Thursday, February 14, 2019

CBS-WORLDကုမ္ပဏီကို စာရွက်စာတမ်းအတုပြုလုပ်မှုဖြင့် ထိုင်းအာဏာပိုင်များ ၀င်ရောက်ဖမ်းဆီး


၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီ  ၁၄ ရက်၊အလုပ်သမားဟစ်တိုင်၊ဘန်ကောက်

ဘန်ကောက်မြို့၊ လန်စီနယ်မြေ ကျဲဝပ်ထနလမ်း ဘန်ခင်ဈေးအနီးရှိ ထိုင်းနိုင်ငံသားစူလရ-စီဌ၀ါချိဝ(၆၀နှစ်)ပိုင်ဆိုင်သည့် တိုတ်ခန်းတွင် ဖွင့်လှစ်ထားသည့် CBS-WORLDကုမ္ပဏီကိုထိုင်းအလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၊ထိုင်းရဲတပ်ဖွဲ့နှင့်နယ်မြေပေါင်းစုံကဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့(၁၄.၂.၂၀၁၉)တွင် စာရွက်စာတမ်းများအတုပြုလုပ်ကြောင်းသတင်းရရှိချက်အရ၀င်ရောက်
စစ်ဆေးခဲ့ပါသည်။






ထို့သို့ဝင်ရောက်စစ်ဆေးခဲ့ရာတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)အပါ

ဝင် နိုင်ငံကူးစာအုပ်ပေါင်း (၄၈၉)အုပ်၊ဌာနဆိုင်ရာတံဆိပ်တုံး(၂၉)ခု၊ကွန်ပြူတာ(၁)လုံး ၊ မှတ်တမ်းပြုလုပ်ထားသည့် စာအုပ်(၁)အုပ်၊၀ပ်ပါမစ်စာအုပ်(၅၀)အုပ် ၊ပန်းရောင်ဘတ်(၅)ခု ၊ ၀ပ်ပါမစ်ကတ်(e-workpermit) (၁၈)ခု တို့ကို သိမ်းဆည်းရမိကြောင်းသိရသည်။


တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ သိမ်းဆည်းရမိသည့် စာအုပ်များသည့် စာအုပ်အများစုသည်
မြန်မာနိုင်ငံမှပြုလုပ်လာပြီး ထိုင်းနိုင်ငံသို့ ယူဆောင်လာသည့် PJနှင့်PVအမျိုးစား စာအုပ်အလွတ်များဖြစ်ပြီး
၎င်းစာအုပ်များတွင် ဗီဇာအတုပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် တွေ့ရှိသည့် နိုင်ငံကူးစာအုပ်များအနက် အချို့
စာအုပ်များသည် သက်တမ်းကုန်ဆုံးနေသည့် စာအုပ်များဖြစ်ကြောင်းသိရသည်။


CBS-WORLDကုမ္ပဏီတွင် သန့်ရှင်းလုပ်ကိုင်နေသူ မစုလှိုင်နှင်းကို စစ်ဆေးရာတွင်
“မိမိသည်  CBS-WORLDကုမ္ပဏီနှင့်ဝပ်ပါမစ်လုပ်ထားသူဖြစ်ပြီး သန့်ရှင်းရေးအလုပ်လုပ်ကာ
အားလပ်ချိန်များတွင် မြန်မာအလုပ်သမားတွေက ၀ပ်ပါမစ်သက်တမ်းတိုးလိုသူများ၊ဗီဇာသက်တမ်းတိုး
လိုသူများကို လက်ခံကာ အမည်မသိထိုင်းကိုယ်စားလှယ်တစ်ဦးကို တဆင့်ပေးရာတွင် အခကြေးငွေဖြင့်
တစ်ဦးလျှင် ၂၀၀မှ၃၀၀ဘတ်အထိရရှိကြောင်းသိရသည်။


CBS-WORLDကုမ္ပဏီနှင့်မြန်မာနိုင်ငံသာဖြစ်သည့် မစုလှိုင်နှင်းတို့ကို စာရွက်စာတမ်းအတုပြုလုပ်မှုဖြင့်
ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Subscribe Us