Tuesday, February 07, 2017

အထောက်ထားမပြည့်စုံပဲ မြန်မာပြန်သူ ပန်းရောင်ဘတ်အသိမ်းခံရပြီး ၉၉၉ဂိတ်တွင် ဘတ်ငွေ ၁၆၀၀ဖြင့် ပြန်ရွေးထုတ်ရ


ထိုင်းနိုင်ငံ ၊ခြုံပူရီမြို့တွင် အလုပ်လုပ်ကိုင်နေသူ မမူမူအေးသည် ယမန်နေ့က မြန်မာနိုင်ငံ၊ရန်ကုန်မြို့သို့ မဲဆောက်လမ်းမှပြန်ရာ မဲဆောက်မြို့အ၀င် ခွေရာဝူးဂိတ်တွေ နယ်မြေခံပုလိပ်များ တရားမ၀င်နယ်မြေဖြတ်ကျော်မှုဖြင့် ဖမ်းစီးပြီး မမူမူအေးကိုင်ဆောင်သည့် ပန်းရောင်ဘတ်ကို သိမ်းဆည်းပြီး  မြ၀တီမြို့ရှိ ၉၉၉ဂိတ်သို့ပို့ဆောင်ခြင်းခံရကြောင်း ခြုံပူရီအခြေစိုက် Foundation for Aids Rights (FAR)မှ မသန္တာထွန်းကပြောသည်။





 “ကျနော်အမျိုးသမီးရဲ့  အစ်မဖြစ်သူ ကျမ္မားရေးအခြေနေက အသည်းအသန်ဖြစ်နေတာနဲ့
သံရုံး၊ ကျဟာငန်ရုံးတို့က ထောက်ခံစာ  အလုပ်ရှင်ခွင့်ပြုချက် စာရွက်စာတမ်းတွေ အဆင့်ဆင့်
သွားယူဖို့မလွယ်ကူတဲ့ အခြေနေကြောင့် မယူသွားခဲ့ရ” ဟု မမူမူအေး၏ အမျိုးသားဖြစ်သူက ပြောသည်။

မဲဆောက်လ၀ကများ၏ မြ၀တီမြို့ရှိ ၉၉၉ဂိတ်သို့ပို့ခြင်းခံရသည့် မမူမူအေးအား  သူမ၏
ဆွေမျိုးသားချင်များက အဆိုပါဂိတ်မှ ဘတ်ငွေ၁၆၀၀ဖြင့် လာရောက်ရွေးထုတ်ရကြောင်းသိရသည်။


“တချို့ဆို မိခင်ရဲ့ကျမ္မားရေးအခြေနေအရသော်လည်းကောင်၊ မိသားစုကိစ္စသော်လည်းကောင်
မပြန်မဖြစ်ပြန်ရမယ်ဆိုရင် ဟိုထောက်ခံစာ ဒီထောက်ခံစာယူရမယ်ဆိုတာ အလုပ်သမားတွေအနေနဲ့
မလွယ်ကူကြလို့  ပွဲစားတွေကတဆင့် တရားမ၀င်ခိုးပြန်ကြ....ခိုးပြီးပြန်ဝင်လာကြနဲ့ လမ်းမှာမဖြစ်သင့်
တာတွေဖြစ်ကြရနဲ့ ပန်းရောင်ဘတ်သမားတွေဘ၀ကတော့အမိမဲ့သားရေနည်းငါးတွေလိုပါပဲ”ဟု
အလုပ်သမားအရေးတက်ကြွသူ ဦးစောမောင်က ပြောသည်။

ယခုလ ၄ရက်နေ့တွင် ဒီမိုကရေစီတူဒေးသတင်းဌာနသို့ အလုပ်သမားလူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက  ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများထဲမှ ပန်းရောင်ဘတ် ကိုင်ဆောင်ထားသည့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားတို့ကို ဖေဖော်ဝါရီလတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်CI (Certificate Identity) စာအုပ်ပြုလုပ်ပေးမည်ဖြစ်ကြောင်း   ပြောကြားခဲ့သော်လည်း မည်သည့်နေ့ရက်တွင်CI စာအုပ်ပြုလုပ်မည်ဆိုတာ အလုပ်သမားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်မှုမရှိသေးကြောင်း သိရသည်။

Subscribe Us