Sunday, December 09, 2018

ပြင်းထန်စွာကန့်ကွက်ခြင်း



(၈.၁၂.၂၀၁၈)ရက်နေ့ ည ၁၉နာရီ ၄၂မိနစ်အချိန်ခန့်တွင် မဟာချိုင်မြို့အခြေစိုက်
AACအဖွဲ့ ဥက္ကဌဆိုသူ ထိုင်းနိုင်ငံသားကတ်ကိုင်ဆောင်ထားသည့် ခိုင်ကြီး(ခ)လှခိုင်
သည် ၎င်း၏ FaceBookအကောင့်တွင် အလုပ်သမားဟစ်တိုင်မီဒီယာပိုင်ရှင်ဖြစ်သူ
ကိုစောမောင်အားဂုဏ်သိက္ခာကျဆင်းစေရန်အခြေမြစ်မရှိလုပ်ကြံလီဆယ်ကာတိုက်ခိုက်
ပြောဆိုခဲ့သည်ကို ပြင်းထန်စွာကန့်ကွက်သည်။

AACအဖွဲ့ ဥက္ကဌဆိုသူ ထိုင်းနိုင်ငံသားကတ်ကိုင်ဆောင်ထားသည့် ခိုင်ကြီး(ခ)လှခိုင်
(မြန်မာစကားကောင်းမွန်စွာတတ်သူ)သည်

ပထမအကြိမ် #ည၁၉နာရီ ၄၂မိနစ်Liveလွှင့်ပြောကြားရာတွင် ကိုစောမောင်သည်
ပီပဲ(လ်)ဒလေရှင်အေဂျင်စီထံမှငွေယူသည်ဟုပြောဆိုခဲ့ပြီး မကြာမီ မိနစ်အနည်းငယ်တွင်
အေဂျင်စီအမည်မှားယွင်းကြောင်း ယင်းLiveမှာပဲပြင်ဆင်ရေးသာခဲ့သည်ကိုတွေ့ရှိရခြင်း၊


တဖန် #ည၂၂နာရီ၅၈မိနစ်အချိန်တွင် ပီပဲ(လ်)ဒလေရှင်အေဂျင်စီဟု လွဲမှားစွာပြောဆို
ခြင်းဖြစ်ပြီး ကိုစောမောင်ထံငွေပေးရသည့်အေဂျင်စီမှာ ပေါ်ပြူလာလန်အေဂျင်စီဖြစ်ကြောင်းနှင့်
ပေါ်ပြုလာလန်အေဂျင်စီအလုပ်သမားခေါ်စာ(ဒမန်)စာရွက်များဖြင့် Postတင်ကာထပ်မံဖော်ပြခဲ့ခြင်း၊

စသည့်တို့ကိုထောက်ရှုခြင်းအားဖြင့် အကြောင်းကိစ္စတစ်ခုကိုပင် ရှေ့နောက်လျှော်ညီစွာပြောဆိုနိုင်ခြင်းမရှိ
သလို အခြေမြစ်မရှိသည့်အကြောင်းရာများကို စည်းကမ်းမဲ့စွာပြောဆိုသည့် ရည်ရွယ်ချက်မှာ အလုပ်သမား
ရေးကိစ္စရပ်များနှင့်ပက်သက်ကာ အလုပ်သမားသံအရာရှိရုံးနှင့်ပူးပေါင်းဆောင်ရွက်နေသူများ၊ ပူးပေါင်း
ဆောင်ရွက်နေကြသည့်အဖွဲ့အစည်းများကြားနားလည်မှုလွဲမှားစေကာ စိတ်ဝမ်းကွဲစေရန်သွေးထိုးခြင်း
ပင်ဖြစ်သည်။


AACအဖွဲ့ ဥက္ကဌဆိုသူ ထိုင်းနိုင်ငံသားကတ်ကိုင်ဆောင်ထားသည့် ခိုင်ကြီး(ခ)လှခိုင်ပြောဆိုသလို
“မိမိစကားမိမိတာဝန်ယူပါသည်”ဆိုသည့်အတိုင်း ကျွန်ုပ်ထံငွေပေးရသည့်ဆိုသည့် သက်သေများကို
ခေါ်ဆောင်ကာ သက်ဆိုင်ရာဌာနများတွင်လာရောက်ဖြေရှင်းပါရန်အသိပေးသည်။

ကျွန်ုပ်သည် ယခုလိုကိစ္စရပ်များနှင့်ပက်သက်၍ မည်သည့်အေဂျင်စီများနှင့်ပက်သက်မှုမရှိပဲ
အခြေမြစ်မရှိပဲ ပုဂ္ဂိုလ်ရေးတိုတ်ခိုက်သည့်AACအဖွဲ့ဥက္ကဌဆိုသူ ထိုင်းနိုင်ငံသားကတ်ကိုင်ဆောင်ထားသည့်
ခိုင်ကြီး(ခ)လှခိုင်၏ ပြောဆိုချက်များကို ပြင်းထန်စွာကန့်ကွက်ကြောင်းနှင့်  ပုဂ္ဂိုလ်ရေးတိုတ်ခိုက်ခံရမှုနှင့်ပက်သက်၍
 ဥပဒေပညာရှင်များနှင့်တိုင်ပင်ဆွေးနွေးကာမြန်မာနဲ့ထိုင်း နှစ်နိုင်ငံတည်ဆဲဥပဒေများဖြင့်ဆက်လက်ရင်ဆိုင်ဖြေရှင်းသွား
မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Subscribe Us