Sunday, December 09, 2018

မြက်များဖြင့်ဖုံအပ်ကာခေါ်ဆောင်လာသည့် တရားမ၀င်မြန်မာအလုပ်သမား၅ဦးအဖမ်းခံရ



ထိုင်းနိုင်ငံ ပကျွတ်ခီးလီခန်ခရိုင် မီ(င်)မြို့နယ် စစ်ခွန်(Sing Khon)ဂိတ်တွင် ထိုင်းနိုင်ငံသို့တရား
ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား၅ဦးကို ယမန်နေ့(၈.၁၂.၂၀၁၈) နံနက် ၈နာရီအချိန်က
ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနဖြစ်သည့် စနုတ်(sanook)သတင်းဌာနဖော်ပြချက်အရသည်။




အစ်ဇူဇူကား(ဘမ-8247)တစ်စီးသည် ပစ္စည်းထားရာအနောက်ဘက်ခြမ်းတွင် မြန်မာနိုင်ငံသား၅ဦး
(ကျား၎ဦး-မ၁ဦး)တို့ကိုမြက်များနှင့်ဖုံအုပ်ကာတင်ဆောင်လာပြီး ပကျွတ်ခီးလီခန်ခရိုင် မီ(င်)မြို့နယ်
ခလွန်ဝါးရပ်ကွက်အုပ်စု(၆)တွင် ဖွင့်လှစ်ထားသည့် စစ်ခွန်(Sing Khon)ဂိတ်သို့ရောက်ရှိလာရာ၌
တာဝန်ရှိသူများက ကားကိုစစ်ဆေးရာတွင်ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံထဲသို့တရားမ၀င်နည်းလမ်းဖြင့် ၀င်ရောက်လာမှုကြောင့်အဖမ်းဆီးရမိသူများမှာ ကိုဖိုးဌေး၊
ကိုကျော်စိုးမိုး၊ကိုသားစိုး၊ကိုဇော်မင်းနှင့်မသန္တာစိုးတို့ဖြစ်ကြောင်းသိရသည်။


“ကျနော်တို့ထိုင်းနိုင်ငံကိုတစ်ခါမှမလာဖူးဘူး၊ရန်ကုန်ကပွဲစားကိုအေးနဲ့ဆက်သွယ်ပြီးတစ်ယောက်ကို
ဘတ်ငွေ၃၀၀၀၀ပေးပြီးလာခဲ့ရတာပါ၊အခုလိုကားမျိုးနဲ့ဝင်လာတာလည်းသူတို့စီစဉ်ပေးအတိုင်း
ကျွန်တော်တို့လာခဲ့ရတာပါ”လို့ အဖမ်းဆီးခံရသူ ကိုဇော်မင်းကပြောသည်။


စစ်ခွန်(Sing Khon)ဂိတ်ရှိတာဝန်ရှိသူများက ကားအားရပ်တန့်စစ်ဆေးချိန်တွင် ကားမောင်းသူထိုင်းလူမျိုး
သည်ထွက်ပြေးသွားသဖြင့် ကားမောင်းသူထိုင်းလူမျိုးအား ဖမ်းဆီးနိုင်ရေးအတွက် ကားပိုင်ရှင်ဖြစ်သူအား
စုံစမ်းဖော်ထုတ်ပြီး ယခုဖြစ်စဉ်နှင့်ပါဝင်ပက်သက်မှုရှိမရှိဆိုသည်ခေါ်ယူစစ်ဆေးပြီး ဥပဒေအတိုင်းအရေးယူ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Subscribe Us