Tuesday, December 25, 2018

နှစ်ကူးပိတ်ရက်နေရပ်ပြန် မြန်မာလုပ်သားများ ကျပ်တစ်သောင်းတန်အတု သတိပြုရန် သံရုံးသတိပေး




 

နှစ်သစ်ကူးအလုပ်ပိတ် ရက် နေရပ်ပြန်မည့်မြန်မာလုပ် သားများအနေဖြင့် စာရွက်စာ တမ်းအထောက်အထားများဖြင့် တရားဝင်လမ်းကြောင်းမှ ပြန်ရန်နှင့် ငွေကြေးလဲလှယ်ရာတွင် ကျပ်တစ်သောင်းတန်ငွေတုများ လက်မခံမိစေရေး အထူးသတိပြု ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံး၊အလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်သည်။



ပီမိုင်(နှစ်သစ်)ကာလပြည် တော်ပြန်မည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအနေ ဖြင့် စိတ်အေးချမ်းသာစွာနေရပ် ပြန်နိုင်ရေး အိမ်အပြန်တုံးထုရာ တွင် မိမိနေထိုင်ရာမြို့နယ်များရှိ ထိုင်းလဝကရုံးများ၌ သွားရောက် ပြုလုပ်နိုင်သကဲ့သို့ လေဆိပ်အပါ အဝင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံတရားဝင်ဖွင့်လှစ်ထားသည့် နယ် စပ်ဂိတ်များတွင်လည်း ပြုလုပ်နိုင် ကြောင်း ထုတ်ပြန်ထားသည်။







ထို့အပြင် နေရပ်ပြန်မြန်မာ အလုပ်သမားများအနေဖြင့် (ဒေ သအခေါ်) ဗိုက်ဖောက်များ၏ အ လိမ်ခံရမှုမရှိစေရန်နှင့် ငွေကြေး လဲလှယ်ရာ၌ ကျပ်တစ်သောင်း တန် ငွေအတုများ လက်ခံမရရှိစေရေး အထူးသတိပြုရန်ပါရှိသည်။



နေရပ်ပြန်သည့်လမ်းခရီး တစ်လျှောက် ယာဉ်အန္တရာယ် ကင်းဝေးစေရန် ထိုင်ခုံခါးပတ် ပတ်စီးရန်နှင့် ယာဉ်ပေါ်ရှိ လုံခြုံရေးသတိပေးချက်များ၊ အရေးပေါ် ထွက်ပေါက်များကို လေ့လာမှတ် ထားသင့်သကဲ့သို့ ယာဉ်မောင်းကို လည်း အထူူးသတိပြုစောင့်ကြည့် ရန်လိုအပ်ကြောင်း ထပ်မံသတိ ပေးထားသည်။



အကယ်၍ ယာဉ်မောင်းမူးယစ်သောက်စားထားခြင်း (သို့မဟုတ်) ယာဉ်မောင်းနှင်နေစဉ် ပုံမှန်မဟုတ်သည့် အခြေအနေများအပါအဝင် အိပ်ငိုက်ခြင်းတို့ဖြစ်ပေါ်ပါက ယာဉ်ကိုချက်ချင်းရပ်တန့်ခိုင်းပြီး ယာဉ်မောင်းကို အနားယူခိုင်းရန်အလုပ်သမား သံအရာရှိရုံးက ဆိုသည်။



ထို့အပြင် နေရပ်ပြန်မြန်မာ လုပ်သားများအနေဖြင့် မိမိတို့ရရှိ ထားသည့်ခွင့်ကာလသတ်မှတ် ရက်အတိုင်း လုပ်ငန်းခွင်များသို့ အချိန်မီပြန်လည်ဝင်ရောက်နိုင် ရေးသတိပြုရန်နှင့် အကူအညီ လိုအပ်ပါက အလုပ်သမားသံအ ရာရှိများထံ ဆက်သွယ်အကူအ ညီတောင်းခံနိုင်ကြောင်း ထုတ် ပြန်ထားသည်။



ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများသည် သင်္ကြန်ရုံးပိတ် ရက်များတွင်လည်း လူဦးရေ သောင်းနှင့်ချီ၍ နေရပ်ပြန်လာ သည်။

Subscribe Us