Sunday, November 11, 2018

မယားပါသားက ပထွေးဖြစ်သူကိုဓားနဲ့ထိုးသတ်



၁၁.၁၁.၂၀၁၈၊ ထာ့စိုင်၊ အလုပ်သမားဟစ်တိုင်

စမွတ်ဆာခွန်နယ်မြေ၊ ထာ့စိုင် အမှတ်(၈)ရပ်ကွက် ခလွန်ခလုဘုန်းကြီးကျောင်းလမ်း၌ မြန်မာအလုပ်သမား(၁) ဦးဓားထိုးအသတ်ခံရကြောင်း ယမန်နေ့(၁၀.၁၁.၂၀၁၈)ည (၁၀)နာရီအချိန်တွင် သတင်း
ရရှိသဖြင့် စမွတ်ဆာခွန် ခရိုင်ရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။

အသက်ခံရသူ အမည်မသိ အသက်(၄၅)နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ဘယ်ဘက်ရင်အုံတွင် ထိုးသွင်းဓားဒဏ်ရာတစ်ချက်ရရှိပြီး လဲကျနေသည်ကို ရပ်ကွက်နေ သူများက တွေ့ရှိသဖြင့် အရေးပေါ်ကယ်ဆယ်ရေးဌာနနှင့်ရဲဌာနသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။




ဒဏ်ရာရရှိနေသည့် မြန်မာအလုပ်သမားအား အရေးပေါ် အဖွဲ့မှပြုစုပြီး စီဝီချုင်ဝေ့(ခ်ျ) ဆေးရုံးသို့ ပို့ဆောင်စဉ် သေဆုံး သွားကြောင်းသိရသည်။



သေမှုသေခင်းဖြစ်စဉ်နှင့်ပက်သက်၍ အခင်းဖြစ်ပွားရာနေရာ အနီးနေထိုင်သူများ၏ ပြောကြားချက်အရ လူသတ်တရားခံသည် သေဆုံးသူ၏ မယားပါသားဖြစ်ပြီး အသက်(၂၀)ခန့်ရှိကြောင်း အခင်ဖြစ်ပွားစဉ် လူသက်ခံတရားအား ရပ်ကွက်နေသူများကလိုက်လံဖမ်းဆီးခဲ့သော်လည်းမဖမ်းမိကြောင်းသိရသည်။

ထိုင်းရဲတပ်ဖွဲ့မှ အခင်ဖြစ်ပွားရာလမ်းအတွင်းတပ်ဆင်ထားသည့် CCTVများကို စစ်ဆေးရာတွင် သေဆုံးသူသည် အပြင်မှ အခန်း သို့ပြန်လာစဉ် လူသတ်တရားခံက အမှောင်ထဲကစောင့်ပြီး သေဆုံးသူကို ဓားဖြင့်ထိုးသတ်ခဲ့သည်ကို တွေ့ရှိရသည်။



Subscribe Us