Saturday, November 10, 2018

နေအိမ်အခန်းတွင်မြန်မာအလုပ်သမားအမျိုးသမီးအသက်ခံရ


၁၀.၁၁.၂၀၁၈၊ မဟာချိုင်၊အလုပ်သမားဟစ်တိုင်

မဟာချိုင်မြို့ ထာ့ချလုံရပ်ကွက်ရှိ နေအိမ်တန်းလျား အခန်းနံပါတ်(၁၈)တွင် နေထိုင်သည့် အသက်(၄၅)နှစ်အရွယ်ရှိ မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦး အသက်ခံထားရကြောင်းသတင်းရကြောင်း ယနေ့(၁၀.၁၁. ၂၀၁၈) နံနက် ၁၁အချိန်က သတင်းရရှိသဖြင့် စမွတ်ဆာခွန်ခရိုင်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့
ကြောင်းသိရသည်။

အသက်ခံရသည့် မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ မအေးမူ(အသက်-၄၅နှစ်)သည် ပက်လက်အနေထား
ဖြင့် အိပ်ယာထဲ၌ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ညီမတော်စပ်သူ မချိုမူ(၃၅နှစ်)က စတင်တွေ့ရှိ
ခြင်းဖြစ်ကြောင်းသိရသည်။





“မြန်မာနိုင်ငံမှာရှိတဲ့ မိဘနဲ့သားသမီးတွေကိုသွားတွေ့ပြီး ပြန်လာတာ ၂ရက်လောက်ပဲရှိသေးတယ်၊ ကျမတို့မောင်နှမအလုပ်ကအတူတူပဲလုပ်ကြတာပါ၊ အစ်မက အလုပ်လည်းမဆင်းသေးတော့ ဒီနေ့ အလုပ်
ကနေအပြန် အစ်မအခန်းကိုလာရင် အခုလိုအစ်မအသက်ခံထားရတာကိုသိရတာပါ”လို့ ပြောသည်။


အခင်ဖြစ်ပွားရာ နံနက်ပိုင်း ၄နာရီအချိန်ခန့်က အသက်ခံရသည့် မအေးမူ(အသက်၄၅နှစ်)နေထိုင်ရာ
အခန်းမှ ရန်ဖြစ်သံများကြားရကြောင်း အဆိုပါတန်းလျားတွင် နေထိုင်သူများ၏ပြောကြားချက်အရသိရသည်။


သေဆုံးသူ မအေးမူ(အသက်၄၅နှစ်)၏ ညာဘက်ပါး၌ဓားဒဏ်ရာတစ်ချက်၊လည်ပင်းညာဘက်ခြမ်း၌ဓား
ဒဏ်ရာတစ်ချက်၊ညာဘက်ခြမ်းနံရိုးကြာဓားဒဏ်တစ်ချက်တို့ကိုတွေ့ရှိခဲ့ရပြီး ရေချိုးခန်းအနီးတွင် သွေးစွန်း
နေသည့် လုံချညးတစ်ထည်းနှင့်အဖြူရောင်အင်္ကျီတစ်ထည်းတို့တွေ့ရှိကြောင်းသိရသည်။

လူသက်တရားခံအား ရှာဖွေးဖမ်းဆီးရမိရန် အဆိုပါရပ်ကွက်ရှိလမ်းများတွင် တပ်ဆင်ထားသည့်
CCTVများမှ တဆင့်ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

Subscribe Us