Sunday, May 10, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၇)



ဆီချို၊ သွေးတိုး၊ လေငန်းရောဂါများ

၁၄။ ဆီးချိုရောဂါ
မေး ။ ။ ဆီးချိုရောဂါရှိသူတွေ နင်းရင်ကော ပျောက်ပါသလား။
ဖြေ ။ ။ ပျောက်ပါတယ်၊ မှန်မှန်သာ နင်းပါ။ နံနက်တစ်ကြိမ်၊ ညအိပ်ရာဝင် တစ်ကြိမ်နင်းပါ၊ နှစ်လ သုံးလအတွင်း ပျောက်ရပါစေ့မယ်။
မေး ။ ။ အုန်းမှုတ်ခွက်နင်းတဲ့အခါ ရှောင်ရမယ့် အစားအစာတွေပြောပါ၊
ဖြေ။ ။ သမားတော်များက ညွှန်ကြားထားတာတွေ ရှိကြမှာပါပဲ၊ အဲဒီအတိုင်း ကျင့်သုံးပါ၊ အုန်းမှုတ်ခွက် နင်းတာကြောင့်တော့ ရှောင်ရမယ့် အစားအစာ မရှိပါ၊ သတိထားရမှာက အုန်းမှုတ်ခွက် နင်းပြီး ရေမချိုးမိဘို့ ပါပဲ။

မေး ။ ။ အုန်းမှုတ်ခွက်နင်းပြီးလို့ ဘယ်နှစ်နာရီကြာမှ ရေချိုး သင့်ပါသလဲ။
ဖြေ ။ ။ ငါးနာရီလောက်ကြာမှ ရေချိုးသင့်ပါတယ်။
မေး ။ ။ ရေချိုးပြီးပြီးခြင်း အုန်းမှုတ်ခွက် နင်းသင့်ပါသလား ။
ဖြေ ။ ။ နင်းသင့်ပါတယ်၊ အကောင်းဆုံးပါပဲ၊ ကျွန်တော်တို့ အနင်း အနှိပ်ခံသလိုပဲပေါ့။
မေး ။ ။ ရောဂါကြာ ကြာသလိုပေါ့။ ရောဂါနု နုသလို ပါပဲ၊ အုန်းမှုတ်ခွက်ကိုပဲ ကျကျနနယုံယုံကြည်ကြည်
 လေးလေးစားစား နင်းပါ၊ ပျောက်ရပါစေမယ်၊ ဒီလိုနဲ့ ပျောက်ကင်းကြသူတွေ ကိုယ်တွေ့တွေ အများကြီးပါ။



သွေးတိုးရောဂါ
မေး ။ ။ သွေးတိုးရောဂါကိုကော အုန်းမှုတ်ခက်နင်းရုံနဲ့ ပျောက်ပါ့မလား။
ဖြေ ။ ။ ပျောက်ပါတယ်။ လူမှာအသက်ကြီးလာရင် လေသန်လာပါတယ်။ သွေးဟာ လေနဲ့ သွားလာ လည် ပတ်နေတာမို့ လေအားနည်းလာရင် တက်မိရင် မဆင်းတဲ့ သဘောပါ။ အုန်းမှုတ်ခွက်နင်းတုန်းမှာ ကို လေ အားကောင်းလာပြီး လေလည်သည်အထိ ဖြစ်ပါတယ်။ ကိုယ်တိုင်နင်း ကြည့်ရင် ကိုယ်တွေ့သိမှာပါ။
မေး ။ ။ ဒူးရောင်နေပါတယ်။ ဒူးရောင်တာကော ပျောက်ပါ့မလား။
ဖြေ ။ ။ ပျောက်ပါတယ်။ နင်းပါ။ တစ်ရက် နင်းတာလောက်နဲ့တော့ မဟုတ်ဘူး၊ မှန်မှန်နင်းရပါမယ်။


၁၅။ လေငန်းရောဂါ

မေး ။ ။ လေငန်းရောဂါ ပျောက်ပါ့မလား။
ဖြေ ။ ။ ပျောက်ပါတယ်၊အမှန်ကတော့ လူမှာပထဝီနဲ့ဝါယော ဓာတ်ကြောင့် ခေါင်းကိုက်၊ ဇက်လေး၊ဇာတ်
ကြောတက်၊ ခါးနာ၊ ခြေထောက်ကိုက်၊ ပေါင်ကိုက်လောက်က စပြီး တစ်စတစ်စ ရောဂါဟာ ကြီးထွား လာ တာပါ၊ ဆီးချို၊ သွေးတိုး၊ လေငန်းဆိုတဲ့ ရောဂါတွေဟာ ခုနက ပြောတဲ့ ဇက်ကြောတက်၊ ခါးကိုက်၊ ခါးနာ တာတွေက စတင်ပေါ်ပေါက်ကြီးထွားလာတဲ့ ရောဂါတွေပါ။ ဒါတွေ ပျောက်ကင်းနိုင်ကြောင်း အာမခံ ပါတယ်။
မေး ။ ။ ခုတိုင်းဆိုရင် ခင်ဗျားဟာက လွယ်လွန်းလှချည်လား။
ဖြေ ။ ။ ဟုတ်ကဲ့၊ လွယ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အကြောင်းရင်းတွေ ငြိမ်အောင် လုပ်တဲ့ ကုသနည်းဖြစ် ပါတယ်။ ခုနင်း မကြည့်ရသေးလို့ မယုံကြည်ကြပါနဲ့ဦး။ နင်းကြည့်ပြီးမှ ကိုယ်တွေ့ကြုံမှ ယုံကြည်လက်ခံပါ ။ တောင်းပန်ချင်တာက နင်းဖြစ်အောင်တော့ နင်းကြပါဦး။
မေး ။ ။ အုန်းမှုတ်ခွက်နင်းလို့ လေငန်းရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ သွက်ချာပါဒလို့ ခေါ်တဲ့လေ
ဖြတ်ရောဂါတွေ ပျောက်ကင်းကြသူတွေ ရှိပါသလား၊ ရှိပါကအမည် နေရပ်လိပ်စာအပြည့်အစုံ ဖော်ပြပေးပါ။
ဖြေ ။ ။ ဟုတ်ကဲ့ခင်ဗျာ၊ မိတ်ဆွေလို့ပဲ အစကမယုံကြဘူး၊ ကိုယ်တွေ့လက်တွေ့ နင်းကြည့်ပြီး မှ ပျောက်ကင်း ကြကြောင်း ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်း နေရပ်လိပ်စာနဲ့တကွ ဒီစာအုပ်ရဲ့ နောက်ပိုင်းစာမျက်နှာတွေမှာ ဖော်ပြထားပါတယ်ခင်ဗျား။

ဆက်လက်ဖော်ပြပါမည်.....

တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ မကွေးဝင်းမြင့်၏ ခွင့်ပြုချက်ဖြင့်တင်ပြပေးပါသည်။
 ရွှေလမ်းငွေလမ်းဝင်းကြည်

Subscribe Us