Sunday, May 10, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၆)



၁၃။ အုန်းမှုတ်ခွက် နင်းပုံ နင်းနည်း
အုန်းမှုတ်ခွက်နင်းရန်မှာ ကရိကထမများပါ။ အုန်းမှုတ်ခွက် နှစ်လုံးရှာပါ။ တစ်လက်မခန့် အထူရှိသည့် ( အလျား နှစ်ပေ၊ အနံ နှစ်ပေခန့်ရှိ) ပျဉ်ပြားတစ်ချပ်ပေါ်တွင် ဂုန်နီအိတ်ခင်းရပါမည်။ ဂုန်နီအိတ်ပေါ်မှာ အုန်း မှုတ်ခွက် နှစ်ခု မှောက်ပါ။ တစ်ခွက်နှင့်တစ်ခွက် အကွာအဝေးကို မိမိခြေထောက်နင်းကောင်းရုံ ထားရပါ မည်။ အနီမှောက်ထားသော အုန်းမှုတ်ခွက်ပေါ်သို့ လူက ခြေထောက်ဖြင့်တက်၍ ဘယ်ညာနင်းရန် ဖြစ်ပါ သည်။ မိမိကိုယ်တိုင် မတ်တပ်ရပ်၍ မနင်းနိုင်သူကို ဘေးမှ လူအကူအညီဖြင့် နင်းရန် ဖြစ်ပါသည်။


ပထမ ခြေဖဝါးအလယ်ဖြင့် နင်းပါ။ နင်းရင်းနင်းရင်း သဘော သိလာပါလိမ့်မည်။ ထို့နောက် ဖြေဖနောင့်ဖြင့် လည်းကောင်း၊ ခြေဖျားတို့ဖြင့် လည်းကောင်း၊ ထို့သို့ နင်းရာတွင် ခြေဖျားကို ထောက်၍ တစ်ဖန် အောက်သို့ ကုပ်၍ မိမိအကြော မိမိလိုသလို နင်းရန် ဖြစ်ပါသည်။

စာရေးသူထံသို့ မရှင်းလင်းကြသူများက မေးကြပါသည်။ ယင်းအမေးများကို တစ်ခါတည်း ဖော်ပြလိုက်ပါ သည်။ မေးမြန်းကြသူများ၏ အမည်၊ နေရပ်လိပ်စာများကို အကြောင်းမထူး၍ မဖော်ပြတော့ပါ။

မေး ။ ။ ပျဉ်ပြားမခင်းဘဲ အုန်းမှုတ်ခွက်ချည်း ကြမ်းပြင်ပေါ်မှာ မှောက်ပြီး နင်းရင်းကော မဖြစ်ဘူးလား။
ဖြေ ။ ။ ဖြစ်ပါတယ်၊ ပျဉ်ပြားခင်းစေချင်တာက အုန်းမှုတ်ခွက်အပေါ်မြင့်လာပါတယ်။ မြင့်လာတော့ ဖြေဖဝါး ရှည်လျား သူများ နင်းအား၊ ကုပ်အား ကောင်းတာကြောင့် ဖြစ်ပါတယ်။ ခပ်မြင့်မြင့် ကလေးဆိုတော့ ခြေဖဝါး ကို အမျိုးမျိုး လိမ်ဖယ်ပြီး နင်းလို့ရတာပေါ့။

မေး ။ ။ ဂုန်နီအိတ် နင်းရတာက ဘာကြောင့်ပါလဲ။
ဖြေ ။ ။ အုန်းမှုတ်ခွက်က အမာ၊ ကြမ်းပြင်က အမာဆိုတော့ နင်းတဲ့ မတော်လို့ ခြေချော် လက်ချော် မဖြစ် အောင်လို့ပါ။

မေး ။ ။ အုန်းမှုတ်ခွက်ကို မျက်ကွင်း ဘက်က နင်းသင့်ပါသလား။
ဖြေ ။ ။ မနင်းသင့်ပါ။ မျက်ကွင်း ဘက်က ရှမှာ စိုးရပါတယ်၊ ဖင်ဘက်က နင်းရန် ဖြစ်ပါတယ်။

မေး ။ ။ တကယ်လို့ အုန်းမှုတ်ခွက်နင်းတဲ့အခါ ခြေထောက်နာရင် ဘယ်နှယ်လုပ်ရမလဲ။
ဖြေ ။ ။ မနင်းသင့်ပါ။ မျက်ကွင်းဘက် ရှမှာ စိုးရပါတယ်။ ဖင်ဘက်က နင်းရန် ဖြစ်ပါတယ်။

မေး ။ ။ တကယ်လို့ အုန်းမှုတ်ခွက်နင်းတဲ့အခါ ခြေထောက်နာ လာရင် ဘယ်နှယ်လုပ်ရမလဲ။
ဖြေ ။ ။ အဝတ်ခုနင်းပါ။

မေး ။ ။ နင်းတဲ့ ပုဂ္ဂိုလ်က အင်မတန်ဝပြီး အလေးချိန်သိပ်များနေပါတယ်၊ နင်းတဲ့ အခါ ခြေထောက်သိပ်နာ ပါတယ်၊ အဲဒါ ဘယ်လို နင်းသင့်ပါသလဲ။
ဖြေ ။ ။ ဟုတ်ကဲ့၊ အလေးအားနဲ့ နာမှာပါပဲ၊ နင်းမယ့် နေရာ လက်တန်း တစ်ခုလုပ်ပြီးယီးလေးခိုနင်း ရန်ဖြစ်ပါတယ်။ ခံသာအောင် ကိုယ်ဖော့တန် ဖော့နင်းပေါ့။

မေး ။ ။ အုန်းမှုတ်ခွက်ဆိုတော့ တနင်္ဂနွေနံ ဖြစ်ပါတယ်။ တချို့ တနင်္ဂနွေ သား/သမီးတွေက ကိုယ်နံကို မနင်းသူတွေ ရှိပါတယ်၊ အဲဒါ အခြားသစ်သားဘု တစ်ခုခု လုပ်နင်းရင်ကော မဖြစ်ဘူးလား။
ဖြေ ။ ။ ဖြစ်တော့ ဖြစ်ပါတယ်၊ အုန်းမှုတ်ခွက်လောက် မကောင်းပါဘူး၊ဥပမာလက်သမားဆရာတစ်ယောက် ဟာ သံရိုက်လိုတယ်ဆိုပါစို့၊ သံကိုနီးရာဓားနှောင့်နဲ့လဲရိုက်လို့ရပါတယ် ။ ကျောက်ခဲတစ်လုံးနဲ့ ကောက်ထု ရိုက်ရင်လဲ ဖြစ်တာပါပဲ၊ ဒါပေမယ့် သံကိုရိုက်တဲ့ နေရာမှာ တူနဲ့ရိုက်တာလောက် ကောင်းမွန်တာ တခြား မရှိပါဘူး။

မေး ။ ။ အုန်းမှုတ်ခွက် တစ်ကြိမ်နင်းရင် ဘယ်လောက်ကြာကြာ နင်းသင့်ပါသလဲ။
ဖြေ ။ ။ အနည်းဆုံး မိနစ် သုံးဆယ်လောက်တော့ နင်းသင့်ပါတယ်၊ အကောင်းဆုံးကတော့ လေးဆယ့် ငါးမိနစ်လောက် ထိပေါ့။

မေး ။ ။ တစ်နေ့ ဘယ်နှစ်ကြိမ် နင်းရပါသလဲ။
ဖြေ ။ ။ ရေမချိုးရပါ၊ ခြေထောက်ကိုပင် ရေမဆေးမိဘို့ အထူးသတိထားရပါမယ်။

ဆက်လက်ဖေါ်ပြပေးပါမည်။

တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ မကွေးဝင်းမြင့်၏ ခွင့်ပြုချက်ဖြင့်တင်ပြပေးပါသည်။
 ရွှေလမ်းငွေလမ်းဝင်းကြည်

Subscribe Us