Wednesday, February 27, 2019

အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမား ၂၀၀ဦးအတွက် လျှော်ကြေးငွေ ဘတ်သိန်း၁၂၀ရရှိအောင် အလုပ်သမားသံအရာရှိ ဆောင်ရွက်




ထိုင်းနိုင်ငံ ကဘင်ဘူရီမြို့ ဘန်ခွပ်စက်မှုဇုန်ရှိ သံထည်ပစ္စည်း စက်ရုံတစ်ခု၌ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား ၃၀၀ဦးရှိသည့် အနက် စက်ရုံပြန်လည်ပြင်ဆင်ရန် အလုပ်မှရပ်ဆိုင်းခံရသည့် အလုပ်သမား ၂၀၀ဦးအတွက် ဥပဒေအရနစ်နာကြေးငွေရရှိစေရန် အလုပ်သမားသံအရာရှိသံအရာရှိဦးစန်းမောင်ဦး၊ဦးဇော်မင်းထွေး၊

ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့်လူမှုဖူလုံရေးဌာန(ဆဝါဒီကန်)နှင့်ထိုင်းအလုပ်အကိုင်၊အလုပ်သမားရှာဖွေရေးဌာန(ကျဟာငန်)တို့ပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။




သံထည်ပစ္စည်းစက်ရုံမှထွက်ရှိသည့် ပစ္စည်းများသည် အရည်သွေးမပြည့်မှီသဖြင့် ဖောက်သည်များဝယ်ယူမှုမရှိသဖြင့် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းလုနီးပါးဖြစ်နေ၍ယခုနှစ် ဇွန်လမှစ၍ အလုပ်သမားများကို လုပ်အားခ ၇၅%ပေး၍ ရက်အကန့်သက်မရှိအလုပ်နားခိုင်းရာမှ အလုပ်သမားများသည်လုပ်သမား သံအရာရှိရုံးသို့ ဖုန်းဖြင့်ဆက်သွယ်အကူညီတောင်းခံလာခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


“အလုပ်သမားသံအရာရှိမလာခင်ထိ ကျမတို့ဘယ်အချိန်ထိ အလုပ်ပေးနားမယ်ဆိုတာတိတိကျကျမပြောဘူး၊ အလုပ်ရုံကလည်းကောင်းပါတယ် အလုပ်ရှင်လည်း စိတ်ကောင်းရှိတယ်၊ဒါပေမယ့်အလုပ်ရှင်ပေးတဲ့ ၇၅%နဲ့က ရေရှည်ဘယ်လိုမှအဆင်မပြေနိုင်ဘူးလေး၊မိသားစုကိုလည်းငွေပို့ရမှာဆိုတော့ဒီလိုအခြေနေနဲ့ပဲ ၆လနီးပါးနေရမယ်ဆို အတော်ကိုအခက်ခဲဖြစ်မှာသေချာတယ်၊ ဒီနေ့တော့ အလုပ်သမားသံအရာရှိလာရောက်ဖြေရှင်းပေးလို့သာ ပြေလည်မှုရသွားပြီ”လို့ လုပ်သက် ၈နှစ်ရှိ မသီတာအေးကပြောသည်။


ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့်လူမှုဖူလုံရေးဥပဒေအရ အလုပ်မှရပ်ဆိုင်းခံရသည့် အလုပ်သမားများအတွက် နစ်နာကြေးကို လုပ်သက်အလိုက်တွက်ချက်ပြီး အလုပ်ရှင်ဘက်မှာ လျော်ကြေးငွေ၃မျိုးတိတိပေးရမည်ဖြစ်ရာ လုပ်သက်ရက် ၁၂၀ပြည့်သည့် အလုပ်သမားများအတွက် ရက်၃၀၊ လုပ်သက် ၁နှစ်မှ၃နှစ်ပြည့်သည့်အလုပ်သမားများကို ရက်၉၀၊လုပ်သက် ၃နှစ်မှ၆နှစ်ပြည့်သည့်အလုပ်သမားများကို ရက် ၁၈၀၊လုပ်သက်၆နှစ်မှ၈နှစ်ပြည့်သည့်အလုပ်သမားများကို ရက် ၂၄၀နှင့်လုပ်သက် ၁၀နှစ်အထက်အလုပ်သမားများကိုရက်၃၀၀စာနစ်နာကြေးငွေပေးချေရန်နှင့်အလုပ်ရပ်ဆိုင်းရန်ကြိုတင်အကြောင်းမကြားခြင်းအတွက် ၁လစာလျှော်ကြေးငွေနှင့် နှစ်အလိုက် အလုပ်နားရက်
များအတွက်ပါတွက်ချက်ပြီလျော်ကြေးငွေပေးရမည်ဖြစ်ကြောင်းသိရသည်။

“ဖြစ်တာတော့ ၁လလောက်ရှိပြီးပြောတယ်၊ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က လုပ်သမားတွေဖုန်းဆက်အကူညီတောင်းလာမှကျနော်တို့သိရတာ အခြေနေကိုသိရတာပေါ့နော်၊ အလုပ်ရှင် ဘက်က ဥပဒေအတိုင်း အလုပ်သမားတွေကို ၇၅ရာခိုင်နှုန်း နဲ့ပေးတာတော့မှန်ပေမယ့် ဘယ်အချိန်ထိဆိုတာ သက်သက် မှတ်မှတ်မပြောတော့ အလုပ်သမားတွေမှာ စားဝတ်နေရေး ကိစ္စတွေအပြင် နောက်မှာရှိတဲ့ မိသားစုတွေကိုပါငွေပို့ရတာ ဆိုတော့ဘယ်လိုမှအဆင်မပြေဘူးဆိုတာသိလို့ ချက်ချင်းပဲ ကျဟာငန်ဌာနနဲ့ဆဝါဒီကန်ဌာနကိုချိတ်ဆက်ပြီး ဥပဒေအတိုင်း အလုပ်သမားတွေရသင့်တာတွေရရှိပြီး၊ကောင်းမွန်စွာအလုပ်ပြောင်းရွှေ့နိုင်ရေးအတွက်သွားရောက်ဆောင်ရွက်ပေးခဲ့တာပါ”လို့ အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။

အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးမှ စက်ရုံ၌ဆက်လက် အလုပ်လုပ်ကိုင်ရမည့်အလုပ်သမားများ၏ အရေးကိစ္စရပ်များသာမက လုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာရရှိသဖြင့်လက်တစ်ဆစ်နီးပါးပြက်တောက်ခဲ့ပြီးဆရာဝန်ဆေးစာရရှိသော်လည်း နစ်နာကြေးငွေ မရရှိသည့် အလုပ်သမားတစ်ဦးနှင့် ကျမ္မားရေး မကောင်းဖြစ်နေသည့်အလုပ်သမားတစ်ဦးတို့အတွက်လည်း ဥပဒေအတိုင်းခံစားခွင့်များကို ဆောင်ရွက်ပေးပါရန် အလုပ်ရှင်အားပြောဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

Subscribe Us