Thursday, October 25, 2018

တရားမ၀င်အလုပ်သမားများနှင့်ဗီဇာသက်တမ်းကျော်လွန်နေထိုင်သည့် မြန်မာအလုပ်သမားများဖမ်းဆီးရမိ


၂၅.၁၀.၂၀၁၈၊ ကထူးဘင်၊အလုပ်သမားဟစ်တိုင်

စမွတ်ဆာခွန်ခရိုင် ကထူးဘင်မြို့နယ်၊ ခလွန်မာဒီယာရပ်ကွက်ရှိ မြန်မာအလုပ်သမားများနေထိုင်ရာ
ဘန်းလောင်(၀်)ကွန်ဒိုတိုတ်ခန်းများအား ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ထိုင်းလ၀က၊ထိုင်းရဲတပ်ဖွဲ့နှင့်
ထိုင်းစစ်တပ်အပါဝင်တာဝန်ရှိသူများသည် ယနေ့(၂၅.၁၀.၂၀၁၈) နံနက် ၆နာရီအချိန်ခန့်က ၀င်
ရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။




ထို့သို့စစ်ဆေးရာတွင် ဘန်းလောင်(၀်)ကွန်ဒိုတိုတ်ခန်းများတွင်နေထိုင်သည့် မြန်မာအလုပ်သမား (၄၃၈)
ဦးအနက် အထောက်ထားမဲ့မြန်မာအလုပ်သမား (၂)ဦး၊ ရာဘဆေး(၁)လုံးနှင့်သေနတ်(၁)လက်နှင့်တို့
တွေ့ရှိခဲ့သလို အခန်းများတွင် မူးယစ်ဆေးဝါးများဖွက်ထားသူ(၃၀)ဦးတို့ကိုတွေ့ရှိခဲ့သောလည်၎င်းတို့ သည် မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမရှိကိုတွေ့ရှိရကြောင်းသိရသည်။







 ယနေ့စစ်ဆေးခဲ့သည့် မြန်မာအလုပ်သမား (၄၃၈)တွင် အများစုသည် ဧည့်စာရင်းတိုင်ကြားမှုများပြုလုပ်ထားသည်ကို စိစစ်တွေ့ရှိခဲ့ကြောင်းသိရသည်။

Subscribe Us