Monday, June 25, 2018

ထိုင်းအစိုးရကပေးထားသည့် ပြစ်ဒဏ်ဆိုင်းငံ့ကာလ ၆ ပြည့်ရန်ရက်ပိုင်းအလို အထောက်ထားမဲ့ မြန်မာအလုပ်သမားများ မဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံ သို့နေ့စဉ်ပြန်နေကြသည့် မြန်မာအလုပ်သမားဦးရေ ၃၀၀နီးပါးခန့်ရှိ


                          

လာမည့် ဇွန် ၃၀ ရက် မှ စတင်၍ ထိုင်းနိုင်ငံအစိုးရမှ နိုင်ငံတဝှမ်းတရားမဝင်နေထိုင်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ၊ လာအိုနှင့်ကမ္ဗောဒီယားနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအပါဝင် ထိုင်းနိုင်ငံသို့ရောက်ရှိနေကြသည့်ပြည်ပနိုင်ငံအသီးသီးမှ နိုင်ငံခြားသားအလုပ်သမားများအားစီမံချက်ဖြင့် ဖမ်းဆီးအရေးယူမှုများစတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအစိုးရမှ ဇွန် ၂၄ ရက်လဆန်းပိုင်းက သတင်းတစ်ရပ်ထုတ်ပြန်ခဲ့ရာယခုရက်ပိုင်းအတွင်းနေရပ်ပြန်မြန်မာအလုပ်သမားဦးရေမှာနေ့စဉ် ၃၀၀နီးပါးခန့်ရှိနေကြောင်းမဲဆောက်မြို့ရှိ အလုပ်သမားသံအရာရှိဦးအောင်မင်းက ပြောသည်။


 “ထိုင်းအစိုးရကသတ်မှတ်ထားတဲ့ ဆိုင်းငံ့ကာလ ၆ လက အခုလကုန်ဆုံးရင်ပြည့်တော့မှာဆိုတော့
ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့ စာအုပ်သက်တမ်းကုန်ဆုံးသူများအပါအဝင် အထောက်အထား
ဘာမှမရှိတဲ့သူတွေအနေနဲ့ အခုလမကုန်မီ ပြန်လည်ထွက်ခွာဖို့အရေးကြီးသလို၊အထောက်ထားရှိသော်
လည်း ပါမစ်နဲ့အလုပ်နေရာကွဲလွဲနေသူတွေ အပါအဝင် နေထိုင်အလုပ်လုပ်ခွင့် ပါမစ်မရှိတဲ့ အလုပ်သမားတွေအနေနဲ့လည်း အထောက်ထားတွေမှန်ကန်အောင်ပြုလုပ်ထားဖို့အရေးကြီးကြောင်းကိုမြန်မာ
အလုပ်သမားများသိရှိစေရန်အတွက်အသိပေးထားပါတယ်”ဟုထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငမြို့အခြေစိုက် FEDအဖွဲ့မှကိုဇော်မင်းဦးကပြောသည်။

      
                          အဆိုပါကြေညာချက်ထွက်ပေါ်ပြီး ရက်ပိုင်းအနည်းငယ်အတွင်း မြန်မာအပါဝင်လာအိုနှင့်ကမ္ဗောဒီယားနိုင်ငံများမှ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများမှာ၎င်းတို့၏နိုင်ငံအသီးသီးသို့ ထွက်ခွာနေမှုများရှိခဲ့ပြီး ယခုရက်ပိုင်းအတွင်းနေရပ်ပြန်သူများပိုမိုများပြားလာခဲ့ကြောင်းမြန်မာအလုပ်သမားများအရေးဆောင်ရွက်နေကြသော နယ်စပ်ရှိအလုပ်သမားအဖွဲ့စည်းများထံမှသိရကာမြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့်ထိုင်းဘက်အခြမ်းဖြစ်သော မဲဆောက်မြို့မှ မြဝတီမြို့ဘက်သို့နေ့စဉ်နေရပ်ပြန်နေကြသည့် မြန်မာအလုပ်သမားအရေအတွက်မှာလည်း ပုံမှန် ၁၀၀ ဦးဝန်းကျင်ရှိပြီးယခုရက်ပိုင်းအတွင်းနေရပ်ပြန်မြန်မာအလုပ်သမားဦးရေမှာနေ့စဉ် ၃၀၀နီးပါးခန့်ရှိနေကြောင်းမဲဆောက်မြို့ရှိ အလုပ်သမားသံအရာရှိဦးအောင်မင်းက ပြောသည်။

                           “ ကျွန်တော်တို့အနေနဲ့နေရပ်ပြန်မြန်မာအလုပ်သမားကို မြဝတီပြန်လည်ကြိုဆိုရေးစခန်းနှင့်ချိတ်ဆက်ပြီးမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိပါတယ်၊ အကယ်၍ ထိုင်းနိုင်ငံမှာ ပြန်လည်ဝင်ရောက်အလုပ်လုပ်ကိုင်ချင်ကြတဲ့အလုပ်သမားတွေအနေနဲ့လည်း တိကျသေချာကောင်းမွန်တဲ့အေဂျင်စီများနှင့်ချိတ်ဆက်ပြီး တရားဝင်စနစ်တစ်ခုဖြစ်တဲ့ MoU စနစ်ဖြင့်သာအလုပ်လုပ်ကိုင်ကြဖို့နဲ့
ပွဲစားများရဲ့စကားကိုနားမယောင်မိစေဖို့နေ့စဉ်လိုလိုအသိပညာပေးလျက်ရှိပါတယ်”ဟု မဲဆောက်မြို့ရှိ အလုပ်သမားသံအရာရှိဦးအောင်မင်းက ရှင်းပြသည်။

                            မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအစိုးရမှ ပြီးခဲ့သည့် ၂၀၁၇ မတ်လပိုင်းမှစတင်၍ ထိုင်းနိုင်ငံအတွင်းတရားမဝင်နေထိုင်ကြသောမြန်မာအလုပ်သမားများအတွက်တရားဝင်လက်မှတ်များဖြစ်သော မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)စာအုပ် များကို ပြုလုပ်ပေးခဲ့ရာယခုအခါ အလုပ်သမားဦးရေ စုစုပေါင်း ၂ သန်း နီးပါးရရှိပြီဖြစ်ကြောင်း၊ထို့အပြင် ၂၀၁၇ ခုနှစ်ဇွန် ၂၉ ရက်မှ ယခုနှစ် ဇွန် ၂၃ ရက်အထိနေရပ်ပြန် မြန်မာအလုပ်သမားဦးရေမှာ စုစုပေါင်း ၈၃၃၁၅ဦးရှိပြီဖြစ်ကြောင်းသိရသည်။

ရွှေ့ပြောင်းအလုပ်သမားများနှင့် ခွင့်ပြုပေးထားသည့်အလုပ်မှလွဲပြီး လုပ်ကိုင်နေသောရွှေ့ပြောင်းအလုပ်သမားများကို စစ်ဆေးတွေ့ရှိပါက 5,000 – 50,000 ဘတ်အထိ အရေးယူခံရမည်ဖြစ်သည် ဒဏ်ငွေပေးဆောင်ပြီးသည့်အခါ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံကနေ နေရပ်သို့ပြန်ပို့ခံရမည်ဖြစ်ပြီး အရေးယူခံရသည့်နေ့မှစပြီး 2 နှစ်အတွင်း အလုပ်လုပ်ခွင့်ပါမစ်လျှောက်ထားခွင့်လည်း ရှိတော့မည်မဟုတ်ပါ ဒီအပြင် အလုပ်လုပ်ခွင့်ပါမစ်မရှိသောရွှေ့ပြောင်းအလုပ်သမားများနှင့် ခွင့်ပြုပေးထားသည့်အလုပ်မှလွဲပြီး စေခိုင်းသည့်လုပ်ငန်းရှင်များကို ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအတွက် 10,000-100,000 ဘတ်အထိ အရေးယူခံရမည် ဖြစ်သည် အကယ်၍ အကြိမ်ကြိမ်ကျူးလွန်မှုရှိပါက 1 နှစ်အထိ ထောင်ဒဏ် (သို့) 50,000 – 200,000 ဘတ်အထိ အရေးယူခံရမည်ဖြစ်ပြီး သို့မဟုတ် နှစ်မျိုးစလုံးအထိ အရေးယူခံရနိုင်ကာ 3 နှစ်အထိ ရွှေ့ပြောင်းအလုပ်သမားငှါးရမ်းစေခိုင်းမှုကို ပိတ်ပင်ခံရမည် ဖြစ်သည်။

Subscribe Us