Friday, October 12, 2018

အလုပ်သမားသံအရာရှိရုံး မှ အလုပ်သမားရေးရာကိစ္စနှင့်ပတ်သက်၍ အသိပေး ခြင်း



၁။ ထိုင်းနိုင်ငံ၊ စမုစာခွန်ခရိုင် ၊ မဟာချိုင် ရှိ AAC ဂေဟာအား ထိုင်းအာဏာ ပိုင်ရဲတပ်ဖွဲ့မှ ၁၀-၁၀-၂၀၁၈ ရက်နေ့တွင် ၀င်ရောက်စစ်ဆေး ရှာဖွေခဲ့ကြောင်း online သတင်းများအရ သိရှိခဲ့ရပါသည်။

၂။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အလုပ်သမားသံအရာရှိရုံးမှ စမုစခွန်ရဲစခန်းသို့ ၀င်ရောက်စစ်ဆေးရသည့် အကြောင်းအရင်းနှင့် အရေးယူဆောင်ရွက်မည့် အခြေအနေအား ပြန်ကြားပေးပါရန် မေးမြန်းခဲ့ရာတွင် စခန်းတာဝန်ရှိသူမှ ၄င်းတို့စခန်းမှ တာဝန်ယူဆောင်ရွက်ရသည့် Case မဟုတ်ပါကြောင်း၊ နယ်မြေရဲစခန်းအား လုံခြုံရေး ဆောင်ရွက်ပေးရန်သာ ညွှန်ကြားထားပါကြောင်း ယင်း ကိစ္စနှင့်ပတ်သက်၍ နယ်မြေရဲစခန်းအနေဖြင့် Case အားသိရှိရပါက ပြန်ကြားပေး မည်ဖြစ်ပါကြောင်း၊ပြန်လည်ဖြေကြားခဲ့ပြီး၊အလုပ်သမားသံအရာရှိရုံးအနေဖြင့် ၄င်း အဆောက်အဦး တွင် မြန်မာ အလုပ်သမားများ ရှိနေကြောင်းသိရှိရပါ၍ နယ်မြေခံရဲတပ်ဖွဲ့အနေဖြင့် လိုအပ်သည်များ ကူညီစောင့် ရှောက်ပေး နိုင်ပါရန်နှင့် အလုပ်သမားများနှင့် ပတ်သက်၍ အကြောင်း အရာတစ်စုံတစ်ခုရှိခဲ့ပါကလည်း အလုပ်သမားသံအရာရှိရုံးသို့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်ပေး နိုင်ပါရန် ညှိနှိုင်းခဲ့ပါသည်။






၃။ ၁၁-၁၀-၂၀၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ Ministry Of Labour တွင် Data Collection Center အား မဟာချိုင်တွင် ဖွင့်လှစ်နိုင်ရေး ဆွေးနွေးပွဲရှိရာ ၊ ဆွေးနွေးပွဲ မစတင်မီ အလုပ်သမားသံအရာရှိအနေဖြင့် ယင်းကိစ္စအား မည်သည့်အကြောင်းအရင်း ဖြင့် ၊ မည်သည့်အဖွဲ့အစည်းမှ ဆောင်ရွက်သည် မည်သို့ဆက်လက်ဆောင်ရွက်မည် ကိုမေးမြန်းခဲ့ရာတွင် ထိုင်းနိုင်ငံ Department of Employment မှ မသိရှိရကြောင်း၊ သက်ဆိုင်ရာဌာနများသို့ဆက်သွယ်ဆောင်ရွက် ပေးခဲ့ရာတွင် အလုပ်သမားရေးရာကိစ္စ မဟုတ်ပါကြောင်း ၊ ၀င်ရောက် စစ်ဆေးရာတွင်လည်း မြန်မာနိုင်ငံသားအလုပ်သမား များအားတွေ့ရှိရပါကြောင်း၊ အလုပ်သမားရေးရာကိစ္စ မဟုတ်သည့်အတွက် ရောက်ရှိ နေသည့် အလုပ်သမားများအား စာရင်းသာကောက်ယူ၍ အလုပ်သမား ၀န်ကြီးဌာန (ထိုင်းနိုင်ငံ) သို့ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ရန်ပေး ပို့သွားမည်ဖြစ်ပါ ကြောင်း၊ အလုပ်သမားဝန်ကြီးဌာနမှလည်း ၀င်ရောက်စစ်ဆေးသည့် အဖွဲ့မှပေးပို့လာ လာသည့် စာရရှိပါက အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အလုပ်သမားရေးရာ ကိစ္စများ ဖြေရှင်းပေးရန်ရှိပါက ၀င်ရောက် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ယခင် အပတ်အတွင်းတွင် လည်း ရေလုပ်သားကိစ္စ နှင့်ပတ်သက်၍ ၄င်းနေရာမှ တာဝန်ရှိသူများနှင့် ဆ၀ါဒီကန်တာဝန် ရှိသူများမှ အမှုဖွင့် ဆောင်ရွက်ပေးခဲ့ခြင်းရှိပါကြောင်း သိရှိရပါသည်။

၎။ အလုပ်သမားသံအရာရှိရုံးအနေဖြင့် ဖြစ်စဉ်နှင့်ပတ်သက်၍ အထက်ဌာန အသီးသီး သို့ ဆက်လက်တင်ပြထားရှိပြီး၊ သက်ဆိုင်ရာနေရာတွင် အကြောင်းအမျိုးမျိုး ဖြင့် ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာအလုပ်သမားများအားလုံးအတွက် နေရာ ထိုင်ခင်း နှင့် လိုအပ်သည်များ ကို MOEAF အဖွဲ့နှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက် ခဲ့ပြီး၊ MOEAF မှတာဝန်မှုး အား ဆက်သွယ်စေ၍ အလုပ်သမားများအား အလုပ်သမား သံအရာ ရှိရုံးမှ စီစဉ်ဆောင်ရွက်ပေးထားသည့် နေရာများတွင် လာရောက်နေထိုင်နိုင် ပါကြောင်း၊ အလုပ်သမားများအတွက် အမှုဖွင့် တောင်းဆိုပေးရန် ရှိပါကလည်း သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ ဌာနဆိုင်ရာများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆက်သွယ်ခဲ့ရာ ၁၀-၁၀-၂၀၁၈ ရက်နေ့တွင် အလုပ်သမား (၃၆)ဦးရောက်ရှိလာခဲ့ပြီး၊ လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။

၅။ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအနေဖြင့် လည်း အလုပ်သမားများနှင့် ပတ်သက်သည့် ကိစ္စရပ်အတွက် သံမှုးကြီးတစ်ဦး အားသီးသန့်တာဝန်ပေးအပ်၍ စောင့်ကြည့်ဆောင်ရွက်စေရန် တာဝန်ပေး အပ်ထားပါသည်။

၆။ အလုပ်သမားသံအရာရှိရုံးအနေဖြင့်လည်း ယင်းနေရာတွင် ရောက်ရှိနေသည့် အလုပ်သမားများအားလုံးအတွက် နေရာထိုင်ခင်း၊ နေစားစရိတ် နှင့် အလုပ်သမားအခွင့် အရေးများအတွက် တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး၊ ထိုင်းနိုင်ငံအာဏာ ပိုင်အဖွဲ့မှ ၀င်ရောက်စစ်ဆေးလျက်ရှိသော နေရာနှင့် ပတ်ဝန်းကျင်တွင် ရှိနေသော မြန်မာနိုင်ငံသားအလုပ်သမားများအနေဖြင့် လည်း အလုပ်သမားသံအရာရှိရုံးနှင့် MOEAF သို့ မည်သူမဆိုလာရောက်နေထိုင်နိုင်ပါကြောင်းနှင့် လာရောက်ရန်အတွက် အခက်အခဲ ရှိပါက မော်တော်ယာဉ်စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း အသိပေးကြေငြာအပ် ပါသည်။

၇။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအားလုံး အနေဖြင့် အလုပ်သမားရေးရာကိစ္စ များအား အလုပ်သံအရာရှိရုံးနှင့် လည်းကောင်း ၊ အခြားသော ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၏ သက်ဆိုင်ရာ ဌာန၏ အရာရှိများနှင့် လည်းကောင်း မည်သည့်အချိန် တွင်မဆို လာရောက်တိုင်ပင် ဆွေးနွေး နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

အလုပ်သမားသံအရာရှိရုံး
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

Subscribe Us