Tuesday, March 31, 2020

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၁၀ ဦး သေဆုံး



ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် မတ် ၃၁ ရက်၌ ၁ဦး ထပ်မံသေဆုံးခဲ့သဖြင့် ယခုအခါ သေဆုံးပေါင်း၁၀ ဦးရှိပြီဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၇ဦးကို ထပ်မံတွေ့ရှိပြီး ကြောင်း သိရသည်။

လူဦးရေ ၆၆  သန်းရှိသည့် ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀ ဦးရှိပြီး  စမ်းသပ်စစ်ဆေးချက်များအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ ၁၆၅၁ဦးရှိကြောင်း ထိုင်းကျန်းမာရေးဌာနက ပြောသည်။ 



မတ်လ ၃၀ရက်နေ့အထိ ရရှိသည့် သတင်းအချက်လက်များအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေနေသည်  ပြည်နယ် ၇၆ ခုရှိအနက် ပြည်နယ် ၆၀တွင် ကူးစက်မှုအခြေနေများဖြစ်ပွားနေပါသည်။

ကူးစက်ရောဂါသည်  နေ့စဉ် တစ်ဟုန်ထိုးမြင့်တက်လာခဲ့သဖြင့် နိုင်ငံအတွင်းရှိ စာသင်ကျောင်းများ၊ စားသောက်ဆိုင် များနှင့် ဈေးဆိုင်အများစုကို ပိတ်ထားခဲ့သလိုဧည့်နိုင်ငံသားများအဝင်ထွက်များသည့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖူးခက်မြို့တွင်လည်းညမထွက်ရအမိန့်များကို ယခုရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သလို ခရိုင်ပြင်ပသို့ခရီးသွားလာသူများအနေဖြင့် ကိုရိုနာဗိုင်းရစ်ကင်းစင်းကြောင်းဆေးထောက်ခံချက်များပြုလုပ်ဒေသအာဏာပိုင်များက သတင်းထုတ်ထားပါသည်။

Photo Credit_9 MCOT News|  

Subscribe Us