Friday, June 22, 2018

ငါးဖမ်းပိုက်စက်ရုံမှ အလုပ်သမားများအရေးကိစ္စ ပြဿနာရပ်များအတွက် အလုပ်သမားသံအရာရှိ နှင့် အဖွဲ့  ထိုင်းဥပဒေဘောင်အတွင်းမှ တရားဝင်ညှိနှိုင်းဖြေရှင်းဆောင်ရွက်




ပါကျင်ပူရီ   -  ဇွန်   ၂၁

                         ထိုင်းနိုင်ငံ ၊ ပါကျင်ဘူရီခရိုင်၊ ကဘင်ဘူရီနယ်မြေရှိ ငါးဖမ်းပိုက်စက်ရုံမှ မြန်မာအလုပ်သမား ၂၇၂ ဦးတို့မှာ  ထိုင်းနိုင်ငံအစိုးရသတ်မှတ်ထားသည့်အတိုင်း လုပ်အားခနှင့်အချိန်ပိုကြေးအပြည့်
ဝမရရှိမှု ၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့်   ပကန်စာခွန်(လူမှုဖူလှုံရေးနှင့် အသက်အာမခံဌာန)   တို့မ
ရရှိကြသောကြောင့်  အလုပ်ရှင်နှင့်အလုပ်သမားတို့ဆွေးနွေးညှိနှိုင်းခဲ့ ကြရာမှအဆင်မပြေမှုများဖြစ်ပွားခဲ့ ပြီးဇွန် ၁၇ ရက်ကအလုပ်သမားများဆန္ဒထုတ်ဖော်ခဲ့ ကြသောကြောင့်  အလုပ်သမားများအရေးကိစ္စ ပြဿနာရပ်များအား အလုပ်သမားသံအရာရှိ နှင့် အဖွဲ့ မှ ဇွန် ၂၀ ရက်ကကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
                        အဆိုပါ အလုပ်သမားများအရေးကိစ္စ ပြဿနာရပ်ကြောင့် အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး၊ ပြည်ပအလုပ်ကိုင်ရှာဖွေရေးအဖွဲချုပ်(MOEAF) အတွင်းရေးမှူးဦးကျော်ဇောနှင့်အဖွဲ့ဝင်များ၊ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ အတွင်းရေးမှူးဦးအောင်ကျော်နှင့် အဖွဲ့ဝင်များမှ ဇွန် ၁၈ ရက် တွင် ကဘင်ဘူရီမြို့နယ်သို့သွားရောက်ပြီး  သက်ဆိုင်ရာ ထိုင်းနိုင်ငံအလုပ်သမား
ဝန်ကြီးဌာန(DOE)မှ တာဝန်ရှိသူများ ၊အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး(ဆာဝါဒီကန်)မှ တာဝန်
ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ခရိုင်ရဲတပ်ဖွဲ့မှူး၊အလုပ်ရှင်တို့နှင့်တွေ့ဆုံပြီး အလုပ်သမားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍အစည်းအဝေးတရပ်ပြုလုပ်ခဲ့ ရကြောင်းသိရသည်။




                     အဆိုပါစက်ရုံတွင် လုပ်သက် ၁၀ နှစ်ကြာပြီဖြစ်သည့် အလုပ်သမားက ကိုရဲကိုဝင်းက
 “ ဒီစက်ရုံမှာ ကျွန်တော်တို့အလုပ်သမားတွေရရှိသင့်တဲ့ ခံစားခွင့်တွေမရရှိခဲ့ပါဘူး၊ထိုင်းအစိုးရသတ်မှတ်
ချက်အတိုင်း တစ်နေ့တာလုပ်အားခနဲ့အချိန်ပိုကြေးမပေးဘဲအလုပ်သမားအခွင့်အရေးချိုးဖောက်လို့
ကျွန်တော်တို့ဥပဒေနဲ့အညီတောင်းဆိုရတာပါ”ဟုပြောသည်။

                           ကဘင်ဘူရီမြို့နယ်အုပ်ချုပ်ရေးမှူးမှလည်း ယင်းရက် တွင်ငါးဖမ်းပိုက်စက်ရုံမှအလုပ်သမားများ ယာယီတည်းခိုရာထိုင်းဘုန်းကြီးကျောင်းသို့ သွားရောက်၍ အလုပ်သမားများစားသောက်ရေးကိစ္စအဆင်ပြေစေရန် အတွက်ဆန်နှစ်အိတ်နှင့် ရေသန့်ဗူးများသွားရောက်ပို့ဆောင်ပေးခဲ့ ပြီး လုံခြုံရေးများလည်းချပေးခဲ့ ကြောင်းသိရသည်။

                     “သံအရာရှိနဲ့ အဖွဲ့ ကညှိနှိုင်းဆောင်ရွက်ပေးလိုက်လို့  ကျွန်တော်တို့ရရှိမယ့် လုပ်အားခ ၁၃ ရက်စာအပါအ၀င် အလုပ်ရှင်ပေးတဲ့ နစ်နာကြေးငွေ ၇၀၀၀ဘတ်နဲ့သဘောတူကျေနပ်လိုက်ပါတယ်၊
ကျွန်တော်ကတော့ အလုပ် နေရာအသစ်ကိုပြောင်းရွှေ့ မှာပါ၊ ဒီမှာကတော့ အလုပ်ပြောင်းရွှေ့ ကြမယ့်သူတွေရှိနေသလိုနေရပ်ပြန်ကြမယ့်သူတွေလည်းရှိပါတယ်၊ အလုပ်ပြောင်းရွှေ့ မယ့်သူတွေကလည်းအဆင်ပြေစေအောင် ဘိုင်ကျန့်အော် (အလုပ်ရွှေ့ ပြောင်းစာ)ယူကြပါလိမ့် မယ်၊ အလုပ်သမားသံအရာရှိလာရောက်ဖြေရှင်းပေးတာကျေနပ်အားရပါတယ်၊ကျွန်တော်တို့မသိရတာတွေသိရှိရပြီး အလုပ်သမားတွေအတွက်လည်းအဆင်ပြေစေရပါတယ်၊အလုပ်သမားသံအရာရှိအနေနဲ့အခုလိုဘဲ  အလုပ်သမားတွေရဲ့အခက်အခဲကို နောက်နောင်လည်း အခုလိုပဲကူညီနိုင်ပါစေလို့ ကျွန်တော်တို့အလုပ်သမားများအနေနဲ့ ဆုတောင်းပေးပါ
တယ်”ဟု အဆိုပါစက်ရုံ ၌  ၂ နှစ်ကြာအလုပ်လုပ်ကိုင်ခဲ့ သည့် ကိုနေလင်းစိုးကပြောသည်။

                   အဆိုပါအလုပ်သမားအရေးကိစ္စရပ်များအား (၂)ရက်တိုင်တိုင်အလုပ်သမားသံအရာရှိနှင့် 
အဖွဲ့ မှညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီးသည့်နောက်အလုပ်သမားအချို့မှာ မိမိတို့အလုပ်သို့ပြန်လည်
ဝင်ရောက်လုပ်ကိုင်ကြမည့်အလုပ်သမားများ ၊အလုပ်ရှင်နှင့်  သဘောတူကျေနပ်ထားသည့် နစ်နာကြေးကိုယူ၍ အလုပ်အကိုင်ပြောင်းရွှေ့ကြမည့်အလုပ်သမားများနှင့်အလုပ်ရှင်ပေးသည့် နစ်နာကြေးအားလက်မခံဘဲတရားစွဲဆိုမည့်အလုပ်သမားတို့ဖြင့် အုပ်စု များကွဲပြားခဲ့ ကြောင်းသိရသည်။

                         “အလုပ်သမား တစ်ဦးတစ်ယောက်ချင်းစီရဲ့သဘောဆန္ဒတွေကိုတွေ့ဆုံမေးမြန်းခဲ့ပြီး အလုပ်သမားတွေရဲ့ရသင့်ရထိုက်တဲ့ဥပဒေပါအတိုင်း ခံစားခွင့်တွေရရှိအောင် အလုပ်ရှင်နဲ့ဆ၀ါဒီကန်(ထိုင်းနိုင်ငံအလုပ်သမားကာကွယ်ရေးဌာန)ကို တင်ပြတောင်းဆိုပေးခဲ့ပါတယ်”ဟုမြို့ တော်ဘန်ကောက်ရှိ အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကရှင်းပြခဲ့ သည်။

                           ဇွန် ၂၀ ရက်တွင် အလုပ်ပြန်လည် ဝင်ရောက်လုပ်ကိုင်ကြမည့် အလုပ်သမား ၄၁ ဦးအတွက် နစ်နာကြေး ငွေဘတ် ၇၀၀၀ ၊လုပ်ခ လစာကျန်ရှိငွေ ၁၃ ရက်စာနှင့် ထိုင်းနိုင်ငံဥပဒေပါအတိုင်း အလုပ်ရှင်/အလုပ်သမား စာချုပ်ချုပ်ဆို၍ စိတ်အေးချမ်းသာစွာ ဆက်လက်အလုပ်လုပ်ကိုင်နိုင်စေရန်ဆောင်ရွက်ပေးခြင်း၊ အခြားလုပ်ငန်းခွင်သို့ ပြောင်းရွှေ့အလုပ်လုပ်ကိုင်လို ကြသည့် အလုပ်သမား ၁၉၅ ဦးအတွက် နစ်နာကြေးငွေ ဘတ် ၇၀၀၀၊ လုပ်ခ လစာကျန်ငွေ ၁၃ ရက်စာ နှင့် ၂ ရက်အတွင်း ဘိုင်ကျန့်အော် (အလုပ်ရွှေ့ ပြောင်းစာ) ထုတ်ပေးရန်ဆောင်ရွက်ပေးခဲ့ ခြင်း ၊ နစ်နာကြေး သဘောမတူသည့် အလုပ်သမား ၃၆ ဦးအတွက် လုပ်ခလစာ ကျန်ရှိငွေ ၁၃ ရက်စာထုတ်ပေးရန်နှင့် နစ်နာကြေးအတွက် ဆ၀ါဒီကန်(ထိုင်းနိုင်ငံအလုပ်သမားကာကွယ်ရေးဌာန) တွင် အမှုဖွင့်တိုင်ကြားရန် စီစဉ်ဆောင်ရွက်ပေးခြင်းများကိုမြို့ တော်ဘန်ကောက်ရှိသံအရာရှိနှင့်  အဖွဲ့ မှထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးအတွက် ဥပဒေဘောင်အတွင်းမှ တရားဝင်ညှိနှိုင်းဖြေရှင်းဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရသည်။

Subscribe Us