Saturday, June 23, 2018

ထိုင်းနိုင်ငံတောင်ပိုင်း တရန်မြို့ရှိ ASIA PACIFIC သစ်စက်ရုံအလုပ်သမားရေး အလုပ်သမားသံအရာရှိဖြေရှင်း


ယခုနှစ် သင်္ကြန်ကာလနောက်ပိုင်းတွင် တရုတ်နိုင်ငံမှသစ်ဝယ်ယူမှုရပ်ဆိုင်သည့်အတွက်ထိုင်းတောင်ပိုင်း ရှိ သစ်အချောထုတ်လုပ်သည့်လုပ်ငန်းများရပ်ဆိုင်လုနီးပါးအခြေနေသို့ရောက်ရှိခဲ့ကြသည့် သစ်စက်များထဲတွင် တရန်မြို့ရှိ ASIA PACIFIC PARAWOOD CO,LTDသည်လည်း တစ်ခုအပါဝင်ဖြစ်ရာ မြန်မာအလုပ်သမားများအနေဖြင့် ပုံမှန်အလုပ်ဆင်းရက်မရှိတော့သဖြင့်အလုပ်သမားသံအရာရှိရုံးသို့ဆက်သွယ်အကူညီတောင်းခံလာသဖြင့်၁၉.၆.၂၀၁၈နေ့တွင်သွားရောက်ဖြေရှင်းပေးခဲ့ရကြောင်း အလုပ်သမားသံအရာရှိဦးစန်းမောင်ဦး၏ ပြောကြားချက်အရသိရသည်။

၎င်းသစ်စက်အနေဖြင့်လုပ်ငန်းလည်ပတ်မှုပုံမှန်မရှိတော့သဖြင့် အလုပ်သမား၃၀၀ကျော်ရှိသည့်အနက်
တဝက်ခန်ကို အလုပ်မှယာယီထုတ်ပယ်ရသည့်အထိ လျော့ချခဲ့ရကြောင်းသိရသည်။


“အလုပ်ကနေထုတ်ခဲ့ရတဲ့ အလုပ်သမားတွေမှာ MOUစနစ်နဲ့ရောက်ရှိနေတဲ့အလုပ်သမားတွေ အပြင် CIစာအုပ်ကိုင်ဆောင်ထားကြတဲ့အလုပ်သမားတွေအတွက်ပါ ရသင့်ရထိုက်တဲ့ နစ်နာကြေး
ငွေတွေရ ရှိအောင်ဆောင်ရွက်ပေးခဲ့ပါတယ်” လို့ ဦးစန်းမောင်ဦးကပြောသည်။

အလုပ်မှထုတ်ပယ်ခံရသည့် အလုပ်သမားများအတွက် နစ်နာကြေးငွေ ၁လစာကိုပေးခဲ့သလို၊
စက်ရုံမှအလုပ်သမားများကိုလည်း  ကြိုတင်ထုတ်ပေးထားသည့် ငွေများကိုလည်းဖြက်တောက်
မှုမပြုလုပ်ခဲံသလို၊နစ်နာကြေးငွေရရှိပြီး အလုပ်သမားများအနေဖြင့် မိမိတို့၏ဆွေးမျိုးများရှိသည့်
လုပ်ငန်ခွင်များသို့ရွှေ့ပြောင်းလိုသည့်အလုပ်သမားများအတွက် ဆဝါဒီကန်နှင့်ပူးပေါင်း၍ အလုပ်ကိုင်
ပြောင်းရွှေ့အပါဝင်သွားလာရေးကိစ္စရပ်များအတွက်ပါ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


နေရပ်ပြန်လိုသည့်အလုပ်သမားများအတွက်ပါ မြဝတီမြို့သို့အရောက်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အလုပ်ရုံတွင်ဆက်လက်ကျန်ရှိသည့် အလုပ်သမားများ အလုပ်ပုံမှန်ရရှိစေရန်နှင့် အလုပ်ပုံမှန်မရရှိပါက
ဥပဒေအတိုင်း တစ်ရက်တာလုပ်အားခ၏ ၇၅ရာခိုင်နှုန်းပေးရန် စက်ရုံနှင့်သဘောတူညီမှုရရှိခဲ့ကြောင်း
အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။



လောလောဆယ်တွင် သစ်စက်အလုပ်သမားများအရေးကိစ္စနှင့်ပက်သက်၍ ထိုင်းအလုပ်သမား
ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ဖြေရှင်းပေးမှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။

Subscribe Us