Friday, March 27, 2020

တရားမဝင်းနယ်စပ်ဖြတ်ကျော်မည့် အထောက်ထားမဲ့မြန်မာအလုပ်သမား ၆၃ဦး ပြန်လွတ်ပြီ


ထိုင်းနိုင်ငံမှာဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းမြန်မာနှစ်နိုင်ငံနယ်စပ် သောင်းရင်းမြစ်ကမ်းတလျောက်ရှိ အဝင်ထွက်ဂိတ်များကို ယခုလ ၂၃ရက်နေ့က စတင်ပိတ်ပြီးနောက် မြန်မာအလုပ်သမား ၈၁ဦးတို့သည် တရားဝင်းနယ်စပ်ဖြတ်ကျော်ရန်ကြိုးစားနေစဉ် ထိုင်းအာဏာပိုင်များကယမန့်နေ့ ဖမ်းဆီးရမိခဲ့ပါတယ်။


“ မနေ့က သတင်းရတာနဲ့ချက်ချင်း သူတို့ကို ထိန်းသိမ်းထားတဲ့နေရာသွားပြီး ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းတာ၆၈ဦးထဲမှာ အထောက်ထားရှိတဲ့ ၁၃ဦးက နေ့ချင်းပဲ ပြန်လွှတ်ခဲ့ပြီ ကျန်တဲ့၆၈ဦးက အထောက်ထားမဲ့တွေဆိုတော့ စစ်ဆေးနေတာနဲ့ ဒီကနေ့ပဲ မြန်မာဘက်ကိုပြန်လွှဲပြောင်းပေးလိုက်ပါတယ်” လို့ မယ်ဆောက်မြို့ရှိအလုပ်သမားသံအရာရှိဦးဝေလင်းမောင်ကပြောပါတယ်။




အဖမ်းခံရသည့် မြန်မာအလုပ်သမားများသည် ပတ္တယာမြို့နှင့် ဘန်ကောက်မြို့နယ်ထဲမှ မြန်မာအလုပ်သမားများဖြစ်ကြပြီး အထောက်ထားမဲ့အလုပ်သမားများအနေဖြင့် တစ်ဦးလျှင် ဘတ်ငွေ၄၀၀၀မှ ၄၅၀၀အထိပေးပြီး ပွဲစားနှင့်ပြန်ခဲ့ရသူများဖြစ်ကြောင်း သိရပါတယ်။


ကိုရိုဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရန် မဲဆောက် မြဝတီချစ်ကြည်ရေးတံတားအမှတ်(၁) ကို၂၁ရက်မှာပိတ်ခဲ့ပြီး အမှတ်(၂)တံတားကို ၂၆ ရက်နေ့ထပ်မံပိတ်ဖို့ ကြေညာထားပေမယ့်နေရပ်ပြန်မြန်မာအလုပ်သမားများတစ်ရက်လျင် ၅၀၀၀ခန့်ဝင်ရောက်မှုရှိသဖြင့်နှစ်နိုင်ငံတာဝန်ရှိသူများညှိနှိုင်းမှုဖြင့် ဆက်လက်ဝင်ရောက်ခွင့်ပြုတာဖြစ်ကြောင်းသိရပါတယ်။

မတ်လ ၃၁ရက်နေ့တွင် နေထိုင်အလုပ်လုပ်ကိုင်သက်တမ်းကုန်ဆုံးမည့် မြန်မာအလုပ်သမားများအပါဝင် ကမ္ဘောဒီယား လာအို အလုပ်သမားများကို ဗီဇာကင်းလွတ်ခွင့်ကို ဇွန်လ ၃၀ရက်အထိ
ခွင့်ပြုကြောင်း ထိုင်းအစိုးရမှ ၂၅ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။