Wednesday, October 24, 2018

ဥပဒေနှင့်မညီညွတ်သည့် ရွှေ့ပြောင်းအလုပ်သမားများကို ရှာဖွေဖမ်းဆီးလျက်ရှိ



၂၄.၁၀.၂၀၁၈၊လယောင်၊အလုပ်သမားဟစ်တိုင်

မြန်မာအလုပ်သမား (၁၃၉၇)ဦး ၀င်ရောက်အလုပ်လုပ်ကိုင်နေသည့်
ထိုင်းနိုင်ငံ ချွတ်ပူရီခရိုင် လယောင်မြိှု့ရှိ Bangkok Master Wood Co,LTDသို့ ယမန်နေ့(၂၃.၁၀.၂၀၁၈) ညနေ (၃)နာရီအချိန်ခန့်က ထိုင်းအလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ထိုင်းလူဝင်မှုကြီးကြပ်ဌာန၊ထိုင်းရဲတပ်ဖွဲ့၊ထိုင်းစစ်တပ်၊မြို့နယ်မှူးအပါဝင်တာဝန်ရှိသူများ ၀င်ရောက်စစ်ဆေးခဲ့ကြကြောင်းsanookသတင်းဌာန၏ ဖော်ပြချက်အရသိရသည်။

ထို့သို့ဝင်ရောက်စစ်ဆေးရာတွင် ၀ပ်ပါမစ်နှင့်အလုပ်နေရာကွဲလွဲသူ (၃၁)ဦး၊ဧည့်စာရင်းတိုင်ကြားမှုမရှိသူ(၉)ဦး၊ဗီဇာသက်တမ်းကုန်ဆုံးနေသူ (၁)ဦးနှင့်ဝပ်ပါမစ်မရှိသူ(၂၁)ဦးတို့ကိုဖမ်းဆီးရမိကြောင်း
သတင်းရရှိပါသည်။




ဖမ်းဆီးရရှိသူများနှင့်အလုပ်ရှင်တို့ကို ထိုင်းနိုင်ငံ၏တည်ဆဲဥပဒေနှင့်အညီဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Crackdown on “Illegal” Foreigners အမည်ဖြစ် ထိုင်းနိုင်ငံသို့ဝင်ရောက်လာကြသည့် နိုင်ငံခြားသားများနှင့် ပတ်သက်သောမှုခင်းများ၊ တရားမ၀င် ၀င်ရောက်လာသည့် နိုင်ငံခြားသားများ၊နယ်စပ်ဖြတ်ကျော်မှုခင်းများ ကြောင့်၊ နိုင်ငံ၏လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် ခရီးသွားများလုံခြုံရေးအတွက် ကြိုးပမ်းအားထုတ်မှု ဆက်လက်မြှင့်တင်ရန် နှင့် ထိုင်းနိုင်ငံသို့ ခရီးသွားသူများအနေဖြင့် ၀င်ရောက်လာသူများ၏နိုင်ငံဖြတ်ကျော် ပြစ်မှုများကို ထိရောက်စွာနှိမ်းနင်နိုင်ရန်
အတွက် ထိုင်းအာဏာပိုင်များက ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။

Subscribe Us