Wednesday, January 02, 2019

၂၀၁၈ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေး




၁.၁.၂၀၁၉

၂၀၁၈ခုနှစ်တစ်နှစ်တာအတွင်း ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့်သက်တမ်းလွန်ခြင်းနှင့် 
အထောက်အထားမဲ့နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ထို့သို့ ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းအပ်ခဲ့သည့်မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေးမှာ ချင်းမိုင်မြို့မှ တဆင့် တာချီလိတ်မြို့သို့ အလုပ်သမား၆၅၁ဦး(ကျား၄၆၀၊ မ၁၉၁)၊
မဲဆောက်မြို့မှတဆင့်မြ၀တီမြို့သို့ အလုပ်သမား၇၀၇၄၀ဦး(ကျား၅၂၀၁၄ ၊မ ၁၈၇၂၆ )၊ရနောင်းမြို့မှ တဆင့် ကော့သောင်းမြို့သို့ အလုပ်သမား၃၃၄၀ဦး(ကျား၂၈၆၇၊မ၄၇၃)၊၂၀၁၈ခုနှစ်အတွင်းမြန်မာအလုပ်သမားစုစု​ပေါင်း (၇၄၇၃၁)ဦး(ကျား၅၅၃၄၁၊မ၁၉၃၉၀)တို့အားမြန်မာနဲ့ထိုင်းနှစ်နိုင်ငံနယ်စပ်ဂိတ်များမှ
တဆင့်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။


ထိုင်းနိုင်ငံအပါဝင် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ် ကိုင်လိုသူများအနေဖြင့်တရားဝင်လမ်းကြောင်းဖြင့် မည်သို့ သွားရမည်ကို မသိနားမလည်သဖြင့် လူကုန်ကူးသူများ၏ သားကောင်များဖြစ်ကာ ဖမ်းဆီးခံရခြင်းများ၊ လိမ်လည်ခြင်း များခံရသည်ဖြစ်ရာထိုင်းနိုင်ငံသို့သွားရောက် အလုပ်လုပ် ကိုင်လိုသည့်မြန်မာနိုင်ငံသားများကို ပွဲစားများကတရားမ၀င် လမ်းများမှတဆင့် ခေါ်ဆောင်လာသဖြင့် အခက်ခဲများတွေ့ကြုံကာအလုပ်သမားသံ အရာရှိရုံးသို့ ၂၀၁၈ခုနှစ် တစ်နှစ်တာအတွင်း ဆက်သွယ်အကူညီတောင်းခံလာသည့် မြန်မာနိုင်ငံသားစုစုပေါင်း( ၂၄၆ဦး )တို့ကို အလုပ်သမား သံအရာရှိရုံးမှသက်ဆိုင်ရာ အာဏာပိုင်များနှင့်
ညှိနှိုင်း၍ မြန်မာနိုင်ငံပြန် လည်ပို့ဆောင်ပေး ခဲ့ရသည်။

သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံအပါဝင် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကုန် ကူးမခံရစေရန်၊ မှန်ကန်သော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရန်နှင့် ပြည်ပနိုင်ငံများသို့ တရားဝင် အလုပ်သွားရောက် လုပ်ကိုင်နိုင်မည့် နည်လမ်းများ ၊အခွင့်အရေးများနှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်၊တိုင်းဒေသကြီး၊မြို့နယ်များရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများသို့ ဆက်သွယ်မေးမြန်းနိုင်သည်။

အလုပ်သမားသံအရာရှိရုံး
(ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့)

Subscribe Us