Friday, November 23, 2018

ကန်ချဘူရီခရိုင်ရှိ ကြက်သားစက်ရုံသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်ရောက်စစ်ဆေး




ကန်ချနဘူရီခရိုင် ထာ့မကာမြို့နယ် ဥလုံးစီမီ(င်)ရပ်ကွက်ရှိ မြန်မာအလုပ်သမားများဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည့် ကြက်သားစက်ရုံသို့ ယမန်နေ့(၂၂.၁၁.၂၀၁၈)က ကန်ချနဘူရီခရိုင်ဝင်မှုကြီးကြပ်ရေးဌာန၊ရဲတပ်ဖွဲ့၊ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊အပါဝင်ဌာနဆိုင်ရာတာဝန်ရှိသူ ၄၀ဦးခန့်တို့ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။






ကြက်သားစက်ရုံဝန်းအတွင်းရှိ နေအိမ်အခန်းပေါင်း ၇၀၀ကျော်တွင် နေထိုင်သူ မြန်မာအလုပ်သမားအယောက်၁၃၀၀ခန့်တို့ကို တာဝန်ရှိသူများက စစ်ဆေးခဲ့ရာတွင် မောင်နိုင်ထက်လင်း(၂၂)နှစ်၊မောင်ကျော်ရဲဇော်(၂၂)နှစ်၊မောင်စိုင်းကိုကို(၂၈)နှစ်တို့ကို မူးယစ်ဆေးဝါးသုံးစွဲထားကြောင်းတွေ့ရှိရသလို၊
ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူ ကိုမောင်မျိုး(၄၈)နှစ်၊ကိုဝေဠုကျော်တို့ကိုလည်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

တာဝန်ရှိသူများကဆက်လက်စစ်ဆေးရာတွင် ရက်(၉၀)မတိုင်ကြားသူမောင်ကိုလင်း(၄၈)နှစ်အားဒဏ်ငွေ(၄၀၀၀)ဘတ်နှင့်ဧည့်စာရင်းမတိုင်ကြားသူကိုမောင်ငွေရီ(၂၆)ကို ဒဏ်ငွေ(၁၆၀၀)ဘတ်စီကောက်ခံခဲ့ကြောင်းသိရသည်။


အဆိုပါကြက်သားစက်ရုံဝန်းအတွင်း မူးယစ်ဆေးဝါးရောင်းချနေသူ ထိုင်းနိုင်ငံသား Mr.Kittichai(၃၇)နှစ်ထံမှ ရာဘ (၂၅၀)လုံးတို့ကိုပါ ထပ်မံဖမ်းစီးရမိခဲ့ကြောင်းသိရသည်။

Subscribe Us