Friday, June 29, 2018

ဇူလိုင်လမှစတင်၍ အထောက်အထားမဲ့ အလုပ်သမားများ ဖမ်းဆီးမည်ဆိုသောသ တင်းကြောင့် တစ်ရက်တည်း မြန်မာအလုပ် သမား ၄ဝဝ ကျော် မြန်မာ-ထိုင်းနယ် စပ်မှ ပြန်လည်ဝင်ရောက်လာ


မြဝတီ၊ ဇွန် ၂၈-ဇူလိုင်လမှစတင်၍ ထိုင်းနိုင်ငံအတွင်း အထောက်အထား မဲ့ အလုပ်သမားများ စတင်ဖမ်းဆီး တော့မည်ဆိုသောကြောင့် ထိုင်း နိုင်ငံအတွင်းသွားရောက် အလုပ် လုပ်ကိုင်နေကြသော အထောက် အထားမဲ့ မြန်မာအလုပ် သမား များသည် မြန်မာ-ထိုင်းနယ်စပ်ချစ် ကြည်ရေးတံတားမှ ကရင်ပြည်နယ်မြဝတီမြို့ အမှတ် (၄)ရပ်ကွက် ကျောက်လုံးကြီးလမ်းရှိ ပြန်လည် ကြိုဆိုရေးစခန်းသို့ ပြန်လည် ဝင်ရောက်လာလျက်ရှိရာ ဇွန် ၂၇ ရက်တစ်ရက်တည်းတွင် အလုပ်သမား ၄၁၅ ဦး ပြန်လည် ဝင်ရောက်လာ ခဲ့ကြောင်း သိရသည်။

"""ကျွန်တော် မဟာချိုင်မြို့နယ် ကလပ်ပူလီမြို့အနီးမှာ ကြံခုတ်ပါ တယ်။ တစ်နေ့လုပ်အားခ ဘတ် ငွေ ၃၅၀ ရတယ်။ လာတုန်းက တော့ ပွဲစားနဲ့လာတာ မြန်မာငွေ ကျပ် ၈ဝဝဝဝဝ သိန်း ပေးရပြီး မြဝတီ ဘက်က တရားမဝင်လာခဲ့တာ။ အထောက်အထားဆိုလို့ ဘာမှမ ရှိဘူး။ ဒီလကုန်ရင် ထိုင်းအစိုးရ က မြန်မာအပါအဝင်အထောက် အထားမဲ့ အလုပ်သမားတွေကို အကုန်ဖမ်းတော့မယ်လို့ တရားဝင် ကြေညာပြီးဖြစ်တာကြောင့် ခုလိုပြန် လာခဲ့တာပါ။ ပြန်လာဖို့ မြန်မာ အလုပ်သမားတွေ အများကြီးကျန်နေ သေးတယ်။ မြန်မြန်ပြန်ကြဖို့ ပြော ချင်တယ်""ဟု ဘုရားသုံးဆူသို့ ပြန် မည့် ကိုသူရအောင်က ပြောသည်။ယခုပြန်လည်ဝင်ရောက်လာ သော အလုပ်သမားများအား မြဝတီ မြို့ ကြိုဆိုရေးစခန်းမှ တာဝန်ရှိသူ များက ကြိုဆို၍လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေသည်။



""လုံးဝ အထောက်အထားမရှိ သူတွေ အလုပ်အကိုင်နဲ့အလုပ်ရှင် လွဲမှားနေတဲ့သူတွေကို ဒီဇွန်လကုန် တာနဲ့ ထိုင်းအစိုးရက ဖမ်းဆီးတော့ မှာ ဖြစ်ပါတယ်။ မဲဆောက်အပါ အဝင် တာ့ခ်ခရိုင်အတွင်းက မြို့ ရှစ်မြို့အပြင် ဖူးခက်တို့ စူရပ်ဌာနီ မြို့တွေမှာပါ ဖမ်းဆီးတော့မှာဖြစ် ပါတယ်။ ဘာအထောက်အထားမှ မရှိတဲ့ သူတွေအနေနဲ့ ဒီရက်ပိုင်း အတွင်း အမြန်ဆုံး ထိုင်းကနေ ထွက်ခွာကြပြီး မြန်မာပြည်အတွင်း က ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး ဏဲ လို့ခေါ်တဲ့ တရားဝင်ပတ်စ်ပို့လုပ် ပြီး ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင် ရောက်ကြပါလို့ အထူးမှာကြားချင် ပါတယ်""ဟု မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုး ကြိုးက ပြောသည်။မြဝတီပြန်လည်ကြိုဆိုရေး စခန်းသို့ ဇွန် ၂၇ ရက်တွင် ပြန် လည် ဝင်ရောက်လာသော အလုပ် သမားများမှာ အမျိုးသား ၂၉၃ဦး နှင့် အမျိုးသမီး ၁၂၂ ဦးတို့ ဖြစ် ကြောင်း သိရသည်။  

KKTM
#Democracytoday

Subscribe Us