သီတဂူဆရာတော်သည် ရဟန်းငယ်ဘ၀က အူကျရောဂါဖြစ်သဖြင့် ရန်ကုန်မြို့ရှိ ရာမကရစ်ရှနားအသင်းပိုင် ဂန္ဓီဆေးရုံသို့လည်း တက်ရောက်၍ ကုခဲ့၏။ ထိုသို့တက်စဉ် "ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါးအနေဖြင့် ဘာသာခြားများ၏ ဆေးရုံ၌ တက်ရောက်၍ ကုရခြင်းမှာ သဘာ၀ မကျပါလား၊ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်မှာနေ၍ ဘာသာခြားပိုင်ဆေးရုံမှာ တက်ရသည်မှာ တွေးကြည့်လေ ရှက်စရာကောင်းလေပဲ၊ ဒီတော့ ငါစွမ်းနိုင်တဲ့တနေ့ကျရင် ဆေးရုံဆောက်မယ်"ဟု ဆန္ဒ ဖြစ်မိလေသည်။ ထိုဆန္ဒသည် သီတဂူဆေးရုံများ ဖြစ်ပေါ်လာခြင်း၏ "ဒုတိယသန္ဓေ" ပင် ဖြစ်သည်။
မန္တလေးမြို့ မလွန်ဆန်လှူရေစက်ချပွဲကို နှစ်စဉ် တော်သလင်းလတွင် ကျင်းပ၏။ ထိုမလွန်ဆန်လှူ ရေစက်ချပွဲသို့ လာရောက်ကြသော မြန်မာပြည်တဝှမ်းမှ မလွန် ဆန်လှူ အသင်းထောက် အဖွဲ့၀င်များသည် မန္တလေး စစ်ကိုင်းတို့မှာ သင့်သလို တည်းခိုကြ၏။
ဆရာတော်နှင့်ရင်းနှီးသော တချို့အသင်းဝင်လူများသည် သဒ္ဓမ္မသီတဂူချောင်သို့ လာရောက် တည်းခိုကြ၏။ ဧရာဝတီတိုင်း မလွန်ဆန်လှူအသင်းထောက်တစ်ခုမှ ဆွမ်းဆန်အလှူရှင် ဒကာကြီးတစ်ယောက်သည် တညတွင် ဝမ်းလျှောလေ၏။ ဝမ်းအကြိမ်ပေါင်း ၂၇- ကြိမ် သွားလေသည်။
ထို့ကြောင့် သီတဂူဆရာတော်သည် ထိုလူနာကို ရေနွေးပူပူ ပျားရည်ချိုချို နှမ်းဆီမွှေးမွှေး ပတ္တမြားသွေးဆေးတို့ဖြင့် ရော၍တိုက်လေသည်။ သက်သာသွားလေ၏။
သန္နိဋ္ဌာန်ချလေပြီ
သို့သော် လူနာကို စိတ်မချသဖြင့် ညဉ့်နက်သန်းခေါင် အချိန်ကြီး၌ စစ်ကိုင်းဆေးရုံသို့ မြင်းလှည်းဖြင့် ပို့လိုက်လေသည်။ လူနာ အသက်ချမ်းသာရာ ရဖို့အတွက် အပြေးအလွှား စိတ်မောကိုယ်မောဖြင့် ပို့ရလေသည်။
ယင်းသို့ပို့ရခြင်းမှာ တောင်ရိုးမှာ ဆေးရုံမရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သီတဂူဆရာတော်၏ စိတ်ထဲမှာ "စစ်ကိုင်းတောင်ရိုးမှာ ဆေးရုံရှိလျှင် ကောင်းမှာပဲ" ဟု ဆန္ဒဖြစ်မိပြန်သည်။
ထိုပြင်းပြသည့် ဆန္ဒကြောင့် သီတဂူဆရာတော်သည် "ငါတို့နိုင်ငံမှာ ရဟန်းတော်များ ဦးစီးတဲ့ ဆေးရုံ ရှိသင့်တယ်၊ ငါ စွမ်းနိုင်တဲ့ တနေ့ကျရင် ဆေးရုံဆောက်မည်" ဟု သန္နိဋ္ဌာန် ချလိုက်ပါသည်။ ဆရာတော်သည် ဘယ်အရာမဆို ဘာသာသာသနာအတွက် အကျိုးများမည်ဆိုလျှင့် မဖြစ်ဖြစ်အောင် လုပ်လေ့လုပ်ထရှိ၏။ ဆရာတော့်မှာ လုပ်ချင်သည့်ဆန္ဒ ရှိသကဲ့သို့ လုပ်နိုင်သည့် အရည်အချင်းလည်း ရှိ၏။
ထို့ကြောင့် ဆရာတော်သည် အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး သီတဂူအာယုဒါနဆေးရုံကို ၁၃၅၁-ခုနှစ်တွင် တည်ဆောက် ခဲ့ပါသည်။ ယနေ့အချိန်၌ စစ်ကိုင်းတောင်ရိုးမှာသာမက မြန်မာပြည်တဝှမ်းလုံးမှာ သီတဂူဆေးရုံများ ၄၀- ကျော် ရှိသွားပေပြီ။ ဤကား ပြင်းပြသော ဆန္ဒကြောင့် ဖြစ်ပေါ်လာသည့် သာသနာပြုလုပ်ငန်းများပင် ဖြစ်သည်။
ဤဖြစ်စဉ်ကို ကြည့်လျှင် အဓိပတိဆန္ဒကြောင့် ကုသိုလ်စိတ်နှင့် ကိုယ်အမူအရာ နှုတ်အမူအရာ (စိတ္တဇရုပ်) များ ဖြစ်လာကြသည်။ ထို့ကြောင့် ဆန္ဒက အကြောင်း တရား။ ဆန္ဒကြောင့် ဖြစ်ပေါ်လာသော ရုပ်နှင့် နာမ်က အကျိုးတရား ဖြစ်သည်။
၂။ အဓိပတိ ဝီရိယ
ကြိုးစားပန်းစား အားထုတ်ခြင်းကို "ဝီရိယ" ဟု ခေါ်၏။ ယင်းဝီရိယသည် အားကောင်းမောင်းသန် ဖြစ်လျှင် "အဓိပတိဝီရိယ" ဖြစ်သွားတော့သည်။
အဓိပတိ ဝီရိယရှိသူသည် မည်သည့်အလုပ်ပဲ လုပ်လုပ် "ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်" ဆိုသည့် ခံယူချက်နှင့် အလုပ်လုပ်၏။ မိုးရွာရွာ နေပူပူ နောက်ဆုတ်ရိုး ထုံးစံ မရှိ။ မဖြစ် ဖြစ်အောင် လုပ်၏။
ယင်းသို့ ကြိုးစားမှလည်း အောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားက “ဝီရိယဝတော
ကိံနာမ ကမ္မံ န သိဇ္စျတိ- ဝီရိယ ဦးဆောင်လျှင် မပြီးနိုင်တဲ့အရာဆိုတာ မရှိ” ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။
ရှေးတုန်းက အရှင်မိလက္ခဆိုသည့် ရဟန်းတစ်ပါး ရှိခဲ့ဖူး၏။ မုဆိုးဘ၀ကနေ ရဟန်းဖြစ်လာသူတည်း။ ဆရာထံမှာ နည်းခံပြီး ဝိပဿနာတရားကို အပြင်းအထန် အားထုတ်၏။
ထိုကဲ့သို့ အားထုတ်ပါသော်လည်း ဘယ်လိုမှ အဆင်မပြေ။ အတိတ်က လုပ်ခဲ့သည့် ဒုစရိုက်များကြောင့် သမာဓိ မရ ဖြစ်နေ၏။ သမာဓိဟူသည် တည်ငြိမ်သော စိတ်တည်း။ သမာဓိ မရသည့်အတွက် တရားအာရုံပေါ်မှာ စိတ်က မရောက်တော့။
တစ်ရက်၊ ရေခပ်သွားတုန်း ကိုရင်လေးတစ်ပါး၏ စာကျက်သံကို အမှတ်မထင် ကြားလိုက်ရ၏။ အာရုံစိုက်ပြီး နားထောင်လိုက်သောအခါ စိတ်အားတက်လာလေ၏။
ထို့နောက် “ငါသည် တရားထူးတရားမြတ် ရစေရမည်” ဟု အဓိဋ္ဌာန်၍ အားထုတ်လေတော့သည်။
အချိန်ကြာလာသောအခါ ခန္ဓာကိုယ်က ပင်ပန်းလာပြီး ငိုက်လာ၏။ သို့သော် ကြိုးစားပြီး အားထုတ်၏။ မည်သို့ပင် အားထုတ်အားထုတ် ငိုက်မြဲငိုက်လျက်သာတည်း။
ထို့ကြောင့် အရှင်မိလက္ခသည် ကရွတ်ခွေ ရေစိမ်ပြီး ဦးခေါင်းပေါ် တင်လိုက်လေသည်။ ရေများက မျက်နှာပေါ် စီးကြလာရကား အိပ်ချင်စိတ် ပျောက်သွားတော့သည်။ ထို့နောက် ဆက်လက်ပြီး အားထုတ်လေတော့သည်။ ဤကား အဓိပတိ ဝီရိယတည်း။
ထိုကဲ့သို့ ကြိုးစားလိုက်သည့်အတွက် " အနာဂါမ်" ဖြစ်သွားလေသည်။ ထိုမျှလောက်နှင့် ရပ်တန့်မနေသေးဘဲ ဆက်လက်ပြီး ကြိုးစားသောအခါ "ရဟန္တာ" ဖြစ်သွားလေတော့သည်။
ဤဖြစ်စဉ်ကို ကြည့်လျှင် အဓိပတိ ဝီရိယကြောင့် ကုသိုလ်စိတ်နှင့် ကိုယ်အမူအရာ နှုတ်အမူအရာများ ဖြစ်လာကြသည်။ ထို့ကြောင့် ဝီရိယက အကြောင်းတရား။ ဝီရိယကြောင့် ဖြစ်ပေါ်လာသော ရုပ်နှင့် နာမ်က အကျိုးတရား ဖြစ်သည်။
၃။ အဓိပတိ စိတ်
အင်အားကောင်းသည့် စိတ်ကို “အဓိပတိ စိတ်” ဟု ခေါ်၏။ လှေခွက်ချည်းကျန် အလံမလှဲဆိုသည့် စိတ်ဓာတ်မျိုး ဖြစ်သည်။
လောကီအလုပ် လောကုတ္တရာအလုပ်၊ မည်သည့်အလုပ်ပဲ လုပ်လုပ်၊ အောင်စိတ်သည် အရေးကြီး၏။ "သူများတောင် လုပ်နိုင်သေးရင် ငါလည်း လုပ်နိုင်ရမယ်"ဆိုသည့် ခံယူချက်သည် အောင်စိတ်ဖြစ်၏။ ယင်းအောင်စိတ်ကိုပဲ “အဓိပတိ စိတ်” ဟု ခေါ်လေသည်။
တခါက မင်းကွန်းဆရာတော်ကို ရင်းနှီးသည့် ဆရာတော်တစ်ပါးက မေး၏။ "ဆရာတော်ဘုရား ဆရာတော် လုပ်နေတဲ့ သာသနာပြုအလုပ်တွေ ဘာကြောင့် အခုလောက် အောင်မြင်ရသလဲဘုရား" ဟု မေးလေသည်။
ထိုအခါ မင်းကွန်းဆရာတော်က "တပည့်တော်ဟာ ဘာပဲလုပ်လုပ် အဓိပတိစိတ်နဲ့ အလုပ်လုပ်ပါတယ်၊ ဖြစ်သလို မလုပ်တတ်ဘူး၊ စိတ်ကို နှစ်ပြီးတော့ လုပ်တာပါဘုရား၊ ဒါကြောင့် အခုလို အခြေအနေကို ရောက်လာတာပါဘုရား" ဟု အမိန့်ရှိလေသည်။
မှန်၏။ မင်းကွန်းဆရာတော်ကြီးသည် စာမေးပွဲ ဖြေဆိုစဉ်ကလည်း ထိပ်တန်းအဆင့်က အောင်မြင်ခဲ့၏။ သာသနာပြုအလုပ် လုပ်ရာမှာလည်း စွမ်းစွမ်းတမံ အောင်မြင်ခဲ့၏။ ဘာကြောင့်နည်း၊ အဓိပတိစိတ်နှင့် အားထုတ်ခဲ့သောကြောင့်တည်း။
ဤဖြစ်စဉ်ကို ကြည့်လျှင် အဓိပတိစိတ်ကြောင့် သဒ္ဓါ ဝီရိယစသော နာမ်တရားတို့နှင့် ကိုယ်အမူအရာ နှုတ်အမူအရာများ ဖြစ်လာကြသည်။ ထို့ကြောင့် စိတ်က အကြောင်း တရား။ စိတ်ကြောင့် ဖြစ်ပေါ်လာသော ရုပ်နှင့် နာမ်က အကျိုးတရား ဖြစ်သည်။
၄။ အဓိပတိ ပညာ
ထက်ထက်မြက်မြက် သွက်သွက်လက်လက် ဉာဏ်မျိုးကို " အဓိပတိ ပညာ" ဟု ခေါ်၏။ အဓိပတိ ပညာကိုပဲ " ဝီမံသာဓိပတိ" ဟုခေါ်ပါသည်။
မည်သည့်အလုပ်ပဲ လုပ်လုပ် အမျှော်အမြင် ဉာဏ်ပညာသည် အရေးကြီး၏။ လောကကြီးသည် အန္တရာယ် အလွန်များ၏။ ရှောင်တတ်တိမ်းတတ်မှ တော်ကာကျပေသည်။
တခါတရံ အကဲ့ရဲ့ ခံရ၏။ တခါတရံ အဆဲခံရ၏။ တခါတရံ ရန်မူခံရ၏။ တခါတရံ မထင်မှတ်သည့် အန္တရာယ်နှင့် ကြုံရ၏။ လောကဓံဆိုသည်ကား ရှောင်လွှဲ၍ မရစကောင်း။ ထို့ကြောင့် အခက်အခဲကို လူတိုင်း ကြုံတွေ့ရမည် ဖြစ်ပေသည်။ သို့သော် ဉာဏ်ရှိပါက မည်သည့်အခက်အခဲ ဖြစ်ဖြစ် မရ ရသည့်နည်းဖြင့် ကျော်လွှားနိုင်သည်သာတည်း။
ကုဏ္ဍလကေသီ
ဘုရားလက်ထက်က ကုဏ္ဍလကေသီ အမည်ရသည့် အမျိုးသမီးတစ်ယောက် ရှိခဲ့ဖူး၏။ အန္တရာယ်ချောက်ကမ်းပါးသို့ ရောက်ခဲ့သော်လည်း နည်းလမ်း ပရိယာယ် အကွက်လှသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
ကုဏ္ဍလကေသီသည် ငယ်ရွယ်စဉ်အခါက မသိနားမလည်မှုကြောင့် သူခိုးကို အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ခဲ့လေသည်။ ယောကျာ်းဖြစ်သူသည် လင်ရယ် မယားရယ် ဖြစ်လာသော်လည်း ဘာမေတ္တာ ဘာကရုဏာမှ မရှိ။ ကျေးဇူးတရားကို မထောက်ထား။
ထို့ကြောင့် အကြံဆိုးဖြင့် ဇနီးကို နတ်ပူဇော်ချင်သည်ဟု ပြောကာ တောင်ထိပ်ပေါ် ခေါ်သွားလေသည်။ တောင်ထိပ်ပေါ်ရောက်သောအခါ ယောကျာ်းဖြစ်သူက ဇနီးကို လက်ဝတ်ရတနာတွေ အကုန် ချွတ်ခိုင်းတော့၏။
ထိုအချိန်ကျမှ ကုဏ္ဍလကေသီသည် " ငါ့ကို သတ်တော့မှာပဲ" ဆိုပြီး ရိပ်မိသွားလေသည်။ " သူ ငါ့ကို သတ်တော့မှာ၊ ငါတော့ အသတ် မခံနိုင်ဘူး၊ ဒီတော့ သူ့ကို သတ်မှဖြစ်မယ်" ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်လေသည်။
ထို့နောက် " ယောကျာ်းရယ် နောက်ဆုံးအချိန်လေးမှာ နှုတ်ဆက်ခွင့်ပြုပါ" ဟု တောင်းပန်လိုက်၏။ ယောကျာ်းဖြစ်သူကလည်း ခွင့်ပြု၏။ ယင်းခွင့်ပြုချက်ကြောင့် နှုတ်ဆက်ချင်ဟန်ဆောင်ပြီး ယောကျာ်းဖြစ်သူကို ချောက်ကမ်းပါးထဲသို့ တခါတည်း တွန်းချလိုက်လေတော့သည်။ ယောကျာ်းဖြစ်သူလည်း ချောက်ကမ်းပါးထဲကျပြီး ပွဲချင်းပြီး သေဆုံးသွားလေသည်။
ကုဏ္ဍလကေသီသည် ယောကျာ်းဖြစ်သူကို သတ်ချင်လို့ သတ်သည် မဟုတ်ဘူး။ သူ့အသက် ကာကွယ်ဖို့ သတ်ရခြင်း ဖြစ်သည်။ ဤကား နည်းလမ်း ပရိယာယ် ကြွယ်ဝခြင်းပင် ဖြစ်သည်။
မည်သို့ဆိုစေ၊ သူ့အသက် သတ်လျှင်တော့ ပါဏာတိပါတ အကုသိုလ် ဖြစ်သွားတော့၏။ သို့သော် ကုဏ္ဍလကေသီသည် ဆက်ပြီး အကုသိုလ် မလုပ်တော့ပါ။ ထိုအကုသိုလ်ကို ပယ်ဖျောက်ဖို့အတွက် ကောင်းမှုအမျိုးမျိုး လုပ်လေတော့သည်။ အထူးသဖြင့် ဝိပဿနာ အားထုတ်လေတော့သည်။ အကုသိုလ်ကို ကုသိုလ်ဖြင့် အစားထိုးခြင်းသည် အကောင်းဆုံး ဖြေဆေး မဟုတ်ပါလော။
ယင်းဖြေဆေးဖြင့် ဘဝကို တည်ဆောက်နေခြင်းသည် ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးပင် ဖြစ်၏။ ယင်းဉာဏ်ရည်ဉာဏ်သွေးကိုပင် "အဓိပတိပညာ" ဟု ခေါ်လေသည်။ ထိုအဓိပတိပညာဖြင့် ကုဏ္ဍလကေသီသည် ရဟန္တာမကြီး ဖြစ်သွားလေသည်။
ဤဖြစ်စဉ်ကို ကြည့်လျှင် အဓိပတိဆပညာကြောင့် ကုသိုလ်စိတ်နှင့် ကိုယ်အမူအရာ နှုတ်အမူအရာများ ဖြစ်လာကြသည်။ ထို့ကြောင့် ပညာက အကြောင်း တရား။ ပညာကြောင့် ဖြစ်ပေါ်လာသော ရုပ်နှင့် နာမ်က အကျိုးတရား ဖြစ်သည်။
အဓိပတိ အာရုံ
"အဓိပတိ အာရုံ" ဟူသည် စိတ်ကို ဆွဲဆောင်နိုင်သော အာရုံ၊ ညှို့ယူဖမ်းစားနိုင်သောအာရုံပင် ဖြစ်သည်။ ရုပ်လှသည်ဆိုလျှင်လည်း ရွှေရုပ်လေးလို၊ အသံကောင်းသည်ဆိုလျှင်လည်း ဥသြသံလေးလို၊ အရသာရှိသည်ဆိုလျှင်လည်း နတ်သုဒ္ဓါလို၊ ကုသိုလ်ဆိုလျှင်လည်း ဗလဝကုသိုလ် ( အားကောင်းသည့် ကုသိုလ်) လို စိတ်ကို ဆွဲဆောင်နိုင်သော အာရုံမျိုးကို " အဓိပတိ အာရုံ" ဟု ခေါ်ပါသည်။
စိတ်၏သဘာဝသည် ရိုးရိုးအာရုံဆိုလျှင် အာရုံမစိုက်၊ ခပ်ပေါ့ပေါ့ သဘောထား၏။ "အဓိပတိ အာရုံ" ဆိုလျှင်ကား ပိုပြီးတော့ အာရုံစိုက်သွားတော့၏။ ထို့ကြောင့် “ မဖြစ် ဖြစ်အောင် လုပ်မယ်” ဟူသော အခြေအနေသို့ ရောက်သွားလေတော့သည်။
အနှစ်ချုပ်ကား "အဓိပတိတရားကြောင့်သာ စိတ်နှစ်၍ အလုပ် လုပ်သည် မဟုတ်၊ အဓိပတိ အာရုံကြောင့်လည်း စိတ်နှစ်၍ အလုပ် လုပ်သည်သာတည်း" ဟု ဆိုလိုသည်။
ပါဠိနှင့် ဘာသာပြန်
ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ, တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော။
ယံယံ ဓမ္မံ- အကြင်အကြင် အာရုံခြောက်ပါး ပစ္စည်းတရားကို။ ဂရုံကတွာ- အလေးအမြတ်ပြု၍။ ယေယေ ဓမ္မာ- အကြင်အကြင် တရားတို့သည်။ ဥပ္ပဇ္ဇန္တိ- ဖြစ်ကြလေကုန်၏။ စိတ္တစေတသိကာ- စိတ် စေတသိက် ဖြစ်ကုန်သော။ ဓမ္မာ- နာမ်တရားတို့သည်။ ဥပ္ပဇ္ဇန္တိ- ဖြစ်ကြလေကုန်၏။ တေတေ ဓမ္မာ- ထိုထိုအာရုံခြောက်ပါး ပစ္စည်းတရားတို့သည်။ တေသံ တေသံ ဓမ္မာနံ- ထိုထိုနာမ်တရားတို့အား။ အဓိပတိပစ္စယေန- အဓိပတိ ပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။
သီလနှင့် ကုသိုလ်စိတ်
ဘုရားလက်ထက်တော်အခါက သာဝတ္ထိမြို့သားတစ်ယောက်သည် ကျောင်းသွားပြီး တရားနာလေ၏။ တရားနာပြီးသောအခါ " လူဝတ်ကြောင်ဘဝနှင့်ဆိုလျှင် ဒီတရားတွေ ကျင့်ဖို့ မလွယ်၊ ဒီတော့ ရဟန်းဝတ်မှ ဒီတရားတွေ ကျင့်နိုင်မယ်" ဆိုပြီး ရဟန်းဝတ်လိုက်လေသည်။ ဘွဲ့တော်မှာ " အရှင်သပ္ပဒါသ" ဖြစ်သည်။ ရဟန်းဖြစ်ပြီးသောအခါ ရဟန်းဘဝမှာ မပျော်တော့။ ကြာလေ ငြီးငွေ့လေ ဖြစ်လာရကား ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ ကြိုးစားလေတော့သည်။
တနေ့တွင် "ဓားနှင့် ငါ့ လည်ပင်းလှီးမယ်" ဆိုပြီး လည်ပင်းပေါ် သို့ ဓားသွား တင်လိုက်လေသည်။ ထိုအချိန်လေးမှာ စောင့်စည်းခဲ့သော သီလကို ဆင်ခြင်လိုက်၏။ သီလကို ဆင်ခြင်လိုက်သောအခါ အစွန်းအထင်း မရှိသည်ကို တွေ့ရသောကြောင့် ပီတိ ဖြစ်လာ၏။ ထိုပီတိကြောင့် သေချင်စိတ် ပျောက်သွားလေတော့သည်။
အတိတ်ကဝဋ်ကြွေး
အရှင်သပ္ပဒါသသည် ကဿပ ဘုရားလက်ထက်က ရဟန်းတစ်ပါး ဖြစ်ခဲ့ဖူး၏။ သူနှင့်ရင်းနှီးသော ရဟန်းတော် တစ်ပါးကို သင်္ကန်းသပိတ်ရလိုစိတ်ဖြင့် ရဟန်းဘ၀မှာ မနေသင့်ကြောင်း၊ ရဟန်းဘဝဟာ ပျင်းစရာကောင်းကြောင်း၊ လူ့ဘ၀က အလွန်ပျော်စရာ ကောင်းကြောင်း တိုက်တွန်းခဲ့ဖူး၏။ ဤအကုသိုလ်ကံကြောင့် ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခြင်း ဖြစ်သည်။
မှန်၏။ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခြင်းသည် အတိတ်က အကုသိုလ်ကံ ရှိခဲ့ဖူးသူ ဖြစ်ခြင်း၊ မကောင်းသော စိတ်ခံစားမှုများ လွှမ်းမိုးနေခြင်းတို့ ကြောင့် ဖြစ်သည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကို သတ်သေလျှင် တမလွန်ဘဝမှာ "ဘဝကောင်း" ရဖို့ မလွယ်ကူတော့ပေ။
သို့ဖြစ်ရကား ဘယ်လောက် ဆိုးဝါးသည့် လောကဓံနှင့် တွေ့တွေ့ "ငါသေချင်လိုက်တာ" လို့ မတွေးဘဲ ကိုယ်လုပ်ခဲ့သည့် ကောင်းမှုများကို နှလုံးသွင်း ဆင်ခြင်ရမည် ဖြစ်သည်။ ထို့အပြင် စာဖတ်ခြင်း တရားနာခြင်း ပုတီးစိပ်ခြင်း ဝိပဿနာအားထုတ်ခြင်းစသော ကောင်းမှုတို့ကို ပြုလုပ်ရမည် ဖြစ်သည်။
အရှင်သပ္ပဒါသသည် ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားစဉ်မှာ သီလကို ဆင်ခြင်လိုက်၏။ သီလကို ဆင်ခြင်လိုက်သည့်အတွက် ပီတိလာပြီး သေချင်စိတ် ပျောက်သွားလေ၏။ ထို့နောက် ဝိပဿနာ အားထုတ်သောအခါ ရဟန္တာ ဖြစ်သွားလေသည်။
"အရင်းစစ်လျှင် အမြစ်မြေက" ဆိုသကဲ့သို့ သီလကို ဆင်ခြင်လိုက်သောကြောင့် ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သီလကုသိုလ်တည်းဟူသော အဓိပတိအာရုံသည် အကြောင်းတရား၊ အရှင်သပ္ပဒါသ၏ ကုသိုလ်စိတ်သည် အကျိုးတရား ဖြစ်သည်။
အား ၂- မျိုး
"အတွင်းအား" နှင့် " အပြင်အား" ဆိုပြီး အား ၂- မျိုး ရှိ၏။ ထိုအား ၂- မျိုးတွင် အတွင်းအားက ပို အရေးကြီး၏။ ထို့ကြောင့် အတွင်းအား ဖြစ်သော ဆန္ဒ ဝီရိယ စိတ်ဓာတ် ပညာကို "အဓိပတိ" ဖြစ်အောင် ကြိုးစားရမည် ဖြစ်သည်။
အတွင်းအားက အရေးကြီးသော်လည်း "အပြင်အား" ကိုလည်း လျှော့မတွက်သင့်ပါ။ တခါတရံ အပြင်အားကြောင့် ကိုယ့်လုပ်ဆောင်ချက်သည် ပို အားကောင်းသွား၏။ အနှစ်ချုပ်ကား " ကိုယ့်စိတ်ထား အကောင်းဆုံး ဖြစ်ဖို့အတွက် အာရုံကောင်း ( အဓိပတိအာရုံ) ကိုလည်း ရှာရမည်" ဟု ဆိုလိုပေသည်။
ထို့ကြောင့် အတွင်းအား ( အဓိပတိတရား) အပြင်အား ( အဓိပတိအာရုံ) ဟု ဆိုအပ်သော အား ၂-မျိုးဖြင့် ပါရမီကုသိုလ်တို့ကို ဟန်ချက်ညီညီ ကြိုးစားရမည် ဖြစ်၏။ ထိုကဲ့သို့ ဟန်ချက်ညီညီ ကြိုးစားလျှင် ဘဝအထက်တန်းကို တဆင့်ပြီး တဆင့် တက်လှမ်းနိုင်မည် ဖြစ်ပေသည်တကား။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-80656160037437724302023-06-26T13:36:00.008+06:302023-06-27T14:43:22.449+06:30 အာရမ္မဏပစ္စယော
“အာရမ္မဏ” ဆိုသည်မှာ အာရုံဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို အာရုံ အဖြစ်ဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။
လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ အာရုံ ၆- ပါးနှင့် ရှင်သန်နေကြ၏။ အာရုံတို့ကြောင့် စိတ်ဖြစ်လာရကား မည်သည့်စိတ်ဖြစ်ဖြစ် အာရုံနှင့် ကင်းပြီး ဖြစ်သည့် စိတ်ဆိုသည်မှာ မရှိပေ။
မှန်၏။ လောဘဖြစ်ဖို့လည်း အာရုံ ရှိရ၏။ လိုချင်စရာ အာရုံသည် လောဘဖြစ်စရာ အာရုံတည်း။ ဒေါသဖြစ်ဖို့လည်း အာရုံ ရှိရ၏။ စိတ်ဆိုးစရာ အာရုံသည် ဒေါသဖြစ်စရာ အာရုံတည်း။
သဒ္ဓါဖြစ်ဖို့လည်း အာရုံ ရှိရ၏။ ကောင်းမှုပြုစရာ အာရုံသည် သဒ္ဓါဖြစ်စရာ အာရုံတည်း။ မေတ္တာဖြစ်ဖို့လည်း အာရုံ ရှိရ၏။ သတ္တဝါအများသည် မေတ္တာဖြစ်စရာ အာရုံတည်း။
စိတ်ဆိုသည်မှာ အာရုံရှိမှသာလျှင် ဖြစ်ပေါ်လာ၏။ အာရုံ မရှိလျှင် ဖြစ်ပေါ်စရာ အကြောင်း မရှိ။ ထို့ကြောင့် အာရုံ (ရုပ် နာမ် ပညတ်) သည် အကြောင်းတရား၊ စိတ် စေတသိက် ( နာမ်) သည် အကျိုးတရား၊ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို " အာရမ္မဏပစ္စည်း" ဟု ခေါ်သည်။
ပါဠိနှင့် ဘာသာပြန်
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ရူပါယတနံ- အဆင်း အာရုံသည်။ စက္ခုဝိညာဏဓာတုယာ- မြင်သိစိတ်အားလည်းကောင်း၊ တံသမ္ပယုတ္တကာနံ - ထိုမြင်သိ စိတ်နှင့် ယှဉ်ဖော် ယှဉ်ဘက်ဖြစ်ကုန်သော။ ဓမ္မာနဉ္စ- စိတ်စေတသိက်တရားတို့အားလည်းကောင်း၊ အာရမ္မဏပစ္စယေန- အာရမ္မဏ ပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။
အာရုံ ၆- ပါး
အဆင်းမျိုးစုံ- ရူပါရုံ၊
အသံမျိုးစုံ- သဒ္ဒါရုံ၊
အနံ့မျိုးစုံ- ဂန္ဓာရုံ၊
အရသာမျိုးစုံ- ရသာရုံ၊
အတွေ့ထိမျိုးစုံ- ဖောဋ္ဌဗ္ဗာရုံ၊
တွေးစရာမျိုးစုံ - ဓမ္မာရုံ။
အာရုံ ၆- ပါးထဲတွင် "ဖောဋ္ဌဗ္ဗာရုံ"ဆိုသည်မှာ တွေ့ထိစရာ အာရုံ ဖြစ်၏။ တစ်ခုခုနှင့် ထိသည့်အခါ မာခြင်း ပျော့ခြင်း အေးခြင်း ပူခြင်း တွန်းကန်ခြင်း လှုပ်ရှားခြင်းဟူသော သဘောတို့သည် “ဖောဋ္ဌဗ္ဗာရုံ” တည်း။ ရှင်းအောင် ပြောရလျှင်ကား ပထဝီ တေဇော ဝါယောတည်းဟူသော ဓာတ်ကြီးသုံးပါးတို့သည် ဖောဋ္ဌဗ္ဗာရုံ ဖြစ်သည်။
ဓမ္မာရုံ
ဓမ္မာရုံဆိုသည်မှာ ဓမ္မ + အာရမ္မဏ ဟူသော ပါဠိမှ ဆင်းသက်လာသည်။ "ဓမ္မ" ဆိုသည့် စကားလုံးသည် အဓိပ္ပါယ် ကျယ်ဝန်း၏။ "စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပညတ်" တရားများ အားလုံး ပါ၏။ "ပညတ်" ဆိုသည် လူအများ သတ်မှတ်ထားသည့် ယောကျာ်း မိန်းမ စသည့် အခေါ်အဝေါ် နာမည်များ ဖြစ်သည်။
ထို့ကြောင့် ကိုယ့်စိတ်ထဲ ပေါ်လာသည့် အာရုံမှန်သမျှသည် "ဓမ္မာရုံ" ပင် ဖြစ်သည်။ ရှေ့အာရုံ ၅- ပါးမှ တပါး ကျန် သဘောတရား မှန်သမျှ အကျုံးဝင်သည်ဟု မှတ်ပါ။
ဓမ္မဆိုသည့် စကားလုံးကို တချို့နေရာတို့၌ "သစ္စာ"၊ တချို့နေရာတို့၌ "ကုသိုလ်"၊ တချို့ နေရာတို့၌ "သဘာ၀တရား" ၊ တချို့နေရာတို့၌ " အကျင့်" ဟု အဓိပ္ပါယ် အမျိုးမျိုး ဘာသာပြန်ကြ၏။
ထို့ကြောင့် ပါဠိပုဒ်တစ်ခုကို အဓိပ္ပါယ်ယူဆသည့်အခါ ပုံသေတွက်လို့ မရ။ သူ့နေရာနှင့် သူ ယူဆရ၏။ ဤနေရာ၌ "စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပညတ်" အားလုံး ဓမ္မဟု ခေါ်ရကား ကိုယ့်စိတ်ထဲ ပေါ်လာသည့် အာရုံမှန်သမျှကို "ဓမ္မာရုံ" ဟု မှတ်ပါ။
စိတ်ဆိုသည်မှာ မျောက်နှင့် တူ၏။ ထို့ကြောင့် ဘာ၀နာနှင့် မထိန်းနိုင်လျှင် အငြိမ်မနေပေ။ ထို့ကြောင့် တခါတရံ ကိုယ်လုပ်ခဲ့သည့် ကောင်းမှုများကို တွေး၍ ပီတိ ဖြစ်နေတတ်၏။
ကျောင်းအမကြီး ဝိသာခါဆိုလျှင် ကျောင်းကြီး ရေစက်ချပြီးတဲ့အခါ သူ့အလှူကို ကြည့်ပြီး ၀မ်းမြောက်ဝမ်းသာ ဥဒါန်းကျူးလေ၏။ ကိုယ်လှူခဲ့သည့် အလှူများကို ပြန်၍ အာရုံပြုသည် ဖြစ်သောကြောင့် "ဓမ္မာရုံ" ပင် ဖြစ်သည်။
တခါတရံ ကိုယ်လုပ်ခဲ့သည့် မကောင်းမှုများကို တွေးပြီး စိတ် မကောင်း ဖြစ်နေတတ်၏။ တချို့လူများဆိုလျှင် နောင်တရပြီး ယူကျုံးမရ ဖြစ်နေ၏။ ကိုယ်လုပ်ခဲ့သည့် မကောင်းမှုကို ပြန်၍ အာရုံပြုသည်ဖြစ်သောကြောင့် " ဓမ္မာရုံ" ပင် ဖြစ်သည်။ ထို့ကြောင့် " ဓမ္မာရုံ" ဟု ပြောလျှင် "စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပညတ်" အားလုံး ပါသည်ဟု မှတ်ရမည်။
အကြောင်းအကျိုး
မျက်စိက အဆင်းကို မြင်သည့်အခါ မြင်သိစိတ်ပေါ်လာ၏။ တစုံတစ်ယောက်က ဖန်ဆင်းသောကြောင့် မြင်သိစိတ် ပေါ်လာခြင်း မဟုတ်ပေ။ အဆင်းအာရုံကြောင့် မြင်သိစိတ် ဖြစ်လာခြင်းပင်။ ထို့နောက် စိတ်ပေါင်း မြောက်များစွာ ဖြစ်လေသည်။ ထို့ကြောင့် အာရုံက အကြောင်းတရား၊ စိတ်က အကျိုးတရား ဖြစ်ပေသည်။
၁။ ဘုရားဖူးသည်ဆိုလျှင် ဘုရား (ရူပါရုံ) က အကြောင်းတရား၊ မြင်သိစိတ် (စက္ခုဝိညာဏ်) က အကျိုးတရား ဖြစ်သည်။
၂။ တရားနာသည်ဆိုလျှင် တရားအသံ (သဒ္ဒါရုံ)က အကြောင်းတရား၊ ကြားသိစိတ် (သောတဝိညာဏ်)က အကျိုးတရား ဖြစ်သည်။
၃။ ပန်းရနံ့လေး ရှုရှိုက်လျှင် ပန်းရနံ့ (ဂန္ဓာရုံ) က အကြောင်းတရား၊ အနံ့သိသည့် စိတ် (ဃာန ဝိညာဏ်)က အကျိုးတရား ဖြစ်သည်။
၄။ တစ်ခုခု စားသည်ဆိုလျှင် အရသာ (ရသာရုံ)က အကြောင်းတရား၊ စားသိစိတ် (ဇိဝှါဝိညာဏ်) က အကျိုးတရား ဖြစ်သည်။
၅။ ကိုယ်က တစ်ခုခု ထိသည်ဆိုလျှင် ထိစရာ(ဖောဋ္ဌဗ္ဗာရုံ) က အကြောင်းတရား၊ ထိသိစိတ် (ကာယဝိညာဏ်) က အကျိုးတရား ဖြစ်သည်။
၆။ တရားပွဲသွားမည်ဟု တွေးလိုက်လျှင် တရားပွဲ (ဓမ္မာရုံ) က အကြောင်းတရား၊ တွေးသိစိတ် (မနောဝိညာဏ်)က အကျိုးတရား ဖြစ်သည်။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "အာရမ္မဏ ပစ္စည်း" ဟု ခေါ်သည်။
အတွေးလွန်တဲ့ ရဟန်းလေး
ဘုရားလက်ထက်က ရဟန်းလေးတစ်ပါး ရှိ၏။ ဘကြီးဘုန်းကြီးနှင့် အတူတူ နေနေ၏။ တနေ့တွင် ရာသီဥတုက ပူသည့်အတွက် သူ့ဘကြီးဘုန်းကြီးကို ဝတ်ဖြည့်ရင်းနှင့် ယပ်ခတ်ပေးလေသည်။
ဘကြီးဘုန်းကြီးကလည်း တရားလေး နှလုံးသွင်းနေ၏။ ရဟန်းလေးသည် ငယ်ရွယ်သူဖြစ်သည်အားလျော်စွာ ယပ်ခတ်ပေးရင်းနှင့် စိတ်ကူးယဉ်လေတော့သည်။
" ဘုန်းကြီးဘဝ နေရတာ မပျော်ဘူးကွာ၊ ဒီတော့ လူထွက်မယ်၊ လူထွက်ပြီးရင် မိန်းမယူမယ်၊ အဲဒီနောက် ကလေး ယူမယ်၊ ကလေးရလာရင် ဘကြီးဘုန်းကြီးကို ကန်တော့မယ်၊ ဘုန်းကြီးကျောင်းကို လှည်းနဲ့ သွားမယ်”။ ဤကား ရဟန်းလေး၏စိတ်ထဲမှာ ဖြစ်ပေါ်လာသည့် အတွေး ဖြစ်သည်။
စိတ်ကူးနှင့် တွေးနေခြင်းကြောင့် ဓမ္မာရုံပင် ဖြစ်၏။ ဓမ္မာရုံတော့ ဓမ္မာရုံ၊ သို့သော် ပုတီးစိပ်သည့် ဓမ္မာရုံ မဟုတ်ဘဲ မိန်းမယူသည့် ဓမ္မာရုံ ဖြစ်နေ၏။ ရဟန်းလေးမှာ အတွေးက မပြတ်သေး၊ ဆက်၍ တွေးနေတုန်းပင်။
“ဘကြီးဘုန်းကြီး ကို ကန်တော့မယ်၊ ကန်တော့ပြီး ပြန်လာမယ်၊ အပြန်မှာ မိန်းမက ကလေးချီရင်း ကလေးက လှည်းပေါ်မှ ပြုတ်ကျသွား၊ လှည်းပေါ်မှ ကလေး ပြုတ်လဲ ကျရော တော်တော်ဖျင်းတဲ့ မိန်းမဆိုပြီး ကြိမ်လုံးနှင့် ရိုက်ပစ်လိုက်တယ်"။
အတွေးထဲမှာတော့ မိန်းမကို ရိုက်လိုက်ခြင်းပင် ဖြစ်၏။ သို့သော် တကယ် ရိုက်မိသည်ကား ဘကြီးဘုန်းကြီး ဖြစ်နေတော့သည်။ ဘကြီးဘုန်းကြီး၏ နဖူးကို ယပ်တောင်နှင့် ဖြန်းကနဲဆိုပြီး ရိုက်မိသွားလေတော့သည်။ ထိုအခါကျမှ အတွေးပြတ်သွားတော့၏။
ရဟန်းလေးသည် အတွေး လွန်သွားမှန်း သိတော့မှ ဘကြီးဘုန်းကြီးကို တောင်းပန်ရှာလေတော့သည်။ ယင်းရဟန်းလေးသည် နောက်ပိုင်းရောက်သောအခါ ဘုရားသြဝါဒ ရရှိပြီး ရဟန်းဘ၀ ပျော်သွားလေသည်။ ထို့နောက် ဝိပဿနာတရားကို ကျင့်ကြံကြိုးကုတ် အားထုတ်သည့်အခါ ရဟန္တာ ဖြစ်သွားလေသည်။
ဤဖြစ်စဉ်ကို ကြည့်လျှင် ရဟန်းလေး၏ စိတ်ကူးထဲပေါ်လာသည့် "မိန်းမ ကလေး နွားလှည်း ကြိမ်လုံး" စသည်တို့သည် ဓမ္မာရုံပင် ဖြစ်၏။ ယင်းအာရုံတို့ကြောင့် တွေးသိစိတ် ဖြစ်လာခြင်းပင်။
ထို့ကြောင့် တွေးစရာမျိုးစုံ ဓမ္မာရုံသည် အကြောင်းတရား၊ တွေးသိစိတ်သည် အကျိုးတရား ဖြစ်သည်။
အာရုံပြောင်းလျှင် စိတ်ပြောင်းတတ်
အာရုံကြောင့် စိတ်ဖြစ်ပေါ်လာသည် ဖြစ်ရကား အာရုံပြောင်းလျှင်လည်း စိတ် ပြောင်းလဲတတ်၏။
ဘုရား ရဟန္တာတို့သည်ကား စိတ်ကို နိုင်သည့်အတွက် အာရုံ ပြောင်းလည်း စိတ် မပြောင်းပါ။ သာမန်လူတို့သည်ကား အာရုံအပြောင်းအလဲကြောင့် စိတ်အပြောင်းအလဲ ဖြစ်တတ်၏။ အာရုံကောင်းလျှင် ကုသိုလ် ဖြစ်တတ်၍ အာရုံမကောင်းလျှင် အကုသိုလ်ဖြစ်တတ်သည်ဟု ဆိုလိုသည်။ ဖြစ်ကို ဖြစ်သည်ဟု မဆိုလိုပါ။ ဖြစ်တတ်သည့် သဘာဝရှိသည်ဟု ဆိုလိုသည်။
သတင်းနားထောင်ခြင်းနှင့် တရားနာယူခြင်းတို့၌ စိတ်ဖြစ်ပုံခြင်း မတူပါ။ သတင်းနားထောင်ခြင်းက ကုသိုလ်ဖြစ်ဖို့ မလွယ်ကူ။ တရားနာယူခြင်းက ကုသိုလ်ဖြစ်ဖို့ လွယ်ကူ၏။
ပျော်ပွဲရွှင်ပွဲ သွားခြင်းနှင့် ကျောင်းကန် ဘုရား သွားခြင်းတို့မှာလည်း စိတ်ဖြစ်ပုံချင်း မတူပါ။ ပျော်ပွဲရွှင်ပွဲသွားခြင်းက ကုသိုလ်ဖြစ်ဖို့ မလွယ်ကူ၊ ကျောင်းကန်ဘုရား သွားခြင်းက ကုသိုလ်ဖြစ်ဖို့ လွယ်ကူ၏။ ဘာကြောင့်နည်း၊ အာရုံ မတူသောကြောင့်တည်း။
စိတ်ညစ်စရာကြုံသည့်အခါ စိတ်သည် မကျေနပ်စရာကိုပဲ တွေး၏။ မကျေနပ်စရာကို တွေးလေ စိတ်ဆင်းရဲလေပင်တည်း။ ထို့ကြောင့် စိတ်ညစ်လျှင် အာရုံပြောင်းပေးရ၏။
စာဖတ်ခြင်း တရားနာခြင်း ပုတီးစိပ်ခြင်းစသည်တို့ ပြုလုပ်ရမည် ဖြစ်ပေသည်။ ယင်းသို့ ပြုလုပ်လိုက်လျှင် စိတ်သည် စိတ်ညစ်စရာ မတွေးတော့၊ တွေးသည်ဆိုစေဦးတော့ နည်းနည်းပါးပါး လောက်သာ တွေးတော့၏။ ဤကား အာရုံကောင်း ပြောင်းပေးမှုကြောင့် ဖြစ်သည်။
အရှင်သောဏနှင့် ခမည်းတော်
လွန်ခဲ့သော တချိန်က မုဆိုးတစ်ယောက် ရှိခဲ့ဖူး၏။ သူ့မှာ သားတစ်ယောက် ရှိသည်။ သားသည် ဖခင်နှင့် စရိုက်ချင်း မတူပေ။ သားက ဘုရားတရား ဝါသနာပါပြီး ကုသိုလ်ကောင်းမှု ပုံမှန် လုပ်၏။ ထိုမျှလောက်နှင့် အားမရသည့်အတွက် အပြီးတိုင် ရဟန်း၀တ်သွားလေသည်။ အရှင်သောဏလို့ ခေါ်ကြ၏။
ရဟန်းဝတ်ပြီးသည့်နောက် ကမ္မဋ္ဌာန်းတရား ကျင့်ကြံကြိုးကုတ် အားထုတ်သည့်အခါ ရဟန္တာ ဖြစ်သွားလေသည်။ ရဟန္တာဖြစ်ပြီးသည့်နောက် သောဏဂိရိတောင်ပေါ်ကျောင်းမှာ သီတင်းသုံး၏။
ခမည်းတော် မုဆိုးကြီးသည် သားဖြစ်သူ အရှင်သောဏ၏ ဆုံးမသွန်သင်မှုကြောင့် စိတ်ပြောင်းသွားပြီး မုဆိုးအလုပ်ကို အပြီးတိုင် စွန့်လွှတ်လိုက်လေတော့သည်။
ထို့နောက် လူ၀တ်ကြောင်ဘ၀ကို စွန့်လွှတ်ပြီး ရဟန်းဝတ်လိုက်သည်။ တနေ့တွင် ခမည်းတော် ရဟန်းကြီးသည် ရောဂါ အပြင်းအထန်ဖြစ်ပြီး စိတ်ဂယောင်ချောက်ချား ဖြစ်နေတော့ သည်။ သားရောက်လာသည့်အခါ “သားရေ ကယ်ပါဦး၊ အဖေကို ခွေးတွေ လိုက်ကိုက်နေတယ်၊ ကယ်ပါဦးကွယ်၊ သားရေ ခြောက်ပါဟဲ့" ဟု အော်ဟစ်လေတော့သည်။
အရှင်သောဏက "ခမည်းတော်ကြီး ဘာဖြစ်နေတာလဲ" ဟု မေးသောအခါ "သားရေ ခွေးကြီးတွေ လိုက်ပြီးတော့ ကိုက်နေသကွယ်၊ ကယ်ပါဦး သားရဲ့"ဟု ပြောပြန်လေ၏။
ခမည်းတော်ကြီး၏ စကားကြောင့် အရှင်သောဏသည် " ခမည်းတော်ကြီးတော့ အခြေအနေ မကောင်းဘူး၊ ငရဲနိမိတ် ထင်နေပြီ" ရိပ်မိသွားလေတော့သည်။ ထို့ကြောင့် ခမည်းတော်ကြီးကို ကုတင်ပေါ်တင်ကာ စေတီရင်ပြင်တော်သို့ ရွှေ့လိုက်လေသည်။
ထို့နောက် ကိုရင်များကို ပန်းခူးခိုင်းပြီး ဘုရားကို ပန်းလှူလေ၏။ ပန်းလှူပြီးသောအခါ "ခမည်းတော်ကြီး ဘုရားကို အာရုံပြု၊ ခမည်းတော်ကြီးအတွက် ဘုရားကို ပန်းပူဇော်ထားတယ်" ဟု မိန့်လိုက်၏။
ထို့ကြောင့် မည်းတော်ကြီးသည် ဘုရားကို အာရုံပြု၍ ရှိခိုးလေတော့သည်။ ဤကား ငရဲနိမိတ်ထင်နေသည့် ခမည်းတော်ကြီး၏ စိတ်ကို ဘုရားအာရုံသို့ ရောက်သွားအောင် စီစဉ်လိုက်ခြင်းပင် ဖြစ်သည်။
ခမည်းတော်ကြီးသည် ဘုရားရှိခိုးပြီးသည့်အခါ မျက်နှာလေးမှာ ကြည်ကြည်လင်လင် ဖြစ်သွား၏။ ထို့နောက် အိပ်မက်ယောင်သလို ဖြစ်ပြီး "သားရေ နတ်သမီးလေးတွေက အလွန်ချောပါ့၊ ဗိမာန်ကြီးကလည်း လှလိုက်တာကွယ်" ဟု ပြောပြန်သတဲ့။
ထိုစကားကြောင့် အရှင်သောဏသည် " ခမည်းတော်ကြီးတော့ ငရဲနိမိတ်ထင်ရာကနေ နတ်ပြည်နိမိတ် ထင်သွားပြီ" ဆိုပြီး ပီတိဖြစ်သွားလေတော့သည်။
ဤဖြစ်စဉ်ကို ကြည့်လျှင် ဘုရားအာရုံပြောင်းပေးသောကြောင့် နတ်ပြည်နိမိတ်ထင်သွားကြောင်း တွေ့ရပေသည်။ ထို့နောက် မကြာလိုက်ပါ။ ခမည်းတော် ရဟန်းကြီးသည် ပျံလွန်တော်မူသွားလေသည်။ ဘုရားအာရုံနှင့် ပျံလွန်တော်မူသွားသည့်အတွက် နတ်ပြည် ရောက်သွားလေသည်။
အာရုံကောင်း
ထို့ကြောင့် အာရုံကို လျှော့ မတွက်ရ၊ အာရုံသည် စိတ်ကို ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်း ရှိ၏။ ကောင်းသည့်အာရုံကြောင့် ကုသိုလ်ဖြစ်တတ်ပေသည်။
ထို့ကြောင့် စိတ်ကို မနိုင်သည့် ပုထုဇဉ် လူသားများအဖို့ အာရုံကောင်းများကို ရှာရမည် ဖြစ်သည်။ ထို့ကြောင့် . . .
လူအားလျှင် ဘုရားသွား။
မျက်စိအားလျှင် စာဖတ်။
နားအားလျှင် တရားနာ။
ပါးစပ်အားလျှင် ဂုဏ်တော်ပွား။
စိတ်အားလျှင်တော့ တရားမှတ်လိုက်ပါ။
ထိုသို့ပြုမူနေထိုင်လျှင် ကိုယ့်အတွက် အာရုံကောင်း ဖြစ်သွားတော့၏။ အာရုံ ကောင်းလျှင် စိတ်လည်း ကောင်းသွားတော့၏။ စိတ်ကောင်းလျှင် နိဗ္ဗာန်ချမ်းသာသည် မိမိ၏ လက်တကမ်းမှာ အလိုလို ရောက်လာမည် ဖြစ်ပေသည်တကား။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
ဟေတုပစ္စယော
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-6043161777868487952023-06-26T13:32:00.006+06:302023-06-27T14:42:28.025+06:30 ဟေတုပစ္စယော
ပဋ္ဌာန်း သည် အဘိဓမ္မာတရားတော် ၇ ကျမ်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ် ရောက်ရှိခဲ့ပြီးနောက် ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း ၆ ရက်နေ့မှ ၁၃ ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်နေတော်မူသည်။ အဘိဓမ္မာ ရှေးဦး ၆ ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပဲ နောက်ဆုံး ပဋ္ဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးကာ နတ်၊ ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်လေသည်။ ပဋ္ဌာန်းဒေသနာတော်ကို နာကြားပြီးချိန်တွင် နတ်၊ ဗြဟ္မာ ကုဋေ ၈၀,၀၀၀ ကျွတ်တမ်းဝင်ပြီး၊ လူ့ပြည်မှ ရဟန်း ၅၀၀ ရဟန္တာ ဖြစ်သည်ဟု ဆိုသည်။
ဟေတုပစ္စယော
“ဟေတု” ဆိုသည်မှာ အမြစ်ဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို အမြစ်သဖွယ် အထောက်အပံ့ ပေးသောအားဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။
ကျေးဇူးပြုဆိုသည်ကား မဖြစ်သေးသည်ကို ဖြစ်အောင် ပြုလုပ်ခြင်း၊ ဖြစ်ပြီးသည်ကို တည်တံ့အောင် ထောက်ပံ့ခြင်းတည်း။
ရေသာက်မြစ်သည် သစ်ပင်ကို အထောက်အပံ့ ပေးပြီး ကျေးဇူးပြု၏။ ထို့ကြောင့် သစ်ပင်သည် ရှင်သန်နေခြင်း ဖြစ်သည်။ ထိုနည်းတူစွာ ဟိတ် ၆-ပါးတရားတို့သည် ရုပ်တရား နာမ်တရားတို့ကို အထောက်အပံ့ ပေးပြီး ကျေးဇူးပြုလျက် ရှိပါသည်။
ထို့ကြောင့် ဟိတ် ၆-ပါးသည် အကြောင်းတရား၊ ရုပ်နှင့် နာမ်တို့သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို “ဟေတုပစ္စည်း" ဟု ခေါ်သည်။
"ဟိတ် ၆- ပါး" ဆိုသည်ကား လောဘ ဒေါသ မောဟတည်းဟူသော အကုသိုလ်ဟိတ် ၃- ပါးနှင့် အလောဘ အဒေါသ အမောဟတည်းဟူသော ကုသိုလ်ဟိတ် ၃- ပါးတို့တည်း။
ပါဠိနှင့် ဘာသာပြန်
ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
ဟေတူ- ဟိတ် ၆- ပါး ပစ္စည်းတရားတို့သည်။ ဟေတုသမ္ပယုတ္တကာနံ- ဟိတ်နှင့်ယှဉ်ဖေါ်ယှဉ်ဘက် ဖြစ်ကုန်သော။ ဓမ္မာနဉ္စ- စိတ် စေတသိက် တရားတို့အား လည်းကောင်း၊ တံသမုဋ္ဌာနာနံ- ထိုတရားတို့လျှင် ဖြစ်ကြောင်းရှိကုန်သော။ ရူပါနဉ္စ- စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ် တရားတို့အား လည်းကောင်း။ ဟေတုပစ္စယေန- ဟေတု ပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။
လောဘ
လောဘဆိုသည်ကား လိုချင်သည့် သဘောတည်း။ လောကီစည်းစိမ်မှန်သမျှ အကုန် လိုချင်၏။ ဘယ်လောက်ရရ အားရသည်ဟူ၍ မရှိ။ ဤလောဘကိုပင် " သမုဒယသစ္စာ" ဟု ခေါ်သည်။ သမုဒယသစ္စာဟူသည် ဒုက္ခဖြစ်ခြင်း၏ အကြောင်းဟု အဓိပ္ပါယ်ရသည်။
လောဘဖြစ်လျှင် လောဘတစ်ခုတည်း ဖြစ်သည် မဟုတ်ပေ။ အပေါင်းအဖော် တရားတို့နှင့် အတူတကွ ဖြစ်လာကြ၏။
အင်ဂျင်စက်များကို ကြည့်လျှင် ပစ္စည်းကိရိယာ အစုံ တွေ့ရ၏။ ထိုပစ္စည်းကိရိယာထဲက တစ်ခုခုလောက် ဖြုတ်လိုက်လျှင် အင်ဂျင်စက်သည် မလည်ပတ်နိုင်တော့ပေ။ ပစ္စည်းကိရိယာအားလုံး စုံမှသာ လည်ပတ်နိုင်ပါသည်။
ထိုနည်းတူစွာ ရုပ်နာမ်တရားတို့သည်လည်း တူရာတူရာ စုပေါင်း အလုပ်လုပ်ကြလေသည်။ ထို့ကြောင့် လောဘ ဖြစ်လာလျှင် လောဘမူစိတ် ဝေဒနာ သညာ စေတနာ စသည့် နာမ်တရားတို့လည်း အတူတူ ဖြစ်လာကြ၏။
ထို့ကြောင့် လောဘသည် အကြောင်းတရား၊ လောဘမူစိတ် ဝေဒနာ သညာ စေတနာစသော နာမ်တရားများတို့သည် အကျိုးတရား ဖြစ်သည်။
လောဘသည် နာမ်တရားကိုသာ ဖြစ်စေသည် မဟုတ်၊ ရုပ်တရားကိုလည်း ဖြစ်စေ၏။ လောဘ ဖြစ်လာပြီဆိုရင် လိုချင်စိတ်နှင့် ပြော၏။ လိုချင်စိတ်နှင့် ပြုလုပ်၏။ ယင်းကိုယ်အမူအရာ နှုတ်အမူအရာတို့သည် စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်များ ပင်တည်း။
ထို့ကြောင့် လောဘသည် အကြောင်းတရား၊ စိတ္တဇရုပ်သည် အကျိုးတရား ဖြစ်သည်။
လောဘနှင့် သေလျှင် ပြိတ္တာဘုံ ဖြစ်တတ်၏။ ယေဘုယျစကားဖြစ်သောကြောင့် ပြိတ္တာဘုံဆိုသော်လည်း အပါယ်လေးဘုံလည်း အကျုံးဝင်ပါသည်။
ထို့ကြောင့် လောဘသည် အကြောင်းတရား၊ ပြိတ္တာဘုံသည် အကျိုးတရား။ ပြိတ္တာဘုံသည် လောဘ၏ အကျိုးဆက် ဖြစ်သည်။
လောဘကြောင့် စေတနာဖြစ်ရကား လောဘသည် အကြောင်း၊ စေတနာသည် အကျိုး၊ စေတနာဆိုသည်မှာ ကံဖြစ်၏။ စေတနာ (ကံ) ကြောင့့် ပြိတ္တာဘုံမှာ ဖြစ်ရကား စေတနာ (ကံ)က အကြောင်း၊ ပြိတ္တာဘုံက အကျိုး ဖြစ်သည်။
ကံက တဆင့်ခံသွားသည့်အတွက် ပြိတ္တာဘုံသည် လောဘ၏ အကျိုးဆက် ဖြစ်သွားသည်။ တိုက်ရိုက်ပေးသည့် အကျိုးကို " အကျိုးရင်း" ဟု ခေါ်ပြီး တဆင့်ခံ ပေးသည့်အကျိုးကိုတော့ " အကျိုးဆက်" ဟု ခေါ်ပေသည်။
ဥပမာ- "အဖိုး၊ အဖေ၊ မြေး"ဟူ၍ မြေးအဖိုး ၃- ယောက် ရှိရာတွင် အဖိုးသည် အကြောင်း၊ အဖေသည် "အကျိုးရင်း" ၊ မြေးသည် " အကျိုးဆက်" ။ မြေးသည် အဖိုး၏ အကျိုးဆိုသော်လည်း အဖေက တဆင့်ခံနေသည့် အတွက် အကျိုးဆက် ဖြစ်သွားသည်။
ဒေါသ
ဒေါသဆိုသည်ကား စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း မကျေနပ်ခြင်းသဘောတတည်း။ ဒေါသဖြစ်လာပြီဆိုလျှင် မတွေးသင့်သည်ကို တွေး၏။ မပြောသင့်သည်ကို ပြော၏။ မလုပ်သင့်ကို လုပ်၏။
မတွေးသင့်သည်ကို တွေးခြင်းသည် ဒေါသကြောင့် ဖြစ်ပေါ်လာသော စိတ် (နာမ်)များတည်း။ မပြောသင့်သည်ကို ပြောခြင်း၊ မလုပ်သင့်သည်ကို လုပ်ခြင်းသည် စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်များပင် ဖြစ်၏။
ထို့ကြောင့် ဒေါသသည် အကြောင်းတရား၊ ဒေါသကြောင့် ဖြစ်ပေါ်လာသည့် ရုပ်နှင့် နာမ်သည် အကျိုးတရား ဖြစ်သည်။
ဒေါသနှင့် သေလျှင် ငရဲကျတတ်၏။ ငရဲဆိုသော်လည်း အပါယ်လေးဘုံလည်း အကျုံးဝင်၏။ ထို့ကြောင့် ဒေါသသည် အကြောင်းတရား၊ ငရဲဘုံသည် အကျိုးတရားတည်း။ သို့သော် ငရဲဘုံသည် ဒေါသ၏ အကျိုးရင်း မဟုတ်၊ အကျိုးဆက်သာ ဖြစ်သည်။
မောဟ
မောဟဟူသည် တွေဝေခြင်း , ဂနာမငြိမ်ခြင်း, မသိခြင်းသဘောတည်း။ မောဟဖြစ်လာလျှင် အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်တတ်၏။ ထို့ကြောင့် မောဟကို အဝိဇ္ဇာဟု ခေါ်လေသည်။ အဝိဇ္ဇာဆိုသည်ကား မသိမိုက်မဲမှုတည်း။
ဝဲရှိသည့်နေရာမှာ မည်သည့်လှေမှ မကူးရဲသကဲ့သို့ အကုသိုလ်၏ ဆိုးကျိုးကို သိလျှင် မည်သူကမျှ အကုသိုလ် လုပ်ရဲမည် မဟုတ်ပေ။
သို့သော် ဒုစရိုက်သမားတို့သည် အကုသိုလ် ဒုစရိုက်တို့ကို လက်ရဲဇက်ရဲ ပြုလုပ်နေကြ၏။ ဘာကြောင့်နည်း၊ အကုသိုလ်၏ ဆိုးကျိုးကို မသိသောကြောင့်တည်း။ ယင်းမသိခြင်းသည် မောဟ ဖြစ်သည်။
ထို့ကြောင့် မောဟသည် အကြောင်းတရား၊ မောဟကြောင့် ဖြစ်ပေါ်လာသော ရုပ်နာမ်တို့သည် အကျိုးတရား ဖြစ်သည်။
မောဟနှင့် သေလျှင် တိရစ္ဆာန်ဘုံ၌ ဖြစ်တတ်၏။ တိရစ္ဆာန်ဆိုသော်လည်း အပါယ်လေးဘုံလည်း အကျုံးဝင်၏။ ထို့ကြောင့် မောဟသည် အကြောင်းတရား၊ တိရစ္ဆာန်ဘုံသည် အကျိုးတရားတည်း။ သို့သော် တိရစ္ဆာန်ဘုံသည် မောဟ၏ အကျိုးရင်း မဟုတ်၊ အကျိုးဆက်သာ ဖြစ်သည်။
အနှစ်ချုပ်လျှင် အပါယ်ဘုံကို မည်သည့်တန်ခိုးရှင်ကမှ ဖန်ဆင်းထားသည် မဟုတ်၊ အကုသိုလ်ဟိတ် ၃-ပါးက ဖန်ဆင်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် လောဘ ဒေါသ မောဟတို့သည် ရေသောက်မြစ်နှင့်တူ၏ဟု မိန့်တော်မူခြင်း ဖြစ်သည်။
ကုသိုလ်ဟိတ် ၃-ပါး
လောဘဆိုသည်ကား လိုချင်မှု၊ အ- ဆိုသည်က ဆန့်ကျင်ဘက်။ ထို့ကြောင့် “အလောဘ” ဆိုသည်မှာ မလိုချင်သည့်စိတ်၊ စွန့်လွှတ်သည့် သဘောပင် ဖြစ်သည်။
အလောဘ ဖြစ်နေရင် အချောင်လိုချင်သည့် စိတ်၊ နှမြောတွန့်တိုသည့်စိတ် မရှိတော့။ အေးအတူ ပူအမျှ ဆိုသကဲ့သို့ မျှတသည့် စိတ်ထားလေး ဖြစ်လာတော့၏။ ယင်းစိတ်ထားကြောင့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်လေတော့သည်။
ဒေါသဆိုသည်ကား စိတ်ဆိုးခြင်း၊ အ- ဆိုသည်ကား ဆန့်ကျင်ဘက်၊ ထို့ကြောင့် “အဒေါသ” ဆိုသည်မှာ မေတ္တာပင် ဖြစ်သည်။
မောဟဆိုသည်ကား အမှန်ကို မသိတာ၊ အ- ဆိုသည်ကား ဆန့်ကျင်ဘက်။ ထို့ကြောင့် “အမောဟ” ဆိုသည်မှာ ပညာပင် ဖြစ်သည်။
အနှစ်ချုပ်ကား အလောဘ အဒေါသ အမောဟတည်းဟူသော ကုသိုလ်ဟိတ် ၃- ပါးကြောင့် ကောင်းမှု လုပ်ကြ၏။ ထို့ကြောင့် ကုသိုလ်ဟိတ် ၃-ပါးသည် အကြောင်းတရား၊ ရုပ်နာမ်တို့သည် အကျိုးတရား ဖြစ်သည်။
ပုဂ္ဂိုလ် ၃- မျိုး
ဤကုသိုလ်ဟိတ် ၃- ပါးကြောင့် ပုဂ္ဂိုလ် ၃- မျိုး ကွဲပြားသွားခြင်း ဖြစ်သည်။ ပုဂ္ဂိုလ် ၃- မျိုးကား အဟိတ်ပုဂ္ဂိုလ်၊ ဒွိဟိတ်ပုဂ္ဂိုလ်၊ တိဟိတ်ပုဂ္ဂိုလ်တို့တည်း။
ဘဝတစ်ခု စတင်ဖြစ်ပေါ်လာသည့် ပဋိသန္ဓေတည်စဉ်မှာပင် ကုသိုလ်ဟိတ် ၃- ပါး မရှိသည့် ပုဂ္ဂိုလ်များကို “အဟိတ်ပုဂ္ဂိုလ်” ဟု ခေါ်၏။ မွေးရာပါ ဆွံ့အ နားမကြားများပင် ဖြစ်သည်။
ဘဝတစ်ခု စတင်ဖြစ်ပေါ်လာသည့် ပဋိသန္ဓေတည်စဉ်မှာပင် အလောဘ အဒေါသတည်းဟူသော ဟိတ် ၂- ပါးသာ ရှိပြီး အမောဟ (ဉာဏ်) ဟိတ် မရှိသည့် ပုဂ္ဂိုလ်များကို “ဒွိဟိတ်ပုဂ္ဂိုလ်” ဟု ခေါ်၏။ အကြံဉာဏ် မရှိကြ
သည့် လူဖျင်းလူအ များတည်း။ "အမေမှာသည့် ဆန်တစ်ခွဲ သုံးစိတ်နှင့် မလဲ" ဆိုသော လူစားမျိုးပင် ဖြစ်သည်။
ဘာကြောင့် ဒွိဟိတ်ပုဂ္ဂိုလ် ဖြစ်ရသနည်း၊ အတိတ်က ကုသိုလ်ကံ အားနည်းသောကြောင့်တည်း။ ချဲ့ဦးအံ့။ တချို့လူများ ကုသိုလ်ကောင်းမှု လုပ်သည်ကား မှန်၏။ သို့သော် ရည်ရွယ်ချက် မရှိ။ လေးလေးနက်နက် မရှိ။ ကလေးသူငယ်များ ဘုရား ရှိခိုးသကဲ့သို့ပင် ဖြစ်၏။
ကုသိုလ် မပြုခင်သော်လည်းကောင်း၊ ပြုပြီးသော်လည်းကောင်း အကုသိုလ် ခြံရံနေ၏။ ထိုကဲ့သို့သော ကုသိုလ်မျိုးကြောင့် "ဒွိဟိတ်ပုဂ္ဂိုလ် " ဖြစ်ရခြင်း ဖြစ်သည်။
အဟိတ်ပုဂ္ဂိုလ် ဒွိဟိတ်ပုဂ္ဂိုလ်တို့သည် ယခုဘ၀တွင် မည်သည့်အကြောင်းကြောင့်မျှ စျာန်မဂ်ဖိုလ်တရား မရနိုင်တော့ပေ။ သို့သော် ယခုဘဝ၌ ကောင်းမှု လုပ်ထားလျှင်ကား နောက်နောင်ဘဝတို့၌ တရား ရနိုင်ပါသည်။
ဘဝတစ်ခု စတင်ဖြစ်ပေါ်လာသည့် ပဋိသန္ဓေတည်စဉ်မှာ အလောဘ အဒေါသ အမောဟ (ဉာဏ်) တည်းဟူသော ကုသိုလ်ဟိတ် ၃- ပါး ရှိသည့် ပုဂ္ဂိုလ်များကို “တိဟိတ်ပုဂ္ဂိုလ်” ဟု ခေါ်၏။ အကြောင်းအကျိုး အကောင်းအဆိုး နားလည်၏။ တစ်ထွာပြလျှင် တစ်လံလောက် မြင်၏။ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သော လူတော်များပင် ဖြစ်သည်။ တိဟိတ်ပုဂ္ဂိုလ်တို့သည် ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလျှင် ယခုမျက်မှောက်ဘဝမှာတင် စျာန် မဂ်ဖိုလ် ရနိုင်၏။
ဘာကြောင့် တိဟိတ်ပုဂ္ဂိုလ် ဖြစ်ရသနည်း၊ အတိတ်က ကုသိုလ်ကံ အားကောင်းသောကြောင့်တည်း။ ချဲ့ဦးအံ့။ တချို့လူများသည် မည်သည့်ကုသိုလ်လုပ်လုပ် စဉ်းစဉ်းစားစား လုပ်၏။ စိတ်ပါလက်ပါ လုပ်၏။ ကုသိုလ် မပြုခင်သော်လည်းကောင်း၊ ပြုပြီးသော်လည်းကောင်း ပီတိ ဖြစ်နေ၏။ ထိုကဲ့သို့သော ကုသိုလ်မျိုးကြောင့် တိဟိတ်ပုဂ္ဂိုလ် ဖြစ်ရခြင်း ဖြစ်သည်။
ထို့ကြောင့် အနာဂတ် သံသရာခရီး၌ တိဟိတ်ပုဂ္ဂိုလ် ဖြစ်ဖို့အတွက် သဒ္ဓါ ပညာ ပြဋ္ဌာန်းပြီး ဝမ်းမြောက်ဝမ်းသာဖြင့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ရမည် ဖြစ်ပေသည်။
ဘာချန်ထားမလဲ
မိမိတို့သည် ဘုန်းကံ ရှိကြသည့်အတွက် မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီးနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။
ထိုကဲ့သို့ သာသနာတော်ကြီးနှင့် ကြုံတွေ့နေရပါလျက် မည်သည့်ကောင်းမှုမှ မလုပ်လျှင် ( သို့မဟုတ်) မည်သည့်အမွေမှ ချန်မထားခဲ့လျှင် နောက်ဆုံး သစ်ပင်လေး တစ်ပင်တောင် ချန်မထားခဲ့လျှင် "လူဖျင်းလူညံ့" ဟု ပြောရန်မှ တပါး အခြား မရှိတော့ပေ။
လောကကြီးမှာ ထာဝရ တည်တံ့သည်အရာ ဘာတစ်ခုမျှ မရှိပါ။ မည်သူမဆို တနေ့နေ့ တချိန်ချိန်တွင် လူလောကကြီးကနေ ထွက်ခွါရဦးမည် ဖြစ်၏။ ဤကား လောကနိယာမတည်း။ ထို့ကြောင့် မိမိတို့သည် ရှင်သန်နေသည့် အခိုက်အတန့်တွင် နောင်အနာဂတ် မျိုးဆက်သစ်တို့အတွက် တစ်ခုခုတော့ ချန်ထားသင့်ပါ၏။
* အရှင်အရဟံ မရှိတော့ပါ။ သို့သော် ပုဂံသာသနာ ချန်ထားခဲ့၏။
* ဘုရင် အနော်ရထာ မရှိတော့ပါ။ သို့သော် ရွှေစည်းခုံဘုရား ချန်ထားခဲ့၏။
* လယ်တီဆရာတော် မရှိတော့ပါ။ သို့သော် ဒီပနီကျမ်းစာအုပ်များ ချန်ထားခဲ့၏။
* ဒေါ်ဦးဇွန်း မရှိတော့ပါ။ သို့သော် ဘိုးဘွားရိပ်သာများ ချန်ထားခဲ့၏။
* စာရေးဆရာကြီး ဦးသုခ မရှိတော့ပါ။ သို့သော် "အမေနေ့" ချန်ထားခဲ့၏။
* ရှေးလူကြီးများ မရှိတော့ပါ။ သို့သော် သစ်ပင်ပန်းပင်များ ချန်ထားခဲ့၏။
ထို့ကြောင့် မိမိတို့လည်း တစ်ခုခုတော့ ချန်ထားသင့်၏။
ဘာချန်ထားမလဲ ?
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-85702415300468589512023-06-12T12:22:00.008+06:302023-06-12T12:22:43.512+06:30 လယ်တီဆရာတော်၏ ဝိပဿနာရှုနည်း
ကမ္မဋ္ဌာန်းရှုမှတ်လိုသောယောဂီသည် ကမ္မဋ္ဌာန်းဆရာထံ နည်းခံ၍ တောအရပ်မှာဖြစ်စေ၊ သစ်ပင်ရင်းမှာဖြစ်စေ၊ တိတ်ဆိတ်သောနေရာမှာဖြစ်စေ ထက်ဝယ်ဖွဲ့ခွေ ကိုယ်နေဖြောင့်ဖြောင့် ထိုင်ရမည်။ မည်သည့်ကြောင့်ကြမှုမျှမရှိစေဘဲ ထွက်သက်ဝင်သက်ကို သတိဖြင့် မပြတ်ရှုမှတ်နေရမည်။ ဤ၌ ထိုင်လျက်ဆိုသော်လည်း ထိုင်ခြင်း၊ သွားခြင်း၊ လျောင်းအိပ်ခြင်း လေးမျိုးတို့တွင် တစ်မျိုးမျိုးဖြင်း အားထုတ်နိုင်သည်။
ထို့ပြင် ဆိတ်ငြိမ်ရာအရပ်ဟု သမထအလုပ်ကို ရည်စူး၍ ဆိုခြင်းဖြစ်သည်။ ဝိပဿနာအလုပ်ကား ဆိတ်ငြိမ်သောနေရာမှသာ ပေါက်ရောက်ပြီးမြောက်နိုင်သည် မဟုတ်ပါ။ ပါရမီဉာဏ်သာ အဓိကဖြစ်သည်။ လူထဲသူထဲတရားနာရင်း အိမ်မှာထမင်းချက်ရင်း တရားပေါက်ရောက် ရရှိသွားသော ပုဂ္ဂိုလ်များကို ကျမ်းဂန်တို့တွင် တွေ့မြင်ရသည်။
ပထမရှုမှတ်ကာစတွင် ထွက်သက်ဝင်သက်အရှည်အတိုကို နှလုံးမသွင်းသေးဘဲ နှာသီးဖျား၌ဖြစ်စေ၊ အထက်နှုတ်ခမ်းဖျား၌ဖြစ်စေ စိတ်ကိုခိုင်မြဲစွာထား၍ ဝင်လေထွက်လေတို့၏ ထိမှုခိုက်မှုကို အာရုံစိုက်ရမည်။ ဝင်လာပြီ ထွက်သွားပြီဟု နှုတ်ကဆိုစရာမလို။ ဝင်တိုင်းထွက်တိုင်း သတိမလွတ်စေဘဲ သိအောင်အားထုတ်ရမည်။ တစ်နာရီ နှစ်နာရီစသည်ဖြင့် တတ်စွမ်းသမျှ မနားဘဲအားထုတ်ရမည်။ ညောင်းလည်းမပြင်၊ ယားလည်းမကုတ်ဘဲ ဝင်သမျှ၊ ထွက်သမျှ တစ်ခုမှ မလွတ်စေရပါ။ ဝင်တိုင်းထွက်တိုင်းသိအောင် ရှုမှတ်နေရမည်။ (အချို့ကား စိတ်ကို ရင်မှာထား၍ ရှုမှတ်ကြသေး၏။)
ဒုတိယအချက် တစ်ဆင့်တက်၍ ရှုမှတ်ရန်မှာ နှာသီးဖျား နှုတ်ခမ်းဖျား၌ ဝင်လေထွက်လေကို မလွတ်တမ်းပိုင်နိုင်အောင် မှတ်နိုင်လျှင် ဝင်သက်ထွက်သက် ရှည်လျှင်ရှည်မှန်းသိအောင် သတိထားပြီး ရှည်တယ်ဟု မှတ်ရမည်။ တိုလျှင် တိုမှန်းသိအောင် သတိထားပြီး တိုတယ်ဟု မှတ်ရမည်။ ရှည်မှု တိုမှုကို တစ်ခုမှမလွတ်အောင် ရှုမှတ်နေရမည်။ ထွက်သက်ဝင်သက်နှေးလျှင် ရှည်သည်။ မြန်လျှင် တိုသည်ဟု ဆိုလိုသည်။ အချို့ပုဂ္ဂိုလ်များကို ပင်ကိုအတိုင်း တစ်မိနစ်အကြိမ်(၃၈)လောက်၊ အချို့(၄၀)လောက် ရှုသည်။ အရှည်အတို မညီကြ။
တတိယအချက် ထို့ထက်တက်၍ ရှုမှတ်ရန်မှာ အရှည်အတိုကို ပိုင်ပိုင်ရှုမှတ်နိုင်ပြီးနောက် ဝင်သက်ဆိုလျှင် နှာသီးဖျား နှုတ်ခမ်းဖျားမှ ချက်သို့ ကျအောင် နှာသီးဖျား နှုတ်ခမ်းဖျားအစ၊ လည်ချောင်းအလယ်၊ ချက်အဆုံး သုံးပါးလုံးကို စိတ်ထဲမှာ ထင်ထင်ရှားရှားမြင်လာအောင် ရှုမှတ်ရမည်။ သမာဓိရလာလျှင် မှတ်၍ရသည်။
စတုတ္ထအချက်ကား ထိုသို့စ-လယ်-ဆုံး သုံးပါးလုံးကို ပိုင်ပိုင်မှတ်နိုင်ပြီးနောက် ထွက်သက်ဝင်သက်များသည် တဖြည်းဖြည်း သိမ်မွေ့လာကြလိမ့်မည်။ အချို့မှာ လူကသိမ်မွေ့အောင် အားထုတ်ရမည်။ အချို့မှာ လူကမလုပ်ရဘဲ သူ့အလိုလို သိမ်မွေ့လာပြီး ထွက်သက်ဝင်သက်ပျောက်သွားပြီ ထင်ရလောက်အောင် ဖြစ်လာတတ်သည်။ ထိုသို့ထင်လာသောအခါ စိတ်အလွန်ပေါ့ပါးသွားပြီး ခန္ဓာကိုယ်ကြီး လေထဲလွင့်ပျံသွားသလို ထင်ရသည်။ ဤကား ပါဠိတော်နည်းတည်း။
အဋ္ဌကထာနည်း
အဋ္ဌကထာအလို ပထမဂဏန်းကား အနှေးရေတွက်နည်း၊ အမြန်ရေတွက်နည်းဟု နှစ်မျိုးရှိသည်။ ထိုတွင် နှာသီးဖျားဖြစ်စေ၊ နှုတ်ခမ်းဖျားမှာဖြစ်စေ စိတ်ထား၍ ထွက်သက်ဝင်သက်ကို ထွက်တယ်ဝင်တယ်ဟုမှတ်သောအခါ အစတွင်စိတ်မငြိမ်သေး၍ ဝင်တိုင်းထွက်တိုင်း မိအောင်မမှတ်နိုင်ဘဲ ရှိတတ်သည်။ မထင်ရှားသောထွက်သက်ဝင်သက်ကို မရေတွက်ဘဲ ထင်ရှားသောထွက်သက်ဝင်သက်ကိုသာ ရေတွက်ရမည်။ ရေတွက်ပုံမှာ တစ် နှစ် သုံး လေး ငါးဟု ငါးအထိ အဆုံးထား၍တစ်မျိုး၊ တစ်မှ ခြောက်အထိ တစ်မျိုး၊ တစ်မှ ခုနစ်အထိ တစ်မျိုး၊ တစ်မှ ရှစ်အထိ တစ်မျိုး၊ တစ်မှ ကိုးအထိ တစ်မျိုး၊ တစ်မှ တစ်ဆယ်အထိ တစ်မျိုးဟူ၍ ခြောက်မျိုးဖြင့် ရေတွက်ရမည်။ ထိုသို့ ခြောက်မျိုးထိအောင်ရေတွက်ပြီးလျှင် ပထမတစ်မျိုးကို ပြန်ရှုပါ။ ထိုသို့ ခဏခဏရှုမှတ်၍ နေသားကျလာသည့်အခါ စိတ်ကိုနှာခေါင်းဝစိုက်ထား၍ ထွက်သက်ဝင်သက်နှစ်မျိုးတွင် ထင်ရှားရာကို တစ်ဟုရေတွက်ရသည်။ နှစ်ခုလုံးထင်ရှားလျှင် အစဉ်အတိုင်း နှစ် သုံး လေး ငါးဟုရေတွက်ရသည်။ မထင်ရှားလျှင် ရပ်တန့်၍ ထင်ရှားသောအချက်ပေါ်မှ နှစ်စသည်တက်၍ ငါးကျလျှင် တစ်ကပြန်စရ၏။ ထိုနည်းတူ တစ်ဆယ်မျိုးတိုင်အောင် ထင်ရှားသော ထွက်သက်ဝင်သက်ကိုသာ ကောက်၍ ရေတွက်သောကြောင့် နှေးသောရေတွက်နည်းဟု ဆိုရသည်။
အမြန်ရေတွက်နည်းကား ဆိုခဲ့သည့်အတိုင်း ရှုမှတ်ဖန်များလတ်သော် ထင်ထင်ရှားရှား ရေတွက်ရသောအချက်များ များလာလိမ့်မည်။ တစ် နှစ်စသော မှတ်ချက်တို့ အပြတ်အလပ်မရှိ မှတ်နိုင်လာလိမ့်မည်။ ထွက်သက်ဝင်သက်အစဉ်နှင့် တစ် နှစ်စသောဂဏန်းအစဉ် မခုန်ကျော်၊ ထပ်ခနဲ ချပ်ခနဲ မိမိရရဖြစ်လာလိမ့်မည်။
တစ် နှစ်စသောဂဏန်းအစဉ်များကို နှုတ်ကရွတ်စရာမလို၊ စိတ်ကသာ ရေရွတ်ရမည်။ အာရုံမြန်မြန်ထင်သလောက် သတိက တိခနဲ ချက်ခနဲ မှတ်ဖို့သာ အရေးကြီးသည်။ ဤကား အမြန်ရေတွက်နည်းတည်း။
ထို့နောက် မရေတွက်သော်လည်း ရေတွက်သကဲ့သို့ နှာဝ၌ ထွက်သက်ဝင်သက် ထိတိုင်း အသိနှင့်သတိ မြဲနေရမည်။ ထိုအခါ ဂဏန်းနည်းဖြင့် ရေတွက်ရှုမှတ်ရန် မလိုတော့ချေ။
ဒုတိယအချက် အနုဗန္ဓနာ (သတိဖြင့် အမြဲတမ်းစွဲမြဲထားမှု) နည်းမှာ နှာဝ၌ စိတ်ကို အမြဲထားပြီး ဝင်လေထွက်လေကို တစ်ကြိမ်မျှ မလွတ်စေဘဲ အစဉ်တွယ်ကပ်နေအောင် ရှုမှတ်သောနည်းဖြစ်သည်။
ရေတွက်မှုမရှိဘဲ ထိမှုသိမှု အစဉ်မှန်အောင် ဝင်နေတယ်၊ ထွက်နေတယ်ဟု ပဋိဘာဂနိမိတ် ပေါ်သည်အထိ ရှုမှတ်နေရမည်ဟု ဆိုလိုသည်။ ဖော်ပြပါ ဂဏန်းနည်း၊ အနုဗန္ဓနာနည်း နှစ်မျိုးလုံး ထိရာဌာနကို မလွတ်စေရပါ။
ထိုသို့ ပဋိဘာဂနိမိတ်ထင်ပြီးနောက် ထိုနိမိတ်ကို မကွယ်ပျောက်စေဘဲ ထင်ထင်ရှားရှားပွင့်လင်းသွားအောင် အာရုံ၌ စိတ်ကို ဖိဖိစီးစီးထား၍ စူးစိုက်မှတ်ရမည်။ ထိုနည်းကို ထပနာ (စိတ်ကိုဖိကပ်ထားမှု)နည်းဟု ခေါ်သည်။
ဤကား သမထစခန်းဖြစ်သည်။ သမာဓိရအောင် အားထုတ်နည်းဖြစ်သည်။
ဤသို့အားထုတ်၍ သမာဓိအားကောင်းလာသောအခါ သမာဓိစခန်းမှ ဝိပဿနာလမ်းသို့ တက်ရမည်။ ထွက်သက်ဝင်သက်တို့၏ ခဏမစဲ တဖွဲဖွဲဖြစ်ပျက်မှုနှင့် ရုပ်နာမ်တရားတို့ကို အနိစ္စ(မမြဲ)၊ ဒုက္ခ(ဆင်းရဲ၏), အနတ္တ(အနှစ်အသားမရှိ)ဟု ရှုမှတ်ရမည်။
ဤ၌ ရုပ်သည်နာမ်ထက် ထင်လွယ်သောကြောင့် ရုပ်ကိုစ၍ရှုမှ ပေါက်ရောက်လွယ်သည်။ ထွက်သက်ဝင်သက်သည် သမာဓိရလွယ်ခြင်း၊ ထင်မြင်လွယ်ခြင်းတို့ကြောင့် တရားစခန်းများ၌ ထွက်သက်ဝင်သက်ကို အားထုတ်ကြခြင်းဖြစ်သည်။ ထွက်သက်ဝင်သက်ရှုမှတ်၍ အညောင်းအညာ ဝေဒနာပေါ်လာသောအခါ ထိုဝေဒနာကို ရှုမှတ်ရမည်။ ထိုသို့ရှုမှတ်လျှင် ဝေဒနာနုပဿနာဖြစ်သည်။ ထိုသို့ရှုမှတ်ရင်း ကြံစည်တွေးတောလျှင် ထိုစိတ်ကိုမှတ်ရမည်။ ထိုသို့မှတ်လျှင် စိတ္တာနုပဿနာဖြစ်သည်။ ကာမဂုဏ်အာရုံကို ကြံစည်လျှင် ထိုအကြံကို လိုက်မှတ်ရမည်။ ထိုသို့ရှုမှတ်က ဓမ္မာနုပဿနာဖြစ်သည်။
ဆိုခဲ့သည့်အတိုင်း ထွက်သက်ဝင်သက်ဟူသော အာနာပါနကို ထူထောင်၍ အားထုတ်နေခြင်းသည် ယောဂီပုဂ္ဂိုလ်၏ ပါရမီအလျောက် တစ်ရက်, နှစ်ရက်၊ တစ်လ, နှစ်လ၊ တစ်နှစ်, နှစ်နှစ်နှင့် မဂ်ဖိုလ်ရောက်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါသည်။
ထိုသို့နိဗ္ဗာန်ကို ယခုဘဝမျက်မှောက် မပြုနိုင်စေကာမူ -
(၁) ရတနာသုံးပါးကို ယခင်ကထက် ကြည်ညိုတတ်ခြင်း၊
(၂) သေရမည့်ဘေးကို တရားအားမထုတ်ခင်ကလောက် မကြောက်ခြင်း၊
(၃) မတရားလိုချင်မှု၊ မတရားတပ်မက်မှု မဖြစ်တော့ခြင်း၊
(၄) ရသမျှနှင့် ရောင့်ရဲနိုင်ခြင်း၊
(၅) ကုသိုလ်၌ မွေ့ပျော်ခြင်း စသောအကျိုးတရားများကို တရားအားထုတ်သူတိုင်း ခံစားကြရမည် ဖြစ်သည်။
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-80712004165562704482023-05-26T10:25:00.005+06:302023-05-26T10:25:27.908+06:30 ဘဝနတ်ထံပျံလွန်တော်မူခြင်း
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဗန်မော်ကျောင်းတိုက်ကြီး၏ ပဓနနာယက ၊ နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဌ ( အဘိဓဇမဟာရဋ္ဌဂုရု ၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီးသည် သက်တော် (၉၄)နှစ်၊ သိက္ခာတော် (၇၄) ဝါ အရ ၁၃၈၅ ခုနှစ် ၊နယုန်လဆန်း (၇)ရက် ၊ (၂၅-၅-၂၀၂၃ ) ကြာသပတေနေ့ ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-67395774558291281392023-05-19T10:06:00.002+06:302023-05-19T10:06:05.734+06:30CI စာအုပ်ကောက်ရထာသည် (ပျောက်နေသူ အမြန်ဆက်သွယ်ပါ)
ပိုင်ရှင်ကိုယ်တိုင် ဆက်သွယ်၍လာယူပါရန်။ ကျေးဇူးပြု၍ အမြန် ရှယ် ပေးကြပါ။
CI စာအုပ် (၂)အုပ်
၁၊ (De De Yar We Day, CI No. CC7288978)
၂၊ (Ohn Myint CI No. CC7276004)
Sai Khan Khaung အမည်နဲ့
၁၊ OWIC ကတ်ပြား
၂၊ ပန်းရောင်ကတ်
၃၊ ATM ကတ်
၄၊ ပကန်ဆန်ခုမ်းကတ်
၅၊ OPPO ကတ်
ရထာလို့ သိမ်းထားပေးပါတယ်။
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-88487018934130723992022-10-17T17:52:00.005+06:302022-10-17T17:52:54.764+06:30အချိန်ကုန်တာစိတ်မချစရာကြုံဖို့ပဲ
တစ်စက္ကန့်ထက် တစ်စက္ကန့် တစ်မိနစ်ထက် တစ်မိနစ် ၊ တစ်နေ့ထက် တစ်နေ့ ဆိုသလို အချိန်တွေ နေ့ရက်တွေ တရွေ့ရွေ့ ကုန်ကုန်လာကြတယ် ၊ ဒီလို အချိန်တွေ ကုန်တာဟာ ••• နေ့ရက်က ကုန်တာမဟုတ်ဘူး ၊ အသက်တမ်း တစ်ရက်ထက် တစ်ရက် လျော့လျော့သွားတာမို့ အသက်တမ်းကသာ ကုန်ကုန်သွားရတာပဲ ၊ ရိပ်မိကြရဲ့လား ၊ နေ့တွေ ရက်တွေက ဘယ်တော့မှ မကုန်နိုင်ပါဘူး ၊ အမှန်ကုန်ဆုံးသွားခဲ့တာ ၊ အမှန်တကယ် ပျောက်ပျက်သွားတာကတော့ ၊ အသက်တမ်းပဲ ၊ ရှင်းကြရဲ့လား ။
ဒကာ ဒကာမတွေ အသက်တမ်း လျော့လျော့ သွားလေလေ ၊ နေဖို့ အချိန်က နည်းသွားလေပဲ ။ သေရဖို့ အချိန် နီးလာလေ ၊ နေဖို့အချိန်က နည်းသွားလေပဲ ။
နေရဖို့ အချိန်က နည်းလာ သလောက် ၊ မေ့မေ့ လျော့လျော့ ပေါ့ပေါ့ တန်တန်နဲ့ အမှတ်တမဲ့ သေသွားရရင် လှလှကြီး ဒုက္ခရောက်ရမယ် ၊ ဒါကြောင့် အချိန်ကုန်တာ စိတ်မချစရာ ကြုံဖို့ပဲ ၊ ဒီတော့ အချိန်တွေ ကုန်သလောက် အမှုမဲ့ အမှန်မဲ့ စိတ်ချနေလို့ မဖြစ်သေးပါကလားလို့ ရိပ်မိကြရမယ် ။
အားကိုးစရာ လက်ကိုင်မရှိတော့ စိတ်မချရဘူးပေါ့ ၊ ဒကာ ဒကာမတွေ အလေးအနက် စဉ်းစားကြ ၊ ပေါ့ပေါ့ကလေးများ မအောက်မေ့ကြနဲ့ ၊ ဒုက္ခအဆုံး ဖြစ်ပျက်အဆုံး မြင်တဲ့ ဥာဏ်ရမှ စိတ်ချရမယ် ၊ ဒီဥာဏ်မရသေးရင် အေးနေလို့ မဖြစ်သေးဘူး ၊ ဒီဥာဏ်မရသေးရင် သေခါနီးမှာ ဒုက္ခကြီး လှလှ ရောက်တော့မယ် •••
ဥပမာဆိုရင် ယော်ရွက် ကြွေသလိုပဲဆိုတာ မှတ်ကြ ၊ ရင့်ယော်နေတဲ့ သစ်ရွက်ဟာ ကြွေချိန်တန်လို့ ကြွေတော့ ဘယ်မှာ ကျမယ်လို့ အတတ်မသိနိုင်ဘူး ၊ သူကျချင်တဲ့ နေရာ သူကျချင်လိုသာ ကျသွားမှာပဲ ၊ အကျမမှန်ဘူး ၊ ဆူးတောထဲ ကျချင် ကျမယ် ၊ ရွံ့ဗွက်ထဲ ကျချင် ကျမယ် ၊ ဘယ်နေရာမှာ ကျမယ်လို့ မပြောနိုင်ဘူး ၊ ကျချင်သလို ကျမယ် ၊ ဒီ ဥပမာအတိုင်းပဲ ဒုက္ခအဆုံး မမြင်ရသေးပဲနဲ့ သေပွဲဝင်ရရင် ကြောက်ဇောဝင်ပြီး ရောက်ချင်ရာ ရောက် ၊ ကျချင်ရာ ကျတော့မယ် ဗရမ်းဗတာဘေး ၊ ဝိနိပါတ ဘေးကြီး သင့်တော့မယ် ။
သောတာပန် မတည်သေးရင် ၊ ဒီဘေးဆိုးကြီးက မလွတ်နိုင်တော့ ဗရမ်းဗတာ ကျချင်ရာ ကျမဲ့ ဘေးဆိုးကြီး မုချ သင့်ရတော့မယ် ဆိုတာ စိတ်သာချကြတော့ ။
ဒီတော့ ဒီဘေးက လွတ်အောင် လုပ်မှဖြစ်မယ် ၊ လွတ်အောင် ဒုက္ခအဆုံးမြင်တဲ့ ဥာဏ်ရအောင် လုပ်ရမယ် ၊ ဒါကြောင့် အခုနှယ်က သတိတရား ၊ အသိတရား ရတုန်း အခွင့်အခါ သင့်နေတုန်းမှ ဒီဥာဏ်ကို မရရအောင် အားထုတ်ယူကြပါလို့ လေးလေးနက်နက် တိုက်တွန်းလိုက်တယ် ။
ဒကာတို့ရဲ့ သဒ္ဓါ ပညာ ဝိရိယ အားကောင်းရင် အားကောင်းသလောက် အရမြန်မယ် ၊ ဒီအားက သေးရင်လည်း သေးသလောက် အရ နှေးမယ်ဆိုတာ မှတ်လိုက်ကြ ၊ ရှုရမှာက စိတ်တစ်ခု ပေါ်ရာဋ္ဌာန ခြောက်နေရာ ၊ ပေါ်တော့ တစ်ခုထဲ တစ်နေရာမှာသာ ပေါ်မှာ ၊ အဲဒီပေါ်တဲ့နေရာ မိအောင် လိုက်ရှု ၊ နားလည်ကြပြီလား ။
ခြောက်ဋ္ဌာန ခြောက်နေရာ ပေါ်လာတဲ့ စိတ်ကလေးကို မလွတ်အောင် ဖြစ်ပျက်ရှုပေး ၊ ပေါ်လာတဲ့ စိတ်ကလေးဟာ ပေါ်လာပြီး ပျက်သွားတာ တွေ့ရမယ် ၊ ဥပမာ ••• မျက်လုံးထဲ မြင်စိတ်က ပေါ်လာ ၊ ဥာဏ်နဲ့ ကြည့်လိုက်တော့ ဖြစ်ပြီး ပျက်သွားတာ တွေ့ရမယ် ၊ ဒီလို တွေ့တော့ မျက်လုံးထဲ ပေါ်တဲ့စိတ်ကလေးက ဖြစ်ပျက် ၊ ရှုတဲ့ ဥာဏ်က မဂ်ဖြစ်သွားတယ် ၊ သဘောပါပြီလား ၊ ဒီနည်းအတိုင်း မလွတ်တမ်း ဖြစ်ပျက်နဲ့ မဂ် ကိုက်နေအောင် ရှုပေးကြ ။
ဒီတော့ အရှုခံ တရားက ဖြစ်ပျက် ၊ ရှုဥာဏ်က မဂ် ၊ သတ်တာက တဏှာ ၊ ဥပါဒါန် ၊ ကံတွေ ၊ ဒါတွေသေတော့ အို နာ သေ ဒုက္ခခန္ဓာ မလာတော့ဘူး ၊ ဒီတော့ ခန္ဓာနိရောဓော နိဗ္ဗာနံ ၊ နောက်က နိဗ္ဗာန် ပေါ်လာတယ် ။
ဖြစ်ပျက် မြင်ရင် ၊ မုန်းရင် မဂ္ဂင်ငါးပါး ရတယ် ၊ ဖြစ်ပျက် ဆုံးမှ အဆုံးမြင်တဲ့ ဥာဏ်ရမှ မဂ္ဂင်ရှစ်ပါး ပြည့်မယ် ၊ ငါးပါးဆို သိပ်ပြီး မသေချာသေးဘူး ၊ ရှစ်ပါးပြည့်စုံမှ သေချာမယ် ၊ ရှစ်ပါးပြည့်မှ စိတ်ချရမယ် ။
မိမိသန္တာန်မှာ စိတ်ခြောက်ပါးထဲက တစ်ပါးပါးဟာ ပေါ်နေမှာပဲ ၊ တစ်ပါး မပေါ် တစ်ပါး အမြဲပေါ်နေမယ် ၊ ဒီလို ပေါ်နေတဲ့အခါ ပေါ်တိုင်း ပေါ်တိုင်း မလွတ်အောင် ဖြစ်ပျက် ဥာဏ်ဝင်ပေး ၊ ရှုပေးရမယ် ၊ မရှုမိရင် မရှုမိတာနဲ့ တပြိုင်နက် •••
ဖဿ ၊ ဝေဒနာ ၊ တဏှာဆိုပြီး တန်းလာတော့တာပဲ ၊ အဲဒီ စိတ်ခြောက်ပါး တဏှာနဲ့ သာယာ လိုက်တာနဲ့ တဏှာဆိပ်မျိုတာပဲဆိုတာ မှတ်ကြ ၊ သဘောပါကြရဲ့လား ၊ စိတ်ခြောက်ပါးကို သာယာကြရင် ငါးပါးမှောက်မယ် ၊ ငါးပါးမှောက်ရင် ချောက်ချဖို့သာ မြင်ကြပေတော့ပဲ ၊ ရှင်းပြီလား ။
အမှန်အကန် သိဖို့ သိအောင်သာ စိတ်ခြောက်ပါး ပေါ်သမျှ မဂ်ဝင်ရမယ် ၊ မဂ်နဲ့ ဖြစ်ပျက် ရှုပေးရမယ် ၊ အဲဒီဥာဏ် ကိုယ်ပိုင်ရအောင် လုပ်ရမယ် ၊ ရှင်းပြီလား ၊ အရှု အမှတ်များရင် များသလောက် ဥာဏ်တက်လာမယ် ၊ နောက် အမှန်အကန် ကိုယ်ပိုင် ဒိဋ္ဌ သိလာရမယ် ၊ သဘောပါကြပြီလား ။
ဝိပဿနာ ရှုတယ်ဆိုတာ ရုပ်နာမ် ဖြစ်ပျက်ကို တွေ့မှသာ ဝိပဿနာ ဖြစ်တယ် ၊ ရုပ်နာမ် ဖြစ်ပျက် မမြင်ဘဲ ဝိပဿနာ ရှုတယ်ဆိုတာ အဓိပ္ပါယ် မရှိဘူးလို့ မှတ်ကြ ၊ ဒါကြောင့် ပထမ ဖြစ်ပျက် မြင်အောင် ရှုကြဖို့ အရေးကြီးတယ်ဆိုတာ မှတ်ကြ ၊ ရှင်းပြီလား ။
" ဖြစ်ပျက်ကို တွေ့မှ သြဘာသ ပီတိ ပဿဒ္ဓိ စတဲ့ အခြင်းအရာတွေ တွေ့မယ် " ဖြစ်ပျက်မှ မတွေ့သေးရင် ၊ ဒါတွေ မလာနိုင်ဘူး ၊ ဖြစ်ပျက် မမြင်တဲ့ သူဟာ ဒီဘဝ မဂ်ဖိုလ် မရနိုင်ဘူးဆိုတာ မှတ်တော့ ၊ နောက်နောက် ဘဝအတွက် အဆက်ဖြစ်မယ့် ပါရမီဖြစ်မယ် ။
အို ၊ နာ ၊ သေ ပဋိသန္ဓေဟာ ဘေးတွေပဲလို့ အမှန်အကန် သိတဲ့အခါ သိတဲ့ဥာဏ်က •••• မဂ္ဂသစ္စာ
သိတော့ သိတဲ့နေရာမှာ ဘေးတွေချုပ် ၊ ဘေးတွေ သေသွားတယ် ၊ အဲဒီနေရာမှာ ပေါ်လာတာက ••• နိရောဓသစ္စာ ။
အဲဒီ ဘေးအမျိုးမျိုးတွေက ••• ဒုက္ခသစ္စာ ။
သိတဲ့ ဥာဏ်ပေါ်တော့ နောက်က ချုပ်တဲ့ အကြောင်းတွေက ••• သမုဒယသစ္စာ ၊
ကဲ ကြိုးစားအားထုတ်ကြ ။
( #မိုးကုတ်ဆရာတော်ဘုရားကြီး )
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-74655994993540338562022-10-16T19:01:00.002+06:302022-10-16T19:04:16.217+06:30 ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး
နိဒါန်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဗုဒ္ဓသာသနာဝင် အစစ်
ပဋိစ္စသမုပ္ပါဒ်တရားတော်ဟုဆိုလျှင် အခြားဘာသာ သာသနာတို့နှင့်လုံးဝ မသက်ဆိုင်ကြောင်း, ဗုဒ္ဓသာသနာတော်နှင့်သာလျှင် သက်ဆိုင်၍ ဗုဒ္ဓသာသနာတော်တွင်း တရားသာလျှင် ဖြစ်ကြောင်း, မူလပဘဝအားဖြင့် ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူခဲ့သော တရားတော် ဖြစ်ကြောင်များ ထင်ရှားဖော်ပြလျက် ရှိပေသည်၊ ယင်း ပဋိစ္စသမုပ္ပါဒ်တရားတော်သည် ဗုဒ္ဓသာသနာတော်၌ အရေးကြီးသော အပိုင်းကဏ္ဍ တခုအဖြစ်ဖြင့် ပါဝင်လျက်ရှိပေ၏၊ အဘယ့်ကြောင့်ဆိုသော် ဝိပဿနာယောဂီပုဂ္ဂိုလ်တို့သည် ပစ္စယပရိဂ္ဂဟဉာဏ်အဆင့်သို့ ရောက်သောအခါ ယင်းပဋိစ္စသမုပ္ပါဒ် တရားကို အကျဉ်းအားဖြင့်ဖြစ်စေ, အကျယ်အားဖြင့်ဖြစ်စေ ထိုက်သည်အားလျော်စွာ မုချသိအပ်သောကြောင့်ပင် ဖြစ်ပေသည်၊ ထို့ကြောင့်ပင် ဗုဒ္ဓမြတ်စွာဘုရားသည် ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကို အကြိမ်တရာမက များစွာပင် ဟောကြားတော်မူခဲ့ပေသည်။
#ဤတရားကို သိလျှင် ရမည့် အကျိုးများ
ပဋိစ္စသမုပ္ပါဒ်ကိုသိလျှင် “ကိုယ့်ချမ်းသာ ဆင်းရဲကို ကိုယ်တိုင်ပြုသည်, သူတပါးကပြုသည်” စသည်ဖြင့် ယူမှားသော ဒိဋ္ဌိကင်းကြောင်းကိုလည်းကောင်း (နိဒါနဝဂ္ဂသံယုတ် အစေလ ကဿပသုတ် စသည်)၊ သမ္မာဒိဋ္ဌိ-အယူမှန်ရှိသူ ဖြစ်ကြောင်းကို လည်းကောင်း (၎င်း ကစ္စာနဂေါတ္တသုတ်)၊ သမဏ-ကိလေသာငြိမ်းသော ရဟန်းအစစ်ဖြစ်ကြောင်း, ဗြာဟ္မဏ-မကောင်းမှုကို ပယ်ထုတ်ပြီးသော သူမြတ်အစစ် ဖြစ်ကြောင်းကိုလည်းကောင်း (၎င်း-သမဏ ဗြာဟ္မဏသုတ်)၊ သေက္ခဉာဏ်နှင့်ပြည့်စုံသူ တရားအလျဉ်သို့ရောက်သူ အမြိုက်နိဗ္ဗာန်တံခါးဝသို့ရောက်သူ မည်ကြောင်းကိုလည်းကောင်း (၎င်း-ပစ္စယသုတ်) ဤသို့စသည် ပဋိစ္စသမုပ္ပါဒ် သိခြင်း၏ အကျိုးများကို ဗုဒ္ဓမြတ်စွာဘုရား ဟောကြား ဖော်ပြတော်မူခဲ့ပေသည်။
#ခက်ခဲ၍ ဖွင့်ပြတော်မူကြသည်
သို့သော် ယင်း ပဋိစ္စသမုပ္ပါဒ်တရားတော်သည် သိလွယ်သော တရားကား မဟုတ်ပေ၊ အလွန်နက်နဲ၍ သိနိုင်ခဲသော တရားသာ ဖြစ်ပေသည်၊ ထို့ကြောင့်ပင် ဒီဃနိကာယ် မဟာဝဂ် မဟာနိဒါနသုတ်၌ ပဋိစ္စသပ္ပါဒ်တရားသည် နက်နဲ၍ နက်နဲယောင် ထင်ကြောင်း, ယင်း ပဋိစ္စသမုပ္ပါဒ်တရားကို မသိရခြင်းကြောင့် သတ္တဝါအပေါင်းသည် သံသရာကို မကျော်လွန်နိုင်ပဲ ဆင်းရဲဒုက္ခ ရောက်နေကြရ ကြောင်းများကို ဟောကြားတော်မူခဲ့ပေသည်၊ ယင်းသို့ နက်နဲ၍ အသိခက်သောကြောင့်ပင် ရှေးရှေးသော ဆရာမြတ်တို့သည် ဤပဋိစ္စသမုပ္ပါဒ်တရားကို မိမိတို့ ဉာဏ်စွမ်းရှိသမျှ ခေတ်ကာလအားလျော်စွာ ဖွင့်ပြဟောကြား ရေးသားတော် မူခဲ့ကြပေသည်။
သို့သော် သမုဒ္ဒရာရေသည် မည်ရွေ့မည်မျှပင် ခပ်ယူသော်လည်း မကုန်နိုင်သကဲ့သို့ ယင်း ပဋိစ္စသမုပ္ပါဒ် တရားတော်သည်လည်း ဖွင့်ပြ၍ကား မကုန်နိုင်ပေ၊ အကျယ်ဖွင့်ပြ ဟောကြား ရေးသား ထုတ်ဖော်ရန် လိုလျက်သာ ရှိချေသည်။
၁၁ - #သီတင်းတိတိ အကျယ်ဟောတော်မူခဲ့သည်
ထို့ကြောင့် ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးသည်လည်း ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီး၌ များစွာသော ရဟန်း ရှင် လူ ပရိသတ်တို့အား ၁၃၂၄-ခု နယုန်လပြည့်ကျော် ၈-ရက်နေ့မှစ၍ ၁၁-သီတင်းတိုင်တိုင် စိတ်ပါဝင်စားသူတိုင်း သိနားလည်နိုင် လောက်အောင် အကျယ်ဖွင့်ပြလျက် ဟောကြားတော်မူခဲ့ပေသည်၊ ထိုသို့ ဟောကြားစဉ်ကာလက (ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အကျိုးတော်ဆောင်) ဦးသိန်းအောင်နှင့် (ဒုတိယတရားမ တရားသူကြီး) ဦးသိန်းဟန်တို့က ထပ်ကာထပ်ကာ နာယူနိုင်ရန် ရည်သန်မျှော်လင့်လျက် တိတ်ရီကော်ဒါခေါ် အသံဖမ်းစက်များဖြင့် တရားသံကို ဖမ်းယူထားခဲ့ကြပေသည်၊ ယင်းတရားသံကို (ဟိုစဉ်အခါက ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ၌နည်းပြ ကမ္မဋ္ဌာနာစရိယအဖြစ်ဖြင့် ဆောင်ရွက်လျက်ရှိသော) အရှင်ဝဏ္ဏိတမထေရ် (ယခု ဖျာပုံ သာသနာ့ရိပ်သာ ဆရာတော်)က တပည့်ရဟန်းတော်များ၏ အကူအညီဖြင့် တိတ်ခွေမှထုတ်ယူကာ လက်ရေး စာမူကြမ်းအဖြစ်သို့ ရောက်စေခဲ့ပေသည်၊ တဖန် ထိုလက်ရေး စာမူကြမ်းကို (ဒုတိယ တရားမ တရားသူကြီး) ဦးသိန်းဟန်က တိုက်ပရိုက် စာမူကြမ်းအဖြစ်သို့ ရောက်စေခဲ့ပေသည်။
ဗုဒ္ဓ ဓမ္မ လောက စာစောင်၌ တင်ပြခြင်း
ထိုသို့ တိုက်ပရိုက် စာမူကြမ်းဖြစ်ပြီးသောအခါ၌ ဗုဒ္ဓ ဓမ္မ လောက စာစောင် အယ်ဒီတာ ဦးအောင်မြင့်က ဗုဒ္ဓ ဓမ္မ လောကစာစောင်၌ ယင်း ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို တင်ပြလိုကြောင်း ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးထံ၌ ခွင့်ပန်လျှောက်ထားခဲ့လေသည်၊ ထိုလျှောက်ထားချက်အရ စာမူချောအဖြစ်သို့ ရောက်အောင် သုတ်သင် ပြင်ဆင်ရန်အတွက် (ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် အကျိုးတော်ဆောင်) ဦးသိန်းအောင်က ကမ္မဋ္ဌာနာစရိယ အရှင်ဝဏ္ဏိတထံမှ တိုက်ပရိုက်မူကြမ်း ပဋိစ္စသမုပ္ပါဒ်တရားတော် စာအုပ်ကြီးကို တောင်းယူခဲ့ကာ ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီး လက်သို့ ဆက်ကပ်လိုက်ပေသည်၊ ဆရာတော်ဘုရားကြီးက ထိုစာမူကြမ်းကို စာမူချောအဖြစ်သို့ ရောက်အောင် သုတ်သင် ပြင်ဆင်ပေးသဖြင့် ဗုဒ္ဓဓမ္မ လောကစာစောင်၌ တပိုင်းချင်း တပိုင်းချင်း တင်ပြခဲ့ရာ စာရှုသူ အပေါင်းတို့မှာ အလွန် နှစ်သက်ကြလျက် စာအုပ်အဖြစ်ဖြင့် တပေါင်းတည်း အပြည့်အစုံကြည့်ရှုလိုသော စိတ်ဆန္ဒပြင်းပြစွာ ဖြစ်ပေါ်ခဲ့ကြလေသည်၊ အချို့က စာအုပ်ပုံနှိပ်ပြီး ရှိလိမ့်မည် အထင်နှင့်စာအုပ်တင်ပို့ရန် အမှာစာများဖြင့် တောင်းဆိုကြလေသည်၊ အချို့ကလည်း စာအုပ်အဖြစ်ဖြင့် ပုံနှိပ်ဖြန့်ဝေရန် တောင်းပန်ကြလေသည်။
#ပုံနှိပ်စာအုပ်အဖြစ်သို့ ရောက်ခြင်း
သို့ဖြစ်သောကြောင့် (ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အကျိုးတော်ဆောင်) ဦးသိန်းအောင်က အဆိုပါ ပဋိစ္စသမုပ္ပါဒ် တရားတော်ကို စာအုပ်အဖြစ်ဖြင့် ပုံနှိပ်ဖြန့်ဝေခွင့်ပြုပါရန် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးအား တောင်းပန်လျှောက်ထားလေသည်၊ ထိုလျှောက်ထား တောင်းပန်ချက်အရ ဆရာတော်ဘုရားကြီးထံမှ သဘောတူ ခွင့်ပြုချက်ရသဖြင့် ဓမ္မဒေသနာဖြန့်ချီရေး စာပေတိုက်မှ “ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး”ဟူသော အမည်ဖြင့် ပုံနှိပ်ဖြန့်ဝေလိုက်ပေသည်။
#ဤတရားတော်ကြီး၏ ထူးခြားချက်များ
ဤ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး၏ ထူးခြားချက်များမှာ-
(၁) ယေဘုယျအားဖြင့် နားလည်လွယ်သော အရပ်သုံး မြန်မာစကား ရိုးရိုးဖြင့်ဟောထားခြင်း။
(၂) အတိုချုပ် ဆောင်မှတ်ထားနိုင်ရန် လင်္ကာစကားပြေ ဆောင်ပုဒ်များဖြင့် ဟောထားခြင်း။
(၃) သာဓကဝတ္ထုများကိုလည်း အရာအားလျော်စွာ ဆောင်ပြထားခြင်း။
(၄) လေးနက်ခိုင်မာသော အသင့်ယုတ္တိနှင့် တိကျသော အကြောင်းပြချက်အမျိုးမျိုး, ပေါ်လွင်ထင်ရှား သော ဥပမာ စသည်တို့ဖြင့် တန်ဆာဆင်၍ ဟောထားခြင်း။
(၅) ပါဠိကို မြန်မာပြန်ရာ၌ သိလွယ်သော ဝေါဟာရတို့ဖြင့် ပြန်ဆို၍ ဟောထားခြင်း။
(၆) စာတွေ့မျှမဟုတ်ပဲ ကိုယ်တွေ့ဖြင့် နှိုင်းချိန်နိုင်အောင် ဖေါ်ပြလျက် ဟောထားခြင်း။
(၇) သုတမယ, စိန္တာမယဖြင့်သာ မဟုတ်ပဲ ဘာဝနာမယဖြင့်လည်း သိနားလည်နိုင်အောင်
ဟောထားခြင်း စသည်တို့ ဖြစ်ပေသည်။
အထက်ပါ ထူးခြားချက်တို့တွင် အမှတ်-၁-၂-၃-၄-ထူးခြားချက်များမှာ အလွန်ထင်ရှားပါသည်၊
#ဤစာအုပ်ကို ဖတ်
သွားယင်းပင် ၎င်းတို့ကို သဘောပေါက်သွားနိုင်ပါသည်၊ အမှတ်-၅-၆-၇ ထူးခြားချက်တို့နှင့်စပ်၍မူ ဤနိဒါန်းကပင် အနည်းငယ် အရိပ်အမြွက်မျှ ဖော်ပြလိုပါသည်။
#သိလွယ်သောဝေါဟာရဖြင့် ပြန်ဆိုခြင်း
ထိုတွင် အမှတ် ၅-အရ အနည်းငယ် ဖော်ပြရလျှင် အပ္ပဋိပတ္တိ အဝိဇ္ဇာနှင့် မိစ္ဆာပဋိပတ္တိ အဝိဇ္ဇာတို့ကို- “အမှန်မသွား၊ အမှားမြင်ကာ၊ အဝိဇ္ဇာကြောင့်”ဟု (နှာ ၂၃-၃၀စသည်) ပေါ်လွင်ထင်ရှားသော ဝေါဟာရစကားဖြင့် ပြန်ဆိုဖော်ပြထားသည်၊ ယင်းမူလဆောင်ပုဒ်၏ အကျယ်ပြ ဆောင်ပုဒ်တို့၌လည်း “မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ၆-ပါးက ထင်ပေါ်လာသမျှ ဆင်းရဲတွေကို ဆင်းရဲဟု မထင်မသိတာက အဝိဇ္ဇာ၊ ထိုဆင်းရဲတရားတွေကိုပင် ချမ်းသာဟု ထင်တာကလဲ အဝိဇ္ဇာ”ဟု (နှာ ၂၉)-
ဤသို့စသည်ဖြင့် လူတိုင်းပင်သဘောပေါက် သိနားလည်နိုင်လောက်အောင် သရုပ်ဖော်လျက် ပြဆိုထားပေသည်။
ထို့ပြင် အဝိဇ္ဇာကြောင့် သင်္ခါရတို့ ဖြစ်ကြသည်ဟူရာ၌ အဝိဇ္ဇာနှင့်သင်္ခါရတို့ မည်သို့ဆက်သွယ်သည် ဟူသောအချက်ကိုလည်း ပေါ်လွင်စေရန်-
“အဝိဇ္ဇာကြောင့်၊ ချမ်းသာလိမ့်နိုး၊ ရည်မျှော်ကိုးလျက်၊ သုံးမျိုးမှုကံ၊ ပြုစီမံ၍”ဟု (နှာ ၃၀-စသည်) ချမ်းသာလိမ့်မည်ထင်သော ရည်မျှော်ချက်ဖြင့် ဆက်စပ်ကြောင်းကို ဖြည့်စွက်လျက် ပြဆိုထားပေသည်။
ထို့ပြင် သင်္ခါရာ-ပုဒ်ကိုလည်း “သုံးမျိုးမှုကံ၊ ပြုစီမံ၍”ဟု ပေါ်လွင်သော ဝေါဟာရဖြင့် ပြန်ဆိုထား ပေသည်။
ထို့ပြင် အကုသလဝိပါကစက္ခုဝိညာဏံ-ပုဒ်ကို “မကောင်းတာကို မြင်ရတဲ့စိတ်”ဟူ၍လည်းကောင်း (နှာ-၇၆)၊
ကုသလ ဝိပါကစက္ခုဝိညာဏံ-ပုဒ်ကို “ကောင်းတာမြင်တဲ့စိတ်” ဟူ၍လည်းကောင်း (နှာ-၇၇) ဤသို့စသည်ဖြင့် လူတိုင်းသိလွယ်အောင် ပြန်ဆိုထားပေသည်။
ဤပုံဤနည်းအတိုင်း သိလွယ်သော ဝေါဟာရတို့ဖြင့် ပြန်ဆိုထားသည်ကို ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး စာအုပ်ဝယ် နေရာပေါင်းများစွာတို့၌ တွေ့ရပါလိမ့်မည်။
#ကိုယ်တွေ့ဖြင့် နှိုင်းချိန်နိုင်အောင် ပြခြင်း
အမှတ် (၆) အရ ထူးခြားချက်အနည်းငယ်ကို ဖော်ပြရလျှင် သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည် ဟူရာ၌ ဘဝသစ် ပဋိသန္ဓေဝိညာဏ်ဖြစ်ပုံကို ယောဂီတို့၏ ကိုယ်တွေ့ဉာဏ်ဖြင့် နှိုင်းချိန်နိုင်အောင် ရှင်းလင်းပြဆိုထားသည်မှာ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှပါသည်၊ ပြဆိုပုံကတော့-သင်္ခါရကြောင့် ဘဝသစ် ပဋိသန္ဓေဝိညာဏ် ဖြစ်တယ်ဆိုတာဟာ အသိခက်ကြောင်း, သိဖို့လဲ အလွန်အရေးကြီးကြောင်း, အဲဒီအချက်ကိုမသိလျှင် မိစ္ဆာဒိဋ္ဌိဖြစ်စရာ အကွက်ကြီးတခု ဖြစ်သည်ဟု လယ်တီဆရာတော်ဘုရားကြီးက မိန့်မှာသွားကြောင်း, ထိုသို့ မိန့်မှာသည့်အတိုင်းပင် ယင်းအချက်နှင့် စပ်လျဉ်း၍ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ ဖြစ်တတ်ကြောင်း, ကိုယ်ပိုင် ဆင်ခြင်ဉာဏ်ကိုသာ အားကိုးပြီး ကိုယ်တွေ့အထောက်အထားလောက်နဲ့သာ ကြံကြည့်လျှင် စာတတ်ပုဂ္ဂိုလ်တွေမှာလဲ
ဒီအချက်ကို သဘောပေါက်ဖို့ ခက်နေတတ်ကြောင်း, ရုပ်ဝါဒသမားတို့၏ အတွေးအခေါ်တွေကို လေ့လာမိလျှင် ၎င်းတို့၏ တပည့်ဖြစ်သွားတတ်ကြောင်း စသည်ဖြင့် (နှာ ၇၈၊ ၇၉) ဝေဖန်ဖော်ပြပြီးလျှင် သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်ရောက်နေတဲ့ယောဂီကစုတိနဲ့ ပဋိသန္ဓေဖြစ်ပုံကို ဒီလိုသိတယ်၊ “လောကမှာ သေတယ်ဆိုတာလဲ ရှုမှတ်ရတဲ့ စိတ်ကလေး ပျောက်သွားတာမျိုးပဲ၊ ယခု ရှုမှတ်နေယင်း ပျောက်ပျောက်သွားတဲ့ စိတ်ကလေးလိုပင် နောက်ဆုံး စိတ်ကလေး ပျောက်သွားတာဖြစ်မှာပဲ၊ ဘဝသစ်ဖြစ်တယ် ဆိုတာလဲ ယခုမှတ်သိရတဲ့ စိတ်ကလေးတွေ အသစ်အသစ်ဖြစ်ပေါ်လာတာမျိုး ဖြစ်မှာပဲ၊ သေတာလဲ နောက်ဆုံးစိတ် တစိတ်ပဲ၊ ဘဝသစ်ဖြစ်တာလဲ အစဆုံးစိတ် တစိတ်မျှပဲလို့ ဒီလို သဘောပေါက်ပြီး သိသွားပါတယ်”ဟု ပြဆိုထားပေသည်။ (နှာ ၈၀)။
ထို့ပြင် စိတ်ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပေါ်သည်ဟု ဆိုရာ၌ “ယခု စဉ်းစားကြည့်ပါ၊ မြင်တယ်ဆိုယင် မြင်ရတဲ့အာရုံကို ကောင်းတဲ့အနေ မကောင်းတဲ့အနေအားဖြင့် ခံစားမှုလဲ ပါဝင်နေပါတယ်၊ အဲဒါဟာ ဝေဒနာပဲ၊ မြင်ရတဲ့အာရုံကို မှတ်သားတဲ့သဘောလဲ ပါဝင်နေတာပဲ” စသည်ဖြင့် (နှာ-၁၃၆) စိတ်ဝိညာဏ်ကြောင့် ဝေဒနာ သညာစသော နာမ်ဖြစ်ပုံကို ကိုယ်တွေ့ ဉာဏ်တွေ့ ရောက်အောင် ဟောထားပေသည်၊ ထို့ပြင် “လက်ခြေကို ကွေးချင်တဲ့စိတ်ဖြစ်ယင် ကွေးတဲ့ရုပ် ဖြစ်လာတယ်၊ ဆန့်ချင်တဲ့စိတ်ဖြစ်ယင် ဆန့်တဲ့ရုပ် ဖြစ်လာတယ်” စသည်ဖြင့် (နှာ-၁၃၈) စိတ်ဝိညာဏ်ကြောင့် ရုပ်ဖြစ်ပုံကိုလည်း ကိုယ်တွေ့ ဉာဏ်တွေ့ ရောက်အောင် ဟောထားပေသည်၊ ယင်းသို့ စိတ္တဇရုပ်ကို သိခြင်းဖြင့် ပဋိသန္ဓေ ကာလကလည်း စိတ်ဝိညာဏ်ကြောင့် ရုပ်ဖြစ်ခဲ့သည်ကို မှန်းဆ၍ သိနိုင်ကြောင်း အဋ္ဌကထာနှင့်အညီလည်း ပြဆိုထားပေသည် (နှာ-၁၂၉၊ ၁၃၀)၊
ဤသို့စသည်ဖြင့် ကိုယ်တွေ့ဖြင့် နှိုင်းချိန်နိုင်အောင် ပြဆိုထားချက်တို့ကိုလည်း ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး စာအုပ်ဝယ် နေရာပေါင်းများစွာတို့၌ တွေ့ရပါလိမ့်မည်။
#ဘာဝနာမယဉာဏ်ဖြင့်လည်း သိနားလည်စေခြင်း
အမှတ် (၇)အရ ထူးခြားချက်ကို အမြွက်မျှ ဖော်ပြရလျှင် အတက္ကာဝစရော-မဂ်ဖိုလ်နိဗ္ဗာန်ကို ကြံဆရုံမျှဖြင့် မရောက်နိုင်ဘူးလို့ဆိုရာမှာ ကြံဆရုံမျှဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို သိဖို့ဆိုတာမပြောနဲ့ ဝိပဿနာအသိမျိုးတောင် မဖြစ်နိုင်ကြောင်း, ဝိပဿနာထဲမှာ အောက်ထစ်ဆုံးဖြစ်တဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်တောင် မဖြစ်နိုင်ကြောင်းများကို ပြဆိုပြီးလျှင် သတိပဋ္ဌာန်ဒေသနာနည်း အရ ဖြစ်ခိုက်ရုပ်နာမ်ကို မပြတ်လိုက်ပြီးမှတ်နေမှ သမာဓိဉာဏ် အားပြည့်တဲ့အခါ နာမ်နဲ့ရုပ်ကို ပိုင်းခြားသိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်စသော ဝိပဿနာဉာဏ်များဖြစ်ပုံကို ပြဆိုထားသည်မှာ အထူးမှတ်သားဖွယ် ကောင်းလှပါပေသည် (နှာ-၉)။
ထို့ပြင် သစ္စာလေးပါးကို မသိတာက အဝိဇ္ဇာ-စသည်ဖြင့် သုတမယ, စိန္တာမယဉာဏ်ဖြစ်အောင် ပါဠိအဋ္ဌကထာတို့နှင့်တကွ ပြဆိုသည့်ပြင် “မရှုမမှတ်တဲ့အတွက် အဝိဇ္ဇာက သိရိုးသိစဉ်အတိုင်း ဒါက လူပဲ ယောက်ျားပဲ မိန်းမပဲ လက်ပဲ ခြေပဲ မျက်နှာပဲစသည်ဖြင့် အလွဲတွေသိနေတာကို (အဝိဇ္ဇာက) ဖုံးတယ်လို့ ဆိုပါတယ်”စသည်ဖြင့် ဘာဝနာမယဉာဏ် မရှိသောသူမှာ အဝိဇ္ဇာဖြစ်ပုံကိုလည်း ဖော်ပြထားပေသည် (နှာ-၂၇)၊ ထို့ပြင် “ဖောင်းတယ် ပိန်တယ် စသည်ဖြင့်မှတ်နေယင်း ကိုယ်ထဲမှာ တနေရာရာက ယားတာပေါ်ယင် အဲဒီယားတဲ့ သဘောကလေးကို ယားတယ် ယားတယ်လို့ သူ့အလိုလိုပဲ သိလျက် သိလျက်ဖြစ်နေတယ်၊ ယားတဲ့နေရာက လက် ခြေ ခေါင်း ကိုယ်ရယ်လို့ ပကတိသိနေကျ ပုံသဏ္ဌာန်နိမိတ်တွေလဲ မပေါ်လာဘူး၊ ငါယားတယ်လို့လဲနှလုံးမသွင်းမိဘူး၊ ယားတဲ့ အခံခက်တဲ့ သဘောကလေးတွေသာ ဆက်ကာ ဆက်ကာပေါ်နေတယ်၊ အဲဒါကလေးလဲ တည်မြဲနေတာရယ်လို့ မရှိဘူး၊ မှတ်ယင်း မှတ်ယင်းပျောက်ပျောက် သွားတာကိုသာ တွေ့ရတယ်၊ ဒါကြောင့် မမြဲတဲ့ တရားတွေပဲ ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ တွေ့ပြီးထင်ရှားသိရတယ်” စသည်ဖြင့် ဘာဝနာမယဉာဏ်ကြောင့် အဝိဇ္ဇာကင်းပုံကိုလည်း ဖော်ပြထားပေသည် (နှာ-၂၈-၂၉)။
ဤနည်းဖြင့် ဘာဝနာမယဉာဏ် ဖြစ်သင့်ရာဟူသမျှ၌ သုတမယ, စိန္တာမယမျှသာ မဟုတ်ပဲ ဘာဝနာမယဉာဏ်ဖြစ်ပုံ, ဘာဝနာဉာဏ်ဖြင့် သိပုံများကိုလည်း ဖော်ပြထားသည်ကို တွေ့ရပါလိမ့်မည်။
#ကြည့်ရှုလေ့လာခြင်း၏ အကျိုး
ထို့ကြောင့် ဤ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးကို ကြည့်ရှုလေ့လာလျှင် ပဋိစ္စသမုပ္ပါဒ် သဘောသဘာဝ တို့ကို ပါဠိ အဋ္ဌကထာ ဋီကာတို့၌ ပြဆိုထားသည့်အတိုင်း ကောင်းစွာသိနားလည်၍ သုတမယဉာဏ်လည်း ဖြစ်ပွါးမည်၊ စိန္တာမယဉာဏ်လည်းဖြစ်ပွါးမည်၊ ယင်းဉာဏ် ၂-ပါးကို အခြေခြုံပ၍ ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်ပွါးများလျှင် ဘာဝနာမယဉာဏ်လည်း ဖြစ်ပွါးမည်မှာ ယုံမှားဖွယ်မရှိဖြစ်ပေသည်၊ ဘာဝနာမယ ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံသောအခါ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရမည်မှာ မုချဧကန် အမှန်မလွဲပင်ဖြစ်ပါတော့သည်။
#နိဂုံးချုပ်
သို့ဖြစ်၍ သပ္ပုရိသအပေါင်း သူတော်ကောင်းတို့သည် ဤ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးစာအုပ်ကို စေ့စေ့စပ်စပ် သေသေချာချာ ကြည့်ရှုလေ့လာသောအားဖြင့် အလွန်နက်နဲသော ပဋိစ္စသမုပ္ပါဒ်တရားနှင့် စပ်လျဉ်း၍ သုတမယဉာဏ်ကိုလည်း ပွါးနိုင်ကြပါစေ၊ လေးလေးနက်နက် စဉ်းစားဆင်ခြင်သောအားဖြင့် စိန္တာမယဉာဏ်ကိုလည်း ပွါးနိုင်ကြပါစေ၊ အကြောင်းအကျိုးဆက်စပ်လျက် မပြတ်ဖြစ်နေသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ရှုမှတ်သောအားဖြင့် ဘာဝနာမယဝိပဿနာဉာဏ် ကိုလည်း အပြည့်အစုံဖြစ်ပွါးစေကာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် အဝိဇ္ဇာသင်္ခါရစသော ပဋိစ္စသမုပ္ပါဒ် တရားတို့၏ လုံးဝချုပ်ငြိမ်းရာ နိဗ္ဗာန်ချမ်းသာကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေသော်။
၁၃၂၉-ခု အရှင်ပဏ္ဍိတာဘိဝံသ
တပေါင်းလဆန်း (၈) ရက်။ သာသနာ့ရိပ်သာ၊ ရန်ကုန်မြို့။
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး (ပထမတွဲ)
ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး (ဒုတိယတွဲ)
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-67491236148459557332022-09-19T09:50:00.002+06:302022-09-19T10:01:27.999+06:30အဆုတ်ကင်ဆာ ဖြစ်ရတဲ့ အဓိကအကြောင်းရင်း
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-69040238727456472652022-09-13T16:53:00.007+06:302022-09-13T16:53:55.657+06:30အဆင်း နဲ့ အတက် ဘယ်ဟာများလဲ
အဆင်းဆိုတာ
အကုသိုလ်တရားကိုပြောတာ၊
အတက်ဆိုတာ
ကုသိုလ်တရားကိုပြောတာ။
လမ်းနှစ်လမ်းပေါ်မှာသွားနေတဲ့ သတ္တဝါ
တွေကိုနှိုင်းယှဉ်ကြည့်လိုက်တော့ အဆင်း
လမ်းကသွားကြတာက ပိုများနေတယ်၊၊
သူကသွားလို့လွယ်တယ်၊
လျောချလိုက်ရုံလေးပဲ၊အတက်လမ်းကို
သွားတဲ့ပုဂ္ဂိုလ်သတ္တဝါကသိပ်နည်းတယ်၊
သူက ကြိုးကြိုးစားစား တက်ရတာ ဆို
တော့ စိတ်မနိုင်သူတွေများတယ်။
သတ္တဝါတွေဆင်းရဲနေကြတာ
က အမှန်တော့အဆင်းရဲလွန်းလို့ဆင်းရဲနေ
ကြတာ၊ဒုစရိုက် အကုသိုလ်အလုပ်တွေမှာ
ကိုယ့် စိတ်ကို မထိန်းသိမ်းနိုင်ပဲ အဆင်းရဲ
လွန်းလို့၊ အဆင်းရဲလွန်းရင် ဆင်းရဲမယ်၊
အောက်ကျနောက်ကျ ဖြစ်မယ်၊ဘယ်မှာမှ
အဆင့်မမီဘူး။
မြတ်စွာဘုရားက လက်သည်းခွံပေါ်
မှာမြေမှုန့်လေးတွေကို တင်ပြီးပြောတယ်-
"ချစ်သားရဟန်းတို့၊ချစ်သားတို့
ချစ်သမီးတို့...ဒီလက်သည်းခွံပေါ်က မြေ
မှုန့်လေးတွေနဲ့ဟောဒီမဟာပထဝီမြေကြီး
ပေါ်ကမြေမှုန့်တွေဘယ်မြေမှုန့်ကများသလဲ?
"မြတ်စွာဘုရား...နှိုင်းယှဉ်လို့
မရနိုင်အောင်ကွာခြားလှကြောင်းပါဘုရား"
"အေး...ဒီအတိုင်းပဲ၊ဘဝသံသရာရဲ့
အဆင်းလမ်း အတက်လမ်း နှစ်သွယ်မှာ
အဆင်းလမ်းကိုလိုက်ကြတဲ့သတ္တဝါတွေ
က မဟာ ပထဝီမြေကြီး ပေါ်ကမြေမှုန့်
လောက်များတယ်"တဲ့။
* အဆင်းအတက်၊ လမ်းနှစ်ဖက်၊
ကွက်ကွက်မြင်အောင်ကြည့်၊
* အဆင်းခေါ်ဆို အကုသိုလ်၊
ကုသိုလ်အတက်သိ၊
* အဆင်းရဲက၊ ဆင်းရဲရ၊
အောက်ကျ မည်ဟုသိ၊
* ကုသိုလ်ကိုကိုင်၊ တက်ရောက်နိုင်၊
ကိုယ်ပိုင်စွမ်းအားရှိ။
တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက
{ ယောဆရာတော်ကြီး }
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-67698194715324202102022-09-13T16:42:00.004+06:302022-09-13T16:42:28.976+06:30 ဗုဒ္ဓဘာသာတစ်ဦး၏ အခြေခံသိရမယ့်အချက်များ
◉ ဗုဒ္ဓဘာသာတစ်ဦး၏ အခြေခံသိရမယ့်အချက်များကို ပြောပြပါဘုရား။
ဗုဒ္ဓဘာသာတစ်ဦးဖြစ်ပြီဆိုရင် အခြေခံအားဖြင့် သိသင့်သိထိုက်တာကတော့
(၁) ကံတရားနဲ့ ကံတရားရဲ့ အကျိုးကို ယုံကြည်လက်ခံမှု၊ ဒါကို ကမ္မဿကတာ သမ္မာဒိဋ္ဌိ လို့ခေါ်တယ်။ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ်။ ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ ရှိတယ်၊ responsible ပေါ့။ ကိုယ်လုပ်တာ ကိုယ် တာဝန်ယူတယ်ဆိုတဲ့အမြင်မျိုး ရှိရမယ်။ ဗုဒ္ဓဘာသာမှာ ဒါ အခြေခံအနေနဲ့ ရှိရမယ်။
(၂) ဘုရားကို အသိဉာဏ်နဲ့ ယုံကြည်မှု၊ တရားကို အသိဉာဏ်နဲ့ ယုံကြည်မှု၊ သံဃာကို အသိဉာဏ်နဲ့ ယုံကြည်မှု၊ ကိုယ်ကျင့်သီလကို ငါးပါးသီလအခြေခံထားပြီး ထိန်းသိမ်းမှုဆိုတာ ဒါ ဗုဒ္ဓဘာသာတစ်ဦး အခြေခံ အားဖြင့် သိပြီး လိုက်နာရမယ့်အချက်တွေပဲ ဖြစ်တယ်။
နောက် ဗုဒ္ဓဘာသာဆိုတာ ကံ, ကံ၏အကျိုးကို ယုံကြည်တယ်၊ ကံရှိသည့်အတွက်ကြောင့် တမလွန်ဘဝဆိုတာ ရှိတယ်။ ဒီဘဝရှိသည့် အတွက်ကြောင့် အတိတ်ဘဝ ဆိုတာလည်း ရှိတယ်။ အကြောင်းတရားတွေ
ရှိနေသမျှ အကျိုးတရားတွေ ရှိနေဦးမှာပဲ။ ဘဝကိုဖြစ်စေတတ်တဲ့ ကံနဲ့ ကိလေသာရှိနေသမျှ ဘဝဆိုတာ ရှိနေမှာပဲလို့ အကြောင်းအကျိုးကို သိတဲ့ အသိတွေဟာ အခြေခံအသိလို့ ပြောလို့ရတယ်။ ဒါကို အနည်းဆုံး သိဖို့ လိုတယ်။
ဒီထက် အဆင့်မြင့်လာရင် လူဆိုတာ မရှိဘူး။ ရုပ်နဲ့နာမ် နှစ်မျိုးသာ ရှိတယ်၊ ငါဆိုတာ မရှိဘူး၊ ငါ့ဟာဆိုတာ
မရှိဘူး။ အားလုံးဟာ ထာဝရပြောင်းလဲပြီး နောက်ဆုံးမှာ ပျက်စီးသွားမယ့်အရာတွေသာ၊
“သဗ္ဗေသင်္ခါရာ အနိစ္စာ”ဆိုတဲ့ အမြင်မျိုး ရှိရမယ်။
နောက်ဆုံး ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်သွားရင်တော့ဝိပဿနာဉာဏ် အခြေခံတွေရပြီး ရုပ်နဲ့နာမ် နှစ်မျိုးသာရှိတယ်။
ထိုရုပ်နာမ်တို့မှာလည်း ဆိုင်ရာ ဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်တယ်ဆိုတဲ့ ဒီ အခြေခံနှစ်မျိုးကအစ
နောက်ဆုံးမှာ သောတာပန်ဖြစ်သွားပြီဆိုမှတကယ့်ကို ခိုင်မြဲတဲ့ ဗုဒ္ဓဘာသာ ဖြစ်မယ်လို့ ဒီလိုမှတ်ရမယ်။
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-53007642569197734752022-09-13T16:01:00.001+06:302022-09-13T16:01:03.911+06:30သေခါနီး_စည်း_၃_တန်
ဝေဒနာ ပြင်းထန်လာပြီး ..ဝေဒနာက အချိန်နဲ့အမျှ ရှေ့ကိုသာ တိုးတယ်။
နောက်ကို ပြန်မဆုတ်ဘူး၊
ဒါဆို ကိုယ့်ကိုယ်ကိုယ် သေရမှာ လူတိုင်းသိတယ်။
ပြောရရင်တော့ ..
ဒီတောင် မကျော်နိုင်တော့ဘူး ... ကိုယ့်ကိုယ်ကိုယ် သိတယ်။
အဲ့ဒီတော့ .... သွားမယ် ဆိုရင် စည်း(၃)တန်ကို ကျော်ပြီး သွားရမှာ ....
အဲဒီလို ဝေဒနာ ပြင်းထန်နေချိန်မှာ ရှုမှတ်မှုတရားအရှိန် မရှိဘူးတဲ့ ပုဂ္ဂိုလ်ဟာ .... ငါ သေရတော့မယ် ဆိုတဲ့ အတွေးဝင်ရင် .... ခန္ဓာ့ ဖြစ်စဉ်ကို မသိတဲ့ပုဂ္ဂိုလ် .... တရားနှလုံး မသွင်းဘူးတဲ့ ပုဂ္ဂိုလ် .... သေရတော့မယ် သိရင် ပျော်မလား ?
မပျော်ပါ ဘုရား။
မပျော်ရင် ကြောက်မှာပေါ့၊ ဟုတ်နော်။
ကြောက်ပြီးသေရင် ငရဲသွားမှာ..
နှလုံးမသာယာစိတ် မှန်သမျှ .. စာလို ❝ ဒေါသ ❞ လို့ သုံးတာ .. ဒီ ကြောက်စိတ်နဲ့ဆို ငရဲသွားမှာ။ ဒီစည်း မကျော်နိုင်ဘူး .. ဒါ ပထမစည်းပဲ။
အဲဒီစည်းကို ကျော်နိုင်ဖို့ ကျော်နိုင်တဲ့ စိတ်ဓာတ်အင်အားရှိမှ ကျော်နိုင်မယ်။ ဟုတ်နော် ....
၁။ ရုပ်ဓာတ်တွေ ကတော့ဖြင့် ....
ရုပ်စာ ကျွေးတဲ့အတွက် ကြီးကြီး, ကြီးကြီး လာတယ်။ အခု လမ်းဆုံးနားထိ ရောက်နေကြပြီ။
သို့သော် ....
❝ စိတ်စာ ❞ ကိုတော့ ကျွေးသူ မရှိသလောက်ပဲ၊ စိတ်အားကောင်းဖို့ရာ စိတ်စာသည် ❝ သတိ ❞ ပါပဲ။ ဟုတ်နော်။
❝ စိတ်စာ - သတိ ❞ မကျွေးရင် .... အဲဒီစိတ်သည် ဘယ်တော့မှ မကြီးဘူး။ အခု ခင်ဗျားတို့ စိတ်ကြီး ကြပြီလား ?
မကြီးသေးပါ ဘုရား။
ငယ်ငယ်တုန်းကရော ကိုယ်ကြိုက်တဲ့အာရုံနဲ့ တွေ့ရင် လိုချင်သလား၊ မလိုချင်ဘူးလား ?
လိုချင်ပါတယ် ဘုရား။🙏🙏🙏
အခုကော ... ?
လိုချင်ပါတယ် ဘုရား။🙏🙏🙏
ဒါဖြင့် ... စိတ် မကြီးသေးဘူးပေါ့။
ငယ်ငယ် တုန်းက ကိုယ်မကြိုက်တာနဲ့ တွေ့ရင် မုန်းသလား၊ မမုန်းဘူးလား ?
မုန်းပါတယ် ဘုရား။🙏🙏🙏
အခုကော ... ?
မုန်းပါတယ် ဘုရား။🙏🙏🙏
ဒါဖြင့် ... စိတ် ကြီးပြီလား၊ မကြီး သေးဘူးလား ?
မကြီးသေးပါ ဘုရား။🙏🙏🙏
ဒါဆို ရုပ်ကသာ သေခါနီး နေကြတာ စိတ်က ကလေးပဲ ရှိကြသေးတယ်နော်....။ ဘိုးကလေး၊ ဘွားကလေးတွေပေါ့။
❝ စိတ်စာ - သတိ ❞ မှ မကျွေးကြပဲနဲ့။
❝ စိတ်စာ - သတိ ❞ ကျွေးမှ စိတ်စည်းလုံးမှု ရှိတယ်။
စိတ်စာ ကျွေးမှ စိတ်အေးတယ်။
စိတ်အေးမှလည်း စည်းလုံးမှု ရှိတယ်။ စည်းလုံးမှုရှိမှလဲ စိတ်က ကြီးထွားတယ်။
လောကဓံ ကောင်းတာလဲ မတုန်လှုပ်ဘူး .... လောကဓံ ဆိုးတာလဲ မတုန်လှုပ်ဘူး .... အဲဒါ စိတ်ကြီးသမားမှ ဖြစ်နိုင်တယ်။
အဲဒီ .... စိတ်ကြီးသမားမှသာ ဒီစည်း(၃)ချက်ကို ကျော်နိုင်မယ် နော်။
သတိမရှိတဲ့ ပုဂ္ဂိုလ်တိုင်း ဝေဒနာက ပြင်းထန်နေရင် အဲဒီအခါ စိတ်စည်းလုံးမှု မရှိလို့၊ စိတ် မကြီးထွားတဲ့ ပုဂ္ဂိုလ်ဟာ ❝ ငါ သေရတော့မယ် ❞ ဆိုတဲ့ အတွေး ဝင်ကို ဝင်တယ်။
သေချင်သူ ရှိလား၊ ဘယ်သူမှ မသေချင်ဘူးနော်။
လူ, ဖြစ်ဖြစ်၊ တိရစ္ဆာန်, ဖြစ်ဖြစ် ကိုယ့်ဘဝကို ခင်တွယ်တယ်နော်။
သေရမယ်မှန်း သိရင် ပျော်မလား၊ ကြောက်မလား။
ကြောက်မှာပါ ဘုရား။🙏🙏🙏
ကြောက်ရင်, ကြောက်တာက ... ❝ ဒေါသ ❞ ပေါ့။
ဒါဆို .... ဘယ်သွားမတုန်း။
ငရဲပါ ဘုရား။🙏🙏🙏
ဒီ .... ပထမအတွေး မဝင်ရင်လဲ ဒုတိယအတွေး ဝင်နိုင်တယ်။ ဒုတိယ စည်းပေါ့။ ဟုတ်နော် ....
၂။ သံယောဇဉ် ကြီးလွန်းလို့မှ ....
တစ်သက်လုံး ကျွန်ခံပြီး လုပ်ကျွေးထားတဲ့ သားသမီး၊ ဇနီးတွေ ထားခဲ့ချင်မလား ....
အရိပ်တကြည့်ကြည့်နဲ့ အဲဒါလေးတွေ ကြည့်လေလေ .... သာယာစိတ်ကလေး ရှိလေ၊ နှစ်သက်စိတ်ကလေး ရှိလေ .... တပ်မက်စိတ်ကလေး ရှိလေ၊ အဲဒါ .... အကုသိုလ်တွေလေ၊ ဟုတ်နော်။
အဲ့လောက် .... အစွဲနာထားတာကြီး ရှိနေလျက်နဲ့ ကိုယ့်စိတ်ကလေးကလဲ စည်းလုံးမှု မရှိဘူး ဆိုရင် .... ခင်ဗျားတို့ ဒုတိယစည်းကို ကျော်နိုင်၊ မကျော်နိုင် .... ?
မကျော်နိုင်ပါဘူး ဘုရား။🙏🙏🙏
ဘယ်လို လုပ်ကြမတုန်း ခင်ဗျားတို့....
သတိနဲ့ စိတ်ကို စုစည်းမှု အားကောင်းအောင်၊ ကြီးထွားအောင် ကြိုပြီး လုပ်မထားကြရင် မကျော်နိုင်ဘူးနော်။ ဒုတိယစည်းကို ကျော်နိုင်ဖို့ ခဲယဉ်းတယ်။
စွဲထားကြတာတွေက မွေးကတည်းက စွဲထားကြတာတွေ၊ ဟုတ်နော်။
သားသမီး အပေါ် ... မိသားစု အပေါ် .... ကိုယ့်အိမ်, ကိုယ့်ပစ္စည်း အပေါ် .... ဟုတ်နော်။
အဲဒီလို ငါ့မိသားစု၊ ငါ့ပစ္စည်း တွေနဲ့ မခွဲချင်တဲ့စိတ်လည်း ဝင်မှာပဲ ( သို့မဟုတ် ) အားကိုးစိတ်လည်း ဝင်မှာပဲ။
မခွဲချင်လို့ နှလုံးမသာယာစိတ် ဝင်ရင်လည်း သွားမှာ ငရဲကို။ အားကိုးစိတ် ဝင်ရင်တော့ လာခဲ့ ပြိတ္တာ။ ဒါမှမဟုတ် ငါ့အိမ်၊ ငါ့မိသားစု သာမန်စွဲ ဆိုရင်တော့ တိရစ္ဆာန်။
ဒါဖြင့် .... ဒုတိယစည်း ကျော်ဖို့ တော်တော် ခဲယဉ်းတယ်။
၃။ တတိယစည်း ကလဲ ဝေဒနာ ကျော်ရမှာ။
သေခါနီးရဲ့ဝေဒနာ၊ မီးစာကုန် ဆီခမ်းနော်။ ခြင်ကိုက်သလို မဟုတ်ဘူးနော် ....
အထဲ, ထဲ ရှိတဲ့ အတိုက်အခံ ဓာတ်ချင်းကို တစ်ဖက်က တစ်ဖက်ကို သေအောင် သတ်မှာနော်။ အတိုက်ဖက်က နိုင်သွားပြီး အခံဖက်က လုံးဝသေမှ ဆုံးမှာ။
အခံဖက်က ခုခံအားကောင်းလို့ အတိုက်ဖက်က အားလျော့သွားရင် မဆုံးသေးဘူး ....
အဲဒီ ကြားမှာ မချိမဆံ့ ခံရမှာ။
အဲလို မချိမဆံ့ ခံရချိန် ဒီ ဝေဒနာကို ဖြစ်၊ ပျက် မမြင်ရင် .... စည်း မကျော်နိုင်ဘူးနော်။
ဒါဖြင့် .... ဒီ တတိယစည်းရော ကျော်နိုင်တဲ့ စိတ်ဓာတ်အင်အား ရှိကြပြီလား .... ?
မရှိသေးပါ ဘုရား။🙏🙏🙏
သေခါနီး အဲဒီလို စည်း(၃)ချက် ကျော်ရမှာဗျ၊၊
အဲဒီ စည်း(၃)ချက်ကို ကျော်နိုင်ပါမှ ကိုယ့်လုပ်စာ ကိုယ် စားရမှာ။
ဉာဉ်ကိုပယ်ပြီး ဉာဏ်နဲ့ သွားနိုင်ပါမှ ကိုယ်လုပ်ထားတဲ့ ဒါန၊ သီလ၊ သမာဓိနဲ့ ပညာ ရှိတဲ့ လူ့ဘုံ၊ နတ်ဘုံ၊ အထက်ဘုံနဲ့ နိဗ္ဗာန် ကို ရောက်တာ၊ ဟုတ်နော်။
သေခါနီး ကြည့်လိုက် ....
ဂတိနိမိတ်ကောင်းလို့ လူနိမိတ်၊ နတ်နိမိတ် ရောက်တဲ့ ပုဂ္ဂိုလ်ကို ကြည့်ရင် အိပ်ပျော်နေသလို ပြုံးပြုံးလေး ....
သေခါနီး သားသမီးတို့၊ အိမ်တို့ .... အဲဒါတွေ အစွဲနဲ့ သေမယ်ဆိုရင် ပြိတ္တာနဲ့ တိရစ္ဆာန် ဖြစ်မယ့်ပုဂ္ဂိုလ်ရဲ့မျက်နှာကျတော့ ညှိုး, ညှိုးလေး။
သေခါနီး မကောင်းမှုတွေ လုပ်ထားလို့ ငရဲနိမိတ် မြင်တဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာကျတော့ မဲ့မဲ့ကြီး။
ကိုင်း .... နေဝင်ခါ နီးပြီဗျ။
အိမ်အပြန် မျက်နှာပန်း လှကြပါ့မလား ?
စည်း(၃)ချက်ကို ကျော်နိုင် ကြပါ့မလား ?
❝ #အချိန်က_မရပ်မနား_သွားနေသလို_အရွယ်ကလည်း_မနားဘူးနော်။ ❞
ဒါကြောင့် ခင်ဗျားတို့ နားနေလို့ မရဘူး။
❝ #ပြုံးပြုံးလေး_သေချင်ကြရင်_ခုကတည်းက_စိတ်ကို_သတိ_အစာ_မပြတ်ကျွေးပြီး #လက်ကျန်အချိန်လေး_ရှိတုန်း_ဆောင်ရွက်သင့်သည်များကို_ကြိုတင်_လုပ်ဆောင်ထားကြပါ။ ❞
🙏 မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး🙏
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-90225177463505084862022-09-07T13:01:00.004+06:302022-09-07T13:01:25.059+06:30စေတနာအားလျော်စွာ ကံတရား၏ အကျိုးပေးမှု
ကိုယ့်ရှိတာကို လှူတဲ့ပုဂ္ဂိုလ်ဟာ လှူခြင်းကြောင့် ဖြစ်လေရာဘ၀မှာ ဘာဖြစ်လို့တုန်းဆိုတော့ ကံရဲ့သဘောတရားကို တုန့်ပြန်မှုလို့ ခေါ်တယ်။
★ ကိုယ်လုပ်တဲ့ကံဟာ ကိုယ့်ဆီ တုန့်ပြန်လာတာပဲ။ ကိုယ်လုပ်တဲ့ကံက သူတစ်ပါးကို ရစေတာဖြစ်လို့ သူတစ်ပါးကို ရစေတဲ့ဒါနကောင်းမှုသည် ကိုယ့်ကို ပြန်ရစေတယ်ဆိုတဲ့ အကျိုး တုန့်ပြန်ပေးတယ်။
★ သူတစ်ပါးကို "လာပါ၊ လှူကြရအောင်၊ လှူပါ" တိုက်တွန်းတဲ့ ပုဂ္ဂိုလ်ကျတော့ ကိုယ်က တိုက်တွန်းလို့ အခြားသူတစ်ယောက် ကုသိုလ်ကောင်းမှု လုပ်ဖြစ်သွားတယ်။
သူဟာ ကိုယ်နဲ့မိတ်ဖက် ဖြစ်သွားတယ်။ တိုက်တွန်းလို့ လှူဖြစ်သွားတော့ ကုသိုလ်ကောင်းမှုတွေ လုပ်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကိုယ်ရဲ့မိတ်ဆွေ အပေါင်းအသင်းဖြစ်သွားတယ်။
ဒါကြောင့် သူများကို တိုက်တွန်းပေးခြင်းအားဖြင့် မိတ်ဆွေ အပေါင်းအသင်းတွေ များတယ်။
★ အဲဒီနေရာမှာ လှူရင် စည်းစိမ်ဥစ္စာကို ရတယ်။ တိုက်တွန်းလို့ရှရင် အပေါင်းအသင်းတွေ ရတယ်။ အဲဒီတော့ အဲဒါကို ပြောင်းပြန် ပြန်ပြီးတော့ ကြည့်လိုက်တဲ့အခါ မလှူဘူးဆိုလို့ရှိရင် ဖြစ်လေရာ ဘ၀မှာ ပစ္စည်းဥစ္စာ ရရှိမှု မရှိဘူး။ မတိုက်တွန်းဘူးဆိုရင် မိတ်ဆွေ မရှိဘူး၊ မိတ်ကောင်းဆွေကောင်း မရဘူး။
အဲဒီ လေးချက်ကို မြတ်စွာဘုရားက ဟောတာ။
(၁) လှူသာလှူပြီး မတိုက်တွန်းဘူးဆိုရင် ဖြစ်လေရာ ဘ၀မှာ ချမ်းသာကြွယ်ဝသော်လည်း အပေါင်းအသင်း အခြံအရံ နည်းတယ်။
(၂) တိုက်တွန်းသာ တိုက်တွန်းပြီး ကိုယ်တိုင်မလှူဘူးဆိုရင် ဖြစ်လေရာဘ၀မှာ အပေါင်းအသင်း အခြံအရံများသော်လည်း ပစ္စည်းဥစ္စာ ရှားပါးတယ်။
(၃) လှူလည်း မလှူဘူး၊ တိုက်လည်း မတိုက်တွန်းဘူးဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်လေရာဘ၀မှာ ဆင်းရဲတယ်။ တစ်ကိုယ်တည်းနေရတဲ့ ဘ၀မျိုး ရောက်တယ်။
(၄) လှူလည်း လှူတယ်၊ တိုက်လည်း တိုက်တွန်းတယ်ဆိုတဲ့ ကုသိုလ်နှစ်မျိုးလုံး စုံအောင်လုပ်တဲ့ ပုဂ္ဂိုလ်က ဖြစ်လေရာဘ၀မှာ ပစ္စည်းဥစ္စာလည်းရတယ်။ မိတ်ဆွေ အပေါင်းအသင်းလည်း များတယ်ဆိုတဲ့ အကျိုးကိုရတယ်။
ပါမောက္ခချုပ်ဆရာတော်ကြီး
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-68139260529580761372022-09-01T13:24:00.005+06:302022-09-01T13:24:45.163+06:30 သေနည်းကောင်း
သေခါနီးကြလျှင် ဟိုအရေး၊ သည်အရေးတွေ ပြန်တွေးမနေနဲ့၊ ငယ်ငယ်တုန်းက မသိလို့မိုက်ခဲ့မိတာတွေ၊အကုသိုလ်လုပ်ခဲ့မိတာတွေ ပြန်မတွေးမိစေနဲ့။ ကုသိုလ်တွေ လုပ်ရမယ့်ဟာ မလုပ်ခဲ့ရသေးပါ သလားလို့လည်း ပြန်မတွေးမိစေနဲ့။ အားလုံးကို ဖြုတ်ချ။ တရား အားထုတ်နေတဲ့အခါဖြစ်စေ၊ တရားအားမထုတ်ဘဲနဲ့ နေတဲ့အခါမှာဖြစ်စေ ဘယ်တော့မှ ပြန်တွေးမနေပါနဲ့၊ အဲဒါတွေ ဖျောက်ပစ်။ အဲသလို တွေးတာဟာ ဥဒ္ဓစ္စခေါ်တယ်။ အဲ့ဒါ ပျံ့လွင့်တာ။ ကုက္ကုစ္စခေါ်တဲ့ နောင်တရတာ၊ ပူလောင်တာ၊ စိုးရိမ်းတာ။ အဲသလိုတွေ ပြန်တွေးတော့ အဟောင်းတွေက အသစ်ဖြစ်ပြီး အာသန္နကံဖြစ်သွားလို့ရှိရင် အပါယ်ကို တန်းကျလိမ့်မယ်။
အဲ့ဒီတော့ အဟောင်းတွေ မလာစေနဲ့၊ မတွေးနဲ့၊ ပစ္စုပ္ပန်ခန္ဓာကိုသာ ရှုပေး၊ တွေးမိနေရင် အဲသည့်တွေးမိတဲ့ စိတ်ကို နောက်ဉာဏ်နဲ့ ဖြစ်ပျက် ရှုပေး၊ ပူပန်ရင် ပူပန်တာကို ဖြစ်ပျက်ရှုပေး၊ ပေါ်လာသမျှကို ဖြစ်ပျက်သာ ရှု၊ ဝေဒနာပေါ်ရင် ဝေဒနာကို ဖြစ်ပျက်ရှု၊ သေရင်လည်း ဖြစ်ပျက်ရှုပြီး သေရုံပဲ၊ ဖြစ်ပျက်ရှုပြီးသေရင် သေတဲ့အချိန်မှာပဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်သေးတယ်။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်ပြီးမှ ရှုပြီးသေလိုက်ဦးမယ်ဆိုရင် သေခါနီးမှာ ရဟန္တာတောင် ဖြစ်နိုင်သေးတယ်။
(မိုးကုတ်ဆရာတော်ဘုရားကြီး သေနည်းကောင်းတရားတော်မှ)
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0tag:blogger.com,1999:blog-5900580869829904675.post-16127860425365601832022-07-03T09:52:00.002+06:302022-07-03T09:52:12.313+06:30 သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဌ၏ တရားအားထုတ်ပုံ နှင့် တရားထူးရရှိပုံ (၁)
တရားထိုင်သောအခါ အသက်ရှူသောအသံသည် ခပ်မြန်မြန်လွှဆွဲသံ၊ တံစဉ်းတိုက်သံကဲ့သို့ ညအခါများတွင် ပေ (၂၀၀) အကွာအဝေးမှ ကောင်းစွာကြားနိုင်ပါသည်။ ဝင်လေထွက်လေနှုန်းမှာ ၁-မိနစ်လျှင် ဝင်လေအကြိမ် (၁၀၀)၊ ထွက်လေအကြိမ် (၁၀၀) ဝင်လေထွက်လေ စုစုပေါင်း အကြိမ် (၂၀၀) ခန့် ရှိပါသည်။တစ်ခါတရံ (၂၀၀) ထက်ပိုပါသည်။ အရှူအရှိုက်လျင်မြန်သည်ဟု ဆိုနိုင်ပါသည်။ တရားထိုင်နည်းမှာ ၄င်းနှစ်သက်သလို ထိုင်လိုက်ပါသည်။
( သို့သော် တစ်ခါထိုင်ပြီးလျှင် ဣရိယာပုထ် မပြု ပြင်တော့ပါ။ ) ခြေထောက်နှစ်ချောင်းကို ထပ်ထားလေ့မရှိပါ။ တင်ပျဉ်ခွေ၍ ခန္ဓာကိုယ်ကို မတ်မတ်ထားပါသည်။ လက်နှစ်ဖက် ထပ်ထားပါသည်။ မျက်စိစုံမှိတ်ပြီး ခေါင်းကို အနည်းငယ် အောက်သို့ စိုက်ထားပါသည်။တရားထိုင်ရာမှထပြီး အခြားဣရိယာပုထ်ဖြင့် နေစဉ် ဝင်လေထွက်လေကို အသိမလွှတ်ပါ။ အသိကပ်မြဲ ကပ်ထားပါသည်။
ထိုအချိန်၏ ဝင်လေထွက်လေနှုန်းမှာ တစ်မိနစ်လျှင် ဝင်လေ (၆၀)၊ ထွက်လေ (၆ဝ) ဝင်လေထွက်လေ စုစုပေါင်း (၁၂၀) သို့မဟုတ် (၁၂၀) သာသာ ရှူလေ့ရှိပါသည်။ သာမန်အားဖြင့် လူတစ်ယောက်သည် တစ်မိနစ်လျှင် (၁၆) ကြိမ်၊ (၁၈) ကြိမ်လောက် အသက်ရှူရှိုက်သည်။ ဝင်လေထွက်လေကို မှိန်း၍ ရှူလေ့မရှိပါ။ အခါခပ်သိမ်း ဇောတင်၍လည်း ရှူလေ့မရှိပါ၊ ခပ်သွက်သွက် ခပ်ဆတ်ဆတ် ရှူလေ့ရှိပါသည် ။ အိပ်ချင်စိတ်ပေါ်သောအခါ၊သို့မဟုတ် စိတ်မတည် ငြိမ်သောအခါ ဝင်လေထွက်လေကို ပို၍ ခပ်ဆတ် ဆတ်၊ ပြုပြင်ရှူလိုက်ပါသည်။ မိမိစိတ်ကြိုက် ဝင်လေထွက်လေ ပြောင်းယူလိုက်ပါသည်။ တစ်ခါတစ် ရံ အဆုတ်အညှာပိုင်း၊ လည်ချောင်းအရင်းကပ်၍ လေတိုတို ဝင်လေထွက်လေ ရှူရှိုက်ပါသည်။ တစ်ခါ တစ်ရံ လေမတိုမရှည် ခရီးအလယ်အလတ် ရင်ဝမှ ဝင်လေထွက်လေ ရှူရှိုက်ခြင်းပြုပါသည်။ မိမိစိတ်ကို နှာသီးဝ၌ မြဲစေရန် ဤကဲ့သို့ လေတိုလေရှည် လေလတ်ရှုပြီး လေ့ကျင့်နေပါသည်။
ယခုအခါ ဆရာတော် အသက်ရှူပုံမှာ လူသာမန်ကဲ့သို့ပင်ဖြစ်ပါသည်။ တစ်မိနစ်လျှင် ၁၆ ကြိမ်၊ ၁၈ ကြိမ်လောက် အသက်ရှူရှိုက်ပါသည်။ တစ်ခါတစ်ရံ တစ်စုံတစ်ခုကို အာရုံပြုသောအခါ မျက်စိစုံမှိတ်ထားတတ်ပါသည်။ ဤအခါမျိုး၌ ခန္ဓာကိုယ်နှင့်ဝင်လေထွက်လေ ရှူပုံရှူနည်းမှာ အသံမကြားရပါ။ ဝင်လေကြောင့် ခန္ဓာကိုယ်နှင့် ဦးခေါင်းအနည်းငယ် မတ်သွားပါသည်။ ထွက်လေကြောင့် ခန္ဓာကိုယ်နှင့် ဦးခေါင်းအနည်းငယ် အရှေ့ဘက် ငိုက်လာပါသည်။ သေသေချာချာ ဖူးမြော်လျှင် မျက်စိမှိတ်၍ ခေါင်းမှန်မှန်ညိတ်ပြီး ခန္ဓာကိုယ်သည် ခပ်မှန်မှန် ခပ်လေးလေး ရှေ့တိုးနောက်ဆုတ်ဖြစ်နေပါသည်။ လေကို ချက်ရောက်အောင် ရှူသည်ဟု ထင်ပါသည်။
ယောဂီဦးအောင်ထွန်းသည် ၁၃၂၁-ခု တော်သ လင်းလဆန်း၆-ရက်နေ့မှစ၍ ၁၃၂၃-ခု နယုန်လဆန်း (၇) ရက်နေ့အထိ (၂၁) လတိုင်တိုင် မိမိစိတ်ကို မိမိကိုယ်ခန္ဓာမှ မထွက်စေဘဲ ဇွဲနပဲကြီးစွာဖြင့်တရားရှာခဲ့ပါသည်။ ထိုလများတွင် တစ်လထက် တစ်လ ဆတက်ထမ်းပိုး သမာဓိအင်အား တိုးပွားလာပါ သည်။ တရားရရန်လည်း ကြောက်ခမန်းလိလိ အဖျက်အဆီးများ ပိုများလာပါသည်။ အဆင့်ဆင့် သညာပယ်နိုင်စွမ်းရှိခဲ့၍သာ ယခု အခြေအနေသို့ ရောက်ခဲ့ရပါသည်။ ယခုဖော်ပြရသည်မှာ တာထွက်ခါစသာ ရှိပါသေးသည်။
နဂိုက ဇွဲသမား
ယောဂီဦးအောင်ထွန်း တရားထိုင်ပုံထိုင်နည်းများ ဖော်ပြခဲ့သည့်အတိုင်း ဖြစ်ပါသည်။ (သမာဓိထူပုံမှာ အိပ်ချိန် စားချိန်နှင့် လမ်းလျှောက်ချိန်မှအပ ၂၄-နာရီပတ်လုံး မိမိစိတ်ကို နှာသီးဝမှဝင်လေထွက်လေကို အသိကပ်ထားပါသည်။) လေဝင်သောအခါ လေဝင်မှန်းသိအောင် သတိပြုနေပါသည်။ လေ ထွက်သောအခါ လေထွက်မှန်းသိအောင် သတိပြုနေပါသည်။ လေဝင်တိုင်း ထွက်တိုင်း နှာသီးဝထိ ခိုက်သွားသည့်နေရာကို အမိဖမ်းထားပါသည်။ မိမိစိတ်တည်ငြိမ်မှုမရဘဲ သဘာဝအလျောက် လွင့်ချင်ရာလွင့်သော အခါ လေတို- လေရှည်နှင့် မတိုမရှည်လေကို တစ်လှည့်စီ အဆင်သင့်သလို ပြောင်းပြီး နေပါသည်။ လေရှူပုံရှူနည်းကို ပြောင်းပေးသော်လည်း စိတ်က နှာသီးဝ "ထိ" သည်ကို သိနေစေပါသည်။
ထိုစိတ်ကိုနှာသီးမှ မည်သည့်နေရာကိုမှ မပြောင်းရန် ကြိုးစားနေပါသည်။
ယောဂီဦးအောင်ထွန်းသည် ဗုဒ္ဓဘာသာ အယူဝါ ဒအရ တရားရှာရာတွင် ဣရိယာပုထ် လေးမျိုးရှိသော်လည်း ထိုင်သော ဣရိယာပုတ်ဖြင့် တစ်နေ့လျှင် (၁၆) နာရီမျှ အားထုတ်နေပါသည်။ထိုသို့ထိုင်သော အလုပ်ချိန်သက်သက်ကို ထောက်ရှုခြင်းအားဖြင့် မည်မျှနာမည်၊ ကျင်မည်၊ ဒဏ်ခံရမည်ကို မှန်းဆနိုင်ပါသည်။ သူ၏ ဇွဲနပဲကြီးပုံကိုလည်း သိနိုင်ပါသည်။ သူမည်မျှပင် ဇွဲနပဲ ကြီးစေကာမူ တရားထိုင်သောအခါ ကြမ်းခင်းနှင့် ခြေမျက်စိ၊ တင်ပါးဆုံထိသော နေရာများမှစ၍ နာပြပါပြီ၊ ကျဉ်ပြပါပြီ၊ ခြေထောက် နာနေသည်။ ကျဉ်နေသည်ကို ဦးအောင်ထွန်း ဂရုမစိုက်ပါ၊ ပေပေ တေတေ အောင့်ခံခဲ့ပါ သည်။ သူ အောင့်ခံသော်လည်း နာခြင်း သဘောတ ရားက နာမြဲနာနေပါသည်။ ကျဉ်ခြင်း သဘောတ ရားက ကျဉ်မြဲ ကျဉ်နေပါသည်။ ဒီခန္ဓာကိုယ်ကြီးကပဲ နာနိုင် ကျဉ်နိုင်မလား၊ ငါကပဲ ခံနိုင်မလား၊ ဝေဒနာနှင့် ပြိုင်၍ ပေပေတေတေ အောင့်ခံနေပါသည်။ (အနာသက်သာရန် မွေ့ရာကိုလည်း မသုံးခဲ့ပါ၊ စောင်လည်းမခုခဲ့ပါ )။ ပထမဦးဆုံးအကြိမ် မိမိခန္ဓာကိုယ်မှ တက်လာသောဝေဒနာမှာ အသက်ထွက်သည့်ပမာ ခံစားရပါသည်။ ဤကဲ့သို့ နာကျင်ကိုက်ခဲဖြစ်နေစဉ် ဝင်လေထွက်လေကိုလည်း အသိမလွတ်ရန်သတိပြု နေပါသည်။ နဂိုမူလစိတ်ကို နှာသီးဝမှာ ငြိမ်ငြိမ်ထားပါလျက် အဘယ်ကြောင့် နာသည့်ဘက် စိတ်ရောက်သနည်း။ အဘယ့်ကြောင့် ကျင်သည့်ဘက် စိတ်ရောက်ရသနည်း။ မရောက်ချင်၍လည်းမရ၊နာကျင် သည့်ဘက်သို့ စိတ်ရောက်နေရပြီ။
ဦးအောင်ထွန်းအဖို့ ဝေဒနာအစ၊ ဝေဒနာအလယ် ၊ ဝေဒနာအဆုံး လုံးလုံး မသိသေးပါ။ သာမန်လူများကဲ့သို့ နာမှန်း ကျဉ်မှန်းသိရုံသာသိပါသည်။ ဝေဒနာသဘော မရိပ်စားမိသေးသည့်အတွက် နှာသီးဝ ဝင်လေထွက်လေ တစ်ခုတည်းကိုသာ အာရုံစိုက် လုံး ပန်းနေပါသည်။ နှာသီးဝ ဝင်လေထွက်လေ တစ်ခုတည်းကို အသိကပ်ထားလျှင် သမာဓိသက်သက် သမထနယ် ရောက်သွားမည်ကိုလည်းသူ မသိခဲ့ပါ။
တရားမရ မထတော့ပြီ
နှာသီးဝ ဝင်လေထွက်လေကို မိမိက ဇွတ်အသိကပ်ထားသော်လည်း နာကျင်သည့်အခါ နာသည့်ဘက်၊ ကျဉ်သည့်ဘက်သို့ မသိချင်မနေရ၊ အသိရောက်သွားပြန်ပါသည်။ ရုပ်နှင့် နာမ်ကိုလည်း အတူတကွဖြစ်ပြီး အတူတကွ ချုပ်ပျက်ကြသည်ကို သူနားမလည်ပါ။ အခါပေါင်းများစွာ နှာသီးဝမှ အသိလွှတ်ပြီး နာကျင်ကိုက်ခဲဘက်သို့ အသိရောက်လေ့ရှိပါသည်။ ဤကဲ့သို့ နာကျင်ကိုက်ခဲသည့်ဘက်သို့ တစ်ဖက်သတ် အသိရောက်ပြီး နာတယ်-ကျဉ်တယ်ဟုထင်သောအခါ ပိုနာလာတတ်ပါသည်။ မခံနိုင်ပါလားဟု ထင်သောအခါ ပို၍ မခံမရပ်နိုင်အောင် ဖြစ်လာပါသည်။ မိမိစိတ်က သတ်မှတ်သ လို နာသဘော၊ ကျဉ်သဘောအတက်အကျ ဖြစ်နေပါသည်။ နာတယ်-ကျဉ်တယ် ထင်သောအခါ တကယ်နာနေပါသည်။ တကယ်ကျဉ်နေပါသည်။ နာမ်ညွတ်ရာ ရုပ်ဇာတိဖြစ်သည့် အသိဉာဏ်ရရန်များစွာ လိုပါသေးသည်။ သို့သော် ဦးအောင်ထွန်းသည် နဂိုဗီဇက ဇွဲကောင်းသူဖြစ်သည့်အားလျော်စွာ မည်မျှပင် မခံမရပ်နိုင်ဖြစ်အောင် နာကျင်ကိုက်ခဲ ဖြစ်နေစေကာမူ၊ မိမိတရားမရလျှင် မထတော့ပြီဟုစိတ်တင်းပြီး ထိုင်လေ့ရှိပါသည်။ နာကျင်ကိုက်ခဲကို မေ့ပျောက်နိုင်ရန် သက်သာစေရန် အသက်ပြင်းပြင်းရှူပြီး နှာသီးဝကို အသိကပ်နေပြန်ပါသည်။ ဤနည်းဖြင့် တက်လာသော ဝေဒနာကို ပယ်ထုတ်နေပါ သည်။ ဤသို့လျှင် မိမိဆန္ဒအရ မိမိစိတ်ကို နှာသီးဝမှာ တစ်ဖက်သတ် အသိကပ်လိုကကပ်၊ သဘာဝဖောက်ပြန်သော နာကျင်ကိုက်ခဲဘက်သို့ မိမိဆန္ဒ မပါ၊ မိမိစိတ်က အလိုလို ညွတ်လိုညွတ်ဖြစ်နေစဉ် ဦးအောင်ထွန်းသည်တစ်ကိုယ်တည်း တဗုန်းဗုန်း တဗိုင်းဗိုင်း လဲနေခဲ့ပါသည်။ထိုင်ရာမှ လဲကျသွားသော်လည်း မိမိမူလ နှာသီဝ၌ထားသောစိတ်ကို အခြားမရောက်စေရန် အသိကပ်မြဲ ကပ်ထားလေ့ရှိသည်။
သူ၏လေ့ကျင့်ခန်းကိုဆန်းစစ်လျှင်
(၁)တရားထူးကိုရလိုမှု၊ သဒ္ဓါတရားသန့်သည့် သဒ္ဓါ
ဗိုလ်၊
(၂) အားကြီးသော လုံ့လဝီရိယစိုက်ထူသည့် ဝီရိယ
ဗိုလ်၊
(၃) မြဲမြံသော အမှတ်သတိပြုသည့် သတိဗိုလ်၊
(၄) စူးစူးစိုက်စိုက် တည်တည်ကြည်ကြည် စိတ်ထား
သည့် သမာဓိဗိုလ်တည်း ဟူသော ဗိုလ် လေးပါး
ရှေ့တန်းထားပြီး
(၅) ဝိပဿနာ အသိဉာဏ်ဖြစ်သည့် ပညာဗိုလ်ရရန်
တိုက် ပွဲဝင်နေပါသည်။
၁။ အအိပ်အစား အလွန်နည်းပါးနေပါသည်။
၂။ ထကြွဝီရိယ အမြဲရှိနေပါသည်။
၃။ ဘာဝနာပွားရာ၌ စွဲစွဲမြဲမြဲ ရှုမှတ်နေပါသည်။
၄။ အပြောအဆိုနည်းအောင် တစ်ကိုယ်တည်း
တရားဝင်နေပါသည်။
နဂိုဖြတ်ထိုးဉာဏ်ရှိသူ
ရှေးပညာရှိများ ဗမာစကား တိုတိုထားခဲ့သည် မှာ “ကြိုးစားက ဘုရား ဖြစ်နိုင်သည်” ဦးအောင်ထွန်း ကြိုးစားနေပါသည်။ ဤကဲ့သို့ ကြိုးစားရင်း “မုဆိုးစိုင်သင်" ဆိုသကဲ့သို့ မခံမရပ်နိုင်အောင် တက်လာသော ဝေဒနာကို ပေပေတေတေ အောင့်ခံ၍ လည်းမရ၊ မညွတ်ချင်သော်လည်း ညွတ်နေရသောကြောင့် အခံရ သက်သာစေရန် အကြံတစ်ခု ပေါ်လာပါသည်။ ဤအကြံသည် ရှေ့တက်လှမ်းအတွက် သော့ချက် ဖြစ်ပါသည်။ ချောတိုင် တစ်ခုကို ဗိုက်နှင့် ဖက်တက်နေရာမှ လှေကားဖြင့် ထောင်တက်ရသကဲ့သို့ ခရီးပေါက်သွားပါသည်။ မိမိမခံသာအောင် နာလာသောအခါ နှာသီးဝ ဝင်လေထွက်လေကို ခပ်ပြင်းပြင်း ခပ်ဆတ်ဆတ် ရှူပေးလိုက်ခြင်းအားဖြင့် အခံရသက်သာလာသည်ကို တွေ့ရပါသည်။ ဝေဒနာပျောက်ကင်းသွားသည်အထိ ဝင်လေထွက်လေကို ဖိရှူသောအခါ နှာသီးဝ အသိတစ်ခုတည်း ကျန်ပြီး နာကျင်ကိုက်ခဲ ဝေဒနာ၏သဘာဝကို မသိဘဲ တစ်မျိုး ဖြစ်နေပါသည်။ မျက်စိထဲမှာ အရောင် အဆင်းအမျိုးမျိုး မြင်နေရပါသည်။ သမာဓိများပြီး သမထနိမိတ်များ ပေါ်လာပါသည်။ သာမန်ပုဂ္ဂိုလ်များသည် သမာဓိနိမိတ်ပေါ်ရန် အတော် ကြိုးစားရပါသည်။ ရိုးရိုးနိမိတ် ပေါ်လေ့ရှိပါသည်။သို့သော် သက်တော်ထင်ရှား မြတ်စွာ ဘုရားနှင့် စကားပြောရသည့် အခြေဆိုက်နေလျှင် ဘဝင်မြင့်ပြီး ရှေ့လုပ်ရမည့်လုပ်ငန်းကို မေ့တတ်ပါသည်။ ရည်ရွယ်ချက် ပျောက်သွားတတ်ပါသည်။ သမထနှင့်ပျော်ပိုက်ပြီး ဝိပဿနာမကူးဘဲ သောင် တင်နေတတ်ပါသည်။
တစ်ဖန် နှာသီးဝ အသိလွတ်ပြီး ဝေဒနာဘက်သို့ တစ်ဖက်သတ် အသိရောက်နေပြန်လျှင် အခြေခံထားသော သမာဓိအင်အားနည်းနေသောကြောင့် ဝေဒနာ ဆောင့်တက်လာသောအခါ မချိတင်ကဲ အလူးအလဲ ခံရတတ်ပါသည်။ သာမန်လူများသည် ဤအဆင့်သို့ရောက်လျှင် အရှုံးပေးတတ်ကြပါ သည်။ ဝေဒနာက နိုင်သွားပါသည်။
ထို့ကြောင့် နာကျင်ကိုက်ခဲ ဝေဒနာတစ်ကျပ်ဖိုး တက်လာလျှင်နှာသီးဝက တစ်ကျပ်ဖိုး ခပ်ဆတ် ဆတ် အသက်ရှူ၍ အသိကပ်ခဲ့ပါသည်။ ဝေဒနာက နှစ်ကျပ်ဖိုး တက်လာလျှင် နှာသီးဝက နှစ်ကျပ်ဖိုး တိုးမြှင့်၍ လေဆတ်ဆတ် ရှူပြီး အသိကပ်ပါသည်။ ဖြစ်ပေါ်လာသော ဝေဒနာနှင့်ချိန်၍ လေရှည်ကို အသုံးပြုခဲ့ရသကဲ့သို့ လေတိုနှင့်မတိုမရှည်ကိုလည်း အသုံးပြုပါသည်။ နှာသီးဝတွင်ထားသော သမာဓိ အင်အားကို ဖြစ်ပေါ်နေဆဲ နာကျင်ကိုက်ခဲဝေဒနာနှင့် ညှိပေးပြီး တရားရှာနေပါသည်။ နွားနှစ်ကောင် တပ်ထားသော လှည်းကဲ့သို့ ဆွဲနေသော နွားများကို ပြိုင် တူမောင်းပေးနေရသည်။ ထမ်းပိုးနပ်နှောအောင် ကျင့်ပေးနေရပါသည်။ နွားနှစ်ကောင် ပြိုင်တူလှည်းဆွဲနေလျှင် လှည်းဘီး ခရောင်းပေါ်သို့ မတက်တော့ပါ။လမ်းမှန်သွားနေပါသည်။ လမ်းမှန်ပေါ်သွားနေလျှင် ခရီးရောက်ပါတော့မည်။
ဖြစ်ပေါ်လာသော ဝေဒနာအပေါ် မသိမသာ ဒေါသမဖြစ်တော့ပါ။ သာယာမှု လောဘလည်း မရှိတော့ပါ။ တရားသဘောမှာ အလွန်နူးညံ့ပါသည်။ ခပ်စောစောပိုင်းက ဝေဒနာတက်လာသောအခါ မိမိစိတ်က ဒေါသဖြစ်သည်ကို မသိလိုက်ပါ။ နာသည့်ဝေဒနာအပေါ် မနှစ်သက်ဘဲ ဖြစ်နေပါသည်။ မခံ ချင်စိတ် ဖြစ်နေပါသည်။ ဒေါသစိတ်နှင့် ယှဉ်နေ သည်ကို မသိပါ။ မိမိခံသာ၍ တက်လာသော ဝေဒညနာကို မိမိလက်ခံနေသည်မှာ လောဘစိတ်နှင့်ယှဉ်နေသည်ကို သတိမပြုမိခဲ့ပါ။ တရားလိုချင်အားကြီးဖြစ်ပြီး ရှေ့လောကြီးနေခဲ့ပါသည်။ ယခုမူကား ရှေ့သို့လည်း လောမကြီး၊နောက်ပိုင်းကိုလည်း မတွေးတော့ဘဲ ပေါ်ဆဲ ရုပ်နာမ်ကို ပစ္စုပ္ပန်တည့်တည့် ရှုမှတ် ဆင်ခြင်နေပါတော့သည်။ သီလ-သမာဓိ
ပညာ-သိက္ခာ သုံးပါးအနက် သီလနှင့် သမာဓိ ဖြစ်နေပါပြီ။ ပညာဉာဏ် မရသေးပါ။ မဆိုက်ရောက်သေး ပါ၊ အနာဂတ်ကာလ ရုပ်နာမ်ကို အာရုံပြုရခြင်းမှာ မရှိတာ အရှိလုပ်နေရခြင်းကြောင့်လည်း တုန်လှုပ်ချောက်ချားခြင်း ဖြစ်တတ်လေသည်။ အတိတ်က ဖြစ်ပေါ်ပြီးသော ရုပ်-နာမ်များမှာလည်း ယခုမရှိတော့ပြီ။ ချုပ်ပျက်၍ လွန်ကုန်ပြီ မရှိတာ-အရှိလုပ်၊ ရှုမှတ်ဆင်ခြင်ပြန်လျှင် စိတ်မတည်ငြိမ်ဘဲ ပျံ့လွင့် တတ်သည်။ ထို့ကြောင့် တရားရှာသော ယောဂီအဖို့ ဖြစ်ပေါ်နေဆဲ ရုပ်နာမ်၊ ပစ္စုပ္ပန်တည့်တည့် ရှုမှတ်ဆင်ခြင်ရန် အရေးကြီးပါသည်။ (ဤအချိန်တွင် ယောဂီ ဦးအောင်ထွန်းသည် ဖြစ်ပေါ်နေဆဲ ရုပ်နာမ်ကို ရှုမှတ်ဆင်ခြင်နေပါသည်။)
နဂိုမှတ်ဉာဏ်ကောင်းသူ
နာသောဝေဒနာ ပေါ်လာလျှင် နာမှန်းသိလိုက်ပါသည်။ ကျဉ်သော ဝေဒနာပေါ်လာလျှင် ကျဉ်မှန်းသိလိုက်ပါသည်။ အသိကင်းမဲ့ခြင်း မရှိခဲ့ပါ။ တရားထိုင်စဉ် ခြေထောက်ကျဉ်သည်နှင့် တစ်ပြိုင်နက် ငါ့ခြေထောက် ကျဉ်စပြုပြီဟု သိလိုက်ပါသည်။ ခြေ ထောက်ကျဉ်နေစဉ်အခါ မိမိအသိဉာဏ်က တခြားရောက်မသွားပါ။ ခြေထောက် ကျဉ်နေပြီဟု သိနေပါသည်။ ဤကဲ့သို့ ခြေကျဉ်နေရာမှ ရုတ်တရက် လက်ရှိ ခံစားရသည်ထက် ပိုပြီး ကျဉ်သော ဝေဒနာကို ခံစားရပြန်သည်။ ဤအခါ၌ ပထမရိုးရိုး ကျဉ်နေစဉ်က ခံစားရသောဝေဒနာတစ်ခု ဆုံးပြီဟု သိလိုက်သည်။ ထိုမှ ကာလမခြား၊ နောက်တစ်ခု စပြီဟု သိလိုက်ပြန်ပါသည်။ ဤသို့လျှင် ကျဉ်နေသောဝေဒနာတစ်ခု၏ အစ အလယ်အဆုံး သုံးပါးလုံးကို ကုန်စင် အောင်အသိ ကပ်ထားလေ့ ရှိပါသည်။ ထိုနည်းတူစွာ နာသောဝေဒနာ၊ ပူသောဝေဒနာ၊ အေးသောဝေဒနာ၊ လှုပ်ရှားသောဝေဒနာ၊ ထောက်ကန်နေသောဝေဒနာ စသည်ဖြင့် အမျိုးမျိုးတွေ့ကြုံရပါသည်။ ခန္ဓာကိုယ်တွင်း၌ တွေ့ကြုံရသောဝေဒနာများကို အစ-အလယ် အဆုံး ဖြစ်ပေါ်တိုင်း အသိကပ်ထားပါသည်။ ဝင်လေထွက်လေကို ဝေဒနာအတက်အကျပေါ် မူတည် ၍ ညှိပြီး အသိကပ် ရှုနေပါသည်။
နဂိုက သဘာဝလေ့လာတတ်သူ
ဝေဒနာအကြိမ်ကြိမ်ချုပ်သည်အထိ လေ့ကျင့် ခန်းဝင်နေသော ယောဂီဦးအောင်ထွန်းသည် ဝေဒနာ ချုပ်ပုံချုပ်နည်း သဘာဝကို နောကျေနေပါသည်။ ဝေဒနာတို့မည်သည်လျှပ်တစ်ပြက် လျင်မြန်စွာ ကာ လမခြားချက်ချင်း ချုပ်ပျက်သည်လည်းရှိ၊တဖြည်း ဖြည်း တရွေ့ရွေ့ ချုပ်ပျက်သည်လည်း ရှိ၏။ ဝေဒ နာ နုံးနေသည်လည်းရှိ၏။ သန်းခေါင် အမိုက်မှောင်မှ ပထမ အရုဏ်အလင်းရောင်သည် တဖြည်းဖြည်း တရွေ့ရွေ့ မှောင်ထုကို ခွင်းပြီး လင်းရောင်ပေးလာ
သည်။ ထိုမှတစ်ဖန် ဒုတိယ အရုဏ်အတက် တစ်စ တစ်စ အလင်းရောင်လာပါသည်။ ၄င်းနောက် နေကို မမြင်ရသော်လည်း အလင်းရောင်လင်းလာပါသည်။ နောက်ဆုံး နေလုံးမြင်ရပြီး အလွန်လင်းသော အရောင်ကိုရပါသည်။ ထိုနည်းတူစွာ ဝေဒနာတို့မည် သည် သန်းခေါင်မှ သည် နံနက် နေထွက်တိုင်အောင် တဖြည်းဖြည်း ပြောင်းလဲလာသကဲ့သို့လည်း ရှိ၏။ မှောင်မိုက်နေသော အခန်းကို ဓာတ်မီးခလုတ် နှိပ်လိုက်သောအခါ လျှပ်တစ်ပြက်ကာလမခြားအလင်း ရောင် ချက်ချင်းရသကဲ့သို့ လျင်မြန်စွာ ပြောင်းလဲချုပ်ပျက်တတ်သော သဘာဝလည်းရှိ၏။ ယခင်က နာကျင်ကိုက်ခဲနေသော ဒဏ်ရာသည် ဘယ်ပျောက်မှန်းမသိ၊ ကြက်ပျောက် ငှက်ပျောက် လျှပ်တစ်ပြက် မြန်စွာ ပျောက်သွားပါသည်။ ချုပ်သွားပါသည်။
( မဂ်ကြီးဆိုက်သောအခါ တွေ့တတ်သော သဘာဝတစ်ခုဖြစ်လေသည်။) ဝေဒနာများမှာလည်း လေ့ ကျင့်ဖန်များသောအခါ ယခင်ကကဲ့သို့ ပရမ်းပတာ ဝေဒနာမတက်ဘဲ ခပ်လေးလေး ခပ်မှန်မှန် ဝေဒနာတက်လာတတ်ပါသည်။ လက်တွေ့ ကျင့်ကြံအား ထုတ်လျှင် အလွန်ထင်ရှားပါသည်။ စာအားဖြင့် ဖော်ပြရလျှင် အလွန်များပါသည်။ ယောဂီဦးအောင်ထွန်းအဖို့ နောကျေနေပါပြီ။
ဤကဲ့သို့ လေ့ကျင့်နေစဉ် တောင့်တင်းခြင်းကိုလည်း တွေ့ကြုံခဲ့ရသည်။ ရင်တွင်းမှကျပ်သလိုလိုလည်း ခံခဲ့ရသည်။ တစ်ကိုယ်လုံး နတ်ပူးသကဲ့သို့ တုန်တုန်ယင်ယင် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်ကိုလည်း ကြုံခဲ့ရသည်။ ပါးစပ်မှ သွားရည်များကျပြီး နှာခေါင်းမှ နှပ်များ ယိုစီးနေသည်ကိုလည်း ခံခဲ့ရသည်။ တစ်ခါတစ်ရံ မီးစနှင့်ထိုးလိုက်သကဲ့သို့ အပူဒဏ်ကိုလည်း ခံခဲ့ရသည်။ ဤသို့အမျိုးမျိုးအဖုံဖုံ အတွေ့အကြုံ များလာသောအခါ မိမိခန္ဓာကိုယ်သည် ပူသော လက္ခဏာနှင့် အေးသော လက္ခဏာလည်း ရှိသည်။ အတုံးအခဲဖွဲ့စည်းနေသော လက္ခ ဏာနှင့် ယိုစီးသောလက္ခဏာလည်း ရှိသည်။နာကျင် ကိုက်ခဲ တောင့်တင်းသော လက္ခဏာလည်း ရှိသည်။ နာကျင်မှုစသည့် ဝေဒနာတို့သည် အကောင်အထည် ဘာမျှမရှိ၊ ကိုင်တွယ်ပြစရာ မရှိ၊ နာတတ်သော သဘောလက္ခဏာ၊ ကျင်တတ်သော သဘော လက္ခ ဏာမျှသာ ရှိလေသည်။ (အချုပ်အားဖြင့် ဤခန္ဓာ ကိုယ်ရုပ်ကြီးသည် အမျိုးမျိုး ဖောက်ပြန်နေသော ရေဓာတ် မြေဓာတ် လေဓာတ်နှင့် မီးဓာတ်သဘောမျှသာရှိသည်ကို အသိဉာဏ် ဝင်လာပေသည်။)
၄င်းပြင် လေနှင့်မီးဓာတ်တို့သည် အချင်းချင်း အကျိုးပြုကြသည်။ ထို့အတူ မြေနှင့်ရေဓာတ်တို့ သည် အချင်းချင်း အကျိုးပြုကြသည်။ မီးနှင့်ရေသည်လည်းကောင်း၊ မြေနှင့်လေသည် လည်း ကောင်း၊ ဆန့်ကျင်ဘက် ဖြစ်ကြလေသည်။ ထိုအကြောင်းကို ဦးအောင်ထွန်း နားလည်လာပါသည်။ တရားထိုင်စဉ် ပါးစပ်မှ သွားရည်များ၊ နှာခေါင်းမှ နှပ်များ ထွက်နေစဉ် ခန္ဓာကိုယ်မှလည်း နာကျင်ကိုက်ခဲ ဖြစ်နေတတ်သည်။ ဤကဲ့သို့ ရေဓာတ်နှင့် မြေဓာတ်တစ်လှည့်စီ ဦးဆောင်၍ ဝေဒနာဖြစ်နေသောအခါ လေသဘောခန္ဓာကိုယ်ကြီး ဆက်ကာဆက်ကာ လှုပ်ရှားပြီး ရေသဘောနှပ်များမှာယခင်ထက် ပိုမို ယိုစီးလာတတ်လေသည်။ ဓာတ်လက္ခ ဏာသဘောမှာ မြေနှင့်ရေ ပျော်ပျော်ပါးပါး အသုံး တော်ခံနေစဉ် လေဓာတ်က ဝင်နှောက်ပြီး ဘတစ်ပြန်-ကျားတစ်ပြန် ဖြစ်နေသည်။ အတန်ကြာသော အခါ များရာ ဓာတ်ကနိုင်၍ ဦးဆောင်တက်ပြန်လေသည်။ ခန္ဓာကိုယ်အတွင်း၌ ဓာတ်ကြီးလေးပါးရှိရာ ကြီးနိုင်ငယ်ညှဉ်း ဆိုသကဲ့သို့အင်အာကြီးသော ဓာတ်တစ်ပါးက အစွမ်းပြစဉ် ကျန်ဓာတ်သုံးပါးကဝပ်နေရသည်။ ကွမ်းယာထဲတွင် ကွမ်း - ဆေး-ထုံး - ကွမ်းသီး လေးမျိုးအမျှ စီထား၍ စားလျှင် အရသာရှိလေသည်။ ထုံးက များသောအခါ ထုံးက မင်းမူပြီး ပါးစပ်တစ်ခုလုံး ပေါက်ပြန်သည်။ကျန် ကွမ်း-ဆေးနှင့် ကွမ်းသီးတို့က ဝပ်နေရသည်။ ဆေးက သူ့အ လှည့် သူ ဘုရင်လုပ်ပြီး မင်းမူပြလိုက်သည်။ “ရေများ ရေနိုင်၊ မီးများမီးနိုင်” ဆိုသည့်စကားအတိုင်း များရာဓာတ်က နိုင်နေသည်ကို ဦးအောင်ထွန်း ကောင်းကောင်းကြီး သိနေပါသည်။
လူတိုင်းလူတိုင်းသည် တစ်နေ့သောအခါ ဓာတ်လေးပါးအနက်ဓာတ်တစ်ပါးက ဦးဆောင် ဖောက် ပြန်သောကြောင့် ကာယခန္ဓာပျက်ရမည်မှာ သေချာသည်။ မိမိအား ဘယ်ဓာတ်က သတ်မည်နည်း” တရားထိုင်သောအခါ ပထမဆုံးအကြိမ် ဦးဆောင်သော ဓာတ်ကမုချ သတ်လိမ့်မည်ဟု ဆရာတော် မိန့်ကြားလေ့ရှိသည်။ ထို့ကြောင့် တရားယောဂီတို့သည် ပထမ တရားထိုင်စ မိမိ ပထမရှေးဦးစွာ တွေ့ကြုံရသော ဓာတ်သဘောကို နောကျေနေစေရန် အရေး ကြီးလေသည်။ ( ဖြစ်စ- ဖြစ်လယ် ဖြစ်ဆုံးသိထားလျှင် အပါယ်ဘေးမှ ဝေးနိုင်မည်။)
#တတိယအကြိမ်ပူဇော်ပါသည်
#သာဝကဝေနေယျ_ThuKha_1_of_2
#Credit_ဝိပဿနာနှင့်ဉာဏ်ပညာ
Labourhittaihttp://www.blogger.com/profile/11221660911845490127noreply@blogger.com0