Sunday, April 30, 2017

ပက်စပို့သက်တမ်းကုန်ဆုံးတော့မည့် မြန်မာအလုပ်သမား တစ်သန်းကျော် CIရရှိရေး အလုပ်သမားသံအရာရှိဆောင်ရွက်လျက်ရှိ


ထိုင်း ၊ မြန်မာနိုင်ငံ အစိုးရတို့က မေလ၃ရက်နေ့မှစတင်၍ ပန်းရောင်ဘတ် ကိုင်ဆောင်သော မြန်မာ့ရွှေ့ပြောင်းအလုပ်သမားတွေကို မေလ(၃)ရက်နေ့မှ စတင်ပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI (Certificate Identity) စာအုပ်ကို  မြန်မာနိုင်ငံသားအလုပ်သမားအများစုနေထိုင်ကြသည့် ထိုင်းနိုင်ငံအတွင်ရှိ ခရိုင်(၆)ခု၌ CIစာအုပ်ထုတ်ပေးသည့် စင်တာများဖွင့်လှစ်ဆောင်းရွက်ပေးလျက်
ရှိကြောင်း သိရသည်.။

ထို့သို့ CIစာအုပ်ထုတ်ပေးရေးစင်တာအသီးသီးသို့ ပန်းရောင်ဘတ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားစုစုပေါင်း ခြောက်သောင်းကျော် CIစာအုပ်လာရောက်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိသည်။


“ပတ်စပို့ ၆ နှစ်ပြည့်တော့မည့်သူတွေနဲ့ သက်တမ်းပြည့်ပြီးဖြစ်တဲ့ အလုပ်သမားများကို ယခုထုတ်ပေးနေသည့် CI ပြုလုပ်ခွင့်ပေးဖို့ အလုပ်သမားတွေကမျော်လင့်နေကြတာ အတော်လည်ကြာလာခဲ့ပါပြီ ၊ဒါပေမယ့် မသေချာမရေရာပဲတိကျတဲ့ အဖြေတခုကို ထိုင်းနဲ့မြန်မာအစိုးရဘက် ကြေငြာပေးတာမတွေ့ရသေးပါဘူး ။ ထိုင်းဘက်ကပြောနေတဲ့MOU သွားလုပ်ပြီးပြန်ဝင်လာရမယ်ဆိုတာအပြောလွယ် သလောက်လက်တွေ့ဖြစ်လာဖို့အင်မတန်မှအားနည်းချက်တွေရှိနေပါတာကိုတွေ့ရပါတယ်။
အသွားအပြန်စာရိတ်၊ဘယ်လိုပြုလုပ်ရမယ်ဆိုတာ ဘယ်သူမှနားမလည်ပဲရှိနေကြပါတယ်။ကျွန်တော်အနေနဲ့ပြောချင်တာက အဲဒီလို ၆ နှစ်ပြည့်သွားပြီဖြစ်တဲ့ အလုပ်သမားတွေကို လက်ရှိဖွင့်လှစ်ထားတဲ့  CIစခန်းတွေမှာပဲ  CI စာအုပ်ပြုလုပ်ခွင့်ပေးစေချင်ပါတယ်။ ခုဟာကရမလိုလိုနဲ့ စောင့်မျော်နေကြတာအချိန်ကြာလာသည်နဲ့အမျှ ဗီဇာသက်တမ်းတွေလည် တဖြေးဖြေးနဲ့ကုန်နေသူတွေရှိသလို ကုန်ဆုံးတော့မယ့်သူတွေ တရားမဝင် အလုပ်သမားဘဝပြန်ရောက်ကြပါတော့မယ်။
ဆိုတော့မဖြစ်သင့်တဲ့ဟာတွေနဲ့ကြုံတွေ့ရပြန်တော့မယ့် အလုပ်သမားတွေအတွက်အမြန်ဆုံးနဲ့အဆင်ပြေမယ့်
နည်းလမ်းက အဲဒီ CI စာအုပ်ပြုလုပ်ခွင့်ရဖို့ပဲဖြစ်ပါတယ်။မြန်မာအစိုးရအနေနဲ့လဲ အဲဒီအလုပ်သမားကိစ္စတွေကိုအလေးပေးပြီးမြန်ဆန်စွာဆောင်ရွက်ပေးဖို့တောင်းဆိုချင်ပါတယ်” ဟု  ထိုင်းနိုင်ငံ ဖူးခက်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကွန်ရက် (MNP)အဖွဲ့  ဥက္ကဋ္ဌဖြစ်သူ ဦးရွှေထွန်းအေး က ပြောသည်။

 ပန်းရောင်ဘတ်သမားများနှင့်အတူ CI စာအုပ် ပြုလုပ်ခွင့်ရရှိဖို့ အတွက် ခရမ်းရောင် နှင့် အနီရောင် ပက်စပို့ ကိုင်ဆောင်ထားကြသည့် အလုပ်သမား တစ်သန်းကျော်တို့လည်း မျှော်လင့်နေကြကြောင်း အလုပ်သမားရေးလှုပ်ရှားနေသူများက ပြောသည်။

“နေ့စဉ် ဗီဇာနဲ့စာအုပ်သက်တမ်းကုန်နေတဲ့အလုပ်သမားတွေ မနည်းဘူး၊သူတို့တွေ မြန်မာပြန် MOUစနစ်နဲ့ပြန်လာဖို့ဆိုတဲ့အစီစဉ်က အလုပ်သမားအများစုအတွက် သဟဇာတမဖြစ်ဘူးပေါ့၊ ဗီဇာနဲ့စာအုပ်သက်တမ်းမကုန်သေးတဲ့အလုပ်သမားတွေကို CIစာအုပ်ထုတ်ပေးပြီး တဖြေးဖြေးနဲ့ MOUစနစ်ထဲဆွဲသွင်းတာကမှ အလုပ်ရှင်အလုပ်သမားတွေအတွက် အထိခိုက်မရှိအောင်မြင်မှာ အဲသလိုမဟုတ်ပဲ သက်တမ်းကုန်တဲ့အထိနေ သက်တမ်းကုန်တာနဲ့မြန်မာပြန်ဆိုတာ အလုပ်သမားအနည်းစုအတွက်တော့အဆင်ပြေမှာပေါ့ ဒါပေမယ့်သူတို့လည်း အချိန်တွေငွေတွေ တော်တော်ရင်းနှီးလိုက်ရမှာပဲ” ဟု အလုပ်သမားရေးလှုပ်ရှားနေသူ 
ကိုစောမောင်က ပြောသည်။

ဗီဇာသက်တမ်းကုန်ဆုံးတော့မှာဖြစ်သည့် အနီရောင်နဲ့ ခရမ်းရောင် ယာယီနိုင်ငံကူးလက်မှတ်တွေကို ထိုင်းဘက်က CI (သို့) မနလ (သို့) အခြားအထောက်အထား တစ်စုံတရာ ထုတ်ပေးရင် ထိုင်းဘက်က ဗီဇာထုပေးမယ်လို့ ကြေညာချက်ထုတ်ပြန်ထားတာအချိန်ကာလအတော်ကြာနေပြီးဖြစ်သောလည်း ယနေ့အချိန်ထိ အနီနှင့်ခရမ်းရောင်ပက်စပိုစ့်သမားများအတွက် မည်သည်အစီစဉ်မှ နှစ်နိုင်ငံအစိုးရတို့ ဆုံးဖြက်ချက်မ
ချသေးကြောင်းတွေ့ရသည်။

“ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်ကို ခရိုင်အလိုက် ပက်စပိုစ့်ကိုင်ဆောင်ထားတဲ့ အလုပ်သမားစာရင်းတွေ တောင်းထားတာ DOEဘက်ကနေရရှိပြီးရင်တော့ သက်တမ်းမကုန်သေးတဲ့ ခရမ်းနဲ့အနီရောင်ပက်စပိုစ့်ကိုင်ဆောင်ထားတဲ့ သက်တမ်းမကုန်သေးတဲ့ အလုပ်သမားတွေကို CIစာအုပ်ထုတ်ဖို့အတွက် ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း”  အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်က ပြောကြားပါသည်။

 CIစာအုပ်ထုတ်ပြီးတဲ့ အလုပ်သမားတွေ ဝပ်ပါမစ်လုပ်ရာမှာ ထိုင်းဘက်ခြမ်းက သက်မှတ်ထားတဲ့ရက်အတွင်း ဝပ်ပါမစ်ပြုလုပ်ရန်အခက်ခဲရှိသည့် ကိစ္စနှင့်ပက်သက်၍ ပဏာမအဆင့် အလုပ်သမားသံအရာရှိနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေးထားပြီးဖြစ်သလို မကြာခင် ထိုင်းပြည်ထဲရေး၊ အလုပ်သမားသံအရာရှိ၊ ထိုင်းအလုပ်သမားဝန်ကြီးတို့သည် အထူးအစည်းဝေပွဲတစ်ရပ်မကြာမီပြုလုပ်ပြီး ဝပ်ပါမစ်ပြုလုပ်ရမည့်ရက်သက်တမ်းထပ်မံတိုးပေးရေးနှင့်ပက်သက်ပြီး ဆွေးနွေးဖြစ်ကြောင်းသတင်းရရှိသည်။

“ဖေ့ဘုတ်ပေါ်မှာတော့ဖတ်နေရတာပဲဗျာ ဟိုနေ့ပဲ CIလုပ်ပေးတော့မလိုလို၊အခုပဲမြန်မာပြန်စာအုပ်ပြန်လုပ်ရမလိုလိုနဲ့ ကျွန်တော်အလုပ်သမားတွေဘာကိုယုံရမှန်းမသိဖြစ်နေတယ်၊မြန်မာပြန်စာအုပ်လုပ်ရမယ်ဆိုမထူးတော့ဘူး ပြန်မလာတော့ဘူး ဆုံးဖြက်ထားတယ်၊ငွေလာရှာပါတယ်ဆိုမှ မြန်မာပြန်စာအုပ်လုပ်ရမယ်ဆို ဘာမှမထူးဘူး ကုန်ရမယ့်ငွေကဒီမှာအလုပ်လုပ်နေတဲ့ ၃လစာလောက်ရှိနေတယ် အဲဒီတော့မထူး အစိုးရကိုလုပ်ကျွေးနေရတာနဲ့အတူတူဖြစ်နေတယ်”ဟု ခြုံဘူရီ ချောင်စံမေငါးဖမ်းလှေဆိပ်တွင် ငါးဖမ်းလှေလိုက်နေသူ ဦးထွန်းရီ(၃၇နှစ်) ကပြောသည်။

ခရမ်းရောင်နှင့်အနီရောင်ပက်စပိုစ့်ကိုင်ဆောင်ထားသူ စုစုပေါင်း တစ်သန်းခုနှစ်သောင်းခန့်ရှိရာ နေ့စဉ်သက်တမ်းကုန်နေသည့် ပက်စပိုစ်သမားတစ်ထောင်ခန့်ရှိရာ မြန်မာအစိုးရနဲ့ထိုင်းအစိုးရတို့က CIပြုလုပ်ခွင့် အလျင်မြန်မပေးပါက တရားဝင်အလုပ်သမားများအဖြစ်မှ တရားမဝင်အလုပ်သမားများအဖြစ်သို့ ရောက်ရှိသွားပါက အလုပ်သမားများစွာနစ်နာမှုများဖြစ်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန(DOE)မှ ဝန်ထမ်းတစ်ဦးက ထောက်ပြဝေဖန်ထားပါသည်။

Subscribe Us