Friday, February 15, 2019

ကော့ဖငန်ကျွန်းမှ အထောက်ထားမဲ့မြန်မာအလုပ်သမားများအဖမ်းခံရ




ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်ကျွန်းတွင် (၁၄.၂.၂၀၁၉)နေ့၌ ဆူရတ်ဌာနီခရိုင် ထိုင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ဗိုလ်မှူး Mr. Wanchana Bawornboon၊ နယ်လှည့်ရဲတပ်ဖွဲ့၊နယ်မြေရဲတပ်ဖွဲ့၊ ဆူ
ရတ်ခရိုင် ထိုင်းအလုပ်သမားဝန်ကြီးဌာန(DOE) တို့သည် ကျွန်းပေါ်တွင် အလုပ်သမားများနေထိုင်ရာနှင့် 
အလုပ်နေရာများကို ၀င်ရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။



ထိုသို့ဝင်ရောက်စစ်ဆေးရာတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်နေထိုင်သူ မြန်မာအလုပ်သမား
(၉)ဦးအဖမ်းခံရကြောင်းနှင့် အဖမ်းခံရသည့် (၉)ဦးအနက် မြန်မာအလုပ်သမား(၁)ဦးသည် မိမိအခန်းတွင်
အထောက်ထားမဲ့အလုပ်သမားကို နေထိုင်စေမှုဖြင့် အရေးယူခံရခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးပြောကြားချက်မှာ မည်သူမဆို အထောက်ထားမဲ့
တရားမ၀င်အလုပ်သမားများကို လက်ခံပါက လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ကို
အကြိမ်ကြိမ်သတိပေးပြောကြားခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

Subscribe Us