ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများကြာ ပြန့်နှံ့နေသည့် သတင်းတစ်ခုမှာ မြန်မာနိုင်ငံသို့အကြောင်းကိစ္စအမျိုးမျိုးဖြင့် ပြန်သည့် အလုပ်သမားများ ထိုင်းနိုင်ငံသို့ပြန်လည်းဝင်ရောက်သည့်အခါ နယ်စပ်မြို့၌
ရှိသည့် ကိုရိုနာရောဂါစောင့်ကြည့်ရေးဌာနများသို့ ပို့ဆောင်၍ (၁၄)ရက် စောင့်ကြည့်ကြောင်းသတင်းများထွက်ပေါ်လျက်ရှိပါတယ်။
အဆိုပါထွက်ပေါ်နေသည့် သတင်းနှင့်ပက်သက်၍ အလုပ်သမားဟစ်တိုင်မှ မယ်ဆောက်မြို့ရှိ ရောင်ခြည်ဦးအလုပ်သမားရေးအဖွဲ့က ကိုဟိန်းထံဆက်သွယ်မေးမြန်းခဲ့ရာ “လက်တလောအဲသလိုအစီစဉ်မျိုးလုပ်ဆောင်နေတာတော့ မတွေ့ရသေးဘူး ၊ ဒါပေမယ့် ထိုင်းဘက်က ဌာနဆိုင်ရာတာဝန်ရှိသူတွေကတော့ ကိုရိုနာရောဂါ နဲ့ပက်သက်ပြီး အသိပညာပေးတာမျိုးတွေတော့ လုပ်ပေးနေတယ်” လို့ ပြောပါတယ်။
ရောဂါစောင့်ကြည်မှုလုပ်တယ်ဆိုတာကလည်း ဥပမာ ကိုရီယာနဲ့တရုတ်နိုင်ငံ အစရှိသဖြင့်ပေါ့လေး
လက်ရှိရောဂါဖြစ်နေတဲ့ နိုင်ငံတွေကပြန်လာတဲ့သူတွေကို စောင့်ကြည့်မှုတွေလုပ်နေတာပါ အကယ်လို့
မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာရောဂါတွေ့ရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တယ်ဆို
ထိုင်းဝင်လာမယ့် မြန်မာနိုင်ငံသားတွေကိုလည်း အလာတူ ရောဂါစောင့်ကြည့်ရေးကိစ္စရပ်တွေကို
ဆောင်ရွက်ဖွယ်ရှိတယ်လို့၎င်းမှဆက်လက်ပြောပါတယ်။
အဆိုပါသတင်းထွက်ပေါ်လာမှုကြောင့် မြန်မာနိုင်ငံသို့ပြန်ပြီ ထိုင်းနိုင်ငံသို့MOUစနစ်ဖြင့် ပြန်လည်းဝင်ရောက်မည့် မြန်မာအလုပ်သမားများနှင့် ထိုင်းအလုပ်ရှင်များက စိုးရိမ်းနေတယ်လို့သိရပါတယ်။
တစ်ကမ္ဘာလုံး၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ (၁ဝ၅၈၃၈) ဦးရှိပြီ၊ သေဆုံးသူ (၃၅၅၉) ဦးနှင့် ပြန်လည်ကောင်းမွန်လာသူ (၅၈၃၇၂) ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်နှင့်ပက်သက်၍ ဓါတ်ခွဲအတည်ပြု စစ်ဆေးချက်တွေအရမတ် (၇ )ရက်နေ့ အထိ ဗိုင်းရပ်စ်တွေ့ရှိသူ မရှိသေးကြောင်း သိရပါတယ်။