ထိုင်းနိုင်ငံအတွင်းရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားအလုပ်သမားများ၏ မီးဖွားမှုနှင့် ရင်သွေးငယ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကိစ္စ
၁။ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားအလုပ်သမား များနှင့် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၏ မီးဖွားပြီး ရင်သွေးငယ်များ၏ နိုင်ငံသားစိစစ်မှုဆိုင်ရာလုပ်ငန်းအား တင်ပြပေးလိုပါသည်။





