Sunday, March 29, 2020

ထိုင်းတွင် ခရိုင်တစ်ခုမှအခြားခရိုင်သို့ သွားလိုပါက ဆေးထောက်ခံချက်လိုအပ်




ထိုင်းနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသည့်လူဦးရေး နေ့စဉ်နဲ့အမျှ ပိုတိုးလာခဲ့သဖြင့်
ကူးစက်ရောဂါထိန်းချုပ်ရေးအစီမံများကို ယခုသီတင်းအပတ်အတွင်း ထိုင်းအာဏာပိုင်များက
အပူတပြင်းဆောင်ရွက်လာခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ ဆောင်ရွက်နေသူများ
ထံက သိရသည်။

ထိုသို့ ကူးစက်ရောဂါထိန်းချုပ်ရေးအစီစဉ်များ ချမှတ်ဆောင်ရွက်လာသည့်အနက် ခရိုင်အဝင်ထွက်
နယ်မြေများ၌ ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းကျန်းမာရေးအဖွဲ့များအပါဝင် ထိုင်းအစိုးရအဖွဲ့များက ခရီးသွားလာသူ
များ ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိမရှိတို့ကို စစ်ဆေးခြင်းအပါဝင် နှာခေါင်းစည်းများဝေငှပေးခြင်းတို့ကို
ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။




ထိုင်းနိုင်ငံ တောင်ပိုင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေး ဆောင်ရွက်နေမှုအခြေနေများပက်သက်လို့ဖန်ငခရိုင်အခြေစိုက် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဦး က

“ မနေ့ကစပြီး ဖူးခက်မြို့မှာ ည၈နာရီကနေ မနက်၃နာရီအထိ ညမထွက်ရအမိန့်ထုတ်ထားတယ် လက်ရှိကျနော်နေတဲ့ ဖငန်ခရိုင်မှာဆိုလည်း ဘန်ကောက်အပါဝင်ကူးစက်ရောဂါဖြစ်နေတဲ့ နယ်မြေတွေက
လာမယ့်သူတွေဆိုလည်း ၃ရက်အတွင်း ကူးစက်ရောဂါမရှိကြောင်း ဆေးထောက်ခံချက်တွေ ပြသရမယ်၊ မပါရင်တော့ အာဏာပိုင်တွေသက်မှတ်ထားတဲ့နေရာမှာ ၁၄ရက်အတိနေရမယ်ဆိုပြီးအမိန့်ထုတ်ပြန်ထား
ပါတယ်”

ထို့ပြင် အမိန့်ထုတ်ပြန်ချက်များကို မလိုက်နာသူများအနေဖြင့် ထောင်ဒဏ်၁နှစ်ဖြစ်စေ၊ ငွေဒဏ် ဘတ်၁သိန်းကိုဖြစ်စေ၊ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးကျခံနိုင်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။။

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအကြောင်းရာများအနက် လူစုလူဝေးအများဆုံးနေရာများဖြစ်သည့် လက်ဝှေ့အားကစားရုံများ၊နိုက်ကလပ်များ အပါဝင် အပမ်းဖြေနေရာများမှတဆင့် ရောဂါကူးစက်ခံရကြောင်းသိရသည်။

“ မြန်မာအလုပ်သမားအများစုက ပကန်စံခွန်ပြုလုပ်ထားတဲ့သူများတော့ မိမိတို့အနေနဲ့ ခရိုင်တစ်ခုကနေ
တစ်ခု ခရီးသွားလာရမယ့်ကိစ္စတွေရှိခဲ့တယ်ဆို ကြိုတင်ပြီး နီးစပ်ရာဆေးရုံတွေမှာ ကူးစက်ရောဂါမရှိကြောင်းဆေးထောက်ခံစာသွားရောက်ပြုလုပ်ပြီးမှ ခရီးသွားလာဖို့ဆောင်ရွက်ကြပါ တကယ်လို့များ ဆေးထောက်ခံချက်မပါသွားရင် လမ်းခရီးမှာ ကြန့်ကြာမှုတွေဖြစ်လာနိုင်တယ်” မယ်ဆောက်မြို့ရှိ အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်ကပြောသည်။

ယနေ့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသတင်းထုတ်ပြန်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့်
သေဆုံးသူအရေအတွက် ၇ဦးအထိရှိလာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေ ၁၃၈၈ ဦးရှိလာပြီး
ပြည်နယ် ၇၆ ခုအနက်  ပြည်နယ် ၅၂ ခုမှာ ကူးစက်မှုရောဂါဖြစ်ပွားကြောင်းသိရသည်။

Subscribe Us