Wednesday, February 06, 2019

ထိုင်းနိုင်ငံသို့လူကုန်ကူးခံရသည့် မြန်မာအလုပ်သမာ၅ဦးကို အလုပ်သမားသံအရာရှိရုံးကကယ်တင်ခဲ့




ထိုင်းနိုင်ငံ၊လယောင်ခရိုင်မှ လူကုန်ကူးခံရသည့်  မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်
စကုမြို့နယ် မုတ်ခဲ၊ရွှေချောင်း၊မြောင်းခြားနှင့်အိုင်မကျေးရွာတို့မှ မြန်မာအလုပ်သမား အမျိုးသား ၄ဦး၊
အမျိုးသမီး၁ဦးတို့ကို  ယမန်နေ့၌ အလုပ်သမားသံအရာရှိရုံးက သွားရောက်ကယ်တင်ခဲ့ရကြောင်း သိရသည်။


ပွဲစားဖြစ်သူထံ အလုပ်သမားတစ်ဦးလျှင် မြန်မာကျပ်ငွေ၇သိန်းခန့်ပေးခဲ့ရပြီး၊ တရားဝင်MOUစနစ်ဖြင့်ပို့ဆောင်ပေးမည်ဟုပြောဆိုခဲ့သော်လည်း အလုပ်သမားများကို မြန်မာနဲ့ထိုင်းနယ်စပ်မြို့ဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊မေတ္တာမြို့နယ်ခွဲ၊ဆင်ဖြူတိုင်ရွာအနီးရှိ ထီးခီးနယ်စပ်ဂိတ်မှတဆင့် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်(Border Pass)ဖြင့် ထိုင်းနိုင်ငံဘက်သို့ ယမန်နှစ်ာက်တိုဘာလ က ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။




"ကျွန်မတို့ရွာဘက်ကို ပွဲစား ရဲကို ရောက်လာပြီး ထိုင်းမှာအလုပ်ကောင်းတယ် အုန်းသီးစက်ရုံ၊နာနတ်သီးစက်ရုံနဲ့သစ်စက်မှာ ပုတ်ပြတ်လုပ်ရင် တစ်နေ့ကို ဘတ်၁၀၀၀လောက်ရတယ်ပြောလို့ ယုံကြည်ပြီးလိုက်ခဲ့တာ"လို့ အလုပ်သမဖြစ်သူ မခက်ဝေေ၀အောင်က ပြောသည်။ ထို့အပြင် လူကုန်ကူးခံရသူတစ်ဦးဖြစ်သည့် ကိုအောင်ကိုမင်းကလည်း


"ကျနော်တို့ရွာနီးနားချင်းတွေစုပြီးလာကြတာအားလုံးပေါင်း ၁၅ယောက်ပါ၊ ရန်ကုန်မှာ PJစာအုပ်လုပ်ပေးတော့ကျနော်တို့ထင်နေတော့တရားဝင်ပဲလို့ထင်နေကြတာ၊ ကျနော်တို့ကို တရားမဝင်နည်းလမ်းနဲ့ထိုင်းနိုင်ငံကိုပို့ဆောင်တာကို လုံးဝမသိရဘူး၊ ပတ္တယာမြို့က ဆောက်လုပ်ရေးမှာ ၁လလောက်ဘဲအလုပ်လုပ်ကိုင်ရပြီး၊အလုပ်ကနေ မောင်းထုတ်ခံရလို့ အသိမိတ်ဆွေတွေရှိတဲ့ လယောင်မြို့ကိုရောက်လာခဲ့တော့လည်း အခန်းထဲမှာ ရက်၂၀လောက်ပုန်းပြီးနေခဲ့ရတယ် နောက်ဆုံး ကျနော်တို့အတွက် လုံခြုံမှုမရှိဘူးဆိုတာသိလာရတာနဲ့အလုပ်သမားသံအရာရှိရုံးထံ ဖုန်းဆက်အကူညီတောင်းခံခဲ့ခြင်းဖြစ်ပါတယ်"ဟုပြောသည်။


အလုပ်သမားများသည် မိမိတို့ကို တရားမဝင်နည်းဖြင့်ပို့ဆောင်ခဲ့ခြင်းကို ထိုင်းနိုင်ငံသို့ရောက်ရှိပြီး၁လခန့်အကြာတွင် လုပ်ဖော်ကိုင်ဖက်များ၏ပြောကြားချက်အရသိရှိခဲ့ရသောလည်း ထိုင်းနိုင်ငံသို့လာရောက်ရန်အတွက် အရွာမှအတိုးဖြင့် ပိုက်ဆံချေးငှားလာခဲ့ရသဖြင့်အလုပ်ကိုင်အဆင်ပြေစေလိုငြား ဆက်လက်လုပ်ကိုင်ရာတွင် အဆင်မပြေဖြစ်ရာမှ အလုပ်သမားသံအရာရှိရုံးသို့ ဖုန်းမှတဆင့်ဆက်သွယ်
အကူညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


'' အလုပ်သမား၅ယောက်ကို နေရပ်ပြန်ပို့ရေးအတွက် ဆောင်ရွက်နေစဉ် လက်တလော ဘန်ကောက်မြို့ရှိ MOEAF CALL CENTREမှာထိန်းသိမ်းစောင့်ရှောက်ပေးထားသလို သူတို့ရဲ့စိတ်ဆန္ဒရှိလို့ ထိုင်းနိုင်ငံမှာ ပြန်လာပြီးအလုပ်လုပ်ကိုင်လိုသူတွေအတွက်လည်း စီစဉ်ပေးနေပါတယ်" လို့အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။


၂၀၁၈ခုနှစ်တစ်နှစ်တာကာလအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းများမှတဆင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားစုစုပေါင်း( ၂၄၆ဦး )တို့ကို အလုပ်သမားသံအရာရှိရုံးအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်း၍ မြန်မာနိုင်ငံသို့ ပြန် လည်ပို့ဆောင်ပေးခဲ့ရကြောင်းသိရသည်။

ထိုင်းနိုင်ငံအပါဝင် ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံသားများအနေဖြင့် လူကုန်ကူးမခံရစေရန်နှင့် မှန်ကန်သောရွှေ့ပြောင်းသွားလာမှုဖြစ်စေရေးအတွက်တရားဝင်အလုပ်သွားရောက် လုပ်ကိုင်နိုင်မည့် နည်းလမ်းများ ၊ အခွင့်အရေးများနှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်၊တိုင်းဒေသကြီး၊မြို့နယ်များရှိ အလုပ်အကိုင် နှင့် အလုပ်သမားရှာဖွေရေးရုံးများ အလုပ်သမားသံအရာရှိရုံး(ဘန်ကောက်)တို့ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။

Subscribe Us