Wednesday, April 01, 2020

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂ဦးထပ်မံ သေဆုံး



ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် ဧပြီလ ၁ ရက်၌ ၂ဦး ထပ်မံသေဆုံးခဲ့သဖြင့်ယခုအခါ သေဆုံးပေါင်း၁၂ ဦးရှိပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Dr. Taweesil Witsanuayothin ၏ ပြောကြားအရသိရသည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၀ဦးကို ထပ်မံတွေ့ရှိခဲ့သဖြင့် အတည်ပြုလူနာပေါင်း ၁၇၇၁ ဦးရှိလာပြီဖြစ်ကြောင်းသိရသည်။

ထပ်မံသေဆုံးသည့် အမျိုးသားလူနာ ၂ဦးသည်-

(၁) အသက်(၇၉)အရွယ်ရှိပြီ နာတာရှည် ဆီးချိုနှင့်ကျောက်ကပ်ဝေဒနာခံစားနေရသူဖြစ်ပြီးခရီးသွာ းမှတ်တမ်းများအရ၎င်းသည် မလေးရှားနိုင်ငံတွင်ကျင်းပသည့်မင်္ဂလာဧည့်ခံသွားရောက်ခဲ့ကြောင်းသိရသည်။

(၂) အသက် (၅၈)နှစ်အရွယ်ရှိ စီးပွားရေးသမားတစ်ဦးဖြစ်ပြီး အင်္ဂလန်နိုင်ငံမှာ ပြန်ရောက်ပြီး အပြင်းဖျားခြင်း၊ ချောင်းဆိုးဝေဒနာကိုခံစားနေရသူဖြစ်ကြောင်း၊ ၎င်းတွင်အခြားရောဂါများရှိမရှိကိုဆက်
လက်စစ်ဆေးနေစဉ် သေဆုံးသူဖြစ်ကြောင်းသိရသည်။

ယနေ့သတင်းထုတ်ပြန်သည့် အတည်ပြုလူနာ (၁၂၀) ဦးသည် လက်ဝှေ့အားကစားရုံ၊ဖျော်ဖြေရေးနေရာများ၊ရောဂါကူးစက်ခံရသူများနှင့်ထိဆက်ဆံခဲ့သူများ၊ အင်ဒိုနီးရှားနှင့်မလေးရှာနိုင်ငံတွင်ကျင်းပသည့်ဘာသာရေးအခမ်းနားသို့တတ်ရောက်ခဲ့သူများ၊ ပြည်ပမှပြန်လည်းရောက်ရှိလာသည့် ထိုင်းနိုင်ငံသားများ၊ဧည့်နိုင်ငံသားများဖြစ်အပါဝင် ဆေးရုံဝန်ထမ်း (၁)ဦးလည်းပါဝင်ကြောင်းသိရသည်။



ထိုင်းနိုင်ငံတွင် ပြည်နယ် (၇၆) ခုအနက်   ပြည်နယ် (၆၁) ခုတွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နေ့စဉ် တစ်ဟုန်ထိုးမြင့်တက်လာခဲ့ရာနိုင်ငံအတွင်းရှိ စာသင်ကျောင်းများ၊ စားသောက်ဆိုင် များနှင့်
ဈေးဆိုင်အများစုကို ပိတ်ထားခဲ့သလို ဖူးခက်ခရိုင်၊ နွန်ထဘူရီခရိုင် ၊မယ်ဟောင်ဆောင်ခရိုင်အပါဝင် ဒေသအသီးသီးတို့တွင် အလုပ်ကိစ္စမှအပည ၁၁ နာရီ နံနက် ၅နာရီအထိ အပြင်မထွက်ရခြင်း၊ ခရိုင်ပြင်ပသို့ခရီးသွားလာသူများအနေဖြင့် (၃)ရက်အတွင်းပြုလုပ်ထားသည့် ကိုရိုနာဗိုင်းရစ်ကင်းစင်းကြောင်းဆေးထောက်ခံချက်ပြုလုပ်ရမည်ဖြစ်ကြောင်းဒေသအာဏာပိုင်များက အမိန့်ထုတ်ပြန်ထားပါသည်။

ထိုင်းနယ်စပ်မြို့ဖြစ်သည့် ရနောင်းခရိုင်၌ အပြင်သို့သွားလာရာတွင် နှာခေါင်းစည်တပ်ဆင်ခြင်းမပြုလုပ်ပါသူ မြန်မာအလုပ်သမားများအပါဝင် စည်းကမ်းချိုးဖောက်သူများကို ပြင်းထန်းစွာအရေးယူမည်ဖြစ်ကြောင်း ခရိုင်အုပ်ရေးချူပ်မှုက အမိန့်ထုတ်ပြန်ထားပါသည်း


Source__Sanook News| #Coronavirus #Thailand #Labour Hittai

Subscribe Us