Thursday, June 28, 2018

တနင်္သာရီတိုင်းဒေသကြီးရှိ ကြိုဆိုရေးစခန်းများပိတ်ထားသောကြောင့် နေရပ်ပြန်မြန်မာအလုပ်သမားများအခက်ကြုံ


မောင်စိန်ဝင်း
ဘန်ကောက် ဇွန် ၂၇
===============
ထိုင်းနိုင်ငံအစိုးရမှ တရားမဝင်အလုပ် သမားပပျောက်စေရေးအတွက် စီမံချက် ဖြင့် စစ်ဆေးအရေးယူမှုများ
 ပြုလုပ်လာ သည်နှင့်အမျှ အထောက်အထားမရှိကြ သည့် မြန်မာအလုပ်သမားများမှာ မိမိတို့ နှင့်နီးစပ်ရာ
 နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ် ဆင့် အမိနေရပ်သို့ပြန်လျက်ရှိကြသည်။

ထိုသို့ အမိနေရပ်ပြန်ကြရာ တွင် တနင်္သာရီတိုင်းဒေသကြီး အတွင်းနေထိုင်ကြသော မြန်မာ အလုပ်သမားများအနေဖြင့် ¤င်းတို့ နေထိုင်ရာဒေသသို့ ပြန်လည်ဝင် ရောက်ကြရန်အတွက် ပြန်လည် ကြိုဆိုရေးစခန်းများပိတ်ထားသော ကြောင့် အခက်အခဲများကြုံတွေ့ နေကြရကြောင်း အလုပ်သမား အရေးဆောင်ရွက်နေ
ကြသူများထံ မှ သိရသည်။

''ကျွန်တော်တို့ကြားတာက တော့ ပြန်လည်ကြိုဆိုရေးစခန်း တွေကို အခုရက်ပိုင်းမှာပဲ ပိတ် ထားတော့ ပြန်မယ့်အလုပ်သမား တွေမှာ အခက်အခဲကြုံတွေ့နေကြ ရပါတယ်။ ထိုင်းတောင်ပိုင်းမှာ ရောက်ရှိနေကြတဲ့
 မြန်မာအလုပ် သမားတွေဟာ နေရပ်ပြန်ကြတဲ့ အခါမှာ ထိုင်းနယ်စပ် ရနောင်းမြို့ နဲ့ ကော့သောင်းလမ်းကို အားထား ပြီး ပြန်နေကြရတာပါ။ ပြီးတော့ ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ဆိုင်းငံ့ကာလမပြည့်မီ ပြည်တော်
 ပြန်တဲ့ အလုပ်သမားတွေထံကနေ ဘတ်ငွေ ၅ဝဝဝ တောင်းခံနေတဲ့ ကိစ္စကလည်း မဖြစ်သင့်တဲ့ကိစ္စပါ။ နောက်ပြီး အခုလိုအဖမ်းအဆီးကာ လ မစခင်မှာ မြန်မာနဲ့ထိုင်းနယ်စပ် ဂိတ်တွေမှာ ပြန်လည်ကြိုဆိုရေး စခန်းတွေတိုးချဲ့ဖွင့်လှစ်သင့်ပါလျက် နဲ့ ရှိပြီးသားကြိုဆိုရေးစခန်းကိုပါ ပိတ်လိုက်တာတော့ အလုပ်သမား တွေမှာ အခက်ခဲတွေကြုံတွေ့နေ ရပါတယ်'' ဟု ဘန်ကောက်ရှိ မြန်မာအလုပ်သမားအရေးဆောင် ရွက်သူ ကိုစောမောင်က ပြော သည်။


အဆိုပါ တနသာင်္ရီတိုင်းဒေသ ကြီးရှိ ပြန်လည်ကြိုဆိုရေးစခန်း များကို ယခုရက်ပိုင်းအတွင်း ပိတ် ထားခြင်းနှင့်စပ်လျဉ်း၍ အလုပ် သမားသံအရာရှိရုံးသို့ ဆက်သွယ် မေးမြန်းရာ ''ကော့သောင်းမြို့ရှိ ပြန်လည်လက်ခံရေးစခန်း အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများကို တင်ပြထားပါ တယ်''ဟု အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောသည်။

ထိုင်းနိုင်ငံအစိုးရမှ တရား မဝင်နေထိုင်ကြသော အလုပ်သမား များ ပပျောက်စေရေးစီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်လျက် ရှိရာ ဘန်ကောက်ရှိ မြန်မာသံရုံးမှ လည်းထိုင်းနိုင်ငံအစိုးရနှင့်ပူးပေါင်း ၍ ညှိနှိုင်းဆောင်ရွက်မှုများ လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအစိုးရ၏ စီမံချက် ဖြင့် တရားမဝင်နေထိုင်ကြသော အလုပ်သမားများအား ဖမ်းဆီး စစ်ဆေးမည့်ကာလအတွင်း တရား မဝင်နေထိုင်ကြောင်း စစ်ဆေးတွေ့ ရှိရသော အလုပ်သမားများအနေ ဖြင့် ဒဏ်ငွေ ဘတ် ၅ဝဝဝ မှ ၅ဝဝဝဝ အထိ ပေးဆောင်ရမည် ဖြစ်ပြီး၊ ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်အလုပ်လုပ်ကိုင်ခွင့် နှစ် နှစ်တိတိ ပိတ်ပင်ခံရမည်ဖြစ်သလို ထိုင်းအလုပ်ရှင်များအနေဖြင့် ခွင့် ပြုချက်မရှိဘဲ အလုပ်သမားများ ခန့်ထားခြင်း၊ တားဆီးပိတ်ပင် ထားသည့် လုပ်ငန်းအမျိုးအစား များစေခိုင်းခြင်းများ စစ်ဆေးတွေ့ ရှိပါက အလုပ်သမားတစ်ဦးလျှင် ဒဏ်ငွေ ဘတ်တစ်သောင်းမှ တစ် သိန်းအထိ ပေးဆောင်ရမည်ဟု ထိုင်းနိုင်ငံအစိုးရမှ သတင်းထုတ် ပြန်ထားသည်။

ထိုင်းနိုင်ငံမှ အလုပ်ရှင်များ သည် ထိုကဲ့သို့သောအမှုများကို ထပ်မံကျူးလွန်ပါက ထောင်ဒဏ် နှစ်နှစ်နှင့်ဒဏ်ငွေ ဘတ်ငါးသောင်း မှ နှစ်သိန်းအထိ ပေးဆောင်ကြ ရမည်ဖြစ်ပြီး အလုပ်သမားငှား ရမ်းခွင့် သုံးနှစ်အထိပိတ်ပင်ခံရ မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအလုပ် သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထား ကြောင်း သိရသည်။

Subscribe Us