Friday, November 09, 2018

ဧည့်စာရင်းမတိုင်ကြားသည့် မြန်မာအလုပ်သမားတစ်ဦးလျှင် ဒဏ်ငွေ၁၆၀၀ပေးဆောင်ရ



ယမန်နေ့(၈.၁၁.၂၀၁၈)ရက် နံနက် ၆နာရီ၃၀အချိန်ခန့်က မြန်မာနဲ့ထိုင်းနှစ်နိုင်ငံနယ်စပ် အနီးရှိ ကန်ချနဘူရီခရိုင် မီ(င်)ရာမြို့နယ်၊ပါ့က်ဖလဲရပ်ကွက်သို့ ကန်ချနဘူရီခရိုင် ထိုင်းအလုပ်ကိုင်ရှာဖွေရေးဌာန၊ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ထိုင်းရဲတပ်ဖွဲ့၊နယ်ခြာစောင့်ရဲတပ်ဖွဲ့၊ ထိုင်းစစ်တပ်တို့ဝင်ရောက် စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။


ပါ့က်ဖလဲရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမား ၂၄ဦး ၀င်ရောက် အလုပ်လုပ်ကိုင်နေသည့် မိုဟီအမည်ရှိ ကျောက်စက်ရုံနှင့်ရေခဲ စက်ရုံတို့ကို ၀င်ရောက်စစ်ဆေးခဲ့ရာ ဗီဇာသက်တမ်းကုန်ဆုံးနေသူ ၁ဦး၊ဧည့်စာရင်းမတိုင်းကြာသူ ၆ဦးတို့ကိုစိစစ်တွေ့ရှိခဲ့ကြောင်း သိရသည်။


Thursday, October 25, 2018

တရားမ၀င်အလုပ်သမားများနှင့်ဗီဇာသက်တမ်းကျော်လွန်နေထိုင်သည့် မြန်မာအလုပ်သမားများဖမ်းဆီးရမိ


၂၅.၁၀.၂၀၁၈၊ ကထူးဘင်၊အလုပ်သမားဟစ်တိုင်

စမွတ်ဆာခွန်ခရိုင် ကထူးဘင်မြို့နယ်၊ ခလွန်မာဒီယာရပ်ကွက်ရှိ မြန်မာအလုပ်သမားများနေထိုင်ရာ
ဘန်းလောင်(၀်)ကွန်ဒိုတိုတ်ခန်းများအား ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ထိုင်းလ၀က၊ထိုင်းရဲတပ်ဖွဲ့နှင့်
ထိုင်းစစ်တပ်အပါဝင်တာဝန်ရှိသူများသည် ယနေ့(၂၅.၁၀.၂၀၁၈) နံနက် ၆နာရီအချိန်ခန့်က ၀င်
ရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

Wednesday, October 24, 2018

ဥပဒေနှင့်မညီညွတ်သည့် ရွှေ့ပြောင်းအလုပ်သမားများကို ရှာဖွေဖမ်းဆီးလျက်ရှိ



၂၄.၁၀.၂၀၁၈၊လယောင်၊အလုပ်သမားဟစ်တိုင်

မြန်မာအလုပ်သမား (၁၃၉၇)ဦး ၀င်ရောက်အလုပ်လုပ်ကိုင်နေသည့်
ထိုင်းနိုင်ငံ ချွတ်ပူရီခရိုင် လယောင်မြိှု့ရှိ Bangkok Master Wood Co,LTDသို့ ယမန်နေ့(၂၃.၁၀.၂၀၁၈) ညနေ (၃)နာရီအချိန်ခန့်က ထိုင်းအလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ထိုင်းလူဝင်မှုကြီးကြပ်ဌာန၊ထိုင်းရဲတပ်ဖွဲ့၊ထိုင်းစစ်တပ်၊မြို့နယ်မှူးအပါဝင်တာဝန်ရှိသူများ ၀င်ရောက်စစ်ဆေးခဲ့ကြကြောင်းsanookသတင်းဌာန၏ ဖော်ပြချက်အရသိရသည်။

ထို့သို့ဝင်ရောက်စစ်ဆေးရာတွင် ၀ပ်ပါမစ်နှင့်အလုပ်နေရာကွဲလွဲသူ (၃၁)ဦး၊ဧည့်စာရင်းတိုင်ကြားမှုမရှိသူ(၉)ဦး၊ဗီဇာသက်တမ်းကုန်ဆုံးနေသူ (၁)ဦးနှင့်ဝပ်ပါမစ်မရှိသူ(၂၁)ဦးတို့ကိုဖမ်းဆီးရမိကြောင်း
သတင်းရရှိပါသည်။


Monday, October 22, 2018

ပြည်ပသွားရောက် အလုပ်လုပ်မည့်သူများအတွက် အထောက်အကူပေးမည့် လမ်းညွှန်သင်တန်းများ



ခင်ရတနာ

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကြီးမှူး၍ ပြည်ပအလုပ် အကိုင် လမ်းညွှန်သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ် ပေးလျက်ရှိပြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်)နှင့် (မန္တလေး)တို့တွင် သင်တန်းကြေးအခမဲ့ဖြင့် လက်ခံသင်ကြားပေးလျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စိတ်ပါဝင်စားသူ များနှင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ အတွက် ရည်ရွယ်၍ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ကောင်းမွန်သင့်တော်သောအလုပ်အကိုင် များ ရရှိရန်၊ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာရေးဖြစ်ရန်၊ မှတ်ပုံတင်ထားသော အေဂျင်စီများဖြင့်သာ ချိတ်ဆက်သွား ရောက်နိုင်ရန်၊ တရားမဝင်ပွဲစားများ ပပျောက်ရန်၊ အလုပ်သမား များအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။


Sunday, October 21, 2018

ဒိုလီနာနတ်သီးစက်ရုံမှ အလုပ်ဖြုတ်ခံရသော အလုပ်သမားများအား လျော်ကြေးငွေ ဘတ်၃သန်းနီးပါး ပေးအပ်ရန် အလုပ်ရှင်အား ဆဝါတီကန်မှ အမိန့်ချမှတ်



၂၁.၁၀.၂၀၁၈ ဘန်ကောက်

ထိုင်းနိုင်ငံ ပကျွတ်ခရိုင် ဟွေ့ခွမ်မြို့နယ် ဒိုလီနာနတ်သီးစက်ရုံမှ အလုပ်သမားများအလုပ်ဖြုတ်ခံရမှုအတွက် မြန်မာသံရုံး၊အလုပ်သမားသံအရာရှိ၏ဦးဆောင်မှု MOEAF ၏ အားထုတ်ဆောင်ရွက်မှုတို့ကြောင့် အလုပ်သမား ၇၉ဦးတို့မှ အမှုဖွင့်တိုင်ကြားခဲ့သည့် အမှုကို ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာန(ဆဝါတီကန်)မှ ၁၉.၁၀.၂၀၁၈ရက်နေ့ နေ့စွဲဖြင့် အမိန့်ချမှတ်ခဲ့ပြီဖြစ်သည်။


ယင်းအမိန့်အရ မောင်ဝင်းသန်းပါ အလုပ်သမား ၇၉ဦးတို့အား အလုပ်ရှင်မှ လျော်ကြေးငွေအဖြစ်
ဘတ်ငွေ ၃သန်းနီးပါး ပေးအပ်ရမည်ဖြစ်ကြောင်းသိရသည်။


ယာဉ်မတော်တဆမှုကြောင့် ထိုင်းကားမောင်းသမားအပါဝင်မြန်မာအလုပ်သမား၁၁သေဆုံး


၂၁.၁၀.၂၀၁၈| ကန်ဖယ်ဖစ်|အလုပ်သမားဟစ်တိုင်

မြန်မာရွှေ့ပြောင်းလုပ်သားများ စီနင်းလာသည့် ခရီးသည်ယာဉ်တစ်စီးသည်ဘန်ကောက်- မဲဆောက်လမ်းတွင် အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၇ နာရီခန့်ကထိုင်းလူမျိုးကားမောင်းသမား(၁)ဦးအပါဝင် မြန်မာအလုပ်သမား(၁၅)ဦးတို့လိုက်လာသည့် 33/2779 အဖြူရောင်(လုတု) ခရီးသည်ပို့ဆောင်ရေးယာဉ်တစ်စီးသည်ကန်ဖယ်ဖစ်ခရိုင် ခေါင်းခူမြို့နယ် လုံစီခုံဒစ်(ခ်ျ)အနီး ကားလမ်းမိုင်တိုင် 421Km သို့အရောက်တွင် စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ၀င်တိုက်ကာ မီးလောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

Saturday, October 20, 2018

စမွတ်ပရာကန်၊စံမလွန်ဈေး သို့ဝင်ရောက်စစ်ဆေးခြင်း သတင်းတင်ဆက်မှု



၂၀.၁၀.၂၀၁၈ | စမွတ်ပရာကန်|အလုပ်သမားဟစ်တိုင်

ယနေ့(၂၀.၁၀.၂၀၁၈) နံနက် ၆နာရီအချိန်ခန့်က စမုပုရာကန်ခရိုင်၊ စံမလွန်ဈေးတွင်အလုပ်လုပ်ကိုင်နေသူ လာအို၊ကမ္ဗောဒီယား၊မြန်မာအပါဝင် ရာချီ၍ရှိနေသည့် အလုပ်သမားများထဲတွင် တရာမ၀င်နေထိုင်သူများ၊ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများ၊မူးယစ်ဆေးဝါးကိစ္စရပ်များပက်သက်မှုရှိမရှိနှင့်ဥပဒေအရတားမြစ်ထားသည့် အလုပ်များလုပ်ကိုင်သူများရှိမရှိတို့ထိုင်းအလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ထိုင်းရဲတပ်ဖွဲ့၊ထိုင်းလ၀ကများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။