Monday, July 02, 2018

ထိုင်းနိုင်ငံသားခံယူခွင့် ပေါ်လစီသစ် (၂၀၁၇ မတ်လ ၇ ရက်)


အမိန့်ကြော်ငြာစာအရ လူအုပ်စုသုံးစုကို အောက်ပါအတိုင်း ထိုင်းနိုင်ငံသား ပေးရန်ဖြစ်သည်။

အုပ်စု ၁- ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာသော တပြည်သားမိဘများ၏ ကလေးဖြစ်ပြီး ကြာမြင့်စွာနေထိုင်နေခဲ့သူ၊ ဥပမာ- ထွက်ပြေးလာသော ဗီယက်နမ်များ၊ ကူမင်တန် တရုတ်စစ်သားဟောင်းများ၊ ရွှေ့ပြောင်းလာသောတရုတ်များ၊ ယူနန်တရုတ်များ၊ တိုင်းလွီလူမျိုးများ၊ ကမ္ဘောဒီးယားနိုင်ငံ ကော့ကုန်းပြည်နယ်မှ ထိုင်းအနွယ်ဒုက္ခသည်များ၊ မြန်မာနိုင်ငံမှ နေရပ်စွန့်ထိုင်းအနွယ်များ၊ နေရပ်စွန့် မြန်မာများ၊ ထွက်ပြေးလာသော နီပေါလူမျိုးများ၊ တောင်ပေါ်လူမျိုးစုများ၊ တောင်ပေါ်သားများ၊ ရွှေ့ပြောင်းလာသော တောင်ပေါ်သားလောလူမျိုးများ၊ ကရာ့ဘော့ဂူမှ မြှော့လူမျိုးများ၊ မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းလာသူများ၊ တရုတ်-မလေး ကွန်မြူနစ်ဟောင်းများ၊ ကမ္ဘောဒီးယားမှ တရားမဝင်ရွှေ့ပြောင်းလာသူများ၊ ဆလုံလူမျိုးများ တို့ဖြစ်သည်။ ယင်းတို့အားလုံးသည် အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ တိုင်းရင်းသားလူနည်းစုအဆင့်အတန်းနှင့် နေထိုင်ခွင့်လက်မှတ်ရထားသူများ ဖြစ်ရမည်၊ ၂၅၄၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်စွဲပါ အစိုးရအဖွဲ့ ဆုံးဖြတ်ချက် အရ အဆင့်အတန်းပြဿနာနှင့် တဦးချင်းအခွင့်အရေး များ စီမံခန့်ခွဲရေးမဟာဗျူဟာအောက်၌ ပြည်သူ့မှတ်ပုံတင်စစ်တမ်း ကောက်ခံထားသူ ဖြစ်ရမည်။

အုပ်စု ၂- ပညာသင်ကြားနေဆဲ သို့မဟုတ် ဘွဲ့ရပြီး ကလေးများနှင့် လူပုဂ္ဂိုလ်များ၏ ဖခင် သို့မဟုတ် မိခင်မှာ အုပ်စု ၁ ပါ လူနည်းစု သို့မဟုတ် တိုင်းရင်းသားမဟုတ်သည့် နိုင်ငံခြားသားဖြစ်ခြင်း၊ ဖခင်နှင့် မိခင်မရှိခြင်း၊ ဖခင် နှင့်မိခင်က ငယ်စဉ်ကတည်းက စွန့်ပစ်ခဲ့ခြင်း။

အုပ်စု ၃- ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့သော်လည်း ထိုင်းနိုင်ငံသားမခံယူထား၊ ထိုင်းနိုင်ငံအကျိုးအတွက် သိသာသည့်လုပ်ရပ်များ လုပ်ခဲ့သူ။




အထွေထွေစည်းကမ်းသတ်မှတ်ချက်များ-
၁။ ထိုင်းနိုင်ငံတွင် မွေးဖွားကြောင်း အထောက်အထား၊ ဥပမာ- မွေးစာရင်း၊ မွေးမှတ်တမ်း၊ ထောရော ၂၀/၁၊ မွေးဖွားနေရာလက်မှတ်၊ အိမ်ထောင်စုစာရင်းတွင် သို့မဟုတ် ပြည်သူ့မှတ်ပုံတင်ဥပဒေအရ နိုင်ငံတော်စာရင်းစု database တွင် မှတ်ပုံတင်ထားမှု၊
၂။ အခြားနိုင်ငံသားဖြစ်မှုကို အသုံးပြုသည့် အထောက်အထားမရှိခြင်း၊
၃။ အပြော၊ အကြားနှင့် နားလည်မှုအပါအဝင် ထိုင်းဘာသာစကား တတ်မြောက်ခြင်း၊
၎။ ဘုရင်ကို နိုင်ငံတော်အကြီးအကဲအဖြစ်ထားသည့် ဒီမိုကရေစီကို လေးစားယုံကြည်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်၍ လုံခြုံရေးအတွက် အန္တရာယ်မရှိခြင်း၊
၅။ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ အမျိုးသားလုံခြုံရေး ကို ထိခိုက်အောင်မလုပ်ခြင်း၊ ပေါ့လျော့မှု သို့မဟုတ် အသေးအဖွဲအမှုကြောင့် ပြစ်ဒဏ်ကျခြင်းမှလွဲ၍ တရားရုံးမှ ပြစ်ဒဏ်စီရင်ခံရမှု မရှိခြင်း၊ ထိုင်းနိုင်ငံသား မလျှောက် မီ အနည်းဆုံးငါးနှစ်အတွင်း ပြစ်မှုမရှိခြင်း။

အုပ်စုလိုက် သီးသန့်စည်းကမ်းသတ်မှတ်ချက်များ

အုပ်စု ၁- တရားဝင်မှတ်ပုံတင်ထားသည့် လူနည်းစုနှင့် တိုင်းရင်းသားမိဘများမှ မွေးဖွားလာပြီး ဂဏန်း ၁၃ လုံး မှတ်ပုံတင်နံပတ် ရထားသူ၊ နိုင်ငံသားလျှောက်သည့်ရက်မတိုင်မီ ထိုင်းနိုင်ငံ
တွင် အနည်းဆုံး ၁၅ နှစ် နေခဲ့သူ၊

အုပ်စု ၂- ရွှေ့ပြောင်းပြည်သူများ၏သားသမီး ကျောင်းသားများ၊ ထိုင်းနိုင်ငံတွင် တက္ကသိုလ် (သို့မဟုတ် ညီမျှသည့်) ပညာရေးပြီးမြောက်သူများကို ထိုင်းနိုင်ငံသား ပေးမည်။ တက္ကသိုလ်ပညာရေး မပြီးသူများအတွက်မူ ပြည်ထဲရေးဝန်ကြီးထံမှ တဦးချင်းအခြေခံပေါ်တွင် အတည်ပြုပေးရန်ဖြစ်သည်။

အုပ်စု ၃- ဥပဒေနှင့်ညီသည့် အလုပ်အကိုင်လုပ်သူ၊ တိုင်းပြည်အတွက် ကောင်းအောင်လုပ်သူ သို့မဟုတ် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောက်လျှောက်အကျိုး ရှိစေသည့် ထင်ရှားသော ထုတ်ကုန်များ သို့မဟုတ် အသိဉာဏ်/ကျွမ်းကျင်မှုရှိပြီး နိုင်ငံတော်အဆင့် သို့မဟုတ် ဌာနအဆင့်မှ တရားဝင်လက်မှတ်တွင် အောက်ပါနယ်ပယ်များ ၌ အကျိုးရှိသောလုပ်ငန်းကို ဖော်ပြထားသူ-

(က) ပညာရေးနှင့် အားကစား
(ခ) အနုပညာနှင့် ယဉ်ကျေးမှု
(၈) သိပ္ပံနှင့် နည်းပညာ
(ဃ) လိုအပ်ချက်ရှိနေသော နယ်ပယ်ကဏ္ဍ သို့မဟုတ် ပြည်ထဲရေးဝန်ကြီးဌာနမှ 
သင့်တော်သည်ဟု ယူဆသော အခြားနယ်ပယ်ကဏ္ဍများ။

အလုပ်သမားမိတ်ဆွေရေဒီယို

Subscribe Us