Wednesday, February 13, 2019

သင်္ကြန်ရက်ရှည်ခွင့်ပြန်မည့်အလုပ်သမားများအတွက်ကြေညာချက်





၁။ထိုင်းနိုင်ငံတွင်ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသည့်မြန်မာနိုင်ငံသားအလုပ်သမားများအနေဖြင့်မကြာမီကျရောက်တော့မည့်မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလတွင်မိမိတို့၏နေရပ်အသီးသီးသို့ခွင့်ပြန်ကြမည်ဖြစ်ပါသည်။

၂။ထိုင်းနိုင်ငံဒေသအသီးသီးမှခွင့်ပြန်ကြမည့်မြန်မာနိုင်ငံသားအလုပ်သမားများအားလုံးအတွက်ထိုင်းနိုင်ငံမှထွက်ခွာပြီး၊ပြန်လည်ဝင်ရောက်ကြမည့်အလုပ်သမားများအနေဖြင့်ထိုင်းနိုင်ငံအတွင်းမှထွက်ခွာချိန်တွင်Immagration Law အရ Re-Entry တုံးထုသွားရမည်ဖြစ်ပါသည်။

၃။သို့ဖြစ်ပါ၍သင်္ကြန်ကာလမိမိတို့နေရပ်အသီးသီးသို့ခွင့်ပြန်ကြမည့်မြန်မာအလုပ်သမားများအားလုံးအတွက်ထိုင်းနိုင်ငံ၏Immagrationထွက်ပေါက်များမှတရားဝင်ထွက်ခွာနိုင်ရေး၊တရားဝင်ပြန်လည်ဝင်ရောက်နိုင်ရေးနှင့် Re-Entry တုံးဖိုးကုန်ကျစရိတ်များသက်သာစေရေးတို့အတွက်ထိုင်းနိုင်ငံရှိသက်ဆိုင်ရာဌာနအသီးသီးနှင့်ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါသည်။




၄။ညှိနှိုင်းထားရှိသည့်အတိုင်းထိုင်းနိုင်ငံအစိုးရအဖွဲ့ခွင့်ပြုချက်ရရှိနိုင်ရန်အတွက်ဆက်လက်ပြထားပြီးဖြစ်ပါသည်။အစိုးရအဖွဲ့အစည်းအဝေးမှခွင့်ပြုချက်ရရှိပါကလုပ်ငန်းစဉ်အသေးစိတ်အားကာလကန့်သတ်ချက်အပိုင်းအခြားအားဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

၅။သို့ဖြစ်ပါ၍မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလအတွင်းမိမိတို့၏နေရပ်အသီးသီးသို့ပြန်ကြမည့်မြန်မာနိုင်ငံသားများအားလုံးအနေနှင့်သင်္ကြန်ခွင့်ကိစ္စရပ်အတွက်မိမိအလုပ်ရှင်ထံမှတရားဝင်ခွင့်တင်ပြဆောင်ရွက်ရန်၊မိမိနှင့်မသက်ဆိုင်သောလူကြုံပေးသည့်ပစ္စည်းများသယ်ဆောင်ခြင်းမရှိစေရန်နှင့်လမ်းခရီးလုံခြုံချောမွေ့စေရေးအတွက်အသုံးပြုမည့်ယာဉ်အားကြိုတင်စီစဉ်ဆောင်ရွက်ထားရန်သတိပေးလိုပါသည်။

၆။မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလခွင့်ပြန်ခြင်းခရီးစဉ်များအတွက်အကြံပြုလိုသည်များ၊အလုပ်သမားသံအရာရှိရုံးအနေဖြင့်ထိုင်းနိုင်ငံရှိသက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးစေလိုသည်များရှိပါကအလုပ်သမားသံအရာရှိရုံးဖုန်းများသို့ဖုန်းဖြင့်ဖြစ်စေ၊မက်ဆေ့ဖြင့်ဖြစ်စေအကြံပြုပေးပို့နိုင်ပါသည်။


အလုပ်သမားသံအရာရှိရုံး
ဘန်ကောက်မြို့၊ထိုင်းနိုင်ငံ

Subscribe Us