Friday, November 09, 2018

ဧည့်စာရင်းမတိုင်ကြားသည့် မြန်မာအလုပ်သမားတစ်ဦးလျှင် ဒဏ်ငွေ၁၆၀၀ပေးဆောင်ရ



ယမန်နေ့(၈.၁၁.၂၀၁၈)ရက် နံနက် ၆နာရီ၃၀အချိန်ခန့်က မြန်မာနဲ့ထိုင်းနှစ်နိုင်ငံနယ်စပ် အနီးရှိ ကန်ချနဘူရီခရိုင် မီ(င်)ရာမြို့နယ်၊ပါ့က်ဖလဲရပ်ကွက်သို့ ကန်ချနဘူရီခရိုင် ထိုင်းအလုပ်ကိုင်ရှာဖွေရေးဌာန၊ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ထိုင်းရဲတပ်ဖွဲ့၊နယ်ခြာစောင့်ရဲတပ်ဖွဲ့၊ ထိုင်းစစ်တပ်တို့ဝင်ရောက် စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။


ပါ့က်ဖလဲရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမား ၂၄ဦး ၀င်ရောက် အလုပ်လုပ်ကိုင်နေသည့် မိုဟီအမည်ရှိ ကျောက်စက်ရုံနှင့်ရေခဲ စက်ရုံတို့ကို ၀င်ရောက်စစ်ဆေးခဲ့ရာ ဗီဇာသက်တမ်းကုန်ဆုံးနေသူ ၁ဦး၊ဧည့်စာရင်းမတိုင်းကြာသူ ၆ဦးတို့ကိုစိစစ်တွေ့ရှိခဲ့ကြောင်း သိရသည်။




ဖမ်းစီးရမိသူများကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ (၂၅၂၂ခုနှစ်) ပုဒ်မ ၃၇၊အပိုဒ် ၂အရဧည့်စာရင်းမ တိုင်ကြားသူ မြန်မာအလုပ်သမား၆ဦးတို့အား တစ်ဦးလျှင်ဒဏ်ငွေ၁၆၀၀ဘတ်ပေးဆာင်ရမည်ဖြစ်သလို
စက်ရုံပိုင်ရှင်ဖြစ်သူ နိချာဖတ်-ဖိစူဝမ်(Miss Nathapat Pinsuwan)အား မိမိစက်ရုံအတွင်း အလုပ်သမားများကို လက်ခံနေထိုင်ခွင့်ပြုပြီး သက်ဆိုင်ရာသို့ ဧည့်စာရင်းတိုင်ကြားခြင်း မရှိသဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အရေးယူဆာင်ရွက်ခဲ့ကြောင်းသိရသည်။

ကန်ချဘူရီခရိုင်အတွင်း အလာတူဥပဒေချိုးဖောက်နေသည့် အလုပ်ရှင်များရှိနေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Subscribe Us