Saturday, March 28, 2020

MUNG MEE 2557 အလုပ်ကိုင်ရှာဖွေရေးကုမ္ပဏီမှ နှာခေါင်းစည်းများ အခမဲ့ဝေငှမည်



ယခုအခါ ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေမြင့်တတ်လာခဲ့ရာ ဖစ်ဘူရီခရိုင် ခေါင်ရွဲနယ်မြေတွင် ဖွင့်လှစ်ထားသည့် MUNG MEE 2557 အလုပ်ကိုင်ရှာဖွေရေးကုမ္ပဏီအနေဖြင့် မြန်မာအလုပ်သမားများအပါဝင် နယ်မြေခံပြည်သူထုများကို နှာခေါင်းစည်းများပြတ်လပ်မှုမရှိစေရန် နှာခေါင်းစည်းများ ထုတ်လုပ်နေပြီ အခမဲ့ဝေငှပေးသွားမယ်လို့ သိရပါတယ်။

ကူးစက်မှုက ပြန့်နှံ့လာတာနဲ့အမျှ နှာခေါင်းစည်းတွေ ဈေးမတန်တဆပေးဝယ်သုံးရတာတွေ နောက်ပြီး သုံးပြီးသားပစ္စည်းတွေကို ပြန်သန့်စင်ရောင်းနေကြတော့ သုံးစွဲသူတွေအတွက်အဆင်မပြေဖြစ်နေကြတာ မြင်တွေ့နေရတာနဲ့ အများကိုလည်း ကူညီရာရောက်အောင် အခုလိုလုပ်ဖြစ်တာပါ လို့ MUNG MEE 2557 အလုပ်ကိုင်ရှာဖွေရေးကုမ္ပဏီမှ MDဖြစ်သူ မဇာက ရှင်းပြပါတယ်။





ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကာကွယ်ရန် အခမဲ့ဝေငှမည့် နှာခေါင်းစည်းများထုတ်လုပ်နေသည့် MUNG MEE 2557 အလုပ်ကိုင်ရှာဖွေရေးကုမ္ပဏီသို့ ခေါင်ရွဲနယ်မြေအုပ်ချုပ်ရေးမှုးကိုယ်တိုင် လာရောက်၍ အားပေးစကားပြောကြားခဲ့ပါတယ်။

အဆိုပါ MUNG MEE 2557 အလုပ်ကိုင်ရှာဖွေးရေး ကုမ္ပဏီသည် မြန်မာအပါဝင် နိုင်ငံခြားသားအလုပ်သမားများကို ထိုင်းနိုင်ငံရှိ အလုပ်ရုံများသို့ အများဆုံခေါ်ယူပေးနေသည့် ကုမ္ပဏီဖြစ်
ကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံတွင် မတ် ၂၈ ရက် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသတင်းထုတ်ပြန်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူ၁ ဦးထပ်မံသေဆုံးခဲ့ရာ ယခုအခါ သေဆုံးသူဦးရေ၆ ဦး အထိရှိလာခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၉ ဦးထပ်မံတွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရ ပေါင်း၁၂၄၅ ဦးအထိ ရှိလာခဲ့ကြောင်း သိရပါတယ်။