Tuesday, December 25, 2018

တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးမှ တရားမဝင်မြန်မာအလုပ်သမား(၇၈)ဦးဖမ်းဆီးရမိ


၂၅.၁၂.၂၀၁၈ တာ့ခရိုင်၊ အလုပ်သမားဟစ်တိုင်

တာ့ခရိုင်ရဲတပ်ဖွဲ့မှရဲဗိုလ်မှူးကြီး Maen Ratnprathipနှင့် ခရီးသွားရဲတပ်ဖွဲ့များ ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ ထိုင်းစစ်တပ်နှင့် ၊ထိုင်းအလုပ်ကိုင် ရှာဖွေရေးရုံး(ကျဟာငန်)ဌာနအပါဝင် စစ်ဆေးရေးအဖွဲ့ဝင်(၂၀၀)ဦးတို့သည် မြန်မာအလုပ်သမားအများစုနေထိုင်ကြသည့် နယ်မြေများတွင် ယနေ့(၂၅.၁၂.၂၀၁၈)နံနက် ၅နာရီအချိန်ခန့်က ၀င်ရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။




တာ့ခ်ခရိုင် မဲဆောက်နယ်မြေအတွင်းမြန်မာအလုပ်သမားများနေထိုင်သည့် ထားစိုင်လူး(ဝ်)ရပ်ကွက်နှင့် မဲ့ပါ့ရပ်ကွက် (၂)နေရာတွင် တရားမဝင်အလုပ်သမားများရှိမရှိကို ဝင်ရောက်စစ်ဆေးခြင်းပြုလုပ်ရာတွင် အထောက်ထားမဲ့မြန်မာအလုပ်သမား(၈၇)ဦး ဖမ်းဆီးရမိကြောင်းသိရသည်။

ရဲဗိုလ်မှူးကြီးMaen ပြောပြချက်အရဖမ်းဆီးရမိသည့် မြန်မာအလုပ်သမားများကိုနေရပ်နိုင်ငံသို့ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ အလုပ်ရှင်နှင့်လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားများလိုအပ်ပါကMOUစနစ်ဖြင့်တရားဝင်အလုပ်သမားခေါ်ယူကြရန်နှင့် သိရှိလိုသည့်အချက်များရှိပါက တာ့ခရိုင် လူဝင်မှူကြီးကြပ်ရေးရုံးသို့ လာရောက် ဆွေးနွေးနိုင်ကြောင်းပြောသည်။

Subscribe Us