Tuesday, December 25, 2018

ထိုင်းတွင် ပျောက်ဆုံး မြန်မာကလေးကို မတွေ့မချင်း ရှာပေးမည်ဟု ထိုင်းရဲတပ်ဖွဲ့ ကတိပေး


ကြံပင်များ ခုတ်၍ရှာရန် ကြံခင်းပိုင်ရှင်ကလည်း ခွင့်ပြု


By-ငြိမ်းချမ်း၊ Tuesday, December 25, 2018

ထိုင်းနိုင်ငံရှိ ကြံစိုက်ခင်း အတွင်း ပျောက်ဆုံးနေသော မြန်မာကလေးငယ်ကို ၎င်း၏မိသားစု ဆန္ဒအတိုင်း မတွေ့မချင်း ရှာပေးမည်ဟု ထိုင်းရဲတပ်ဖွဲ့က ကတိပေးပြီး ကြံစိုက်ခင်းပိုင်ရှင်က ကြံပင်အားလုံးခုတ်၍ ရှာဖွေရန် ခွင့်ပြုပေးထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံ အရာရှိ ဦးစန်းမောင်ဦးက ပြော သည်။

ကြံစိုက်ခင်းအတွင်း ပျောက် ဆုံးနေသော (၂)နှစ်အရွယ် မြန်မာကလေးငယ်ကို ရှစ်ရက်မြောက် ထိ ရှာမတွေ့သောကြောင့် ထိုင်းအာဏာပိုင်များက အင်အားထပ်မံတိုးချဲ့၍ ရှာဖွေနေကြောင်း ၎င်းက 7Day Daily သတင်းစာအားပြောကြားသည်။

‘‘ထိုင်းရဲတပ်ဖွဲ့က အင်အား တွေတိုးပြီး ရှာနေတယ်။ ကလေး က ခုထိတော့ ရှာမတွေ့သေးဘူး ပေါ့။ သူတို့သုံးသပ်တာတော့ လူ တစ်ယောက်က ခေါ်ဆောင်သွား တယ်လို့ သုံးသပ်နေတယ်။ နောက်ပြီး ကလေးရဲ့ မိသားစုဆန္ဒ အတိုင်း ရှာပေးမယ်လို့ ပြောထား တယ်’’ဟု ဦးစန်းမောင်ဦးက ပြောသည်။ ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင် စဖန်လန်ကျေးရွာတွင် ကြံစိုက် ခင်းအတွင်း ရှစ်ရက်ကြာ ပျောက် ဆုံးနေသော (၂)နှစ်အရွယ် မြန်မာ ကလေးငယ်ကို ထိုင်းအာဏာပိုင် များက ရဟတ်ယာဉ်များ၊ ဆင် များ၊ အနံ့ခံစစ်ခွေးများ အသုံးပြု ကာ ကူညီရှာဖွေပေးနေသည်။


ဒီဇင်ဘာ ၂၄ ရက်တွင် ကြံ တောအနီးရှိ ရေမှော်များဖြင့် ပြည့်နေသော ရေကန်ကြီးအတွင်း အထူးရေငုပ်သမားများက ရှာ ဖွေနေကြောင်း ထိုင်းရောက် မြန်မာလုပ်သားများ အရေးကူညီ ပေးနေသော မြန်မာအဖွဲ့အစည်း များက ပြောသည်။

ထို့အပြင် ထိုင်းရွာသားများ သတင်းပေးချက်အရ ကြံစိုက်ခင်း အနီးရှိ မသင်္ကာဖွယ် အိမ်တစ်လုံး ကိုထိုင်းရဲတပ်ဖွဲ့က ယမန်နေ့တွင် ၀င်ရောက်ရှာဖွေခဲ့ကြောင်း မြန်မာအဖွဲ့အစည်းများက ပြောသည်။

ဧက ၁,၀၀၀ ခန့် ကျယ်ဝန်း သော ကြံစိုက်ခင်းအတွင်း အဖော် ဖြစ်သူ ကလေးငယ်တစ်ဦးနှင့် ကစားနေစဉ် ဒီဇင်ဘာ ၁၇ ရက် ကတည်းက ပျောက်ဆုံးနေသော မြန်မာကလေးငယ် စိုးလေးဖြူ ကို ထိုင်းအာဏာပိုင်များက အင်အားသုံးရှာဖွေ နေသည်။

ပျောက်ဆုံးနေသော ကလေး ငယ်၏ မိဘများသည် မြန်မာနိုင်ငံ သားများဖြစ်ပြီး ထိုင်းနိုင်ငံသို့ ကြံခုတ်လုပ်သားအဖြစ် ရွှေ့ပြောင်း လုပ်ကိုင်သူများဖြစ်သည်။

Subscribe Us